သတ္တမေ၊ ခုနစ်ရမြောက်သောသုတ်၌။
တောဒေယျဿာတိ၊ တောဒေယျဿဟူသည်ကား။
တုဒိဂါမဝါသိကဿ၊ တုဒိအမည်ရှိသောရွာကိုစိုးအုပ်၍နေသော။
ပရိသတီတိ၊ ပရိသတ်ဟူသည်ကား။
သန္နိပတိတာယ၊ အညီအညွတ်စည်းဝေးသော။
ပရိသာယ၊ ပရိသတ်၌။
ပရူပါရမ္ဘံ ဝတ္တေန္တီတိ၊ ပရူပါရန္တေ ဝတ္တေန္တိဟူသည်ကား။
ပရဂရဟံ၊ သူတပါးအားကဲ့ရဲ့ခြင်းကို။
ပဝတ္တေန္တိ၊ ဖြစ်စေကုန်၏။
ကထေန္တိ၊ ပြောဆိုကုန်၏။
ဗာလောအယံရာဇာတိအာဒိ၊ ဗာလောအယံရာဇာဤသို့အစရှိသောစကားကို။
တေ၊ ထိုပရိသတ်တို့သည်။
ယံဥပါရမ္ဘံ၊ အကြင်သူတပါးအားကဲ့ရဲ့ခြင်းကို။
ဝတ္တေန္တိ၊ ဖြစ်စေကုန်၏။
တဿ၊ ထိုသူတပါးအားကဲ့ရဲခြင်းကို။
ဒဿနတ္ထံ၊ ပြခြင်းအကျိုးငှါ။
ဝုတ္တံ၊ ဆိုအပ်၏။
သမဏေရာမပုတ္တေတိ၊ သမဏေရာမပုတ္တေဟူသည်ကား။
ရာမပုတ္တေ၊ ရာမ၏သားဖြစ်သော။
ဥဒကေ၊ ဥဒကအမည်ရှိသောရသေ့။
အဘိပ္ပသန္နောတိ၊ အဘိပ္ပသန္နောဟူသည်ကား။
အတိက္ကမ္မ၊ လွန်၍။
ပသန္နော၊ ကြည်ညို၏။
ပရမနိပလ္လာကာရန္တိ၊ ပရမနိပစ္စာ ကာရံဟူသည်ကား။
ဥတ္တမနိပါတကိရိယံ၊ မြတ်သော နှိမ့်ချခြင်းအမူအရာကို။
နီစဝုတ္တိံ၊ နှိမ့်ချသောဖြစ်ခြင်းကို။
ပရိဟာရကာတိ၊ ပရိဟရကာဟူသည်ကား။
ပရိဝါရကာတိ၊ အခြံအရံတို့သည်။
ယမကာတိအာဒီနိ၊ ယမကဤသို့စသောအမည်တို့သည်။
တေသံ၊ ထိုပရိသတ်တို့၏။
နာမာနိ၊ အမည်တို့တည်း။
ဟိသစ္စံ၊ ထိုစကားသည်မှန်၏။
တေသု၊ ထိုပရိသတ် တို့တွင်။
ဧကော၊ တယောက်သော သူသည်။
ယမကောနာမ၊ ယမက အမည်ရှိ၏။
ဧကော၊ တယောက်သောသူသည်။
ပုဂ္ဂလောနာမ၊ ပုဂ္ဂလမည်၏။
ဧကော၊ တယောက်သော သူသည်။
ဥဂ္ဂါနာမ၊ ဥဂ္ဂမည်၏။
ဧကော၊ တယောက်သောသူသည်။
နာဝိန္ဒကီနာမ၊ နာဝိန္ဒကီမည်၏။
ဧကော၊ တယောက်သောသူသည်။
ဂန္ဓဗ္ဗောနာမ၊ ဂန္ဓဗ္ဗမည်၏။
ဧကော၊ တယောံံသောသူသည်။
အဂ္ဂိဝေဿာနာမ၊ အဂ္ဂိဝေဿမည်၏။
တျာဿုဒန္တိဧတ္ထ၊ တျာဿဟူသောဤပါဌ်၌။
အဿုဒန္တိ ဣဒံ၊ အဿုဒံဟူသော၍ပုဒ်သည်။
နိပါတမတ္တံ၊ နိပါတ်မျှသာတည်း။
အတ္တနော၊ မိမိ၏။
ပရိသတိ၊ ပရိသတ်၌။
နိသိန္နေ၊ နေကုန်သော။
