Issues
Select Version
胜嗣Jinadāyāda
中文
miuthi-မိုးထိ
မြန်မာဘာသာ
Catukkanipāta-aṭṭhakathā
Catukkanipāta-aṭṭhakathā

7. Paṭhamaagatisuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

သတ္တမေ၊ သတ္တမသုတ်၌။ အဂတိဂမနာနီတိ၊ အဂတိဂမနာနိဟူသည်ကား။ နဂတိဂမနာနိ၊ မလားအပ်သည်သို့လာခြင်းတို့သည်။
ဆန္ဒာဂတိံ ဂစ္ဆတီတိ၊ ဆန္ဒာဂတိံ ဂစ္ဆတိဟူသည်ကား။ ဆန္ဒေန၊ ချစ်မြတ်နိုးခြင်းကြောင့်။ အဂတိံ၊ မထားအပ်သည်။ ဂစ္ဆတိ၊ လား၏။ အကတ္တဗ္ဗံ၊ မပြုအပ်သောအမှုကို။ ကရောတိ၊ ပြု၏။
သေသေသုပိ၊ ကြွင်းသောပုဒ်တို့၌လည်း။ ဧသေဝနယော၊ ဤနည်းလျှင် နည်းရှိ၏။
ဆန္ဒဒေါသာ ဘယာမောဟာတိ၊ ဆန္ဒဒေါသာ ဘယာမောဟာဟူသည်ကား။ ဆန္ဒေန၊ ချစ်မြတ်ခိုးခြင်းကြောင့် လည်းကောင်း။ ဒေါသေန= အမျက် ထွက်ခြင်းကြောင့် လည်းကောင်း။ ဘယေန၊ ကြောက်ခြင်းကြောင့်လည်းကောင်း။ မောဟေန၊ မိုက်မဲတွေဝေခြင်းကြောင့်လည်းကောင်း။
အတိဝတ္တဘီတိ၊ အတိဝတ္တတိဟူသည်ကား။ အတိက္ကမတိ၊ လွန်၏။
အဋ္ဌမံ၊ အဋ္ဌမသုတ်သည်။ ဥတ္တာနမေ၀၊ ပေါ်လွင် ထင်ရှားသည်သာလျှင်တည်း။
နဝမေ၊ နဝမသုတ်၌။ တထာ၊ ထိုသို့သော အခြင်းအရာ အားဖြင့်။ ပုဇ္ဈနကာနံ၊ သစ္စာလေးပါး တရားကို သိထိုက်ကုန်သော ပုဂ္ဂိုလ်တို့၏။ ဝသေန၊ အစွမ်းအားဖြင့်။ ဒွီဟိပိ၊ နှစ်ပါးလည်းဖြစ်ကုန်သော။ နယေဟိ၊ နည်းတို့ဖြင့်။ ကထိတံ၊ ဟောအပ်၏။