**၃၊ အယောဃရစရိယာ**
သာရိပုတ္တ၊ သာရိပုတ္တရာ။
ပုန၊ တဖန်။
အပရံ၊ တပါးတို့။
ယဒါယသ္မိံကာလေ၊ အကြင်အခါ၌။
အဟံ၊ ငါသည်။
ကာသိကရာဇဿ၊ ကာသိကရာဇ်မင်းကြီး၏။
အတြဇော၊ သားတော်သည်။
ဟောမိ၊ ဖြစ်တော်မူ၏။
တဒါ၊ ထိုအခါ၌။
အယောဃရမှိ၊ သံဖြင့်ပြီးသောအိမ်၌။
သံဝဍ္ဎော၊ ကြီး၏။
နာမေန၊ အမည်အားဖြင့်။
အယောဃရော၊ အယောဃရမင်းသားမည်သည်။
အာသိံ၊ ဖြစ်၏။ ။
ဒုက္ခေန၊ ဆင်းရဲငြိုငြင်ပင်ပန်းသဖြင့်။
ဇီဝိတော၊ အသက်ကို။
လဒ္ဓေါ၊ ရအပ်၏။
သံပီဠေ၊ ကျဉ်းမြောင်းသောသံအိမ်၌။
ပတိပေါသိတော၊ မွေးအပ်၏။
တဒါ၊ ထိုခြောက်နှစ်မြောက်သောအခါ၌။
ရာဇာ၊ ခမည်းတော်မင်းကြီးသည်။
ပုတ္တ၊ ငါ့သားတော်။
ကေဝလံ၊ အလုံးစုံသော။
သရဋ္ဌကံ၊ တစ်ဆယ့်ခြောက်တိုင်းနှင့် တကွဖြစ်ထသော။
သနိဂမံ၊ နိဂုံးနှင့်တကွဖြစ်ထသော။
သဇနံ၊ မရေတွက်နိုင်သောခြွေရံပရိသတ်နှင့်တကွဖြစ်ထသော။
ဣမံဝသုဓံ၊ ဤမြေအပြင်ကို။
အဇ္ဇေဝ၊ ယနေ့ပင်လျှင်။
ပဋိဝဇ္ဇ၊ စိုးအုပ်လော့။
ဣတိ၊ ဤသို့။
ရဇ္ဇံ၊ ပြည်ကြီးစည်းစိမ်ကို။
ပဋိစ္ဆာဒေတိံ၊ ဆောင်နှင်း၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
တဒါ၊ ထိုသို့ဆောင်နှင်းသောအခါ၌။
ခတ္တိယံ၊ ခမည်းတော်ဖြစ်သောကာသိကရာဇ်မင်းကြီးကို။
ဝန္ဒိတွာ၊ ရှိခိုး၍။
အဉ္ဇလိ၊ လက်အုပ်ကို။
ပဂ္ဂဟေတွာန၊ ချီ၍။
ဣဒံဝစနံ၊ ဤသို့သောစကားကို။
အဗြဝိံ၊ ကြားလျှောက်၏။
ခတ္တိယ၊ ရေမြေကိုအစိုးရတော်မူသော။
တာတ၊ ခမည်းတော်။
မဟိယာ၊ မြေအပြင်၌။
ဟီနမုက္ကဋ္ဌမဇ္ဈိမာ၊ အယုတ်အလတ်အမြတ်ဖြစ်ကုန်သော။
ယေကေစိ၊ အလုံးစုံကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
နိရာရက္ခာ၊ အစောင့်အရှောက်မရှိကုန်သည်ဖြစ်၍။
သကေဂဟေ၊ မိမိတို့အိမ်၌သာလျှင်။
ညာတိဘိ၊ အဆွေအမျိုးတို့နှင့်။
သဟ၊ တကွ။
ဝဍ္ဎန္တိ၊ ကြီးရကုန်၏။ ။
သမ္ပိလေ၊ ကျဉ်းမြောင်းသောသံအိမ်၌။
မမ၊ ငါ၏။
ဣဒံပေါသနံ၊ ဤကြီးရခြင်းသည်။
လောကေ၊ လောက၌။
ဥတ္တရိယံအသဒိသံ၊ တစုံတယောက်နှင့်မတူ။
စန္ဒသူရိယေစန္ဒသူရိယာနံ၊ လ နေတို့၏။
အပ္ပဘေ၊ အရောင်မထွန်းလင်းနိုင်သော။
အယောဃရမှိ၊ သံအိမ်၌။
သံဝဍ္ဎော၊ ကြီးရ၏။ ။
ဘူမိပါသ၊ ရေမြေသခင်အရှင်ဖြစ်တော်မူသော။
တာတ၊ ခမည်းတော်။
ပူတိကုဏပသမ္ပုဏ္ဏာ၊ အထူးထူးသောအပုပ်တို့ဖြင့်ပြည့်သော။
မာတုကုစ္ဆိတော၊ မယ်တော်ဝမ်းမှ။
မုစ္စိတွာ၊ လွတ်ပြီး၍လည်း။
တတော၊ ထိုအမိဝမ်းတိုက်၌နေရသောဆင်းရဲထက်။
