ဆဋ္ဌေ၊ ၌။
ဘတ္တဝိသဂ္ဂန္တိ၊ ကား။
ဘတ္တကိစ္စံ၊ ဆွမ်းစားခြင်းကိစ္စကို။
(ကရောတိ၌ စပ်။)
ပါနီယနေ စ ဝိဓူပနေန စ ဥပတိဋ္ဌိတွာတိ၊ ကား။
ဧကေနဟတ္ထေန၊ တစ်ဖက်သော လက်ဖြင့်။
ပါနီယတ္ထာလကံ၊ သောက်ရေခွက်ကိုလည်းကောင်း။
ဧကေန (ဟတ္ထေန)၊ ဖြင့်။
ဗီဇနိံ၊ ယပ်ကိုလည်းကောင်း။
ဂဟေတွာ၊ ကိုင်၍။
ဗီဇမာနာ၊ ယပ်ခပ်လျက်။
သမီပေ၊ အနီး၌။
ဌတွာ၊ တည်၍။
ဣတိ အတ္ထော၊ နက်။
အစ္စာဝဒီတီတိ၊ ကား။
ပုဗ္ဗေပိ၊ ရှေး၌လည်း။
ဝါ၊ ရှေးတုန်းကလည်း။
တုမှေ၊ အရှင်တို့သည်။
ဧဝံ၊ သို့။
ဘုဉ္ဇထ၊ စားကုန်၏။
အဟံ၊ တပည့်တော်မသည်။
ဧဝံ၊ သို့။
ဥပဋ္ဌာနံ၊ ပြုစုလုပ်ကျွေးမှုကို။
ကရောမိ၊ ပြု၏။
ဣတိ၊ သို့။
ပဗ္ဗဇိတစာရိတ္တံ၊ ရဟန်းတို့၏အကျင့်ကို။
အတိက္ကမိတွာ၊ ကျော်လွန်၍။
ဂေဟဿိတကထံ၊ အိမ်၌ မှီသော စကားကို။
ကထေတိ၊ ပြော၏။
ဣတိ အတ္ထော၊ နက်။
ယံကိဉ္စိ ပါနီယန္တိ၊ ကား။
သုဒ္ဓဥဒကံဝါ၊ သက်သက်သော ရေသည်မူလည်း။
ဟောတု၊ ဖြစ်စေ။
တက္ကဒဓိမတ္ထုရသခီရာဒီနံဝါ၊ ရက်တက်ရည်, နို့ဓမ်း၏အကြည်, သားငါးတို့၏ အရည်, နို့ရည် အစရှိသည်တို့တွင်။ဘတ္တဝိသဂ္ဂံ။ ။ ဝိသဇ္ဇနံ- စွန့်လွှတ်ခြင်း + ဝိဘဂ္ဂေါ- စွန့်လွှတ်ခြင်း၊ ဘတ္တဿ- ဆွမ်းကို + ဝိသဂ္ဂေါ- ခံတွင်း၌ စွန့်လွှတ်ခြင်းတည်း၊ ဘတ္တဝိသဂ္ဂေါ ခြင်း၊ "ဆွမ်းကို ခံတွင်း၌ စွန့်လွှတ်ခြင်း" ဟူသည် ဆွမ်းစားခြင်းကိစ္စပင်တည်း၊ ထို့ကြောင့် "ဘတ္တကိစ္စံ" ဟု အဓိပ္ပာယတ္ထဖွင့်သည်။
ယံကိဉ္စိ ပါနီယံ။ ။ "ပါတဗ္ဗံဟိ ပါနိယံ" နှင့်အညီ ရေသာမက သောက်ဖွယ်ဟူသမျှကို ဤနေရာ၌ "ပါနီယ" ဟု ခေါ်နိုင်၏၊ ထို့ကြောင့် "ယံကိဉ္စိ" ဟူသော ဝိသေသနအရသုဒ္ဓဥဒကံဝါ စသည်ဖြင့် "သောက်ဖွယ်" ဟူသမျှကို ဖွင့်ပြသည်၊ ယောဇနာ၌ကား ပါနီယကို "ဥပလက္ခဏနည်း" ဟု ဆိုလေ၏၊ ဒဓိမတ္ထုဟူသည် နို့ဓမ်းအခဲ၏ အပေါ်၌ တက်နေသော အကြည်ရည် (ဒိန်ရည်) တည်း၊ ရသဟူသည်ကား ငါးရည် အမဲရည်တည်း။ အညတရံဝါ၊ တစ်ပါးပါးသည်မူလည်း။ (ဟောတု၊ ဖြစ်ပါစေ။ ပါနီယံနာမ၊ မည်၏။)
