ပကရဏနယဝဏ္ဏနာ
ဣတော၊ ဤအဋ္ဌကထာ၏ လီနတ္ထကိုထင်စွာပြပြီးသည်မှ။
ပရံ၊ နောက်၌။
အာစရိယဓမ္မပါလေန၊ ဆရာဖြစ်သော ဓမ္မပါလမထေရ်သည် (ဝါ) ဓမ္မပါလဆရာသည်။
သမုဋ္ဌာနာဒိ၊ သမုဋ္ဌာန်အစရှိသော။
ဟာရာဒိ၊ ဟာရအစရှိသော။
ယာ ဝိဝိဓတ္ထဝိဘာဝနာ၊ အကြင်အထူးထူးအပြားပြားသော အနက်ကို ထင်စွာပြခြင်းကို။
ကတာ၊ ပြုတော်မူအပ်၏။
သာ၊ ထိုသမုဋ္ဌာန်အစရှိသော ဟာရအစရှိသော အထူးထူးအပြားပြားသောအနက်ကို ထင်စွာပြခြင်းကို။
အမှေဟိ၊ ငါတို့သည်။
န ဥပေက္ခေယျာ၊ လျစ်လျူမရှုအပ် (ဝါ) လျစ်လျူမရှုသင့်မရှုထိုက်။
ဟိ သစ္စံ၊ ၏ (ဝါ)
ဟိ ယသ္မာ၊ ကြောင့်။
အယံ၊ ဤသမုဋ္ဌာန်အစရှိသော ဟာရအစရှိသော အထူးထူးအပြားပြားသောအနက်ကို ထင်စွာပြခြင်းသည်။
တဗ္ဗိသောဓနာ၊ ထိုဗြဟ္မဇာလသုတ်၏အနက်ကို သုတ်သင်ခြင်းသည်။
ဟောတိ၊ ၏။
တသ္မာ၊ ထို့ကြောင့်။
တမ္ပိ၊ ထိုသမုဋ္ဌာနဟာရစသည်ကိုလည်း (ဝါ) သမုဋ္ဌာန်အစရှိသော ဟာရအစရှိသော အထူးထူးအပြားပြားသောအနက်ကို ထင်စွာပြခြင်းကိုလည်း။
မယံ၊ ငါတို့သည်။
သောတူနံ၊ စာသင်သားတို့၏ (ဝါ) ကြားနာကုန်သောသူတို့၏။
ဉာဏဝုဍ္ဎိယာ၊ ဉာဏ်ပွားခြင်းအကျိုးငှာ။
ပဝက္ခာမ၊ ဆိုကုန်ပေအံ့။
ဟိ၊ ချဲ့ဦးအံ့။
အယံ သမုဋ္ဌာနာဒိဟာရာဒိဝိဝိဓတ္ထဝိဘာဝနာ၊ သည်။
ပကရဏနယေန၊ အဋ္ဌကထာကျမ်းနည်းအားဖြင့် (ဝါ) နေတ္ထိပါဠိတော်ကျမ်းနည်းအားဖြင့်။
ပါဠိယာ၊ ဗြဟ္မဇာလသုတ်ပါဠိတော်၏။
အတ္ထဝဏ္ဏနာ၊ အနက်ကိုဖွင့်ကြောင်း သံဝဏ္ဏနာသည်။
ဟောတိ၊ ၏။
စ၊ ဆက်။
ပကရဏနယောတိ၊ ကား။
တမ္ဗပဏ္ဏိဘာသာယ၊ သီဟိုဠ်ဘာသာဖြင့်။
ဝဏ္ဏနာနယော၊ ဖွင့်သောနည်းတည်း။
နေတ္ထိပေဋကပ္ပကရဏေ၊ နေတ္ထိကျမ်း, ပေဋကောပဒေသကျမ်း၌။
ဓမ္မကထိကာနံ၊ တရားဟောသော ဓမ္မကထိကရဟန်းတို့၏ (ဝါ) တို့သည်။
ယောဇနာနယော၊ ယှဉ်အပ်သောနည်းတည်း။
ဣတိပိ၊ ဤသို့လည်း။
အာစရိယော၊ တို့သည်။
ဝဒန္တိ၊ ကုန်၏။
ဣတိ၊ သို့။
အဘိဓမ္မဋီကာယံ၊ အဘိဓမ္မာမူလဋီကာ၌။
ဝုတ္တံ၊ ၏။
ပန၊ ပါး။
ယသ္မာ၊ ကြောင့်။
အယံ အတ္ထဝဏ္ဏနာ၊ ဤအနက်အဖွင့်သည်။
ဒေသနာယ၊ ဒေသနာတော်၏။
သမုဋ္ဌာနပယောဇနဘာဇနေသု စ၊ ဖြစ်ကြောင်းနိဒါန်း, အကျိုးပယောဇဉ်၏ တည်ရာတို့ကိုလည်းကောင်း။
ပိဏ္ဍတ္ထေသု စ၊ အပေါင်းဖြစ်သောအနက်တို့ကို လည်းကောင်း (ဝါ) ပေါင်းစုအပ်သောအနက်တို့ကိုလည်းကောင်း။
ပဌမံ၊ ရှေးဦးစွာ။
နိဒ္ဓါရိတေသု၊ ထုတ်အပ်ကုန်သည်ရှိသော်။
သုကရာ စ၊ ပြုလွယ်သည်လည်း။
ဟောတိ၊ ၏။
သုဝိညေယျာ စ၊ သိလွယ်သည်လည်း။
ဟောတိ၊ ၏။
(နှာ-၄၇၆) တသ္မာ၊ ကြောင့်။
ပဏ္ဍိတော၊ ကြောင်းကျိုးမြင်သိပညာရှိသည် (ဝါ) ပါဠိဓမ္မ အတ္ထမြင်သိပညာရှိသည်။
အမုဋ္ဌာနဉ္စ၊ ဒေသနာတော်၏ဖြစ်ကြောင်းနိဒါန်းကိုလည်းကောင်း။
ပယောဇနဉ္စ၊ ဒေသနာတော်၏အကျိုးကိုလည်းကောင်း။
ဘာဇနဉ္စာပိ၊ ဒေသနာတော်၏တည်ရာကိုလည်းကောင်း။
ပိဏ္ဍတ္ထဉ္စ၊ ဒေသနာတော်၏အပေါင်းဖြစ်သောအနက်ကိုလည်းကောင်း။
ပဌမံ၊ ရှေးဦးစွာ (ထည့်)။
နိဒ္ဓါရေတွာန၊ ထုတ်ပြီး၍။
တတော၊ ထိုသမုဋ္ဌာနစသည်ကို ထုတ်ပြီးသည်မှ။
ပရံ၊ နောက်၌။
ဟာရာဒယော၊ ဟာရအစရှိသည်တို့ကို။
