Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(VN)Cūḷavaggapāḷi
(VN)Cūḷavaggapāḷi

Gihivikataanujānanaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

မနုဿာ၊ ဘတ္တဂ္ဂေ၊ ဆွမ်းစားဇရပ်ဖြစ်သော။ အန္တရဃရေ၊ ရွာတွင်း၌။ ဥစ္စာသယနေ မဟာသယာနာနိ၊ မြင့်သော နေရာ, ကြီးကျယ်ခမ်းနားဆန်းပြားသော နေရာတို့ကို။ ပညပေန္တိ၊ ခင်းကြကုန်၏။ သေယျထိဒံ၊ တို့ကို။ ပညပေန္တိ၊ နည်း။ အာသန္ဒိံ၊ ဘုရားရှင်၏ လက်ရှစ်သစ် ပမာဏထက် လွန်သော အခြေရှိသော ညောင်စောင်း အင်းပျဉ်ကိုလည်းကောင်း။ ပလ္လင်္ကံ၊ အခြေ၌ ခြင်္သေ့, သစ်, ကျားစသော သားရဲရုပ်ရှိသော ပလ္လင်ကိုလည်းကောင်း။ ဂေါနကံ၊ လက် ၄ သစ်ထက်ရှည်သော သားမွေးတော်ဇောနက်ကြီးကိုလည်းကောင်း။ စိတ္တကံ၊ ဆန်းကြယ်စွာ ယက်အပ်သော သားမွေးအခင်းကိုလည်းကောင်း။ ပဋိကံ၊ အဖြူထည်သက်သက် ယက်အပ်သော သားမွေးအခင်းကိုလည်းကောင်း။ ပဋလိကံ၊ တခဲနက်ပန်းပြောက်ရှိသော သားမွေးအခင်းကိုလည်းကောင်း။ တူလိကံ၊ လဲရှိသော အခင်းကိုလည်းကောင်း။ ဝိကဋိကံ၊ ခြင်္သေ့, သစ်, ကျားစသော သားရဲရုပ်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော သားမွေးအခင်းကိုလည်းကောင်း။ ဥဒ္ဒလောမိံ၊ တစ်ဖက်၌ပေါ်ထွက်သော အမွေးရှိသော တစ်ဖက်ချော သားမွေးအခင်းကိုလည်းကောင်း။ ဧကန္တလောမိံ၊ ၂ ဖက်၌ ပေါ်ထွက်သော အမွေးရှိသော ၂ ဖက်ချော သားမွေးအခင်းကိုလည်းကောင်း။ (ဤကား မဟာဝဂ္ဂ, စမ္မက္ခန္ဓက အဋ္ဌကထာအတိုင်းပင်တည်း၊ သီလက္ခန် ဗြဟ္မဇာလသုတ္တဋ္ဌကထာ၌ ပြောင်းပြန်ဖွင့်၏။) ကဋ္ဋီဿံ၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်အပ်သော ပိုးချည်အကြမ်းအခင်းကို လည်းကောင်း။ ဝါ၊ ပိုချည် တိုင်လျောက်, ရွှေချည်ဖောက်၍ယက်အပ်သော အခင်းကိုလည်းကောင်း။ ကောသေယျံ၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်အပ်သော ပိုးချည်ချောအခင်းကိုလည်းကောင်း။ ဝါ၊ ပိုးချည်တိုင်လျောက်, ပိုးချည်ဖောက်၍ ယက်အပ်သော အခင်းကိုလည်းကောင်း။ ကုတ္တကံ၊ တစ်ကျိပ်ခြောက်ယောက်, ကပြလောက်သော သားမွေးခင်းကိုလည်းကောင်း။ ဟတ္ထတ္ထရဏံ၊ ဆင့်ကျောက်ကုန်း၌ခင်းထိုက်သော သမွေးအခင်းကိုလည်းကောင်း။ အဿတ္ထရဏံ၊ ကိုလည်းကောင်း။ ရထတ္ထရဏံ၊ ရထားပေါ်၌ ခင်းထိုက်သော သားမွေးအခင်းကိုလည်းကောင်း။ အဇိနပ္ပဝေဏိံ၊ ညောင်စောင်း ပမာဏရှိအောင် အထပ်ထပ် ချုပ်အပ်သော သစ်နက်ရေအခင်းကိုလည်းကောင်း။ ကဒလိမိဂပဝရပစ္စတ္တရဏံ၊ ဝံပိုင်မည်သော သားကောင်၏ အရေဖြင့် ပြုအပ်သော မြတ်သော အပေါ်လွှမ်းအခင်းကိုလည်းကောင်း။ သဥတ္တရစ္ဆဒံ၊ အထက်၌ ဗိတာန်နီနှင့်တကွ ဖြစ်သော အခင်းကိုလည်းကောင်း။ ဥဘတောလောဟိတကူပဓာနံ၊ ခြေရင်းခေါင်းရင်း ၂ ဖက်ဝယ် နီသော အုံးကိုလည်းကောင်း။ ပညပေန္တိ၊ [ဤ အာသနတို့၏ အဖွင့်ကို မဟာဝဂ္ဂစမ္မက္ခန္ဓက ဘာသာဋီကာနှင့်, သီလက္ခန် ဗြဟ္မဇာလသုတ် ဘာသာဋီကာ၌ ပြထားပြိ။]
ဘိက္ခဝေ, တီဏိ၊ တို့ကို။ အာသန္ဒိံ၊ ကိုလည်းကောင်း။ ၊ပေ၊၊ ထပေတွာ, ဂဟိဝိကတံ၊ လူတို့သည် အထူးပြုအပ်သော အိပ်ရာနေရာကို။ အဘိနိသီဒိတုံ၊ ထိုင်ခြင်းနှာ။ အနုဇာနာမိ၊ အဘိနိပဇ္ဇိတုံး၊ အိပ်ခြင်းငှာ။ န တွေဝ အနုဇာနာမိ၊ ခွင့်ပြုတော်မမူသည်သာ။ ဣတိ၊ ပြီ။ (ဂိဟိဝိကတန္တိ ဂိဟီတိ+ ကတံ ပညတ္တံ၊ ဂိဟိသန္တကန္တိ အတ္ထော၊ ဝိမတိ။) ၊ပေ၊၊
တူလောနဒ္ဓံ၊ လဲဖြင့် မြှေးယှက်အပ်သော။ ဝါ၊ လဲတို့ဖြင့် ဖွဲ့ကြက်အပ်သော။ မဉ္စံဝိ၊ပေ၊ ပညပေန္တိ၊