Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

6. Khujjasobhitattheragāthā

Author: နိဿယ @ IAPT

စိတ္တကထီ၊ အကျဉ်းအကျယ် စသည်ဖြင့် ယုံမှားသင်္ကာကို ဖျောက်စေတတ်သော ဆန်းကြယ်သော တရားစကားကို ဟောတတ်ကုန်သော။ ပါဋလိပုတ္တဝါသိနော၊ ပါဋလိပုတ်ပြည်၌ နေလေ့ရှိကုန်ထသော။ ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်ထသော။ ယေသမဏာ၊ အကြင်ရဟန်းတို့သည်။ သန္တိ၊ ရှိကုန်၏။
တေသံ၊ ထိုများသော အကြားအမြင်ရှိသော ရဟန်းတို့တွင်။ အယံ၊ ဤခုဇ္ဇသောဘိတရဟန်းသည်။ အာယုဝါ၊ ရှည်သော အသက်ရှိသော။ အညတရောဧကော၊ တယောက်သော မထေရ်ပင်တည်း။ ခုဇ္ဇသောဘိတော၊ ခုဇ္ဇသောဘိတ အမည်ရှိသော။ အာယုဝါ၊ ရှည်သော အသက်ရှိသော။ သောထေရော၊ ထိုမထေရ်သည်။ ဒွါရေ၊ စရည်းပင်ရောက်ရာဖြစ်သော လိုဏ်တံခါး၌။ တိဋ္ဌတိ၊ သံဃာ့အလိုအားလျော်စွာဝင်အံ့ ဟုရပ်၏။
ပါဋလိပုတ္တဝါသိနော၊ ပါဋလိပုတ်ပြည်၌ နေလေ့ရှီကုန်ထသော။ စိတ္တကထီ၊ အကျဉ်းအကျယ်စသည်ဖြင့် ယုံမှားသင်္ကာကို ဖျော်စေတတ်သော ဆန်းကျယ်သော တရားစကားကို ဟောတတ်ကုန်ထသော။ ဗဟုဿုတာ၊ များသော အကြားအမြင် ရှိကုန်ထသော။ ယေသမဏာ၊ အကြင်ရဟန်းတို့သည်။ သန္တိ၊ ရှိကုန်၏။
တေသံ၊ ထိုများသော အကြားအမြင်ရှိသော ရဟန်းတို့တွင်။ အယံ၊ ဤခုဇ္ဇသောဘိတရဟန်းသည်။ အာယုဝါ၊ ရှည်သော အသက်ရှိသော။ အညတရောဧ‌ကော၊ တယောက်သော မထေရ်ပင်တည်း။ မာလုတေရိတော၊ တန်ခိုးအစွမ်းဖြင့် လာသော။ သောထေရော၊ ထိုခုဇ္ဇသောဘိကထေရ်သည်။ ဒွါရေ၊ စရည်းပင်ရောက်ရာ လိုဏ်တံခါး၌။ တိဋ္ဌတိ၊ သံဃာအလိုအားလျော်စွာ ဝင်အံ့ဟု ရပ်၏။
အာဝုသော၊ င့ါရှင်တို့။ သုယုဒ္ဓေန၊ ရှေးအဖို့၌ တဒင်္ဂပဟာန်ဝိက္ခမ္ဘနပဟာန်၏ အစွမ်းအားဖြင့် ကိလေသာတို့ကို ကောင်းစွာ ထိုးပြစ်ခြင်းရှိထသော။ သုယိဋ္ဌေန၊ အဆွေခင်ပွန်းကောင်းတို့သည် ရံခါရံခါပေးအပ်သော လျောက်ပတ်သော ဓမ္မဒါန ရှိထသော။ သင်္ဂါမဝိဇယေန၊ သမုစ္ဆေဒပဟာန်ဖြင့် အလုံးစုံသော ကိလေသာမာန်အဘိသင်္ခါရမာန်တို့ကို နှိပ်နင်းသဖြင့် အောင်ပြီးသော စစ်မြေအရပ်ရှိထသော။
ဗြဟ္မစရိယာနူစိဏ္ဏေန၊ အရဟတ္တမဂ်တည်းဟူသော မြတ်သော အကျင့်ဖြင့် ကျင့်သော သီတင်းရှိထသော။ ဧဝံဝုတ္တပ္ပကာရေန၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားဖြင့်။ အယံ၊ ဤခုဇ္ဇဘောသိတမထေရ်သည်။ သုခံ၊ ချမ်းသာကို။ မေဓတိအနုဘဝတိ၊ ခံစား၏။
ဣတိ၊ ဤသို့။ ခုဇ္ဇသာဘိတောထေရော၊ ခုဇ္ဇသောတိသထေရ်သည်။ ဣမံဂါထတ္တသံ၊ ဤဂါထာသုံးခုတိ့၏ အပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ခုဇ္ဇသောဘိတထေရဂါထာ အနက်ပြီး၏။