ပစ္စကမိတ္ထာတိ၊ ပစ္စကမိတ္ထဟူသည်ကား။
ပစ္စကမိတ္ထ၊ ပတိရှေးရှိသောကမု= ဓာတ်။ ဟိယျတ္ထနီအာ၊ ဝိဘတ်ကို။ တ္ထ၊ ပြု။ ထို့ကြောင့် အကမိတ္ထ၊ ဟု။ ပတိ၊ ရှေးမရှိသောပုဒ်ဖြင့်ဖွင့်သည်။ "ဗဒ္ဓါ၊ ဖွဲ့အပ်လေသလော။ န ဗဒ္ဓါ၊ မဖွဲ့အပ်လေသလော"။ ဣတိ၊ ဤသို့။ စိန္တေန္တော၊ ကြံစည်လျက်။ ဥပဓာရေန္တော၊ စူးစမ်းလျက်။ အကမိတ္ထ၊ ဖြည်းညင်းစွာချဥ်းကပ်လေပြီ။ ဝေဂံ၊ အဟုန်ကို။ ဟာပေတွာ၊ ယုတ်စေ၍။ သဏိကံ၊ ဖြည်းဖြည်း။ အဂမာသိ၊ သွားခဲ့ပြီ။
အာဒီနဝန္တိ၊ အာဒီနဝံဟူသည်ကား။
အာဒီနဝ့၊ အာဒီနဝမေဝ= ဟုအဌကထာဖွင့်သည်။ ကျရောက်လာမည့်ဘေးရန်ကိုယူ။ အမှန်အားဖြင့်ကျော့ကွင်းမိသောဟင်္သာမင်းသည်ဘေးရန်ရှိသည်။ ကျော့ကွင်းမမိသောဟင်္သာညီငယ်သည်ဘေးရန်မရှိ သို့သော်နောင်တော်နှင့်အတူဘေးရန်ကိုကျေနပိစွာခံယူလျက်နောင်တော်ကိုကြည့်ရှု၍နေ၏ဟုအဌကထာအဓိပ္ပာယ်ဖွင့်ပြသည်။ ဟုတွာ၊ ၌ဟု= ဓာတ်သည် ပီဏနတ္ထ= ကျေနပ်ခြင်း။ လက်ခံခြင်းအနက်တည်း။ တစ်နည်းသက္ကတ၌ဟွေ၊ ဓာတ်ခေါ်ခြင်းအနက်ဟောရှိ၏။ ၎င်းသည်ပါဠိ၊ ၌ဟူ= ဓာတ်ဖြစ်လာ၏။ တွာ၊ ပစ္စည်းသက်၍သက္ကတရုပ်ဟူတွာ။ ပါဠိရုပ်ဟုတွာ၊ ဟုရှိ၏။ အာဒီနဝံ၊ ဘေးရန်ကို။ ဟုတွာ၊ လာခဲ့ဟုခေါ်၍။ ဟုအနက်ကြံလေပြီ။ အာဒီနဝမေဝ၊ ကျရောက်လာမည့်ဘေးရန်ကိုသာလျှင်။ ဟုတွာ၊ မျှော်လင့်၍။ မဟာသတ္တံ၊ ဘုရားလောင်းဟင်္သာမင်းကို။ ဩလောကေန္တံ၊ ကြည့်လျက်။ (အာသီနံ၊ တည်နေသောသုမုခဟင်္သာကို)။ ဒိသွာ၊ မြင်၍။
တတာတိ၊ တတာဟူသည်ကား။
တတာ၊ တနု=ဓာတ်။ တ၊ ပစ္စည်းချဲ့ထွင်ခြင်း။ ဖြန့်ခြင်းအနက်။ ပိုက်ကွန်ကိုဖြန့်ကျက်ချထားသည်ကိုပင်ပိုက်ကွန်ထောင်သည်ဟုဆိုရသည်။ ဝိတတာ၊ ထောင်ထားအပ်ကုန်၏။ ဩဍ္ဍိတာ၊ ထောင်ထားအပ်ကုန်၏။
တာဝဒေဝါတိ၊ တာဝဒေဝဟူသည်ကား။