သံသေ ကထေယျ၊ ဆိုရာ၏ (သံသ ကထနေ။ သဒ္ဒနီတိ)။
တတ္ထ တိဿံ ဂါထာယံ၊ ၌။
အတ္ထော၊ ကို။
ဧဝံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်။
ဝေဒိတဗ္ဗော၊ ၏။
(တစ်နည်း) တတ္ထ တေသု သမုဋ္ဌာနာဒီသု၊ ထိုသမုဋ္ဌာန်စသည်တို့တွင်။
သမုဋ္ဌာနံ နာမ၊ သမုဋ္ဌာန်မည်သည်ကား။
ဒေသနာနိဒါနံ၊ ဒေသနာနိဒါန်းတည်း (ဝါ) သည်။
သမုဋ္ဌာနံ နာမ၊ မည်၏။
တံ၊ ထိုသမုဋ္ဌာန်နိဒါန်းသည်။
သာဓာရဏံ၊ ဆက်ဆံသော သမုဋ္ဌာန်လည်းကောင်း။
အသာဓာရဏံ၊ မဆက်ဆံသောသမုဋ္ဌာန်လည်းကောင်း။
ဣတိ၊ သို့။
ဒုဝိဓံ၊ နှစ်ပါးအပြားရှိသည်။
ဟောတိ၊ ၏။
တထာ၊ ထို့အတူ။
သာဓာရဏမ္ပိ၊ သာဓာရဏသမုဋ္ဌာန်သည်လည်း။
အဇ္ဈတ္တိကဗာဟိရတော၊ အဇ္ဈတ္တိကသမုဋ္ဌာနိ, ဗာဟိရသမုဋ္ဌာန်အားဖြင့်။
ဒုဝိဓံ၊ နှစ်ပါးအပြားရှိ၏။
တတ္ထ၊ ထိုနှစ်ပါးတို့တွင်။
သာဓာရဏံ၊ ဝေနေယျတို့နှင့်ဆက်ဆံသော။
အဇ္ဈတ္တိကသမုဋ္ဌာနံ နာမ၊ မည်သည်ကား။
ဘဂဝတော၊ ၏။
မဟာကရုဏာ၊ မဟာကရုဏာတော်တည်း (ဝါ) သည်။
အဇ္ဈတ္တိကသမုဋ္ဌာနံ နာမ၊ မည်၏။
ဟိ သစ္စံ၊ ၏။
တာယ၊ ထိုမဟာကရုဏာတော်သည်။
သမုဿာဟိတဿ၊ တိုက်တွန်းတော်မူအပ်သော။
လောကနာထဿ၊ မြတ်စွာဘုရား၏။
ဝေနေယျာနံ၊ တို့အား (ဝါ) ဆုံးမအပ် ဆုံးမထိုက်သော သတ္တဝါတို့အား။
ဓမ္မဒေသနာယ၊ တရားဟောခြင်းငှာ။
စိတ္တံ၊ စိတ်တော်သည်။
ဥဒပါဒိ၊ ဖြစ်တော်မူ၏။
တံ၊ ထိုမြတ်စွာဘုရား၏ တရားဟောခြင်းငှာ စိတ်တော်ဖြစ်တော်မူသည်ကို။
သန္ဓာယ၊ ရည်၍ (ဝါ) ကောင်းစွာဉာဏ်ဖြင့်မှတ်၍။
သတ္တေ သု၊ ပ။
ဝေါလောကေသီတိအာဒိ၊ ကို။
ဝုတ္တံ၊ ၏။
သတ္တေသု၊ သတ္တဝါတို့၌။
ကာရုညတံ၊ သနားတော်မူသည်၏ အဖြစ်ကို။
ပဋိစ္စ၊ စွဲ၍။
ဗုဒ္ဓစက္ခုနာ၊ ဖြင့် (ဝါ) ဣန္ဒြိယပရောပရိယတ္တဉာဏ်, အာသယာနုသယဉာဏ်ဖြင့်။
လောကံ၊ သတ္တလောကကို။
ဝေါလောကေသိ၊ ကြည့်တော်မူ၏။
စ၊ ဆက်။
ဧတ္ထ၊ ဤသတ္တလောကကို ကြည့်ရာ၌။
တိဝိဓာဝတ္ထာယပိ၊ သုံးပါးအပြားရှိသော အခိုက်အတန့်ရှိသည်လည်း ဖြစ်သော။
မဟာကရုဏာယ၊ ဖြင့်။
သင်္ဂဟော၊ ပေါင်းယူခြင်းကို။
ဒဋ္ဌဗ္ဗော၊ ၏။
ကသ္မာ၊ မူကား။
ယာဝဒေဝ၊ အကြင်ရွေ့လောက်လျှင်။
သဒ္ဓမ္မဒေသနာဟတ္ထဒါနေဟိ၊ သဒ္ဓမ္မဒေသနာတော်တည်းဟူသော လက်တော်ကိုပေးခြင်းတို့ဖြင့် (ဝါ) သူတော်ကောင်းတရားကို ဟောတော်မူခြင်းတည်းဟူသော လက်တော်ကို ပေးခြင်းတို့ဖြင့်။
သံသာရမဟောဃတော၊ သံသရာတည်းဟူသော ရေအလျဉ်မှ။
သတ္တသန္တာရဏတ္ထံ၊ သတ္တဝါတို့ကို ထုတ်ဆယ်ကယ်ခြင်းငှာ။
တဒုပ္ပတ္တိတော၊ ထိုမဟာကရုဏာတော်၏ ဖြစ်ခြင်းကြောင့်တည်း။
စ၊ ဆက်။
မဟာကရုဏာ၊ သည်။
ဒေသနာယ၊ ၏။
သာဓာရဏံ၊ သော။
အဇ္ဈတ္တိကသမုဋ္ဌာနံ နာမ၊ မည်သည်။
ဟောတိ ယထာ၊ ကဲ့သို့။
ဧဝံ တထာ၊ ဤအတူ။
သဗ္ဗညုတညာဏဒသဗလဉာဏာဒယောပိ၊ သဗ္ဗညုတဉာဏ်, ဒသဗလဉာဏ် အစရှိသည်တို့သည်လည်း။
ဒေသနာယ၊ ၏။
သာဓာရဏံ၊ သော။
အဇ္ဈတ္တိကသမုဋ္ဌာနံ နာမ၊ မည်သည်။
ဟောတိ၊ ၏။
ဟိ တဒေဝ သစ္စံ၊ ထိုစကားသည် မှန်၏။
သဗ္ဗံ၊ အလုံးစုံသော (ဝါ) မကြွင်းမကျန် အမှန်ကုန်ကုန် အလုံးစုံသော။
ဉေယျဓမ္မဉ္စ၊ သိအပ်သောတရားကိုလည်းကောင်း။