တေ၊ ထိုယမကအစရှိသောသူတို့ကို။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဣမိနာနယေနနေတီတိ၊ ဣမိနာနယေနနေတိဟူသည်ကား။
ဣမိနာကာရဏေန၊ ဤအကြောင်းဖြင့်။
အနုနေတိ ဇာနာပေတိ၊ သိစေ၏။
ကရဏီယာမိ ကရဏီယေသူတိ၊ ကရဏီယာဓိကရဏီယေသု ဟူသည်ကား။
ပဏ္ဍိတေဟိ၊ ပညာရှိတို့သည်။
ကတ္တဗ္ဗကိစ္စေသုစ၊ ပြုဘွယ်ကိစ္စတို့၌လည်းကောင်း။
အတိရေကကတ္တဗ္ဗကိစ္စေသုစ၊ လွန်ကဲစွာသော ပြုဘွယ်ကိစ္စတို့၌လည်းကောင်း။
ဝစနိယာမိ ဝစနိ ယေသူဟိ၊ ဝစနိယာမိဝ စနီယေသုဟူသည်ကား။
ဝတ္တဗ္ဗေသုစ၊ ဆိုဘွယ်စကားတို့၌ လည်းကောင်း။
အတိရေကဝတ္တဗ္ဗေသုစ၊ လွန်ကဲစွာသောဆိုဘွယ်
စကားတို့၌ လည်းကောင်း။
အလမတ္ထဒသတဟီတိဧတ္ထ၊ အလမတ္ထဒသတ ရေတိဟူသော၍ပါဌ်၌။
အတ္တေ၊ အနက်တို့ကို။
ပဿိတုံ၊ မြင်ခြင်းငှါ။
သမတ္ထော၊ စွမ်းနိုင်ကုန်သောသူတို့သည်။
အလမတ္ထဒသာ၊ အလမတ္ထဒသာမည်ကုန်၏။
တေ၊ ထိုအနက်ကို မြင်ခြင်းငှါ စွမ်းနိုင်ကုန်သောသူတို့ကို။
အတိက္ကမိတွာ၊ လွန်၍။
ဌိတော၊ တည်ကုန်သော သူတို့သည်။
အလမတ္ထဒသတရာ၊ အလမတ္ထဒသတရမည်ကုန်၏။
တေဟိအလမတ္ထဒသတရေဟိ၊ ထိုအနက်ကိုမြင်ခြင်းငှါစွမ်းနိုင်ကုန်သောသူတို့ကိုလွန်၍ တည်ကုန်သောသူတို့ထက်။
အလမတ္ထဒသတရောတိ၊ အလမတ္ထဒသတရော ဟူသည်ကား။
အလမတ္ထဒသတာယ၊ အနက်ကိုမြင်ခြင်းငှါ စွမ်းနိုင်သည်၏ အဖြစ်ဖြင့်။
ဥတ္တရိတရော၊ အထူးသဖြင့် လွန်ကဲသလော။
ဆေကေဟိ၊ လိမ်မာသော သူတို့ထက်။
ဆေကတရော၊ အထူးသဖြင့် လိမ်မာသလော။
ပဏ္ဍိတေဟိ၊ ပညာရှိတို့ထက်။
ပဏ္ဍိတတရော၊ အထူးသဖြင့်ပညာရှိသလော။
ဣတိ၊ ဤသို့။
ပုစ္ဆန္တော၊ မေးလိုသည်ဖြစ်၍။
ဧဝံ၊ ဤသို့တံက မညန္တိ ဘောန္တောအစရှိသောစကားကို။
အာဟ၊ မိန့်ဆို၏။
အထ၊ ထိုအခါ၌။
အဿ၊ ထိုဝဿကာရပုဏ္ဏားအား။
တေ၊ ထိုပရိသတ်တို့သည်။
ပဋိပုစ္ဆန္တာ၊ စကားတုံ့ကို ဆိုလိုကုန်သည်ဖြစ်၍။
ဧဝံဘောတိအာဒိံ၊ ဧဝံဘောဤသို့အစရှိသောစကားကို။
အာဟံသု၊ ဆိုကုန်၏။
ဣတိ၊ ဤသို့။
ဗြာဟ္မဏော၊ ဝဿကာရ ပုဏ္ဏားသည်။
အတ္တနော၊ မိမိ၏။