တာဝဒေဝ၊ ထိုမျှလောက်သောလာဘ်ဆိုသည်မှာဟင်္သာမင်းနှင့်သုမုခဟင်္သာတို့ကိုယ်ထည်ပမာဏချင်း တူညီသောကြောင့်ဟင်္သာမင်းကိုဖမ်းမိ၍ရသောလာဘ်လောက်သူ့ကိုဖမ်းလျှင်လည်းရပါလိမ့်မည်ဟုဆိုသည်။ တတ္တကောယေဝ၊ ထိုမျှလောက်သည်သာ။
"မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမိနာ၊ ဤမုဆိုးသည်။ အမှာကံ၊ အကျွန်ုပ်တို့အား။ မဟာဥပကာရော၊ ကြီးစွာသောကျေးဇူးကို။ ကတော၊ ပြုအပ်ပြီ။ ဟိ၊ ထိုစကားသည်မှန်၏။ အယံ၊ ဤမုဆိုးသည်။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဝစနံ၊ စကားကို။ အကတွာ၊ မလိုက်နာမူ၍။ ကီဠာဟံသေ၊ ကစားစရာဟင်္သာဖြစ်ကုန်သော
ကီဠာဟံသေ၊ ကစားစရာဟင်္သာရုပ်= ဟုသဒ္ဒါနက်ထွက်၏။ အိမ်၌လှောင်ချိုင့်ဖြင့်အလှမွေးထားသောဟင်္သာငှက်ဟုဆိုလိုသည်။ နော၊ ငါတို့ကို။ ကတွာ၊ ပင်ပန်းအောင်ပြု၍။ ဣဿရာနံ၊ ပြည့်ရှင်မင်းတို့အား။ ဒေန္တော၊ ဆက်သသည်ရှိသော်။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ လဘေယှ၊ ရရာ၏။ မာရေတွာ၊ သတ်၍။ မံသံ၊ အသားကို။ ဝိတ္တိဏန္တော၊ ရောင်းချသည်ရှိသော်။ မူလမ္ပိ၊ အဖိုးကိုလည်း။ လဘေထ၊ ရရာ၏။ ပန၊ စင်စစ်သော်ကား။ အတ္တနော၊ မိမိ၏။ ဇီဝိတံ၊ အသက်ကို။ အနောလောကေတွာ၊ မကြည့်မူ၍။ အမှာကံ၊ ငါတို့၏။ ဝစနံ၊ စကားကို။ အကရိ၊ နာယူပေပြီ။ ဣမံ၊ ဤမုဆိုးကို။ ရညော၊ မင်း၏။ သန္တိကံ၊ အထံသို့။ နေတွာ၊ ဆောင်ယူ၍။ သုခဇီဝိတံ၊ ချမ်းသာစွာအသက်မွေးရခြင်းကို။ ကရောမ၊ ပြုကုန်အံ့"။ ဣတိ၊ ဤသို့။ အာဟ၊ လျှောက်ကြားပြီ။
ယံယ'ဒါယတနံမညေတိ၊ ယံ ယ'ဒါယတနံမညေဟူသည်ကား။ မဟာရာဇ၊ မြတ်သောမင်းကြီး။ (အဟံ၊ ငါသည်။) ဒိဇာနံ၊ ငှက်တို့၏။ ပါဏရောဓနံ၊ အသက်ကိုဟန့်တားတတ်သော။
