(၂၅) အဟံ၊ ငါမိတ္တာသည်။
ပက္ခဿ၊ တခုသောပက္ခ၏။
စာတုဒ္ဒသိံ၊ တစ်ဆယ့်လေးရက်မြောက်သောနေ့၌လည်းကောင်း။
ပဉ္စဒ္ဒသိံ၊ တစ်ဆယ့်ငါးရက်မြောက်သောနေ့၌လည်းကောင်း။
ယာအဋ္ဌမီ၊ အကြင်ရှစ်ရက်မြောက်သောနေ့သည်။
အတ္ထိ၊ ရှိ၏။
တဿံအဋ္ဌမီယဉ္စ၊ ထိုရှစ်ရက်မြောက်သောနေ့၌လည်းကောင်း။
ပါဋိဟာရိယပက္ခဉ္စ၊ နှစ်တိုင်းနှစ်တိုင်းသောအဖန်တလဲလဲအောင်အပ်ဖြစ်စေအပ်သောကြောင့်ပါဋိဟာရိယမည်သောနေ့တိုင်းအမြဲစောင့်အပ်သောဥပုသ်ကိုလည်းကောင်း။
ဒေဝကာယာဘိနန္ဒိနီ၊ စတုမဟာရာဇ်နတ်ဘုံကိုတောင့်တသည်ဖြစ်၍။
အဋ္ဌင်္ဂသုသမာဂတံ၊ သူ၏အသက်ကိုသတ်ခြင်းမှကြဉ်ခြင်းအစရှိသောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော။
ဥပေါသထံ၊ ဥပုသ်ကိုလည်းကောင်း။
ဥပဂစ္ဆိံ၊ စောင့်သုံးပြီ။
သာ၊ ထိုငါမိတ္တာသည်။
အဇ္ဇ၊ ယခုနေ့၌။
ဧကေနဘတ္တေန၊ တစ်ကြိမ်ထမင်းစားသောအားဖြင့်။
မုဏ္ဍာ၊ ဦးပြည်းဖြစ်၍။
သံဃာဋိံပါရုတာ၊ ဒုကုဋ်ဖြင့်ရုံအပ်သော ကိုယ်ရှိသောရဟန်းမိန်းမဖြစ်၍။
ဒေဝကာယံ၊ တစုံတခုသောနတ်ဘုံကို။
အဟံ၊ ငါသည်။
နပတ္ထေ၊ မတောင့်တပြီ။
ဟဒယေ၊ နှလုံး၌။
ဒရံဒရထံ၊ ကိလေသာဟူသောပူပန်ခြင်းကို။
ဝိနေယျံ၊ ဖျောက်အပ်ပြီ။
မိတ္တာ၊ မိတ္တာထေရီမသည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ ။