Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Chakkanipāta-aṭṭhakathā
Chakkanipāta-aṭṭhakathā

10. Dutiyamaraṇassatisuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဒသမေ၊ ဆယ်ခုမြောက်သောသုတ်၌။ **ပတိဂတာယာ**တိ၊ ပတိဂတာယဟူသည်ကား။ ပဋိပန္နာယ၊ ရောက်သည်ရှိသော်။
**ဣတိပဋိသဉ္စိက္ခတီ**တိ၊ ဣတိပဋိသဉ္စိက္ခတိဟူသည်ကား။ ဧဝံ၊ ဤသို့။ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။
သောမသောအန္တရာယောတိဧတ္ထ၊ သောမမဿအန္တရာယောဟူသောဤပါဌ်၌။ အန္တရာယော၊ အန္တရာယ်သည်။ ဇီဝီတန္တယော၊ အသက်၏အန္တရာယ်လည်းကောင်း။ သမဏဓမ္မန္တရာယော၊ ရဟန်းတရား၏အန္တရာယ်လည်းကောင်း။ ပုထုဇ္ဇနကာလကိရိယံ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏သေခြင်းကို။ ကရောန္တဿ၊ ပြုသောသူ၏။ သဂ္ဂန္တရာယောစေဝ၊ နတ်ရွာ၏အန္တရာယ်လည်းကောင်း။ မဂ္ဂန္တရာယောစ၊ မဂ်၏အန္တရာယ်လည်းကောင်း။ ဣတိ၊ ဤသို့။ တိဝိဓော၊ သုံးပါးအပြားရှိသည်။ ဟောတိ၊ ဖြစ်၏။
တံသဗ္ဗံပိ၊ ထိုအလုံးစုံကိုလည်း။ သန္ဓာယ၊ ရည်၍။ ဧဝံ၊ ဤသို့ဗဟုကာခေါမေပစ္စယာမရဏဿအစရှိသောစကားကို။ အာဟ၊ ဆို၏။
**ဗျာပဇ္ဇေယျာ**တိ၊ ဗျာပဇ္ဇေယျဟူသည်ကား။ အဇီရကာဒိဝသေန၊ အစာမကျေခြင်းအစရှိသည်တို့၏အစွမ်းအားဖြင့်။ ဝိပ္ပဇ္ဇေယျ၊ ဖောက်ပြန်ရာ၏။
**အဓိမတ္တော**တိ၊ အဓိမတ္တောဟူသည်ကား။ ဗလဝါ၊ အားကြီးစွာသော။
**ဆန္ဒေါ*တိ၊ ဆန္ဒေါဟူသည်ကား။ ကတ္တုကမျတာဆန္ဒေါ၊ ပြုခြင်းငှာအလိုရှိသောသူ၏အပြစ်တည်းဟူသောဆန္ဒကို။
**ဝါယာမော**တိ၊ ပါယာမောဟူသည်ကား။ ပယောဂဝီရိယံ၊ အားထုတ်ခြင်းဟုဆိုအပ်သောဝီရိယကို။
**ဥဿာဟော**တိ၊ ဥဿဟောဟူသည်ကား။ ဥဿာပနဝီရိယံ၊ လွန်စွာအားထုတ်ခြင်းဟုဆိုအပ်သောဝီရိယကို။
**ဥဿောဠီ**တိ၊ ဥသောဠီဟူသည်ကား။ ဗလဝုပ္ပါဒနဝီရိယံ၊ အားကြီးစွာဖြစ်သောဝီရိယကို။
**အပ္ပဋိဝါနီ**တိ၊ အပ္ပဋိဝါနီဟူသည်ကား။ အနဂ္ဂဏှနာ၊ တဖန်ချီးမြှောက်ခြင်းကို။ အပဋိသင်္ခါရဏာ၊ တဖန်မပြုခြင်းကို။
သေသံ၊ ကြွင်းသောစကားရပ်သည်။ သဗ္ဗတ္ထ၊ အလုံးစုံသောပုဒ်တို့၌။ ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်သောအနက်ရှိသည်သာလျှင်တည်း။ ဣတိ၊ ဤသည်လျှင်ဒသမသုတ်အပြီးတည်း။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်တည်း။