တေသံ၊ ထိုဉေယျဓမ္မတို့၏ (ဝါ) တို့ကို။
ဒေသေတဗ္ဗာကာရဉ္စ၊ ဟောအပ်သော အခြင်းအရာကိုလည်းကောင်း။
သတ္တာနံ၊ တို့၏။
အာသယာနုသယာဒိကဉ္စ၊ အာသယ အနုသယ စသည်ကိုလည်းကောင်း။
ယထာဝတော၊ မဖောက်မပြန် ဟုတ်မှန်သောအားဖြင့်။
ဇာနန္တော၊ သိတော်မူသော။
ဘဂဝါ၊ သည်။
ဌာနဋ္ဌာနာဒီသု၊ ဌာန, အဋ္ဌာနအစရှိသည်တို့၌ (ဝါ) အကြောင်း ဟုတ်သည်, အကြောင်းမဟုတ်သည် စသည်တို့၌။
ကောသလေ္လန၊ လိမ္မာတော်မူသဖြင့်။
ဝေနေယျဇ္ဈာသယာနုရူပံ၊ ဝေနေယျတို့၏ အလိုအားလျော်စွာ။
ဝိစိတြနယဒေသနံ၊ အထူးထူးအပြားပြား ဆန်းကြယ်သောနည်းရှိသော ဒေသနာတော်ကို။
ပဝတ္တေသိ၊ ဖြစ်စေတော်မူ၏ (ဝါ) ဟောတော်မူ၏။
ပန၊ ထိုမှတစ်ပါး။
ဒသသဟဿိတောဗြဟ္မပရိဝါရဿ၊ တစ်သောင်းသော လောကဓာတ်၌ နေသောဗြဟ္မာအပေါင်းသည် ခြံရံအပ်သော။
သဟမ္ပတိဗြဟ္မုနော၊ သဟမ္ပိတိဗြဟ္မာမင်း၏။
အဇ္ဈေသနံ၊ တရားဟောစိမ့်သောငှာ တိုက်တွန်းခြင်းသည်။
ဗာဟိရံ၊ ဗာဟိရ ဖြစ်သော။
သာဓာရဏသမုဋ္ဌာနံ၊ သာဓာရဏာမုဋ္ဌာန်မည်၏။
ဟိ သစ္စံ၊ ၏။
တဒဇ္ဈေသနံ၊ ထိုသဟမ္ပတိဗြဟ္မာမင်း၏ တရားဟောစိမ့်သောငှာ တောင်းပန်တိုက်တွန်းခြင်းကို။
ပတိ၊ စွဲ၍။
ဓမ္မဂမ္ဘီရတာပစ္စဝေက္ခဏာဇနိတံ၊ တရားတော်၏ နက်နဲသည်၏အဖြစ်ကို ဆင်ခြင်တော်မူခြင်းသည် ဖြစ်စေအပ်သော။
အပ္ပေါဿက္ကတံ၊ တရားတော်ကို ဟောတော်မူခြင်း၌ အားထုတ်ခြင်းကင်းသည်၏ အဖြစ်ကို။
ပဋိပ္ပဿမ္ဘေတွာ၊ ငြိမ်းစေ၍။
ဓမ္မဿာမီ၊ တရားတော်ဖြင့် လောကကိုအစိုးရတော်မူသော မြတ်စွာဘုရားသည်(ဓမ္မေန လောကံ သာမီ ဓမ္မဿာမီ-ဟု ဝစနတ္ထပြု) (ဝါ) တရားကို အစိုးရတော်မူသော မြတ်စွာဘုရားသည်။
ဓမ္မဒေသနာယ၊ တရားတော်ကို ဟောခြင်းငှာ။
ဘဂဝါ၊ သည်။
ဥဿာဟဇာတော၊ ဖြစ်သော အားထုတ်ခြင်းရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
အသာဓာရဏမ္ပိ၊ အသာဓာရဏသမုဋ္ဌာန်သည်လည်း။
အဇ္ဈတ္တိကဗာဟိရတော၊ အားဖြင့်။
ဒုဝိဓမေဝ၊ နှစ်ပါးအပြားရှိသည်သာလျှင်တည်း။
တတ္ထ၊ တို့တွင်။
ယာယ မဟာကရုဏာယ စ၊ အကြင်မဟာကရုဏာတော်ဖြင့် လည်းကောင်း (ဝါ) သည်လည်းကောင်း။
ယေန၊ ဒေသနာဉာဏေန စ၊ အကြင်ဒေသနာဉာဏ်ဖြင့်လည်းကောင်း (ဝါ) သည်လည်းကောင်း။
ဣဒံ သုတ္တံ၊ ဤဗြဟ္မဇာလသုတ်သည် (ဝါ) ကို။
ပဝတ္တိတံ၊ ဖြစ်၏ (ဝါ) ဟော၏ (ဝါ) ဖြစ်စေအပ်၏ (ယထာရတကြည့်၍ စပ်)။
တဒုဘယမေဝ၊ ထိုနှစ်ပါးသော မဟာကရုဏာဒေသနာဉာဏ်သည်သာလျှင်။
အဇ္ဈတ္တိကံ၊ အဇ္ဈတ္တိကဖြစ်သော။
သမုဋ္ဌာနံ၊ သမုဋ္ဌာန်မည်၏။
ဟိ သစ္စံ၊ ၏။
သာမညာဝတ္ထာယ၊ သာမညအခိုက်အတန့်အားဖြင့်။
သာဓာရဏံ၊ ဝေနေယျတို့နှင့် ဆက်ဆံသည်။
သမာနမ္ပိ၊ ဖြင့်သော်လည်း။
မဟာကရုဏာဒိဝိသေသာဝတ္ထာယ၊ မဟာကရုဏာအစရှိသော ထူးသော အခိုက်အတန့်အားဖြင့်။
အသာဓာရဏံ၊ မဆက်ဆံခြင်းသည်။
ဘဝတိ၊ ၏။
ပန၊ ထိုမှတစ်ပါး။
ဝဏ္ဏာဝဏ္ဏဘဏနံ၊ ဗြဟ္မဒတ္တလုလင်, သုပ္ပိယပရိဗိုဇ်ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းကို ဆိုခြင်းသည်။
ဗာဟိရံ၊ သော။
အသာဓာရဏသမုဋ္ဌာနံ၊ မည်၏။
ဣတိ၊ သို့။
အဋ္ဌကထာယံ၊ ၌။