သပ္ပုရိသတာယ၊ သူတော်ကောင်း၏အဖြစ်ကြောင့်။
တံဧဠေယျရာဇာနံပိ၊ ထိုဧဠေယျမင်းကိုလည်းကောင်း။
တဿ၊ ထိုဧဠေယျမင်း၏။
ပရိဝါရိကေပိ၊ အခြံအရံတို့ကို လည်းကောင်း။
ရှာမပုတ္တံ၊ ရာမ၏ သားဖြစ်သော။
ဥဒကံပိ၊ ဥဒကအမည်ရှိသောရသေ့ကို လည်းကောင်း။
ပသံသိ၊ ခြီးမွမ်း၏။
ဟိသစ္စံ၊ ထိုစကားသည်မှန်၏။
အသပ္ပုရိသော၊ သူတော်မဟုတ် သူယုတ်သည်။
အန္ဓောဝိယ၊ သူကန်းကဲ့သို့။
ဟောတိ၊ ဖြစ်၏။
သပ္ပုရိသော၊ သူတော်ကောင်းသည်။
စက္ခု မာဝိယ၊ မျက်စိဇာမြင်ရှိသောသူကဲ့သို့။
ဟောတိ၊ ဖြစ်၏။
အန္ဓော၊ သူကန်းသည်။
အနန္ဓံ၊ မကန်းသောသူကို။
နေဝပဿတိယထာ၊ မမြင်သကဲ့သို့။
အန္ဓံ၊ ကန်းသောသူကို။
နပဿတိယထာ၊ မမြင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
အသပ္ပုရိသော၊ သူတော်မဟုတ်သူယုတ်သည်။
သပ္ပုရိသံ၊ သူတော်ကောင်းကို။
နေဝဇာနာတိ၊ မသိ။
အသပ္ပုရိသံ၊ သူတော်မဟုတ်သူယုတ်ကို။
နဇာနာတိ၊ မသိ။
စက္ခုမာ၊ မျက်စိအမြင်ရှိသောသူသည်။
အန္ဓံပိ၊ သူကန်းကို၎င်း။
အနန္တံပိ၊ မကန်းသောသူကို လည်းကောင်း။
ပဿတိယထာ၊ မြင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
သပ္ပုရိသော၊ သူတော်ကောင်းသည်။
သပ္ပုရိသံပိ၊ သူတော်ကောင်းကိုလည်းကောင်း။
အသပ္ပုရိသံပိ၊ သူတော်မဟုတ်သူယုတ်ကို လည်းကောင်း။
ဇာနာတိ၊ သိ၏။
တောဒေယျောပိ၊ တုဒိအမည်ရှိသောရွာကို စိုးအုပ်၍နေသော ဝဿကာရအမည်ရှိသော ပုဏ္ဏားသည်လည်း။
သပ္ပုရိသတာယ၊ သူတော်ကောင်းဖြစ်ခြင်းကြောင့်။
သပ္ပုရိသေ၊ သူတော်ကောင်းတို့ကို။
အညာသိ၊ သိ၏။
ဣတိ၊ ဤသို့။
ဣမံအတ္ထဝသံ၊ ဤသို့သော အကျိုးထူးကို။
ပဋိစ္စ၊ စွဲ၍။
တုဋ္ဌာမာနသော၊ နှစ်သက်သော စိတ်ရှိသည်ဖြစ်၍။
ဗြာဟ္မဏော၊ ဝဿကာရအမည်ရှိသောပုဏ္ဏားသည်။
အစ္ဆရိယံဘောဂေါတမာတိအာဒီနိ၊ အစ္ဆရိယံဘောဂေါတမ ဤသို့အစရှိသောစကားတို့ကို။
ဝတွာ၊ ဆို၍။
တထာဂတဿ၊ မြတ်စွာဘုရားသည်။
ဘာသိတံဟောတော်မူအပ်သောတရားကို။
အနုမောဒိတွာ၊ အနုမောဒနာပြု၍။
ပက္ကမိ၊ ဖဲ၍။