ပါဏရောဓန၊ ငှက်တို့၏အသက်ကိုဟန့်တားတတ်သော။အသက်ကုန်ခြင်းကိုပြုတတ်သောအရာသည် မုချအားဖြင့်မုဆိုးကိုရ၏။ ဤနေရာ၌ငှက်တို့ကိုလွယ်လွယ်ကူကူဖမ်းဆီးသတ်ဖြတ်နိုင်သောနေရာကိုယူ။ ဇီဝိတက္ခယကရံ၊ အသက်ကုန်ခြင်းကိုပြုတတ်သော။ ယံယံသမောသရဏဌာနံ၊ အကြင်အကြင်စုဝေးရာအရပ်ကို။ မညာမိ၊ သိ၏။ တတ္ထတတ္ထ၊ ထိုထိုငှက်တို့စုဝေးရာအရပ်၌။ မယာ၊ ငါသည်။ ပလ္လလေသု၊ ညွန်တို့၌။ ပါသော၊ ကျော့ကွင်းတို့ကို။ ဝိဟိတာ၊ စီရင်အပ်ကုန်ပြီ။
တာဒိသန္တိ၊ တာဒိသံဟူသည်ကား။ တထာဝိဓံ၊ ထိုသို့သဘောရှိသော။ ပါဏရောဓနံ၊ အသ်ကိုဟန့်တားတတ်သော။ မာနုသိယာသရေ၊ မာနုသိယမည်သောရေအိုင်၌။
မာနုသိယသရေ၊ မာနုသိယမည်သောရေအိုင်သည်မဟိံသကတိုင်း၊သာဂလမြို့၏မနီးမဝေး၌တည်ရှိ၏အကျယ်အဝန်း(၁၂)ယူဇနာရှိ၏။ အဆင်းငါးမျိုးသောပဒုမ္မာကြာတို့ပေါက်ရောက်ရာ၊ငှက်အမျိုးမျိုးတို့၏ကျက်စားရာနေရာဖြစ်၏။ မယာ၊ ငါသည်။ ပါသံ၊ ကျော့ကွင်းကို။ ဝိဟိတံ၊ စီရင်အပ်ပြီ။
ယံစ'ညံဥပကပ္ပတီတိ၊ ယံစ'ညံဥပကပ္ပတိဟူသည်ကား။ ပုညကာမတာယ၊ ကောင်းမှုကိုလိုလားသည်၏အဖြစ်ကြောင့်။ ဒါနတ္ထံဝါ၊ ပေးလှူရန်အကျိုးငှာလည်းကောင်း။ ဆတ္တံ၊ ထီးဖြူကို။ ဥဿာပေတွာ၊ စိုက်ထူစေ၍။ ရဇ္ဇမေဝ၊ မင်းအဖြစ်ကိုသာလျှင်။ ဝါ၊ မင်းစည်းစိမ်ကိုသာလျှင်။ ဥပဘောတ္တုံဝါ၊ ခံစားရန်အလို့ငှာလည်းကောင်း။ အညံ၊ အခြားသော။ ယံဝါ၊ အကြင်အရာကိုလည်းကောင်း။ တုမှာကံ၊ သင်တို့အား။ ဝါ၊ သင်တို့သည်။ ရုစ္စတိ၊ နှစ်သက်၏။ တံ၊ ထိုအရာကို။ ကရောထ၊ ပြုကုန်လော့။
တံကရောထ၊ ကောင်းမှုကိုလိုလား၍အလှူပြုလိုပါလျှင်လည်းအလိုရှိရာကိုလှူပါ။ မင်းအဖြစ်ဖြင့်စည်းစိမ်ခံစားလိုပါလျှင်လည်းခံစားတော်မူပါ။ အခြားအလိုရှိသောအရာကိုလည်းအလိုရှိသလိုပြုတော်မူပါဟုဆိုလိုသည်။ ဝေါ၊ သင်တို့အား။ ဧတံဝိတ္တံ၊ ဤဥစ္စာဓနကို။ ဒဒါမိ၊ ပေးပါ၏။ သေတစ္ဆတ္တေန၊ ထီးဖြူနှင့်။ သဒ္ဓိံယေဝ၊ တကွသာလျှင်။ မမ၊ ငါ၏။ သန္တကံ၊ ဥစ္စာဖြစ်သော။ ဣဿရိယံ၊ အစိုးရသည်၏အဖြစ်ကို။ ဝေါ၊ သင်တို့အား။ ဝိဿဇ္ဇာမိ၊ စွန့်လှူပါ၏။ ဣတိ၊ ဤကား။ အတ္ထော၊ အနက်တည်း။