ဝုတ္တံ၊ ၏။
[တတ္ထ သမုဋ္ဌာနံ နာမ မှစ၍ အဋ္ဌကထာယံ ဝုတ္တံ-တိုင်အောင်သော စကားရပ်သည် ဋီကာဟောင်း၍ မရှိ။ ဋီကာဟောင်း၌ကား တတ္ထ သမုဋ္ဌာနံ တာဝ ဝုတ္တံ ဝဏ္ဏာဝဏ္ဏဘဝ။ နန္တိ-ဟူ၍သာ ရှိ၏။ အပိစ နိန္ဒာပသံသာသု-စသော စကားသည်လည်း အချို့တူကြ၏။ အချို့မတူကြ။]
အပိစ၊ တစ်နည်းကား။
နိန္ဒာပသံသာသ၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းတို့၌။
သတ္တာနံ၊ တို့၏ (ဘာဝ၌စပ်) (ဝါ) တို့အား (အနာပတ္တိ၌စပ်)။
ဝေနေယျာဃာတာနန္ဒာဒိဘာဝံ၊ အမျက်ထွက်ခြင်း အာဃာတကို ပယ်ဖျောက်ခြင်း, နှစ်သက်ခြင်း အစရှိသည်တို့၏အဖြစ်သို့။
အနာပတ္တိ၊ မရောက်ခြင်းသည်။
အတ္ထိ၊ ရှိ၏။
တတ္ထ စ၊ ထိုအမျက်အာဃာတကို ပယ်ဖျောက်ခြင်း, နှစ်သက်ခြင်း အစရှိသည်တို့၏အဖြစ်သို့ မရောက်ခြင်းတို့၌လည်း။
အနာဒီနဝဒဿနံ၊ အပြစ်ကို မမြင်ခြင်းသည်။
ဗာဟိရံ၊ သော။
အသာဓာရဏသမုဋ္ဌာနမေဝ၊ မဆက်ဆံသော သမုဋ္ဌာန်မည်သည်သာလျှင်တည်း။
တထာ၊ ထိုမှတစ်ပါး။
နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းတို့၌။
ပဋိပဇ္ဇနက္ကမဿ စ၊ ကျင့်ခြင်း အစဉ်ကိုလည်းကောင်း။
ပသံသာဝိသယဿ၊ ချီးမွမ်းခြင်း၏ အာရုံဖြစ်သော။
ခုဒ္ဒကာဒိဝသေန၊ ခုဒ္ဒကသီလအစရှိသည်တို့၏ အစွမ်းဖြင့်။
အနေကဝိဓဿ၊ တစ်ပါးမက များသောအပြားရှိသော။
သီလဿ စ၊ သီလကိုလည်းကောင်း။
သဗ္ဗညုတညာဏဿ စ၊ ကိုလည်းကောင်း (အနဝဗောဓော၌စပ်)။
သဿတာဒိဒိဋ္ဌိဋ္ဌာနေ စ၊ သဿတအစရှိသော ဒိဋ္ဌိဋ္ဌာန၌လည်းကောင်း။
တဒုတ္ထရိ စ၊ ထိုဒိဋ္ဌိဌာနထက် လွန်သော အရာဌာန၌လည်းကောင်း။
အပ္ပဋိဟတစာရတာယ စ၊ အပိတ်အပင် အဆီးအတားမရှိသော ဖြစ်ခြင်းအားဖြင့်လည်းကောင်း။
တထာဂတဿ၊ မြတ်စွာဘုရား၏ (စသဒ္ဒါ အဋ္ဌာနပ္ပယောဂ၊ အပ္ပဋိဟတစာရတာယ စသောပုဒ်တို့၌ယှဉ်)။
ကတ္ထစိပိ၊ အချို့လည်း ဖြစ်ကုန်သော။
ဘဝါဒီသု၊ ဘဝအစရှိသည်တို့၌။
အပရိယာပန္နတာယ စ၊ အကျုံးမဝင်သည်၏အဖြစ်အားဖြင့်လည်းကောင်း။
သတ္တာနံ၊ တို့၏။
အနဝဗောဓောပိ၊ ထိုးထွင်း၍ မသိခြင်းသည်လည်း။
ဗာဟိရံ၊ သော။
အသာဓာရဏသမုဋ္ဌာနံ၊ မဆက်ဆံသော သမုဋ္ဌာန်မည်၏။
ပယောဇနမ္ပိ၊ ပယောဇဉ်သည်လည်း။
သာဓာရဏာသာဓာရဏတော၊ သာဓာရဏ, အသာဓာရဏအားဖြင့်။
ဒုဝိဓံ၊ နှစ်ပါးအပြားရှိ၏။
တတ္ထ၊ တို့တွင်။
အနုပါဒါပရိနိဗ္ဗာနံ၊ တဏှာ, ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ ပရိနိဗ္ဗာန်ပြုခြင်းသည်။
သာဓာရဏံ၊ သာဝကတို့နှင့် ဆက်ဆံသော။
ပယောဇနံ၊ အကျိုးမည်၏။
ကသ္မာ၊ မူကား။
သဗ္ဗာယပိ၊ အလုံးစုံလည်း ဖြစ်သော။
ဘဂဝတော၊ ၏။
ဒေသနာယ၊ ဒေသနာတော်၏။
ဝိမုတ္တိရသတ္တာ၊ ကိလေသာမှ လွတ်ခြင်းကိစ္စရှိသည်၏ အဖြစ်ကြောင့်တည်း။
(နှာ-၄၇၇) တေနေဝ၊ ထို့ကြောင့်သာလျှင်။
ဧတဒတ္ထ ကထာ၊ ဧတဒတ္ထာ မန္တနာတိအာဒိ၊ ကို။
ဘဂဝါ၊ သည်။
အာဟ၊ ၏။
ကထာ၊ ဝိနည်းစကားသည်။
ဧတဒတ္ထာ၊ ထိုပရိနိဗ္ဗာန်ပြုခြင်းအကျိုးရှိ၏။
မန္တနာ၊ ဝိနည်းကို ဆွေးနွေးတိုင်ပင်ခြင်းသည်။
ဧတဒတ္ထာ၊ ထိုပရိနိဗ္ဗာန်ပြုခြင်း အကျိုးရှိ၏။
ပန၊ ထိုမှတစ်ပါး။
