Issues
Select Version
နိဿယ
မြန်မာဘာသာ
公开
中文
Cariyāpiṭakapāḷi
Cariyāpiṭakapāḷi

၅= မဟိံသရာဇစရိယာ

Author: နိဿယ @ IAPT

**၅၊ မဟိံသရာဇစရိယာ**

သာရိပုတ္တ၊ သာရိပုတ္တရာ။ ပုန၊ တဖန်။ အပရံစ၊ တပါးတို့။ ယဒါယသ္မိံကာလေ၊ အကြင်အခါ၌။ အဟံ၊ ငါသည်။ ပဝဍ္ဎကာယော၊ ကြီးသောကိုယ်ရှိထသော။ ဗလဝါ၊ အားနှင့်ပြည့်စုံထသော။ မဟန္တော၊ ကြီးသောအလုံးရှိထသော။ ဘီမဒဿနော၊ ကြောက်ဖွယ်ရှိသောအမြင်ရှိထသော။ ပဝနစာရကော၊ တော၌သာကျင်လည်ထသော။ မဟိံသော၊ တောကျွဲသည်။ ဟောမိ၊ ဖြစ်၏။
တဒါတသ္မိံကာလေ၊ ထိုတောကျွဲဖြစ်တော်မူသောကာလ၌။ ဧတ္ထဧတသ္မိံပဝနေ၊ ထိုတောကြီး၌။ ပဗ္ဘာရေစ၊ ချိုင့်ဝှမ်းရာ၌လည်းကောင်း။ ဂိရိဒုဂ္ဂေစ၊ သွားနိုင်ခဲသောတောင်ချောက်ကြား၌လည်းကောင်း။ ရုက္ခမူလေစ၊ သစ်ပင်ရင်း၌လည်းကောင်း။ ဒကာသယေစ၊ ရေကန်၏အနီး၌လည်းကောင်း။ ကောစိကောစိ၊ အမှတ်မရှိသောအရပ်သည်။ မဟိံသာနံ၊ ကျွဲတို့၏။ ဋ္ဌာနံ၊ တည်ရာအရပ်သည်။ ဟောတိ၊ ဖြစ်၏။ တဟိံတဟိံ၊ ထိုထိုအရပ်၌။
ဝိစရန္တော၊ သွားသောကျွဲမင်းသည်။ ဗြဟာရညေ၊ တောကြီး၌။ ဘဒ္ဒကံ၊ ချမ်းမြေ့သော။ ဋ္ဌာနံ၊ အရပ်ကို။ အဒ္ဒသ၊ မြင်လေ၏။ တံဋ္ဌာနံ၊ ထိုချမ်းသာသောအရပ်သို့။ ဥပဂန္တွာန၊ ကပ်၍။ ။ တိဋ္ဌာမိစ၊ ရပ်လည်းရပ်၏။ သယာမိစ၊ အိပ်လည်းအိပ်၏။
အထတသ္မိံဧဝံတိဋ္ဌမာနေ၊ ထိုသို့နေသည်ရှိသော်။ ဧတ္ထဧတသ္မိံဋ္ဌာနေ၊ ထိုအရပ်၌။ ပါပေါ၊ မကောင်းစွာသော။ အနရိယော၊ ယုတ်သောအကျင့်ရှိသော။ လဟု၊ လျှပ်ပေါ်သော။ ကပိ၊ မြောက်သည်။ အာဂန္တွာ၊ လာ၍။ တံမံ၊ ထိုကျွဲမင်းဖြစ်သောငါ့ကို။ ခန္ဓေ၊ ပခုံး၌လည်းကောင်း။ နလာဋေ၊ နဖူး၌လည်းကောင်း။ ဘမုကေ၊ မျက်မှောက်၌လည်းကောင်း။ မုတ္တေတိ၊ ကျင်ငယ်လည်းစွန့်၏။ ဩဟနေတိ၊ ကျင်ကြီးလည်းစွန့်၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။ သကိံပိဒိဝသံ၊ တစ်နေ့ပတ်လုံးလည်းကောင်း။ ဒုတိယမ္ပိ၊ နှစ်ရက်မြောက်သောနေ့ပတ်လုံးလည်းကောင်း။ တတိယမ္ပိ၊ သုံးရက်မြောက်သောနေ့ပတ်လုံးလည်းကောင်း။ စတုတ္ထမ္ပိစ၊ လေးရက်မြောက်သောနေ့ပတ်လုံးလည်းကောင်း။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ မံ၊ င့ါကို။ ဒူသေတိ၊ ဖျက်ဆီး၏။ တေန၊ ထိုမျောက်သည်။ သဗ္ဗကာလံ၊ အခါခပ်သိမ်း။ ဥပဒ္ဒုတော၊ နှိပ်စက်အပ်သည်။ ဟောမိ၊ ဖြစ်၏။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ မမံ၊ ကျွဲမင်းဖြစ်သောငါ့ကို။ ဥပဒ္ဒုတံ၊ ရေဟောင်းအစာဟောင်းတို့ဖြင့်နှိပ်စက်အပ်သည်ကို။ ဒိသွာ၊ မြင်၍။ ယက္ခော၊ သစ်ပင်စောင့်ဖြစ်သောနတ်သည်။ မံ၊ ကျွဲမင်းဖြစ်သောငါ့ကို။ ဣဒံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆို၏။ မတိံသ၊ ကျွဲမင်း။ ပါပံ၊ မကောင်းစွာသော။ ဧတံဆဝံ၊ ထိုအကောင်ပုပ်သဖွယ်ဖြစ်သောမျောက်ကို။ သိင်္ဂေဟိစ၊ ဦးချိုတို့ဖြင့်လည်းကောင်း။ ခုရေဟိစ၊ ခွါတို့ဖြင့်လည်းကောင်း။ နာသေဟိ၊ ဖျက်ဆီးလော့။ ဣတိ၊ ဤသို့။ အဗြဝိ၊ ဆို၏။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ တဒါ၊ ထိုအခါ၌။ ဧဝံဣမသ္မိံဝစနေ၊ ဤသို့သောစကားကို။ ယက္ခေ၊ သစ်ပင်စောင့်နတ်သည်။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ အဟံ၊ ငါသည်။ တံ၊ ထိုသစ်ပင်စောင့်နတ်ကို။ ဣဒံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိံ၊ ဆို၏။ ယက္ခေ၊ သစ်ပင်စောင့်နတ်။ ကုဏပေန၊ ပညာရှိတို့သည်စက်ဆုပ်အပ်သော အကောင်ပုပ်နှင့်တူထသော။ အနရိယေန၊ သူတော်မဟုတ်သူယုတ်တို့၏အကျင့်ဖြစ်ထသော။ ပါပေန၊ မကောင်းမှုဖြင့်။ တွံ၊ သင်သည်။ မံ၊ ငါ့လို။ ကိံ၊ အဘယ်ကြောင့်။ မက္ခေသိ၊ လိမ်းကျံဘိသနည်း။ ။
အဟံ၊ ငါသည်။ တဿ၊ ထိုမျောက်အား။ ယဒိကုပ္ပေယျံ၊ အကယ်၍အမျက်ထွက်ငြားအံ့။ တတော၊ ထိုမျောက်အောက်။ ဟီနတရော၊ အလွန်ယုတ်သည်။ ဘဝေ၊ ဖြစ်ရာ၏။ မေ၊ ငါ၏။ သီလဉ္စ၊ သီလသည်လည်း။ ပဘိဇ္ဇေယျ၊ ပျက်ရာ၏။ မံ၊ ငါ့ကို။ ဝိညူစ၊ ပညာရှိတို့သည်လည်း။ ဂရဟေယျုံ၊ ကဲ့ရဲ့ကုန်ရာ၏။ ။
မေ၊ ငါ၏။ ဇီဝိတာပိ၊ အသက်ရှင်ခြင်းသည်လည်း။ ဟီဠိတာ၊ စက်ဆုပ်အပ်သည်။ ပါပီ၊ ယုတ်မာခြင်းရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ပရိသုဒ္ဓေန၊ စင်ကြယ်သောအသက်ရှင်ခြင်းဖြင့်။ မတံ၊ သေရခြင်းသည်သာလျှင်။ ဝရံ၊ မြတ်၏။ အဟံ၊ ငါသည်။ ဇီဝိတဟေတုပိ၊ အသက်ဟူသောအကြောင်းကြောင့်လည်း။ ပရဟေဋ္ဌနံ၊ သူတပါးအားညှဉ်းဆဲခြင်းကို။ ကိံ၊ အဘယ်ကြောင့်။ ကာဟာမိ၊ ပြုရအံ့နည်း။ ။
ဘောဒေဝတေ၊ အိုသစ်ပင်စောင့်နတ်။ ဟီနမဇ္ဈိမဥက္ကဋ္ဌေ၊ အယုတ်အလတ်အမြတ်ဖြစ်သောသူတို့၏။ အဝမာနိတံ၊ မထီမဲ့မြင်ပြုခြင်းကို။ သဟန္တော၊ သည်းခံသော။ သပ္ပညော၊ ပညာရှိသောသူသည်။ မနသာ၊ စိတ်ဖြင့်။ ယထာယံဝရံ၊ အကြင်ဆုကို။ ပဋ္ဌိတံ၊ တောင့်တအပ်၏။ ဧဝံတထာ၊ ထိုတောင့်တတိုင်း။ တံဝရံ၊ ထိုမြတ်သောဆုကို။ လဘတိ၊ ရ၏။ ။
ပဉ္စမံ၊ ငါးခုတို့၏ပြည့်ကြောင်းဖြစ်သော။ မဟိံသရာဇစရိယံ၊ ကျွဲမင်း၏အကျင့်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။