ပဉ္စမေ၊ ငါးခုမြောက်သောသုတ်၌။
**နအာယကုသလော**တိ၊ နအာယကုသလောဟူသည်ကား။
အာဂမနကုသလော၊ ကုသိုလ်အကုသိုလ်တို့၏အကြောင်း၌လိမ္မာသည်။
နဟောတိ၊ မဖြစ်။
**နအပါယကုသလော**တိ၊ နအပါယကုသလောဟူသည်ကား။
အပဂမနကုသလော၊ ကုသိုလ်အကုသိုလ်တို့ကင်းခြင်း၌လိမ္မာသည်။
နဟောတိ၊ မဖြစ်။
**ဆန္ဒန္တိ**၊ ဆန္ဒံဟူသည်ကား။
ကတ္တုကမျတာဆန္နံ၊ ပြုခြင်းငှာအလိုရှိသည်၏အဖြစ်တည်းဟူသောဆန္ဒကို။
**နအာရက္ခတီ**တိ၊ နအာရက္ခတိဟူသည်ကား။
နရက္ခတိ၊ မစောင့်။