အသာဓာရဏံ၊ အသာဓာရဿပယောဇဉ်ကို။
ဗာဟိရသမုဋ္ဌာနတော၊ ဗာဟိရသမုဋ္ဌာန်မှ။
ဝိပရိယာယေန၊ ပြန်သောအားဖြင့်။
ဝေဒိတဗ္ဗံ၊ ၏။
ဟိ သစ္စံ၊ ၏။
နိန္ဒာပပသံသာသု၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းတို့၌။
ဣမိဿာ ဒေသနာယ၊ ဤဗြဟ္မဇာလသုတ်ဒေသနာတော်၏။
ဖလဘူတံ၊ အကျိုးဖြစ်၍ဖြစ်သော။
သတ္တာနံ၊ တို့၏။
ဝေနေယျာဃာတာနန္ဒာဒိဘာဝပ္ပတ္တိအာဒိကံ၊ အမျက်ထွက်ခြင်း အာဃာတကို ပယ်ဖျောက်ခြင်း, နှစ်သက်ခြင်း အစရှိသည်တို့၏ အဖြစ်သို့ရောက်ခြင်ငး အစရှိသည်ကို။
ကာရဏဘာဝေန၊ အကြောင်း၏အဖြစ်ဖြင့်။
ဣမံ ဒေသနံ၊ ဤဗြဟ္မဇာလသုတ်ဒေသနာတော်ကို။
ပယောဇေတိ၊ ယှဉ်စေ၏။
ဟိ သစ္စံ၊ ၏။
ဖလံ၊ အကျိုးသည်။
တဒုပ္ပါဒကသတ္တိယာ၊ ထိိုအကျိုးကို ဖြစ်စေတတ်သောသတ္တိ၏။
ကာရဏံ၊ ကို။
ပယောဇေတိ နာမ၊ ယှဉ်စေသည်မည်၏။
ကသ္မာ၊ မူကား။
ဖလေ၊ သည်။
သတိယေဝ၊ ရှိသော်သာလျှင်။
တာယ သတ္တိယာ၊ ၏။
ကာရဏဘာဝပ္ပတ္တိတော၊ အကြောင်း၏အဖြစ်သို့ ရောက်ခြင်းကြောင့်တည်း။
အထ ဝါ၊ တစ်နည်းကား။
ယထာဝုတ္တံ၊ အကြင်အကြင်ဆိုအပ်ပြီးသော။
ဖလံ၊ အကျိုးသည်။
ဣမာယ ဒေသနာယ၊ ဤဗြဟ္မဇာလသုတ်ဒေသနာတော်၌။
ဘဂဝန္တံ၊ ကို။
ပယောဇေတိ၊ ယှဉ်စေ၏။
ဣတိ၊ သို့။
အာစရိယသာရိပုတ္တတ္ထေရေန၊ ဆရာဖြစ်သော သာရိပုတ္တရာမထေရ်သည်။
ဝုတ္တံ၊ ၏။
ဟိ သစ္စံ၊ ၏။
ဒေသနာယ၊ သည်။
သာဓေတဗ္ဗံ၊ ပြီးစေအပ်သော။
ယံ ဖလံ၊ အကြင်အကျိုးသည်။
အတ္ထိ၊ ၏။
တံ ဖလံ၊ သည်။
အာကင်္ခိတဗ္ဗတ္တာ၊ အလိုရှိအပ်သည်၏အဖြစ်ကြောင့်။
ဒေသနာယ၊ ၌။
ဒေသကံ၊ ဒေသကဖြစ်တော်မူသော မြတ်စွာဘုရားကို။
ပယောဇေတိ နာမ၊ မည်။
အပိစ အပရော နယော၊ ကို။
မယာ၊ သည်။
ဝုစ္စတေ၊ အံ့။
ကုဟနလပနာဒိနာနာဝိဓမိစ္ဆာဇီဝဝိဒ္ဓံသနဉ္စ၊ ကုဟန, လပန အစရှိသော အထူးထူးအပြားပြားသော မိစ္ဆာဇီဝကို ဖျက်ဆီးခြင်းသည်လည်းကောင်း။
ဒွါသဋ္ဌိဒိဋ္ဌိဇာလဝိနိဝေဌနဉ္စ၊ ခြောက်ဆယ့်နှစ်ပါးသော ဒိဋ္ဌိတည်ဟူသော ကွန်ရက်ကို ဖြေရှင်းခြင်းသည်လည်းကောင်း။
ဒိဋ္ဌိသီသေန၊ ဒိဋ္ဌိကို အရင်းပြုသဖြင့်။
ပစ္စယာကာရဝိဘာဝနဉ္စ၊ ပဋိစ္စသမုပ္ပါဒ်တရားတော်ကို ထင်စွာပြခြင်းသည်လည်းကောင်း။
ဆဖဿာယတနဝသေန၊ ခြောက်ပါးသော ဖဿာယတန၏အစွမ်းဖြင့်။
စတုသစ္စကမ္မဋ္ဌာနနိဒ္ဒေသော စ၊ စတုသစ္စကမ္မဋ္ဌာန်းကို ညွှန်ပြခြင်းသည်လည်းကောင်း။
သဗ္ဗဒိဋ္ဌိဂတာနံ၊ အလုံးစုံသော ဒိဋ္ဌိတို့ကို။
အနဝသေသပရိယာဒါနဉ္စ၊ အကြွင်းအကျန်မရှိ သိမ်းယူခြင်းသည်လည်းကောင်း။
အတ္တနော၊ ၏။
အနုပါဒါပရိနိဗ္ဗာနာဒီပနဉ္စ၊ တဏှာ, ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ ပရိနိဗ္ဗာန်ကို ပြခြင်းသည်လည်းကောင်း။
ပယောဇနမေဝ၊ အကျိုးမည်သည်သာလျှင်တည်း။
ပန၊ ထိုမှတစ်ပါး။
ဒေသနာဓိဋ္ဌာနံ၊ ဒေသနာတော်၏ တည်ရာသည်။
ဘာဇနံ၊ မည်၏။
ဟိ၊ ချဲ့ဦးအံ့။
ဝဏ္ဏာဝဏ္ဏနိမိတ္တအနုရောဓဝိရောဓဝန္တစိတ္တာ၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်း အကြောင်း ရှိကုန်သည်ဖြစ်၍ မဆန့်ကျင်ခြင်း, ဆန့်ကျင်ခြင်းရှိသော စိတ်ရှိကုန်ထသော။
