Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Catukkanipāta-aṭṭhakathā
Catukkanipāta-aṭṭhakathā

5. Ṭhānasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ပဉ္စမေ၊ ငါးခုမြောက်သောသုတ်၌။ ဌာနာနီတိ၊ ဌာနာနိဟူသည်ကား။ ကာရဏာနိ၊ အကြောင်းတို့သည်။
အနတ္ထာယသံဝတ္တတီတိ၊ အနတ္ထာယသံဝတ္တတိဟူသည်ကား။ အဟိတာယ၊ စီးပွါးမရှိခြင်းငှါ။ အဝဍ္ဎိယာ၊ မကြီးပွါးခြင်းငှါ။ သံဝတ္တတိ၊ ဖြစ်၏။
စ၊ ဆက်၍ ဆိုဦးအံ့။ ဧတ္ထ၊ ဤအနတ္ထာယသံဝတ္တတိဟူသောပါဌ်၌။ ပဌမံ၊ ရှေးဦးစွာသာအကြောင်းကို။ ဩပါတက္ခဏနမစ္ဆဗန္ဓနသန္ဓိစ္ဆေဒနာတိဘောဒံ၊ တွင်းတူးခြင်းငါးကို ဖွဲ့ခြင်းတိုက်စပ်ကိုဖြတ်ခြင်းစသည်အပြားရှိသော။ သဒုက္ခံ၊ ဆင်းရဲရှိသော။ သဝိဃာတံ၊ ပင်ပန်းခြင်းရှိသော။ ပါပကမ္မံ၊ မကောင်းမှုကံကို။ ဝေဒိတဗ္ဗော၊ သိအပ်၏။ ဒုတိယံ၊ နှစ်ခုမြောက်သောအကြောင်းကို။ သမဇီဝိကာနံ၊ တူမျှ အသက်မွေးခြင်းရှိကုန်သော။ ဂိဟီနံ၊ လူတို့၏။ ပုစ္ဆဋ္ဋကာဒိကမ္မဉ္စ၊ ပန်းမှိုက်သွန်ခြင်း အစရှိသောအမှုကိုလည်းကောင်း။ သုဓာကောဋ္ဋနဂေဟစ္ဆာဒနအသုစိဋ္ဌာန သမ္မဇ္ဇနာဒိကမ္မဉ္စ၊ အင်္ဂတေထောင်းခြင်း အိပ်မိုးခြင်းမစင်ကြယ်သော အရပ်ကို တမြက်လှည်းခြင်း အစရှိသော အမှုကို လည်းကောင်း။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ တတိယ၊ သုံးခုမြောက်သော အကြောင်းကို။ သုရာပါနဂန္ဓဝိလေပန မာလာပိဠန္ဓနာဒိကပ္မေဉ္စဝ၊ သေသောက်ခြင်းနံ့သာလိမ်းခြင်းပန်းပန်ခြင်း အစရှိ သောအမှုကိုလည်းကောင်း။ အဿာဒဝသေန၊ သာယာခြင်း၏ စွမ်းအားဖြင့်။ ပဝတ္တံ၊ ဖြစ်သော။ ပါဏာတိပါတာဒိကမ္မဉ္စ၊ ပါဏာတိပါတ အစရှိသော အမှုကိုလည်းကောင်း။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ စတုတ္ထံ၊ လေးခု မြောက်ဖြစ်သော အကြောင်းကို။ ဓမ္မသဝနတ္ထာယ၊ တရားနာခြင်းအကျိုးငှါ။ ဂမနကာလေ၊ သွားသောအခါ၌။ သုဒ္ဓဝတ္ထုစ္ဆာဒန မာလာဂန္ဓာာဒီနံ၊ စင်ကြယ်သော အဝတ်ကို ဝတ်လျက်ပန်းနံ့သာ အစရှိသည်တို့ကို။ အာဒါယ၊ ယူ၍။ ဂမနဉ္စ၊ သွားခြင်း၎င်း။ စေတိယဝန္ဒနဉ္စ၊ စေတီ တော်ကိုရှိခိုးခြင်း လည်းကောင်း။ ဗောဓိဝန္ဒနဥ္စ၊ ဗောဓိပင်ကိုရှိခိုးခြင်းလည်းကောင်း။ မဓုရဓမ္မကထာသဝနဉ္စ၊ သာယာသောတရားစကားကိုနာခြင်း လည်းကောင်း။ ပဉ္စသီလသမာဒါနဉ္စ၊ ငါးပါးသောသီလကိုဆောက်တည်ခြင်း လည်းကောင်း။ ဣတိဧဝမာဒီသု၊ ဤသို့အစရှိသည်တို့၌။ သောမနဿသမ္ပယုတ္တံ၊ သောမနဿနှင့်ယှဉ်သော။ ကုသလကမ္မံ၊ ကုသိုလ်ကံကို။ ဝေဒိတဗ္ဗံ၊ သိအပ်၏။
ပုရိသတ္ထာမေတိ၊ ပုရိသတထာမေဟူသည်ကား။ ပုရိသဿ၊ ယောက်ျား၏။ ဉာဏတ္ထာမသ္မိံ၊ ဉာဏ်တည်းဟူသောအားအစွမ်း၌။
သေသပဒဒွယေပိ၊ ကြွင်းသော ပုဒ်နှစ်ခုအပေါင်း၌လည်း။ ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။