**၇၊ ကပိရာဇစရိယာ**
သာရိပုတ္တ၊ သာရိပုတ္တရာ။
ယဒါယသ္မိံကာလေ၊ အကြင်အခါ၌။
အဟံ၊ ငါသည်။
ကပိ၊ မျောက်သည်။
ဟုတွာ၊ ဖြစ်၍။
နဒီကူလေ၊ မြစ်ကမ်းနား၌။
ဒရိသယေ၊ ချောက်နေရာ၌။
အာသိံ၊ နေ၏။
တဒါ၊ ထိုအခါ၌။
အဟံ၊ ငါသည်။
သုသုမာရေန၊ မိကျောင်းသည်။
ပီဠိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဂမနံ၊ သွားခြင်းကို။
နလဘာမိ၊ မရ။ ။
သာရိပုတ္တ၊ သာရိပုတ္တရာ။
အဟံ၊ ငါသည်။
ယမှောကာသေ၊ အကြင်အရပ်၌။
ဋ္ဌတွာ၊ ရပ်၍။
ဩရာ၊ ဤမှာဘက်ကမ်းမှ။
ပါရံ၊ ထိုမှာဘက်ကမ်းသို့။
ပတာမိ၊ ခုန်၏။
တတ္ထ၊ ထိုအရပ်၌။
သတ္တု၊ ငါ၏ရန်သူဖြစ်ထသော။
ဝဓကော၊ ညှဉ်းဆဲတတ်ထသော။
လုဒ္ဒဒဿနော၊ ကြမ်းကြုတ်သောအမြင်ရှိထသော။
ကုမ္ဘိလော၊ မိကျောင်းသည်။
အစ္ဆိ၊ နေ၏။ ။
သော၊ ထိုမိကျောင်းသည်။
မံ၊ ငါကို။
ဧဟိတိ၊ လာလောဟု။
အသံသိအဘာသိ၊ ဆို၏။
အဟပိ၊ ငါသည်လည်း။
ဧမီတိ၊ လာအံ့ဟု။
တံ၊ ထိုမိကျောင်းကို။
ပဒိံ၊ ဆို၏။
ဝတွာန၊ ဆိုပြီး၍။
တဿ၊ ထိုမိကျောင်း၏။
မတ္ထကံ၊ ထိပ်ကို။
အက္ကမ္မ၊ နင်း၍။
ပရကူလေ၊ ထိုမှာဘက်ကမ်းနား၌။
ပတိဋ္ဌဟိံ၊ တည်၏။ ။
မယာ၊ ငါသည်။
တဿ၊ ထိုမိကျောင်းအား။
အလိကံ၊ မမှန်သောစကားကို။
နဘဏိတံ၊ မဆိုအပ်။
ယထာဝါစံ၊ ဟုတ်မှန်စွာဆိုသောအတိုင်း။
အဟံ၊ ငါသည်။
အကာသိံ၊ ပြု၏။
မေ၊ ငါ၏။
သစ္စေန၊ သစ္စာနှင့်။
သမော၊ တူသောဂုဏ်သည်။
နတ္ထိ၊ မရှိ။
ဧသာ၊ ဤသည်ကား။
မေ၊ ငါ၏။
သစ္စပါရမီ၊ သစ္စပါရမီတည်း။
ဣတိ၊ ဤသို့။
အာဟ၊ ဟောတော်မူ၏။
သတ္တမံ၊ ခုနစ်ခုမြောက်သော။
ကပိရာဇစရိယံ၊ မျောက်မင်း၏အကျင့်ကို ဆိုသောစကားသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။