ကုဟနာဒိဝိဝိဓမိစ္ဆာဇီဝနိရတာ၊ ကုဟနအစရှိသော အထူးထူးအပြားပြားသော မိစ္ဆာဇီဝ၌ မွေ့လျော်ကုန်ထသော။
သဿတာဒိဒိဋ္ဌိပင်္ကနိမုဂ္ဂါ၊ သဿတ အစရှိသော ဒိဋ္ဌိတည်းဟူသောညွန်၌ နစ်မြုပ်ကုန်ထသော။
သိီလက္ခန္ဓာဒီသု၊ သီလကျေးဇူး အစရှိသည်တို့၌ (ဝါ) သီလက္ခန္ဓ, သမာဓိက္ခန္ဓ, ပညာက္ခန္ဓတို့၌။
အပရိပူရကာရိနော၊ ဖြည့်ခြင်းကို ပြုလေ့မရှိကုန်ထသော။
အဗုဒ္ဓဂုဏဝိသေသဉာဏာ၊ မြတ်စွာဘုရား၏ ဂုဏ်အထူးကို မသိကုန်ထသော။
ယေ ဝေနေယျာ၊ အကြင်ဝေနေယျသတ္တဝါတို့သည်။
သန္တိ၊ ရှိကုန်၏။
တေ ဝေနေယျာ၊ တို့သည်။
ဣမိဿာ ဒေသနာယ၊ ဤဗြဟ္မဇာလသုတ် ဒေသနာတော်၏။
ဘာဇနံ၊ မည်၏ (ဝါ) တည်ရာမည်၏။
ပန၊ ဘာဇနမှတစ်ပါး ပိဏ္ဍတ္ထကို ဆိုဦးအံ့။
ဣဓ၊ ဤဗြဟ္မဇာလသုတ်၌။
လဗ္ဘမာနပဒေဟိ စ၊ ရအပ်သော ပုဒ်တို့ဖြင့်လည်းကောင်း။
သမုဒါယေန၊ အပေါင်းဖြစ်သော။
သုတ္တပဒေန စ၊ သုတ်ပုဒ်ဖြင့်လည်းကောင်း။
ယထာသမ္ဘဝံ၊ ဖြစ်သင့်သည် အားလျော်စွာ။
သင်္ဂဟိတော၊ ရေတွက်အပ်သော။
အတ္ထော၊ သည်။
ပိဏ္ဍတ္ထော၊ မည်၏ (ဝါ) အပေါင်းဖြစ်သော အနက်မည်၏။
ဟိ၊ မကျန်ကြွင်းမဲ့ ချဲ့ဦးအံ့ (ဝါ) အကြွင်းမဲ့ချဲ့ဦးအံ့ (ဝါ) အကျဉ်းစကား မထင်ရှား၍ ထင်ရှားပြဲ့ပြဲ့ချဲ့၍ ဆိုဦးအံ့။
အာဃာတာဒီနံ၊ ရန်ငြိုးဖွဲ့ခြင်း အစရှိသည်တို့၏ (ဝါ) တို့ကို။
အကရဏီယတာဝစနေန၊ မပြုအပ်သည်၏အဖြစ်ကို ဟောတော်မူသော စကားတော်ဖြင့်။
ဒဿိတံ၊ ပြအပ်သော။
ပဋိညာနုရူပံ၊ ရဟန်းတို့၏ ဝန်ခံသည်အားလျော်စွာ။
သမဏသညာယ၊ ရဟန်းဟူသော အမှတ်သညာ၌။
နိယောဇနဉ္စ၊ တိုက်တွန်းတော်မူခြင်း လည်းကောင်း (ဣတိဧဝံ၌စပ်)။
တထာ၊ ပါး။
ခန္တိသောရစ္စာနဋ္ဌာနဉ္စ၊ သည်းခံခြင်း, ကာယကံ ဝစီကံတရား၌ မွေ့လျော်သည်၏အဖြစ်မှ မထခြင်းလည်းကောင်း။
ဗြဟ္မဝိဟာရဘာဝနာနုယောဂေါ စ၊ ဗြဟ္မဝိဟာရဘာဝနာကို အဖန်တလဲလဲ ပွားများအားထုတ်ခြင်းလည်းကောင်း (ဝါ) မေတ္တာ, ကရုဏာ, မုဒိတာ, ဥပေက္ခာ-ဟု ဆိုအပ်သော ဗြဟ္မဝိဟာရဘာဝနာကို အဖန်တလဲလဲ ပွားများအားထုတ်ခြင်းလည်းကောင်း။
သဒ္ဓါပညာသမာယောဂေါ စ၊ သဒ္ဓါနှင့်ပညာ, ပညာနှင့်သဒ္ဓါကို ကောင်းစွအညီအမျှ ယှဉ်စေခြင်းလည်းကောင်း။
သတိသမ္ပဇညာဓိဋ္ဌာနဉ္စ၊ သတိသမ္ပဇညဖြင့် အဓိဋ္ဌာန်ခြင်းလည်းကောင်း။
ပဋိသင်္ခါနဘာဝနာဗလသိဒ္ဓိ စ၊ ပညာဖြင့် ရှုဆင်ခြင်ခြင်းဟု ဆိုအပ်သော ဝိပဿနာ ဘာဝနာ၏ အားအစွမ်း၏ ပြီးခြင်းလည်းကောင်း။
ပရိယုဋ္ဌာနာနုသယပ္ပဟာနဉ္စ၊ ထိုးကျင့်ထကြွသော အနုသယကို ပယ်ခြင်းလည်းကောင်း။
ဥဘယဟိတပဋိပတ္တိ စ၊ နှစ်ပါးသော မိမိအကျိုး, သူတစ်ပါးအကျိုးကို ကျင့်ခြင်းလည်းကောင်း။
လောကဓမ္မေဟိ၊ လောကဓံတရား ရှစ်ပါးတို့ဖြင့်။
အနုပလေပေါ စ၊ မလိမ်းကျံခြင်းလည်းကောင်း (၎င်းတို့ကို နောက် ဣတိ ဧဝံ၌စပ်)။
ပါဏာတိပါတာဒီဟိ၊ ပါဏာတိပါတ အစရှိသည်တို့မှ။
ပဋိဝိရတ်ဝစနေန၊ ကြဉ်ခြင်းကို ဟောတော်မူသော စကားတော်ဖြင့်။
ဒဿိတာ၊ ပြအပ်သော။
သီလဝိသုဒ္ဓိ စ၊ သီလ၏စင်ကြယ်ခြင်းလည်းကောင်း။
တာယ စ၊ ထိုသီလဝိသုဒ္ဓိဖြင့်လည်း။
