အဇ္ဈောကာသေ၊ ၌။
ဘတ္တဝိသဂ္ဂံ၊ ဆွမ်းကို ခံတွင်း၌ စွန့်လွှတ်မှုကို။
(ဆွမ်းစားမှုကို)။
ကရောန္တာ၊ ကုန်လသော်။
၊ပေ၊၊
ကိလမန္တိ၊
[ဘတ္တဝိသဂ္ဂံ၏ ဝိဂ္ဂဟကို ပါစိတ်ဘာသာဋီကာ, ဘိက္ခုနီဝိဘင်း, ဥပကိဋ္ဌ သိက္ခာပုဒ်၌ ပြထားပြီ။]
ဥပဋ္ဌာနသာလံ၊ ကပ်၍ တည်ရာစရပ်ကို (ဆွမ်းစားစရပ်ကို)။
၊ပေ၊၊
ပါနီယံ၊ သောက်ရေသည်။
ဩတပ္ပတိ၊ ပူနေ၏။
(ပါနီယံ ဩတပ္ပတီတိ ပါနီယ ဘာဇနေသု ထပိတပါနီယံ အာတပေန သန္တပ္ပတိ၊ ဝိမတိ။)
ပါနီယသာလံ၊ သောက်ရေထားစရာ (ရေအိုးစင်) ကိုလည်းကောင်း။
ပါနီယမဏ္ဍပံ၊ သောက်ရေထားစရာ မဏ္ဍပ်ကိုလည်းကောင်း။
၊ပေ၊၊
ပါနီယဘာဇနံ၊ သောက်ရေခွက်သည်။
န သိဇ္ဇတိ၊
(ရှေ့၌ "ပါနီယဘာဇန" ရှိပြီးဖြစ်သောကြောင့် ဤ၌ "သောက်ရေခွက်" ဟု ပေးရသည်။)
ပါနီယသင်္ခံ၊ သောက်ရေ ခရုသင်းကိုလည်းကောင်း။
ပါနီယသရာဝကံ၊ သောက်ရေခွက်ကိုလည်းကောင်း။
အနုဇာနာမိ၊
[အခြားနေရာ၌ "ဥပဋ္ဌာန သာလာ" သဒ္ဒါသည် ဘုရားစသော ဆရားသမားထံ ဆည်းကပ်ရာ စရပ်ဟူသော အနက်ကို ဟော၏။ ဤ၌ကား "ဘတ္တဝိသဂ္ဂံ ကရောန္တာ" စသည်ဖြင့် လာသောကြောင့် ဆွမ်းစားဇရပ်ကို ဟောရသည်။]