Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Chakkanipāta-aṭṭhakathā
Chakkanipāta-aṭṭhakathā

8-9. Anuttariyasuttādivaṇṇanā

Author: miuthi-မိုးထိ @ IAPT

အဋ္ဌမေ၊ ရှစ်ခုမြောက်သောသုတ်၌။ **အနုတ္တရိယာနီ**တိ၊ အနုတ္တရိယာနိဟူသည်ကား။ အညေန၊ တပါးသော။ ဥတ္တရိတ‌ရေန၊ အထူးသဖြင့်လွန်မြတ်သောတရားဖြင့်။ နိရုတ္တရာနိ၊ လွန်မြတ်သောတရားမရှိကုန်။
**ဒဿနာနုတ္တရိယန္တိ**၊ ဒဿနာနုတ္တရိယံဟူသည်ကား။ ရူပဒဿနေသု၊ ရူပါရုံကိုမြင်ခြင်းတို့၌။ အနုတ္တရံ၊ အတုမရှိမြတ်သော။
သဗ္ဗပဒေသု၊ အလုံးစုံသောပုဒ်တို့၌။ ဧသနယော၊ ဤနည်းကို။ ဒဋ္ဌဗ္ဗော၊ မှတ်အပ်၏။ တိဝိတ္ထာရေမိ၊ ချဲ့ဦးအံ့။
ဟတ္ထိရတနာဒီနံ၊ ဆင်ရတနာအစရှိသည်တို့ကို။ ဒဿနံ၊ မြင်ခြင်းမည်သည်။ ဒဿနာနုတ္တရိယံ၊ မြင်ခြင်းတကာတို့ထက်အတုမရှိမြတ်သောမြင်ခြင်းမည်သည်။ န၊ မဟုတ်။ ပန၊ စင်စစ်သော်ကား။ နိဝိဋ္ဌသဒ္ဓဿ၊ သက်ဝင်သောသဒ္ဓါတရားရှိသောပုဂ္ဂိုလ်၏။ နိဝိဋ္ဌပေမဝသေန၊ သက်ဝင်သောချစ်ခြင်း၏အစွမ်းအားဖြင့်။ ဒသဗလဿဝါ၊ မြတ်စွာဘုရားကိုလည်းကောင်း။ ဘိက္ခုသံဃဿဝါ၊ ရဟန်းသံဃာကိုလည်းကောင်း။ ကသိဏအသုဘနိမိတ္တာဒီနံ၊ ကသိုဏ်းနိမိတ်အသုဘနိမိတ်အစရှိသည်တို့တွင်။ အညတရဿဝါ၊ တပါးပါးသောအာရုံကိုလည်းကောင်း။ ဒဿနံ၊ မြင်ခြင်းသည်။ ဒဿနာနုတ္တရိယံနာမ၊ မြင်ခြင်းတကာတို့ထက်အတုမရှိမြတ်သောမြင်ခြင်းမည်၏။
ခတ္တိယာဒီနံ၊ မင်းအစရှိသည်တို့၏။ ဂုဏကထာသဝနံ၊ ဂုဏ်ကျေးဇူးစကားကိုကြားခြင်းသည်။ သဝနာနုတ္တရိယံ၊ ကြားခြင်းတကာတို့ထက်အတုမရှိမြတ်သောကြားခြင်းမည်သည်။ န၊ မဟုတ်။ ပန၊ စင်စစ်သော်ကား။ နိဝိဋ္ဌသဒ္ဓဿ၊ သက်ဝင်သောသဒ္ဓါတရားရှိသောပုဂ္ဂိုလ်၏။ နိဝိဋ္ဌပေမဝသေန၊ သက်ဝင်သောချစ်ခြင်း၏အစွမ်းအားဖြင့်။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရတနာနံ၊ ရတနာတို့၏။ ဂုဏကထာယ၊ ဂုဏ်ကျေးဇူးစကားကို။ သဝနံဝါ၊ ကြားခြင်းသည်လည်းကောင်း။ တေပိဋကဗုဒ္ဓဝစနဿ၊ ပိဋကတ်သုံးပုံဟုဆိုအပ်သောမြတ်စွာဘုရားစကားတော်ကို။ သဝနံဝါ၊ ကြားနာခြင်းသည်လည်းကောင်း။ သဝနာနုတ္တရိယံနာမ၊ ကြားခြင်းတကာတို့ထက်အတုမရှိမြတ်သောကြားခြင်းမည်၏။