ဟိရောတပ္ပသမ္ပတ္တိမေတ္တာကရုဏာသမင်္ဂိတာ စ၊ ဟိရီ, ဩတ္တပ္ပနှင့်ပြည့်စုံခြင်း, မေတ္တာ ကရုဏာနှင့်ပြည့်စုံသည်၏ အဖြစ်လည်းကောင်း။
ဝီတိက္ကမပ္ပဟာနဉ္စ၊ သိက္ခာပုဒ်ကို လွန်ကျူးခြင်းကို ပယ်ခြင်းလည်းကောင်း။
တဒင်္ဂပ္ပဟာနဉ္စ၊ တဒင်္ဂပဟာန်ဖြင့် ပယ်ခြင်းလည်းကောင်း (ဝါ) ထိုထိုကုသိုလ်အင်္ဂါဖြင့် အကုသိုလ်ကို ပယ်ခြင်းလည်းကောင်း။
ဒုစ္စရိတသံကိလေသပ္ပဟာနဉ္စ၊ ဒုစရိုက်သံကိလေသကို ပယ်ခြင်းလည်းကောင်း။
ဝိရတိတ္တယသိဒ္ဓိ စ၊ ဝိရတီသုံးခုတို့၏ အပေါင်း၏ ပြီးခြင်းလည်းကောင်း။
ပိယမနာပဂရုဘာဝနီယတာ စ၊ သီတင်းသုံးဖော်တို့သည် ချစ်အပ်သည်၏အဖြစ်, နှလုံးကိုပွားစေအပ်သည်၏အဖြစ်, အလေးပြုအပ်သည်၏အဖြစ်, ချီးမွမ်းအပ်သည်၏အဖြစ်လည်းကောင်း။
[*ဆဋ္ဌမူ၌ ဘာဝနီယတာနိပ္ဖတ္တိဟု ရှိ၏။ လာဘစသည်နှင့်မတွဲပေ။]
နိပ္ဖတ္တိလာဘသက္ကာရသိလောကသမုဒါဂမော စ၊ ပြီးပြီးသော လာဘ်ပူဇော်သကာ ကျော်စောခြင်းတို့၏ ကောင်းစွာလာခြင်း, ရောက်ခြင်းလည်းကောင်း (ဝါ) လာဘ်ပူဇော်သကာ ကျော်စောခြင်းတို့၏ ပြီးခြင်းသို့ ကောင်းစွာရောက်ခြင်းလည်းကောင်း။
သမထဝိပဿနာနံ၊ သမထဝိပဿနာတို့၏။
အဓိဋ္ဌာနဘာဝေါ စ၊ တည်ရာ၏ အဖြစ်လည်းကောင်း။
အကုသလမူလတနုကရဏဉ္စ၊ အကုသိုလ်မူလ၏ ခေါင်းပါးခြင်းကို ပြုခြင်းလည်းကောင်း။
ကုသလမူလရောပနဉ္စ၊ ကုသလမူလသို့ တင်ခြင်းလည်းကောင်း။
ဥဘယာနတ္ထဒူရီကရဏဉ္စ၊ နှစ်ပါးသော ပစ္စုပ္ပန်ဘဝ၌ ဖြစ်သောအကျိုးမဲ့,
တမလွန်ဘဝ၌ ဖြစ်သောအကျိုးမဲ့ကို ဝေးအောင်ပြုခြင်းလည်းကောင်း။
ပရိသာသု၊ ပရိသတ်တို့၌။
ဝိသာရဒတာ စ၊ ရဲရင့်သည်၏အဖြစ်လည်းကောင်း။
အပ္ပမာဒဝိဟာရော စ၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော နေခြင်းလည်းကောင်း။
ပရေဟိ၊ သူတစ်ပါးတို့သည်။
ဒုပ္ပဓံသိယတာ စ၊ မဖျက်ဆီးနိုင်သည်၏အဖြစ်လည်းကောင်း။
အဝိပ္ပဋိသာရာဒိသမင်္ဂိတာ စ၊ နှလုံးသာရွှင်ခြင်း အစရှိသည်နှင့် ပြည့်စုံသည်၏ အဖြစ်လည်းကောင်း။
(နှာ-၄၇၈) ဂမ္ဘီရာတိအာဒိဝစနေဟိ၊ ဂမ္ဘီရာ-ဤသို့အစရှိသော စကားတော်တို့ဖြင့်။
ဒဿိတံ၊ ပြအပ်သော။
ဂမ္ဘီရဓမ္မဝိဘာဝနဉ္စ၊ ဂမ္ဘီရဓမ္မကို ထင်စွာပြခြင်းလည်းကောင်း။
အလဗ္ဘနေယျပတိဋ္ဌတာ စ၊ မရအပ်သော တည်ရာထောက်ရာရှိသည်၏ အဖြစ်လည်းကောင်း။
ကပ္ပါနံ၊ ကမ္ဘာတို့၏။
အသင်္ချေယျေနာပိ၊ မရေတွက်နိုင်သဖြင့်လည်း။
ဒုလ္လဘပါတုဘာဝတာ စ၊ ရခဲခြင်း ထင်ရှားသည်၏ အဖြစ်လည်းကောင်း။
သုခုမေနပိ၊ သိမ်မွေ့သည်လည်း ဖြစ်သော။
ဉာဏေန၊ ဖြင့်။
ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။
ပဋိဝိဇ္ဈိတုံ၊ ထိုးထွင်း၍သိခြင်းငှာ။
အသက္ကုဏေယျတာ စ၊ မစွမ်းနိုင်သည်၏ အဖြစ်လည်းကောင်း။
ဓမ္မနွယသင်္ခါတေန၊ တရားအားလျော်စွာ ဖြစ်သည်ဟုဆိုအပ်သော။
အနုမာနဉာဏေနာပိ၊ အနုမာနဉာဏ်ဖြင့်လည်း။
ဒုရဓိဂမနီယတာ စ၊ သိနိုင်ခဲသည်၏ အဖြစ်လည်းကောင်း (ဝါ) ဆင်းရဲငြိုငြင်သဖြင့် သိအပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။
ပဿဒ္ဓသဗ္ဗဒရထတာ စ၊ ငြိမ်းပြီးသော အလုံးစုံသော ပူပန်ခြင်းရှိသည်၏ အဖြစ်လည်းကောင်း။