ဃောရတရေ၊ အလွန်ပြင်းသော။
ဒုက္ခေ၊ ဆင်းရဲရာလည်းဖြစ်ထသော။
အယောဃရေ၊ သံအိမ်၌။
ပုန၊ တဖန်။
ပက္ခိတောဝသိတော၊ နေရပြန်၏။
တာတ၊ ခမည်းတော်။
အဟံ၊ ငါသည်။
တာဒိသံ၊ ထိုသို့သဘောရှိသော။
ပရမဒါရုဏံ၊ အလွန်ပြင်းလှစွာသော။
ဒုက္ခံ၊ ဆင်းရဲသို့။
ပတွာ၊ ရောက်ပြီလျှက်လည်း။
ရဇ္ဇေသု၊ ပြည်ကြီးစည်းစိမ်တို့ကို။
ယဒိရဇ္ဇာမိ၊ အကယ်၍တပ်မက်မောပြန်သည်ဖြစ်အံ့။
ပါပါနံ၊ မကောင်းသောသူတို့ထက်။
ဥတ္တမော၊ လွန်သည်။
သိယာ၊ ဖြစ်ရာ၏။
ဒိသံပတိ၊ အရပ်မျက်နှာတို့၏သခင်ဖြစ်တော်မူသော။
ဘူမိပါလ၊ ရေမြေရှင်။
အဟံ၊ အကျွန်ုပ်သည်။
ကာယေန၊ ဤပုပ်နံသောကိုယ်ဖြင့်။
ဥက္ကဏ္ဌိတော၊ ငြိီးငွေ့သည်။
အမှိ၊ ဖြစ်၏။
ရဇ္ဇေနပိ၊ ပြည်ကြီးစည်းစိမ်ဖြင့်လည်း။
နအတ္ထိကော၊ အလိုမရှိသည်။
အမှိ၊ ဖြစ်၏။
ယတ္ထ၊ အကြင်နိဗ္ဗာန်၌။
မံ၊ ငါ့ကို။
မစ္စု၊ သေမင်းသည်။
နမဒိယေ၊ မနှိပ်စက်နိုင်ရာ။
တံနိဗ္ဗုတိံ၊ ထိုရန်သူနှင့်မဆက်ဆံသောသာယာလှသောအမြိုက်နိဗ္ဗာန်ကို။
ပရိယေသိဿံ၊ ရှာပါလေအံ့။
ဣတိ၊ ဤသို့။
အဗြဝိံ၊ ဆို၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
အဟံ၊ ငါသည်။
ဧဝံ၊ ဤသို့။
စိန္တယိတွာနဇာနာပေတွာ၊ သိစေ၍။
မဟာဇနံ မဟာဇနဿ၊ မယ်တော်ခမည်းတော်မှစ၍များစွာသောလူအပေါင်း၏။
ဝိရဝန္တံဝိရဝန္တဿ၊ ငိုမြည်တမ်းစဉ်။
နာဂေါဝ၊ ထူးကိုဖြတ်၍တောသို့ဝင်သောဆင်ကဲ့သို့။
ဗန္ဓနံ၊ မယ်တော်ခမည်းတော်ဆွေမျိုးညာတိစသောအနှောင်အဖွဲ့ကို။
ဆေတွာ၊ ဖြတ်၍။
ကာနနံဝနံ၊ ဟိမဝန္တာတောသို့။
ပါဝိသိ၊ ဝင်လေ၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။
မေမယာ၊ ငါသည်။
မာတာစ၊ မယ်တော်ကိုလည်းကောင်း။
ပိတာစ၊ ခမည်းတော်ကိုလည်းကောင်း။
ဒေဿာ၊ မချစ်အပ်သည်။
န၊ မဟုတ်။
မေမယာ၊ ငါသည်။
မဟာယသမ္ပိ၊ ပြည်ကြီးစည်းစိမ်ကိုလည်း။
ဒေဿံ၊ မချစ်အပ်သည်။
န၊ မဟုတ်။
တတော၊ ထိုမယ်တော်ခမည်းတော်ပြည်ကြီးစည်းစိမ်ထက်။
မယှံ၊ ငါသည်။
သဗ္ဗညုတံ၊ သဗ္ဗညုတဉာဏ်တော်ဟုဆိုအပ်သောဘုရားအဖြစ်ကိုသာလျှင်။
ပိယံ၊ ချစ်အပ်၏။
တသ္မာ၊ ထိုကြောင့်။
ရဇ္ဇံ၊ လက်သို့ရောက်ပြီးသောပြည်ကြီးစည်းစိမ်ကို။
ပရိစ္စဇိံ၊ စွန့်ပြီ။ ။
တတိယံ၊ သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော။
အယောဃရစရိယံ၊ အယောဃရမင်းသား၏အကျင့်သည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။