Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

8. Kimilattheragāthā

作者: နိဿယ @ IAPT

အာဝုသော၊ င့ါရှင်တို့။ ပါစီနဝံသဒါယမှိ၊ ပါစီနဝံ အမည်ရှိသော ရွာ၏ အနီးအပိုင်းအခြားရှိသော တော၌။ သကျဝုတ္တာ၊ အနုရုဒ္ဓါအစရှိကုန်သော သာကီဝင်မင်းသားတို့သည်။ သဟာသကာ၊ ရဟန်းတရားကို ပြုသဖြင့် အတူတကွ နေသော အပေါင်းအတော်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေ၊ ထိုအပေါင်းဖော်ဖြစ်ကုန်သော သာကီဝင်မင်းသားတို့သည်။ အနပ္ပကေ၊ ကောင်းမှုအာနုဘော်ကြောင့် ရအပ်သော အမျိုးဆက်ဆက်အားဖြင့်လာသော များစွာကုန်သော။ ဘောဂေ၊ စည်းစိမ်ချမ်းသာအစုတို့ကို။ ပဟာယ၊ စွန့်၍။ ဥဉ္ဆာပတ္တာဂတေ၊ သပိတ်လက်စွဲ၍ ဆွမ််းခံသဖြင့် ရအပ်သော ဆွမ်းကို သုဉ်းပေးခြင်း၌။ ရံတာ၊ အလွန်မွေ့လျော်ကုန်သသည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အာရဒ္ဓဝီရိယာ၊ အထွတ်အထိပ်သို့ ရောက်သော အားထုတ်အပ်သော လုံ့လရှိကုန်သည်။ ပဟိတတ္တာ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိကုန်သည်။ နိစ္စံ၊ အမြဲ။ ဒဠပရက္ကမာ၊ ဝတ်ကြီးဝတ်ငယ်ဟူသော အကျင့်မျက်မှောက်၌ ဖြစ်သောချမ်းသာစွာနေခြင်း၌ ယှဉ်သဖြ်င့ မလျော့သော လုံ့လရှိကုန်သည်။
ဓမ္မရတိယာ၊ လောကုတ္တရာတရား၌ မွေ့လျော်ခြင်းဖြင့်။ လောကိကံရတိံ၊ ရူပါရုံစသော လောကီတရား၌ မွေ့လျော်ခြင်းကို။ ဟိတွာ၊ စွန့်၍။ ရမန္တိ၊ မွေ့လျော်ကုန်၏။
ဣတိ၊ ဤသို့။ ကိမေလောထေရော၊ ကိမိလထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာ နှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကိမိလထေရဂါထာ အနက်ပြီး၏။