Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(VN)Cūḷavaggapāḷi
(VN)Cūḷavaggapāḷi

12. Saddhivihārikavattakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

("ဥပဇ္ဈာယာ သဒ္ဓိဝိဟာရိကေသု" စသည် လွယ်ပြီ။) ဥပဇ္ဈာယေန၊ သည်။ (အပြစ်ငယ် အပြစ်ကြီး, အသီးသီးကို၊ အနီးချဉ်းကပ် ကြည့်ရှုသွန်သင်တတ်သော ဥပဇ္ဈာယ်သည်)။ သဒ္ဓိဝိဟာရိကော၊ ဥပဇ္ဈာယ်ယူ, အတူနေတပည့်ကို။ ဥဒ္ဒေသေန၊ ပါဠိကို ရွတ်ပြခြင်းအားဖြင့်လည်းကောင်း။ (ပါဠိကို သင်ပေးခြင်း, စာချပေးခြင်းအားဖြင့်လည်းကောင်း)။ ပရိပုစ္ဆာယ၊ အဖန်ဖန်မေးအပ်သော အဋ္ဌကထာ အားဖြင့်လည်းကောင်း။ ဩဝါဒေန၊ အပြစ်မပေါ်မီ ဆုံးမခြင်းအားဖြင့် လည်းကောင်း။ အနုသာသနိယာ၊ အပြစ်ပေါ်လျှင် သွန်သင်ခြင်းအားဖြင့်လည်းကောင်း။ (တစ်နည်း) ဩဝါဒေန၊ ရှေးဦးစွာ ဆုံးမခြင်းအားဖြင့်လည်းကောင်း။ အနုသာသနိယာ၊ အဖန်ဖန်သွန်သင်ခြင်းအားဖြင့်လည်းကောင်း။ သင်္ဂဟေတဗ္ဗော၊ သိမ်းသွင်းထိုက်၏။ အနုဂ္ဂဟေတဗ္ဗော၊ ချီးမြှောက်ထိုက်၏။ [ဤဝါကျ၏ အဖွင့်ကို မဟာဝဂ္ဂဘာသာဋီကာ, သဒ္ဓိဝိဟာရိကတတ္တကထာ၌ ပြခဲ့ပြီ။]

အမှာ။ ။ "သစေ ဥပဇ္ဈာယဿ ပတ္တော ဟောတိ" စသော ဝါကျတို့၌ အနက်လွယ်ပြီ၊ "စီဝရံ- သည်၊ ဥပ္ပဇ္ဇေထနုခေါ- ဖြစ်ရာပါအံ့နည်း၊ ဝါ- ရရာပါအံ့နည်း၊ စာအုပ်တို၌ "ဥပ္ပဇ္ဇိယေထနုခေါ" ဟု တွေ့ရ၏၊ ပဒဓာတ်က အကမ္မကဖြစ်သော ကြောင့် ဒိဝါဒိ ယပစ္စည်း, ကတ္တားဟော ဧထဝိဘတ်ဖြင့် "ဥပ္ပဇ္ဇေထ- ဟုသာ ရှိသင့်၏ ၊ ဥပဇ္ဈာယဝတ္တကထာ၌ကား "စီဝရံ ဓောဝိယေထ၊ ပေ ,ပရိယေထ" စသည်ဖြင့် သကမ္မကဓာတ်ဖြစ်သောကြောင့် ကမ္မရုပ်သာ ရှိခဲ့သည်။

ထိုနောက် သဒ္ဓိဝိဟာရိကတပည့် နေမကောင်းလျှင် ဥပဇ္ဈာယ်က "ဒန်ပူပေးမှု, မျက်နှာသစ်ရေပေးမှု "စသော ဝတ်များကို ပြန် ၍ ပြုရပုံကို ဟောတော်မူသည်၊ (ဂိလာနဖြစ်သော သဒ္ဓိဝိဟာရိကသည် ရွာဝင်သောအခါ) "ဧတ္တာဝတာ- ဤမျှအတိုင်းအရှည်ရှိသော အချိန်ဖြင့်၊ နိဝတ္တိဿတိ- ပြန်နစ်လိမ့်မည်၊ ဣတိ- ဤသို့စောင့်မျှော်၍၊ အာသနံ ပညပေတဗ္ဗံ" သာထူး၏။ [ပစ္ဆာသမဏအဖြစ်ဖြင့်ကား သဒ္ဓိဝိဟာရိက နောက်သို့ မလိုက်ကောင်းပါ။]