Issues
Select Version
နိဿယ
မြန်မာဘာသာ
Cariyāpiṭakapāḷi
Cariyāpiṭakapāḷi

၁= ယုဓဉ္ဇယစရိယာ

Author: နိဿယ @ IAPT

**၁၊ ယုဓဉ္ဇယစရိယာ**

သာရိပုတ္တ၊ သာရိပုတ္တရာ။ ယဒါသ္မိံကာလေ၊ အကြင်အခါ၌။ အဟံ၊ ငါသည်။ အမိတယသော၊ မနှိုင်းယှဉ်နိုင်သော ခြွေရံပရိသတ်စည်းစိမ်ရှိသော။ ယုဓဉ္ဇယော၊ ယုဓဉ္ဇယအမည်ရှိသော။ ရာဇပုတ္တော၊ ဗာရာဏသီပြည့်ရှင်မင်းကြီး၏ သားတော်သည်။ အမှိ၊ ဖြစ်၏။ တဒါ၊ ထိုယုဓဉ္ဇယမင်းသားဖြစ်သောကာလ၌။ သုရိယာတပေ၊ နေရောင်ကြောင့်။ ပတိတံ၊ ပျက်သော။ ဥဿာဝဗိန္ဒုံ၊ ဆီး‌နှင်းပေါက်ကို။ ဒိသွာန၊ မြင်၍။ သံဝိဇ္ဇိံ၊ သံဝေဂဖြစ်တော်မူ၏။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ တညေဝ၊ ထိုဆီးနှင်းပေါက်၏အမြဲမတည်သောအနိစ္စသဘောကိုသာလျှင်။ အဓိပတိံကတွာ၊ သက်သေပြု၍။ သံဝေဂံ၊ သံဝေဂကို။ အနုဗြူဟယိံ၊ အဖန်တလဲလဲဖြစ်စေ၏။ အနုဗြူဟရိတွာ၊ သံဝေဂကိုဖြစ်စေ၍။ မာတာစ၊ မယ်တော်ရွှေနန်းမသခင်ကိုလည်းကောင်း။ ပိတုစ၊ ခမည်းတော်ပြည်ကြီးရှင် သဗ္ဗဒတ္တမင်းကြီးကိုလည်းကောင်း။ ဝန္ဒိတွာ၊ ရှိခိုး၍။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ အဟံ၊ ငါသည်။ အနုယာစိယံ၊ အဖန်တလဲလဲတောင်းပြီ။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ တဒါ၊ ထိုအခါ၌။ သနေဂမာ၊ နိဂုံးနှင့်တကွကုန်သော။ သရဋ္ဌာကာ၊ တိုင်းနှင့်တကွကုန်သော။ မနုဿာ၊ လူအပေါင်းတို့သည်။ ပဉ္ဇလိကာ၊ လက်အုပ်ချီကုန်လျက်။ မံ၊ ငါ့ကို။ ယာစန္တိ၊ ပြည်စည်းစိမ်ကိုခံစားစိမ့်သောငှါ တောင်းပန်ကုန်၏။ ရာဇာစ၊ ခမည်းတော်မင်းကြီးသည်လည်း။ ပုတ္တ၊ ချစ်သား။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ဣဒ္ဓံ၊ ပြည့်စုံသော။ ဖိတံ၊ ပွင့်လင်းသော။ မဟာမဟိံ၊ ဇမ္ဗူဒိပ်မြေအပြင်၌ထီးဖြူဆောင်းခြင်းမင်း၏အဖြစ်ကို။ ပဋိပဇ္ဇ၊ ခံစားလော။ ဣတိ၊ ဤသို့။ ယာစိ၊ တောင်းပန်၏။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ တဒါ၊ ထိုအခါ၌။ သရာဇာကေ၊ ခမည်းတော်မင်းနှင့်တကွသော။ သဟောရောဓေ၊ မိဖုရားမောင်းမမိဿံနှင့်တကွသော။ သနေဂမေ၊ နိဂုံးသူအပေါင်းနှင့်တကွသော။ သရဋ္ဌကေ၊ တိုင်းသူနှင့်တကွသော။ ဇနသမူဟေဇနသမူဟာနံ၊ လူအပေါင်းတို့၏။ ကရုဏံ၊ သနားစဖွယ်။ ပရိဒေဝန္တော၊ ငိုကြွေးစဉ်။ အနပေက္ခောဝ၊ ငဲ့ကွက်ခြင်းမရှိသည်ဖြစ်၍သာလျှင်။ ပရိစ္စဇိံ၊ စွန့်တော်မူ၏။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။‌ ကေဝလံ၊ အလုံးစုံသော။ ပထဝိံ၊ ဇမ္ဗူဒိပ်မြေအပြင်ကိုလည်းကောင်း။ ရဇ္ဇံ၊ ပြည်ကြီးစည်းစိမ်ကိုလည်းကောင်း။ ညာတိံ၊ ခမည်းတော်မယ်တော်ဆွေတော်မျိုးတော်ကိုလည်းကောင်း။ ပရိဇနံ၊ အလုပ်အကျွေး‌အပေါင်းကိုလည်းကောင်း။ ယသံ၊ ခြွေရံပရိသတ်အပေါင်းကိုလည်းကောင်း။ စဇ္ဇမာနော၊ စွန့်သောယုဓဉ္ဇယမင်းသည်။ ‌ဗောဓိယာယေဝကာရဏာ၊ ဘုရားဖြစ်၍သတ္တဝါအပေါင်းကိုကယ်တင်လိုသော အကြောင်းကြောင့်သာလျှင်။ နစိန္တေသိံ၊ နောင်တဖန်ကြံခြင်းမရှိ။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။ တဒါ၊ ထိုယုဓဉ္ဇယမင်းသားဖြစ်သောကာလ၌။ မေမယာ၊ ငါသည်။ မာတာစ၊ မယ်တော်ကိုလည်းကောင်း။ ပိတာစ၊ ခမည်းတော်ကိုလည်းကောင်း။ ဒေဿာ၊ မချစ်အပ်သည်။ န၊ မဟုတ်။ မဟာယသံပိ၊ ပြည်ကြီးစည်းစိမ်ကိုလည်း။ မေမယာ၊ ငါသည်။ ဒေဿံ၊ မချစ်အပ်သည်။ နပိ၊ မဟုတ်။ တ‌တော၊ ထိုမယ်တော်ခမည်းတော်ပြည်ကြီးစည်းစိမ်ထက်။ သဗ္ဗညုတံ၊ သဗ္ဗညုတဉာဏ်တော်ဟုဆိုအပ်သောဘုရားအဖြစ်ကိုသာလျှင်။ မယှံ၊ ငါသည်။ ဝိယံ၊ ချစ်အပ်၏။ တသ္မာ၊ ထိုသို့သဗ္ဗညုတဉာဏ်တော်ကိုသာလျှင်ချစ်သောကြောင့်။ ရဇ္ဇံ၊ ပြည်ကြီးစည်းစိမ်ကို။ ပရိစဇ္ဇိံ၊ စွန့်၏။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏။ ။
ပဋ္ဌမံ၊ ရှေးဦးစွာသော။ ယုဓဉ္ဇယစရိယံ၊ ယုဓဉ္ဇယမင်းသား၏အကျင့်သည်။ နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။