ဘိက္ခဝေ ၊ပေ၊ တိဏဝတ္ထာရကေန၊ တိဏဝတ္ထာရကသမထဖြင့်။ ဝူပသမေတုံ အနုဇာနာမိ၊ အမှာ။ ။ ဤမှနောက်၌ သံဃာအားလုံးစည်းဝေးပြီးသောအခါ ၁- ဗျတ္တပဋိဗလရဟန်းက သံဃာအားလုံးကို သိစေပုံ။ [ဤကံ၌ ကမ္မဝါစာ မပါသောကြောင့် "ဉတ္တိကံ" ဟုခေါ်ရသည်။] ၂ တစ်ဖက်တစ်ဖက်တွင် ပါဝင်သော ဗျတ္တပဋိဗလ ရဟန်းက မိမိဘက်သား ရဟန်းများကို သိစေပုံ။ [ဤကံ ၂ ပါးလည်း ဉတ္တိကံပင်တည်း။] ၃ မိမိတို့ဘက်တွင် ဉတ္တိဒုတိယကမ္မဝါစာဖြင့် ဒေသနာပြောပုံတို့ကို အစဉ်အတိုင်း ဟောတော်မူ၏။
ထိုဝါကျများ၌ " ထုလ္လဝဇ္ဇံ၊ (ပါရာဇိက, သံဃာဒေိသေသ်ဟူသော) ကြီးသော အပြစ်ကို။ ထပေတွာ၊ ထား၍လည်းကောင်း။ ဂိဟိပ္ပဋိသံယုတ္တံ၊ လူတို့နှင့်စပ်ယှဉ်သော အာပတ်ကို။ (လူတို့အား ဆဲရေး ရှုံ့ချမှု, တရားသော ဝန်ခံမှု၏ ပျက်ကွက်ခြင်းကြောင့် သင့်ရောက်အပ်သော အာပတ်ကို)။ ထပေတွာ၊ ၍လည်းကောင်း။ ဣမံ အဓိကရဏံ ဝူပသမေယျ၊ " ဟူလည်းကောင်း။ "ဧကတော ပက္ခိကာနံ၊ တစ်ဖက်သော အဖို့၌ ဖြစ်ကုန်သော။ ဘိက္ခူနံ၊ တို့တွင်။ ဗျတ္တေန ၊ပေ၊ ဘိက္ခုနာ၊ သည်။ သကော၊ မိမိဥစ္စာဖြစ်သော ။ ပက္ခေါ၊ ကို။ ဉာပေတဗ္ဗော၊ " ဟုလည်းကောင်း, အဟံ ၊ပေ၊ ဒေသေယျံ၊ ဒေသနာပြောပါ၏။ အမှာကံ၊ တို့သည်။ ဣမာ အာပတ္တိယော၊ တို့ကို။ တိဏဝတ္ထာရကေန၊ ဖြင့်။ ဒေသိတာ၊ ဒေသနာပြောအပ်ပါကုန်ပြီ" ဟုလည်းကောင်း ပေးပါ။