မဏိရတနာဒိလာဘော၊ ပတ္တမြားရတနာအစရှိသည်ကိုရခြင်းသည်။ လာဘာနုတ္တရိယံ၊ ရခြင်းတကာတို့ထက်အတုမရှိမြတ်သောရခြင်းမည်သည်။ န၊ မဟုတ်။ ပန၊ စင်စစ်သော်ကား။ သတ္တဝိဓအရိယဓနလာဘော၊ ခုနစ်ပါးအပြားရှိသောအရိယာပုဂ္ဂိုလ်တို့၏ဥစ္စာကိုရခြင်းသည်။ လာဘာနုတ္တရိယံနာမ၊ ရခြင်းတကာတို့ထက်အတုမရှိမြတ်သောရခြင်းမည်၏။
ဟတ္ထိသိပ္ပာဒိသိက္ခနံ၊ ဆင်အတတ်အစရှိသည်ကိုသင်ယူခြင်းသည်။ သိက္ခာနုတ္တရိယံ၊ သင်ယူခြင်းတကာတို့ထက်အတုမရှိမြတ်သောသင်ယူခြင်းမည်သည်။ န၊ မဟုတ်သေး။ ပန၊ စင်စစ်သော်ကား။ သိက္ခတ္တယဿ၊ သိက္ခာသုံးပါးအပေါင်းကို။ ပူရဏံ၊ ဖြည့်ခြင်းသည်။ သိက္ခာနုတ္တရိယံနာမ၊ သင်ယူခြင်းတကာတို့ထက်အတုမရှိမြတ်သောသင်ယူခြင်းမည်၏။
ခတ္တိယာဒီနံ၊ မင်းအစရှိသည်တို့ကို။ ပါရိစရိယာ၊ လုပ်ကျွေးခြင်းသည်။ ပါရိစရိယာနုတ္တရိယံ၊ လုပ်ကျွေးခြင်းတကာတို့ထက်အတုမရှိမြတ်သောလုပ်ကျွေးခြင်းမည်သည်။ န၊ မဟုတ်သေး။ ပန၊ စင်စစ်သော်ကား။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရတနာနံ၊ ရတနာတို့ကို။ ပါရိစရိယာ၊ လုပ်ကျွေးခြင်းသည်။ ပါရိစရိယာနုတ္တရိယံနာမ၊ လုပ်ကျွေးခြင်းတကာတို့ထက်အတုမရှိမြတ်သောလုပ်ကျွေးခြင်းမည်၏။
ခတ္တိယာဒီနံ၊ မင်းအစရှိသည်တို့၏။ ဂုဏာနုဿရဏံ၊ ဂုဏ်ကျေးဇူးကိုအောက်မေ့ခြင်းသည်။ အနုဿတာနုတ္တရိယံ၊ အောက်မေ့ခြင်းတကာတို့ထက်အတုမရှိမြတ်သောအောက်မေ့ခြင်းမည်သည်။ န၊ မဟုတ်သေး။ ပန၊ စင်စစ်သော်ကား။ တိဏ္ဏံ၊ သုံးပါးကုန်သော။ ရတနာနံ၊ ရတနာတို့၏။ ဂုဏာနုဿရကံ၊ ဂုဏ်ကျေးဇူးကိုအဖန်တလဲလဲအောက်မေ့ခြင်းသည်။ အနုဿတာနုတ္တရိယံနာမ၊ အောက်မေ့ခြင်းတကာတို့ထက်အတုမရှိမြတ်သောအောက်မေ့ခြင်းမည်၏။
ဣတိ၊ ဤသို့။ ဆ၊ ခြောက်ပါးကုန်သော။ ဣမာနိအနုတ္တရိယာနိ၊ ဤအတုမရှိမြတ်သောတရားတို့ကို။ လောကိယလောကုတ္တရာနိ၊ လောကီလောကုတ္တရာတို့ကို။ ကထိတာနိ၊ ဟောအပ်ကုန်၏။
နဝမေ၊ ကိုးခုမြောက်သောသုတ်၌။ **ဗုဒ္ဓါနုဿတီ**တိ၊ ဗုဒ္ဓါနုဿတိဟူသည်ကား။ ဗုဒ္ဓဂုဏာရမ္မဏာနုဿတိ၊ အရဟတာအစရှိသောမြတ်စွာဘုရားဂုဏ်တော်လျှင်အာရုံရှိသောအဖန်တလဲလဲအောက်မေ့ခြင်းသတိတည်း။
သေသပဒေသုပိ၊ ကြွင်းသောပုဒ်တို့၌လည်း။ ဧသေဝနယော၊ ဤနည်းလျှင်နည်းရှိ၏။