Issues
Select Version
နိဿယ
မြန်မာဘာသာ
Therīgāthāpāḷi
Therīgāthāpāḷi

5. Ubbiritherīgāthā

Author: နိဿယ @ IAPT

(၃၃) ဥဗ္ဗရိ၊ ဥဗ္ဗရိ။ တွံ၊ သင်သည်။ အမ္မဇီဝါတိ၊ အမိအသက်ရှင်လောဟူ၍။ ဝနမှိ၊ တော၏အလယ်၌။ ကန္ဒသိ၊ ငိုကြွေးဘိ၏။ အတ္တာနံ၊ မိမိကိုယ်ကိုသာလျှင်။ အဓိဂစ္ဆ၊ သိအောင်ပြုလော။ စုလ္လာသီတိသဟဿာနိ၊ ရှစ်သောင်းလေးထောင်ကုန်သော။ သဗ္ဗာ၊ ခပ်သိမ်းကုန်သော။ ဇီဝသနာမိကာ၊ ဇီဝကဟူသောအမည်ရှိသောဆင်ထိန်း၏သမီးတို့ကို။ ဧတမှိအာဠဟနေ၊ ဤသင်္ချိုင်းရာတခုတည်း၌ပင်လျှင်။ ဒဍ္ဎာ၊ မီးတိုက်အပ်ကုန်ပြီ။ တာသံ၊ ထိုရှစ်သောင်းလေးထောင်သောဇီဝါတို့တွင်။ ကံ၊ အဘယ်သူကို။ သန္ဓာယ၊ ရည်၍။ တွံ၊ သင်သည်။ အနုသောစသိ၊ စိုးရိမ်ဘိသနည်း။ ဣတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဝေါစ၊ မိန့်တော်မူ၏။ ။
မယာ၊ ငါဥဗ္ဗရိသည်။ ဒုဒ္ဒသံ၊ မြင်နိုင်ခဲထသော။ ဟဒယနိဿိတံ၊ ငါ၏စိတ်၌မှီထသော။ သလ္လံ၊ စိုးရိမ်ခြင်းတည်းဟူသောငြောင့်ကို။ အဗ္ဗုဠှံဝတ၊ နှုတ်အပ်လေစွတကား။ ယံယသ္မာ၊ အကြင်ကြောင့်။ သောကပရေတာယ၊ စိုးရိမ်ခြင်းဖြင့်နှိပ်စက်အပ်သော။ မေ၊ ငါအား။ ဓီတုသောကံ၊ သမီး၌စိုးရိမ်ခြင်းကို။ ဗျပါနုဒိံ၊ အကြွင်းမဲ့နှုတ်ရပြီ။ တသ္မာ၊ ထိုကြောင့်။ အဗ္ဗုဠှံဝတ၊ နှုတ်အပ်လေစွ။ ။
သာအဟံ၊ ထိုငါသည်။ အဇ္ဇ၊ ယခု။ အဗ္ဗုဠှသလ္လာ၊ နှုတ်အပ်ပြီးသောငြောင့်ရှိသည်ဖြစ်၍။ နိစ္ဆာတာ၊ တဏှာတည်းဟူသောမွတ်သိပ်ခြင်းကင်းသည်ဖြစ်၍။ ပရိနိဗ္ဗုတာ၊ ကိလေသာငြိမ်းသည်ဖြစ်၍။ မုနိံ၊ ခပ်သိမ်းသောတရားကိုသိတော်မူပြီးထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။ ဓမ္မဉ္စ၊ ကိုးပါးသောလောကုတ္တရာတရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ ရှစ်ယောက်သောအရိယာသံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်ပါ၏။
ဥဗ္ဗရိ၊ ဥဗ္ဗရိထေရီမသည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ ။