ဧကာဒသမဿ၊ တစ်ဆယ့်တစ်ခုမြောက်သောဝဂ်၏။
ပဌမေ၊ ရှေးဦးစွာသောသုတ်၌။
**အသုဘာ**တိ၊ အသုဘာဟူသည်ကား။
အသုဘကမ္မဋ္ဌာနံ၊ အသုဘကမ္မဋ္ဌာန်းကို။
**မေတ္တာ**တိ၊ မေတ္တာဟူသည်ကား။
မေတ္တာကမ္မဋ္ဌာနံ၊ မေတ္တာကမ္မဋ္ဌာန်းကို။
သဟဝိပဿနာ၊ ဝိပဿနာနှင့်တကွသော။
မဂ္ဂပညာ၊ မဂ်ပညာကို။
ဆဋ္ဌေ၊ ခြောက်ခုမြောက်သောသုတ်၌။
**အဿဒဒိဋ္ဌီ**တိ၊ အဿာဒဒိဋ္ဌိဟူသည်ကား။
သဿတဒိဋ္ဌိ၊ သဿတဒိဋ္ဌိတည်း။
**အတ္တာနုဒိဋ္ဌီ**တိ၊ အတ္တာနုဒိဋ္ဌိဟူသည်ကား။
အတ္တာနံ၊ မိမိခန္ဓာကိုယ်ကို။
အနုဂတာ၊ အစဉ်လျှောက်သော။
ဝီသတိဝတ္ထုကာ၊ နှစ်ဆယ်သောဝတ္ထုရှိသော။
သက္ကာယဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိတည်း။
**မိစ္ဆာဒိဋ္ဌီ**တိ၊ မိစ္ဆာဒိဋ္ဌိဟူသည်ကား။
ဒွါသဋ္ဌိဝိဓာ၊ ခြောက်ဆယ့်နှစ်ပါးအပြားရှိသော။
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိတည်း။
သမ္မာဒိဋ္ဌီတိ၊ သမ္မာဒိဋ္ဌိဟူသည်ကား။
မဂ္ဂသမ္မာဒိဋ္ဌိ၊ မဂ်နှင့်ယှဉ်သောသမ္မာဒိဋ္ဌိတည်း။
ဝါ၊ တနည်းကား။
ဒိန္နံ၊ အလှူ၏အကျိုးသည်။
နတ္ထိ၊ မရှိ။
ဣတိအာဒိကာ၊ ဤသို့အစရှိသောအယူသည်။
မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိမည်၏။
ကမ္မဿကတာဉာဏံ၊ ကံသည်ပြုအပ်သောဉာဏ်သည်။
သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိမည်၏။
သတ္တမေ၊ ခုနစ်ခုမြောက်သောသုတ်၌။
**အဓမ္မစရိယာ**တိ၊ အဓမ္မစရိယာဟူသည်ကား။
ဒသအကုသလကမ္မပထာ၊ ဆယ်ပါးသောအကုသလကမ္မပထတို့တည်း။
ဒသမေ၊ ဆယ်ခုမြောက်သောသုတ်၌။
**အသံဝရော**တိ၊ အသံဝရောဟူသည်ကား။
အနဓိဝါသကဘာဝေါ၊ သည်းမခံနိုင်သည်၏အဖြစ်တည်း။
သေသံ၊ ကြွင်းသောစကားရပ်သည်။
သဗ္ဗတ္ထ၊ အလုံးစုံသောပုဒ်တို့၌။
ဥတ္တာနမေဝ၊ ပေါ်လွင်သည်သာလျှင်တည်း။
ဣတိ၊ ဤသည်လျှင်အပြီးတည်း။
ဧကာဒသမော၊ တစ်ဆယ့်တစ်ခုမြောက်သော။
ဝဂ္ဂေါ၊ ဝဂ်တည်း။