Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Catukkanipāta-aṭṭhakathā
Catukkanipāta-aṭṭhakathā

1. Kesisuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဒုတိယဿ၊ နှစ်ခုမြောက်သောဝဂ်၏။ ပဌမေ၊ ရှေးဦးစွာသောသုတ်၌။ ကေသီတိဧတံ၊ ကေသိဟူသောဤအမည်သည်။ တဿ၊ ထိုမြင်းဆရာ၏။ နာမံ၊ အမည်တည်း။
အဿဒမ္မေ၊ ဆုံးမလောံသောမြင်းတို့ကို။ သာရေတိ၊ သင်စေတတ်၏။ ဣတိတသ္မာ၊ ထိုကြောင့်။ အဿဒမ္မသာရထိ၊ အဿဒမ္မသာရထိမည်၏။
သဏှေနပိမိနေမီတိအာဒိသု၊ သဏှေနပိမိနေမိဤသို့အစရှိသောစကားတို့၌။ တဿ၊ ထိုမြင်းအား။ အနုစ္ဆဝိကံ၊ လျော်သော။ သက္ကာရံ၊ အရိုအသေကို။ ကတွာ၊ ပြု၍။ ဘောဇနံ၊ အစာကို။ ဘောဇေတွာ၊ ကျွေး၍။ မဓုပါနံ၊ ချိုမြိန်သောဖျော်ရေကို။ ပါယေတွာ၊ သောက်စေ၍။ မုဒုဝစနေန၊ နူးညံ့သောစကားဖြင့်။ သမုဒါစရိတွာ၊ ပြောဆို၍။ ဒေမေန္တာ၊ ဆုံးမသောမြင်းဆရာသည်။ သဏှေန၊ သိမ်မွေ့ သဖြင့်။ ဒမေတိနာမ၊ ဆုံးမသည်မည်၏။ ဇာဏုဗန္ဓနမုခဗန္ဓနဒီဟိစေဝ၊ ပုဆစ်ဒူး၌ ဖွဲ့ ခြင်းခံတွင်း၌ ဖွဲ့ ခြင်းအစရှိသည်တို့ဖြင့်လည်းကောင်း။ ပတောဒဝိဇ္ဈကသာဘိဃာတဖရုသဝစနေယိစ၊ နှင်တံဖြင့်ထိုးခြင်းကြိမ်းလုံးဖြင့်ခတ်ခြင်း ကြမ်းကြုတ်သောစကားတို့ဖြင့်လည်းကောင်း။ ဒမေန္တော၊ ဆုံးမသောမြင်းဆရာသည်။ ဖရုသေန၊ ကြမ်းကြတ်သဖြင့်။ ဒမေတိနာမ၊ ဆုံးမသည်မည်၏။ ကာလေနကာလံ၊ ရံခါရံခါ။ တဒုဘယံ၊ ထိုနှစ်ပါးရသော ဆုံးမခြင်းကို။ ကရောန္တော၊ ပြုသောမြင်းဆရာသည်။ သဏှဖရုသေန၊ သိမ်မွေ့သော ဆုံးမခြင်းကြမ်းကြုတ်သောဆုံးမခြင်းဖြင့်။ ဒမေတိနာမ၊ ဆုံးမသည်မည်၏။