အကတတ္ထဿာတိ၊ အကတတ္ထဿဟူသည်ကား။
အကတတ္တဿ၊ မပြုအပ်သောသူ့ကျေးဇူးရှိသူဟုမိုးထိမူ၌အနက်ပေး၏။ မိတ္တဒုဗ္ဘိဿ၊ ဟူသောအဌကထာအဖွင့်ကိုကြည့်၍ပေးသည်။ သဒ္ဒါနက်ပေးမူ၊ မပြည့်စုံစေအပ်သောအတ္တဘောရှိသူဟုပေးရမည်။ ကိုယ်ခန္ဓာချို့ယွင်းသူ,မပြည့်စုံသူမှာဤမျှအားကြီးသောပညာမရှိနိုင်ရာဟုဆိုလိုသည်။ အကတတ္တဿ၊ အကတ+အတ္တ= ဟုပုဒ်ခွဲ,အတ္တကိုအတ္တဘာဝဟုဖွင့်၏။ မပြုအပ်သော(ဝါ)မပြည့်စုံအပ်သောအတ္တဘောရှိသူဟုဆိုလို၏။ မိတ္တဒုဗ္ဘိ၊ မှာအဓိပ္ပါယ်ဖွင့်ဖြစ်သည်။ သူ့ကျေးဇူးကိုမဆပ်သူ။ (ဝါ)ကျေးဇူးကိုချေဖျက်သူသည်ခန္ဓာကိုယ်ကိုမပြည့်စုံစေသူကိုယ်ခန္ဓာချို့ယွင်းသူ၊ ဟုဆိုရမည်။ အသမ္ပာဒိတအတ္တဘာဝဿ၊ မပြည့်စုံမပြီးစေအပ်သောအတ္တဘောရှိသော။ မိတ္တဒုဗ္ဘိဿ၊ သူ့ကျေးဇူးကိုချေဖျက်တတ်သောသူအား။
ပတ္တာနိဿံသယံတျာမှာတိ၊ ပတ္တာနိဿံသယံတျာမှာဟူသည်ကား။ မယံ၊ ငါတို့သည်။ နိဿံသယေန၊ ယုံမှားမဲ့။ တယာ၊ သင်နှင့်။ (သဒ္ဓိံ၊ အတူ။) ပတ္တာယေဝ၊ တကွနေသူတို့သည်သာ။
ပတ္တာယေဝ၊ ပတ္တ= ပုဒ်ကိုအဘိဓာန်တို့၌ရောက်သူ။ ရသူ၊ ဟုဖွင့်ဆို၏။ ဤ၌၊ သဟဝါသိနော= ပုဒ်မှာပတ္တာ= ပုဒ်၏အဖွင့်ဖြစ်သည်။ တကွနေသူ၊ ဟုအဓိပ္ပာယ်ရ၏။ နေရာဒေသဝေးကွာသော်လည်းချစ်ခြင်းရှိနေပါမူတကွနေထိုင်သူပင်တည်းဟုဆိုလိုသည်။ (ဟောန္တိ၊ ဖြစ်ကုန်၏)။
ဘတ္တိရသ္မာသုယာတဝါတိ၊ ဘတ္တိရသ္မာသုယာတဝဟူသည်ကား။ တဝ၊ သင်၏။ အမှေသု၊ ငါတို့၌။ ယာဘတ္တိ၊ အကြင်ချစ်ခြင်းသည်။ (အတ္ထိ၊ ရှိ၏။) တာယဘတ္တိယာ၊ ထိုချစ်ခြင်းဖြင့်။ မယံ၊ ငါတို့သည်။ တယာ၊ သင်နှင့်။ (သဒ္ဓိံ၊ တကွ)။ အသံသယေန၊ ယုံမှားမဲ့။ ပတ္တာယေဝ၊ တကွနေသူတို့သည်သာ။
