Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Sabbamittattheragāthā

作者: နိဿယ @ IAPT

ဇနော၊ မိုက်စွာသော သူသည်။ ဇနမှိ၊ တပါးသော သူ၌။ သမ္ဗန္ဓော၊ ဤသူကား ငါ့သား ဤသူကား င့ါအမိစသော တဏှာနှောင်ဖွဲ့ခြင်းဖွဲ့၏။ ဇနမေဝ၊ ဤသူကား င့ါသား ဤသူကား င့ါသ္မီးစသည်ဖြင့် တပါးသော သူကိုသာလျှင်။ အညောဇနော၊ တပါးသော မိဘစသော သူသည်။ အဿိတော၊ တဏှာဟူသော ကပ်ငြိခြင်းဖြင့် သိမ်းဆည်း၍တည်၏။
ဇနေန၊ တပါးသော သူသည်။ ဇနော၊ တပါးသော သူကို။ ဗာဓိယတိ၊ ‌ဒေါသအစွမ်းဖြင့် နှိပ်စက်၏။ ဇနော၊ တယောက်သော သူသည်။ ဇနံ၊ တယောက်သော သူကို။ ဗာဓေတိစ၊ ငါ၏ အသက်၌ နှိပ်သော အစွမ်းဖြင့် ပြစ်ချ၏ ဟူ၍။ အဇာနန္တော၊ မသိသည်ဖြစ်၍။ ဗာဓေတိစ၊ တဖန်ပြန်၍ နှိပ်စက်၏။
တဿအညဇနဿ၊ ထိုတပါးသော သူအား။ ဇနေန၊ တပါးသောသူသည်။ ဗာဓိတေန၊ ပုတ်ခတ်သဖြင့်။ ကောအတ္တော၊ အဘယ်အကျိုးရှိပါသနည်း။ ဇနေန၊ ဖြစ်စေတတ်သော အမိအဘဖြစ်သောသူသည်။ ဇနိတေနဝါ၊ ဖြစ်စေအပ်သော သားသ္မီးဖြင့်လည်း။ ကော အတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။
ဇနံ၊ သားသ္မီးစသော သူကို။ ဩဟာသ၊ စွန့်၍။ ဂစ္ဆန္တံ၊ သွားသည်ရှိသော်။ ဗဟုံ၊ များစွာသော။ ဇနံ၊ သားသမီးစသော သူအပေါင်းကို။ ဗာဓယိဝွာ၊ နှိပ်စက်၍။ ဋ္ဌိတံ၊ တည်၏။
ဣတိ၊ ဤသို့။ သဗ္ဗမိတ္တောထေရော၊ သဗ္ဗမိတ္တထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သဗ္ဗမိတ္တထေရဂါထာ အနက်ပြီး၏။