ယံကိဉ္စိ ပါနီယံ။ ။ "ပါတဗ္ဗံဟိ ပါနိယံ" နှင့်အညီ ရေသာမက သောက်ဖွယ်ဟူသမျှကို ဤနေရာ၌ "ပါနီယ" ဟု ခေါ်နိုင်၏၊ ထို့ကြောင့် "ယံကိဉ္စိ" ဟူသော ဝိသေသနအရသုဒ္ဓဥဒကံဝါ စသည်ဖြင့် "သောက်ဖွယ်" ဟူသမျှကို ဖွင့်ပြသည်၊ ယောဇနာ၌ကား ပါနီယကို "ဥပလက္ခဏနည်း" ဟု ဆိုလေ၏၊ ဒဓိမတ္ထုဟူသည် နို့ဓမ်းအခဲ၏ အပေါ်၌ တက်နေသော အကြည်ရည် (ဒိန်ရည်) တည်း၊ ရသဟူသည်ကား ငါးရည် အမဲရည်တည်း။ အညတရံဝါ၊ တစ်ပါးပါးသည်မူလည်း။ (ဟောတု၊ ဖြစ်ပါစေ။ ပါနီယံနာမ၊ မည်၏။)
ယာကာစိ ဗီဇနီတိ၊ ကား။
အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။
စီဝရကဏ္ဏောပိ၊ သင်္ကန်း၏ အနားသည်လည်း။
(ဝိဓူပနံနာမ၊ မည်၏။)
ဟတ္ထပါသေ ၊ပေ၊ ပါစိတ္တိယဿာတိ၊ ကား။
ဣဓ၊ ဤသိက္ခာပုဒ်၌။
ဌာနပစ္စယာဝ၊ တည်ခြင်းဟူသော အကြောင်းကြောင့်သာ။
ပါစိတ္တိယံ၊ ကို။
ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။
ပဟာရပစ္စယာ ပန၊ ပုတ်ခတ်ခြင်းဟူသော အကြောင်းကြောင့်ကား။
ခန္ဓတေ၊ ဘိက္ခုနီခန္ဓက၌။
ဒုက္ကဋံ၊ ကို။
ပညတ္တံ၊ ပညတ်တော်မူအပ်ပြီ။
ဒေတိ ဒါပေတီတိ၊ ကား။
ပါနီယံဝါ၊ သောက်ရေကိုသော်လည်းကောင်း။
သူပါဒိံ ဝါ၊ ဟင်းရည်အစရှိသည်ကိုသော်လည်းကောင်း။
ဣမံ၊ ဤရေကို။
ပိဝထ၊ သောက်ပါကုန်။
ဣမိနာ၊ ဤဟင်းရည် စသည်ဖြင့်။
ဘုဉ္ဇထ၊ စားပါကုန်။
ဣတိ၊ ဤသို့ပြော၍။
ဒေတိ၊ ပေးအံ့။
တာလဝဏ္ဋံ၊ ထန်းရွက်ယပ်ကို။
ဣမိနာ၊ ဤထန်းရွက်ယပ်ဖြင့်။
ဗီဇန္တာ၊ ယပ်ခပ်ကုန်လျက်။
ဘုဉ္ဇထ၊ စားပါကုန်။
ဣတိ၊ ဤသို့ပြော၍။
ဒေတိ၊ အံ့။
အညေနဝါ၊ အခြားသူသည်မူလည်း။
ဝါ၊ အခြားသူကိုမူလည်း။
(ဒါပေတိ၊ ပေးစေအံ့။)
ဥဘယမ္ပိဝါ၊ ၂ ပါးစုံကိုမူလည်း။
ဒါပေတိ၊ အံ့။
အနာပတ္တိ, (ဟောတိ၊ )
အနုပသမ္ပန္နံ, အာဏာပေတီတိ၊ ကား။
ဥပတိဋ္ဌနတ္ထံ၊ အနီး၌ တည်နေခြင်းအကျိုးငှာ။
သာမဏေရိံ၊ သာမဏေမကို။
[အချို့စာအုပ်များ၌ သာမဏေရာဒိံ ဟု ရှိ၏။]
အာဏာပေတိ၊ စေခိုင်းအံ့။
အနာပတ္တိ, (ဟောတိ၊ )
သေသံ ဥတ္တာနမေဝ ၊ပေ၊ တိဝေဒနန္တိ၊
ဆဋ္ဌသိက္ခာပဒံ (သမတ္တံ၊ )