ပတ္တာယေဝ၊ ပတ္တ= ပုဒ်ကိုအဘိဓာန်တို့၌ရောက်သူ။ ရသူ၊ ဟုဖွင့်ဆို၏။ ဤ၌၊ သဟဝါသိနော= ပုဒ်မှာပတ္တာ= ပုဒ်၏အဖွင့်ဖြစ်သည်။ တကွနေသူ၊ ဟုအဓိပ္ပာယ်ရ၏။ နေရာဒေသဝေးကွာသော်လည်းချစ်ခြင်းရှိနေပါမူတကွနေထိုင်သူပင်တည်းဟုဆိုလိုသည်။ (ဟောန္တိ၊ ဖြစ်ကုန်၏။) စ၊ ဆက်၍ဆိုဦးအံ့။ ဝိပ္ပယုတ္တာ၊ ကင်းကွာသူတို့သည်။ နဟောန္တိ၊ မဖြစ်ကုန်။ မယံ၊ ငါတို့သည်။ ဝိပ္ပဝုဌာပိ၊ အရပ်တစ်ပါးကင်းကွာ၍နေရကုန်သော်လည်း။ သဟဝါသိနောယေဝနာမ၊ တကွနေသူတို့သည်သာမည်ကုန်၏။ ဣတိ၊ ဤသို့။ ဒီပေတိ၊ ပြ၏။
ဧသောစာပိမဟာအတ္ထောတိ၊ ဧသောစာပိမဟာအတ္ထောဟူသည်ကား။ ဉာတိသံဃသင်္ခါတာ၊ ဆွေမျိုးတို့၏ပေါင်းဆုံခြင်းဟုဆိုအပ်သော။ ယာဧသာဉာတိဝိဿာသနာ၊ အကြင်ဆွေမျိုးတို့၏ရင်းနှီးကျွမ်းဝင်ခြင်းသည်။
ဉာတိဝိဿာသန၊ ဆွေမျိုးတို့ကိုဆုံးမခြင်းဟုတိပိအဘိဓာန်ကြီး၌ဖော်ပြထား၏။ မိုးထိမူနိဿယ၌လည်းထိုသို့အနက်ပေးထားသည်ကိုတွေ့ရ၏။ ဆုံးမခြင်းအနက်ဟောပုဒ်မှာဿကြီးဖြင့်မရှိနိုင်။ ဝိဂွါသန(ဂ- ရှ)၊ ဟုသက္ကတပုဒ်ရှိ၏။ ရင်းနှီးခြင်းအကျွမ်းဝင်ခြင်းအနက်ကိုဟော၏။ ၎င်းသည်ဝိဿသနာဟုပါဠိပုဒ်ဖြစ်လာ၏။ ဆွေမျိုးအချင်းချင်းပေါင်းဆုံရခြင်းသည်ဆွေမျိုးတို့၏ရင်းနှီးခြင်းပင်တည်း။ ဆွေမျိုးအချင်းချင်းရင်နှီးကျွမ်းဝင်ခြင်းသည်ကြီးမားသောအကျိုးရှိရာ၏ဟုဆိုလိုသည်။ သိယာ၊ ဖြစ်ရာ၏။ ဧသောစာပိ၊ ထိုဆွေမျိုးတို့၏ရင်းနှီးကျွမ်းဝင်ခြင်းသည်လည်း။ မဟန္တော၊ ကြီးမားသော။ အတ္ထောပိ၊ အကျိုးသည်လည်း။ (သိယာ၊ ဖြစ်ရာ၏။) ဣတိ၊ ဤကားအနက်တည်း။
ပဒက္ခိဏာတိ၊ ပဒက္ခိဏာဟူသည်ကား။
ပဒက္ခိဏ၊ ပ-ရှေ့ရှိသော ဒက္ခ-ဓာတ် ဝၒ္ဍိ-အနက်။ ဣဏ- ပစ္စည်း။ ကြီးပွါးတိုးတက်ခြင်း-ဟုအဓိပ္ပာယ်ရ၏။ ဝုၒ္ဍိယုတ္တာ၊ အဖွင့်သည်သဒ္ဒတ္ထဟုဆိုရမည်။ သုခနိပ္ဖတ္တိသည်အဓိပ္ပါယ်အဖွင့်တည်း။ သုခနိပ္ဖတ္တိနော၊ ချမ်းသာသောအကျိုးတို့သည်။ ဝုၒ္ဍိယုတ္တာ၊ ကြီးပွါးခြင်းနှင့်ယှဥ်ကုန်သည်။