အကြင်ရဟန်းသည် ရဟန်းတို့၏ (အဓိသီလဟူသော) သိက္ခာ
(သိက္ခာပုဒ်တော်ဟူသော)သာဇီဝသို့ ရောက်လျက် သိက္ခာမချ, အားနည်း
မှုကို ထင်စွာ မပြုမူ၍ အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌သော်လည်း
မေထုန်အကျင့်ကို (ပြုကျင့်)မှီဝဲငြားအံ့၊ ထိုရဟန်းသည် သာသနာတော်မှ
ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်း
ရခြင်း မရှိ။ (ဝိ မြန် ၁၊၃၃)
အကြင်ရဟန်းသည် ရွာမှလည်းကောင်း, တောမှလည်းကောင်း ခိုလိုသောစိတ်အစုဖြင့် မပေးအပ်သောဥစ္စာကိုမပေးအပ်သော ဥစ္စာဟူသည် တစ်ကျပ်ကို ပဲနှစ်ဆယ်ထား၍ ငါးပဲ ငါးပဲထက်လွန်သော အသပြာ, ငါးပဲထက် ပိုလွန်၍ ထိုက်တန်သော အသုံး အဆောင် ဥစ္စာပစ္စည်းတည်း။ယူငြားအံ့၊အကြင်သို့ သဘောရှိသော မပေးအပ်သော ဥစ္စာကို ယူခြင်းကြောင့်မင်းတို့သည် ခိုးသူကို ဖမ်း၍“သင်သည် ခိုးသူဖြစ်၏၊မိုက်သူဖြစ်၏၊တွေဝေသူဖြစ်၏၊ဝှက်တတ်သူဖြစ်၏”ဟု သတ်ပုတ်မူလည်း သတ်ပုတ်ကုန်ရာ၏၊ ထိုသို့ သဘောရှိသော မပေးအပ်သော ဥစ္စာကိုယူသော ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ရောက်၏၊ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ။ (ဝိ မြန် ၁၊၆၁)
အကြင်ရဟန်းသည် (သင်လိုသော စိတ်စေတနာဖြင့်)စေ့ဆော်၍ လူဇာတ်ဖြစ်သော သူ၏ကိုယ်ကို အသက်(ဇီဝိတိန္ဒြေ)မှချငြားအံ့၊ ထိုသူ၏ အသက်(ဇီဝိတိ န္ဒြေ)ကို ဆောင်တင်သော ဓားလက်နက်ကိုလည်း ရှာ၍ (အနီး၌) ထားငြားအံ့၊ သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆိုငြားအံ့၊သေစိမ့်သောငှာသော်လည်း ဆောက်တည်စေငြားအံ့၊“အို ယောကျာ်း သင့်အား ယုတ်ညံံ့ဆိုးရွားစွာ အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင်အား အသက်ရှင်နေရခြင်းထက် သေရခြင်းက မြတ်သေး၏”ဟု ဤသို့ (သေစေလိုသော)စိတ်နှလုံးရှိသည်ဖြစ်၍ များစွာသောအကြောင်းဖြင့် သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျုးပြောဆိုငြားအံ့၊သေစိမ့်သောငှာသော်လည်းဆောက်တည်စေငြားအံ့၊ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိ။ (ဝိ မြန် ၁၊၉၆)
အကြင်ရဟန်းသည် မသိဘဲ ကိလေသာကို ဖျက်ဆီးခြင်းငှာစွမ်းနိုင်သော မြတ်သော ဉာဏ်အမြင်ဟု ဆိုအပ်သော လူတို့ ကုသိုလ် ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကိုမိမိသို့ ဆောင်ကပ်၍“ဤသို့ ငါသိ၏၊ဤသို့ ငါမြင်၏”ဟု ပြောကြားငြားအံ့၊ထိုသို့ ပြောကြားပြီးမှ နောက်အခါ၌ (သူတစ်ပါးသို့)မေးစစ်အပ်၍သော်လည်းကောင်း,မမေးစစ်အပ်ဘဲသော်လည်းကောင်း အာပတ်သင့်ရောက်ပြီး၍ စင်ကြယ်ခြင်းကို အလိုရှိရကား“ငါ့သျှင်တို့ ဤသို့ ငါမသိဘဲ သိ၏ ဟုဆိုမိပြီ၊ မမြင်ဘဲ မြင်၏ဟုဆိုမိပြီ၊မမြင်ဘဲ မြင့်၏ဟုဆိိုမိပြီ၊အချည်းနှီးမှားယွင်းသောစကားပြောမိပြီ”ပြောဆိုငြားအံ့၊အထင်ကြီးမှုကို ကြည်၍ဤရဟန်းသည်လည်း သာသနာတော်မှ ဆုံးရှုံးခြင်းသို့ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရျိ။ (ဝိ မြန် ၁၊၁၂၀)
အသျှင်တို့ ပါရာဇိကအာပတ်လေးပါးတို့ကို သရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
အကြင်ရဟန်းသည် ယင်းပါရာဇိကလေးပါးတို့တွင် တစ်ပါးပါးသို့ရောက်သော် ရှေး (လူသာမဏေဖြစ်စဉ်)အခါ၌ရဟန်းတို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရသကသို့ထို့အတူ ထိုရဟန်းသည် (ပါရာဇိကကျပြီးသော)နောက်အခါ၌လည်းရဟန်တို့နှင့် အတူတကွ ပေါင်းသင်းဆက်ဆံမှုကို မရ၊ သာသနာတော်မှဆုံးရှုံးခြင်းသို့ရောက်၏၊ ရဟန်း ကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိတော့ပေ။
ထိုပါရာဇိကလေးပါးတို့၌ အသျှင်တို့ကို မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊နှစ်ကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊သုံးကြိမ်မြောက်လည်း မေးပါ၏၊
အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ အသျှင်တို့သည် အာပတ်မှစင်ကြယ်ကြသောကြောင့်ပင် ဆိတ်ဆိတ်နေတော်မူကြ၏၊ ဤသို့ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့်အဖြစ်ကို သိမှတ်ရပါသည်။