Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Piṇḍolabhāradvājattheragāthā

Author: နိဿယ @ IAPT

ဗြာဟ္မဏ၊ ပုဏ္ဏား။ ဣဒံဇီဝိတံ၊ ဤအသက်ရှည်ခြင်းသည်။ အနယေန၊ ပန်းပေခြင်းဝါပေးခြင်း စသော မသင့်သော ရှာမှီးခြင်းဖြင့်။ နဟောတိ၊ မဖြစ်။ အာဟာရောစ၊ အာဟာရကိုလည်း။ အာဟရိယမာနော၊ ဆောင်အပ်သည်ရှိသော်။ အဂ္ဂဖလညာဏံဝိယ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကဲ့သို့။ ဟဒယဿ၊ စိတ်၏။ သန္တိကော၊ ငြိမ်သက်ခြင်းကို ပြုတတ်သည်။ နဟောတိ၊ မဖြစ်။
အယံသမုဿယော၊ ဤကိုယ်သည်။ အာဟာရဋ္ဌိတိကော၊ အာဟာရကြောင့် တည်ခြင်းရှိ၏။ ဣတိဣမံကာရဏံ၊ ဤသို့သော အကြောင်းကို။ ဒိသွာ၊ ဉာဏ်ဖြင့်မြင်၍။ ဧသနံ၊ ဆွမ်းကိုရှာမှီးခြင်းသို့။ စရာမိ၊ ငါသွား၏။ ယာယံဝန္ဒနပူဇာ၊ အကြင်ရှိခိုးခြင်းပူဇော်ခြင်းသည်။ အတ္ထိ၊ ရှိ၏။
နံ၊ ထိုရှိခိုးခြင်း ပူဇော်ခြင်းကို။ ပင်္ကောတိ၊ ညွန်နှင့်တူ၏ဟူ၍။ ပဝေဒယုံ၊ ကြားကုန်၏။ ကုလေသု၊ အမျိုးတို့၌။ သုခုမံ၊ သိမ်မွေ့သော။ သလ္လံ၊ ငြောင့်နှင့်တူသော တဏှာကို။ ဒုရုဗ္ဗဟံ၊ လွန်စွာစွန့်နိုင်ခဲ၏ ဟူ၍။ ဗုဒ္ဓါဒယော၊ ဘုရားရှင်အစရှိသော သူတို့သည်။ ပဝေဒယုံ၊ ကြားကုန်၏။ သက္ကာရော၊ ငါ၏ ကိုယ်ဟု စွဲလမ်းသော သက္ကာယကို။ ကာပုရိသေန၊ ယုတ်မာသော ယောင်္ကျားသည်။ ဒုဇ္ဇတော၊ စွန့်နိုင် ခွါနိုင်ခဲ၏ ဟူ၍။ ဗုဒ္ဓါဒယော၊ ဘုရားအစရှိသော သူတို့သည်။ ပဝေဒယုံ၊ ကြားကုန်ပြီ။
အာယသ္မာပိဏ္ဍောလဘာရဒွါဇောထေရော၊ အရှင်ပိဏ္ဍောလဘာရဒွါဇ အမည်ရှိသော မထေရ်သည်။ ဣတ္ထံဣမံပကာရံ၊ ဤသို့ အပြားရှိသော။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ပိဏ္ဍောသဘာရဒွါဇထေရနှစ် ဂါထာ အနက်ပြီး၏။