သန္တဓမ္မဝိဘာဝနဉ္စ၊ ကိလေသာမှငြိမ်းသော မဂ်ဖိုလ်နိဗ္ဗာန်တရားကို ထင်စွာပြခြင်းလည်းကောင်း။
သောဘနပရိယောသာနတာ စ၊ တင့်တယ်ကောင်းမြတ်သော အရဟတ္တဖိုလ်လျှင် အဆုံးရှိသည်၏ အဖြစ်လည်းကောင်း။
အတိတ္တိကရဘာဝေါ စ၊ မရောင့်ရဲနိုင်သည်၏ အဖြစ်လည်းကောင်း (ဝါ) မရောင့်ရဲနိုင်ခြင်းကို ပြုတတ်သည်၏ အဖြစ်လည်းကောင်း။
ပဓာနဘာဝပ္ပတ္တိ စ၊ ပြဓာန်းသည်၏ အဖြစ်သို့ရောက်ခြင်းလည်းကောင်း။
ယထာဘူတဉာဏဂေါစရတာ စ၊ ဟုတ်မှန်တိုင်း သိမြင်သောဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်လည်းကောင်း (ဝါ) ဟုတ်မှန်သည်အားလျော်စွာ သိသောဉာဏ်၏ ကျက်စားရာအာရုံ၏ အဖြစ်လည်းကောင်း။
သုခုမသဘာဝတာ စ၊ သိမ်မွေ့သောသဘော၏ အဖြစ်လည်းကောင်း။
မဟာပညာဝိဘာဝနာ စ၊ မြတ်သောပညာကို ထင်စွာပြခြင်းလည်းကောင်း (ဣတိ ဧဝံ၌စပ်)။
ဒိဋ္ဌိဒီပကပဒေဟိ၊ ဒိဋ္ဌိကို ပြတတ်သောပုဒ်တို့ဖြင့်။
ဒဿိတာ၊ ကုန်သော။
သမာသတော၊ အကျဉ်းအားဖြင့်။
သဿတဥစ္ဆေဒဒိဋ္ဌိယော၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့ကို။
ဩလီနတာတိဓာဝနဝိဘာဝနဉ္စ၊ တွန့်သည်၏အဖြစ်, အလွန်ပြေးသွားသည်၏ အဖြစ်ကို ထင်စွာပြခြင်းလည်းကောင်း။
[ဤအရာဝယ် ဋီကာဟောင်း၌ "ဒိဋ္ဌိဒီပကပဒေဟိ သမာသတော သဿတုစ္ဆေဒဒိဋ္ဌိယော ပကာသိတာတိ ဩလီနတာတိဓာဝနဝိဘာဝနံ" ဟု ပါဌ်ရှိ၏။ ဤဋီကာဟောင်း အလိုအားဖြင့် ဒိဋ္ဌိဒီပကပဒေဟိ၊ တို့ဖြင့်။ သမာသတော၊ အားဖြင့်။ သဿတုစ္ဆေဒဒိဋ္ဌိယော၊ တို့ကို။ ပကာသိတာ၊ ကုန်၏။ ဣတိ၊ သို့။ ဩလီနတာတိဓာဝနဝိဘာဝနဉ္စ၊ လည်းကောင်း။ ဤသို့ ယောဇနာသင့်၏။ "ဒိဋ္ဌိဒီပကပဒေဟိ ဒဿိတံ သမာသတော သဿတုစ္ဆေဒဒိဋ္ဌီနံ ဩလီနတာတိဓာဝနဝိဘာဝနံ" ဟု ပါဌ်ရှိလျှင် သင့်မြတ်မည်ဟု ထင်ပေသည်။ ဆင်ခြင်ကြလေ။]
ဥဘယဝိနိဗန္ဓနိဒ္ဒေသော စ၊ နှစ်ပါးသော သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိတို့ဖြင့် ဖွဲ့ခြင်းကို ညွှန်ပြခြင်းလည်းကောင်း။
မိစ္ဆာဘိနိဝေသကိတ္တနဉ္စ၊ မှားသောအားဖြင့် နှလုံးသွင်းခြင်းကို ကြားခြင်းလည်းကောင်း။
ကုမ္ပဂ္ဂပဋိပတ္တိပကာသနဉ္စ၊ မှားသောခရီးဟုဆိုအပ်သော အကျင့်ကိုပြခြင်းလည်းကောင်း (ဝါ) စက်ဆုပ်အပ်သော ခရီးဟုဆိုအပ်သော အကျင့်ကိုပြခြင်းလည်းကောင်း။
ဝိပရိယေသဂ္ဂါဟဉာပနဉ္စ၊ ဖောက်ပြန်သော ရှာမှီးအားဖြင့် ယူခြင်းကို သိစေခြင်းလည်းကောင်း။
ပရာမာသပရိဂ္ဂဟော စ၊ မှားသောအားဖြင့် သုံးသပ်ခြင်းကို ထက်ဝန်းကျင်မှ ယူခြင်းလည်းကောင်း (ဝါ) သိမ်းဆည်းခြင်းလည်းကောင်း။
ပုဗ္ဗန္တာပရန္တာနုဒိဋ္ဌိပတိဋ္ဌာပနာ စ၊ ရှေ့အဖို့အစသို့ အစဉ်လိုက်သောဒိဋ္ဌိ, နောက်အဖို့အစုသို့ အစဉ်လိုက်သော ဒိဋ္ဌိတို့၌တည်စေခြင်းလည်းကောင်း။
ဘဝဝိဘဝဒိဋ္ဌိဝိဘာဂါ စ၊ သဿတဒိဋ္ဌိ, ဥစ္ဆေဒဒိဋ္ဌိကို ဝေဖန်ခြင်းလည်းကောင်း။
တဏှာဝိဇ္ဇာပဝတ္တိ စ၊ တဏှာ, အဝိဇ္ဇာ၏ ဖြစ်ခြင်းလည်းကောင်း။
အန္တဝါနန္တဝါဒိဋ္ဌိနိဒ္ဒေသော စ၊ အန္တဝါဲဒိဋ္ဌိ, အနန္တဝါဒိဋ္ဌိကို ညွှန်ပြခြင်းလည်းကောင်း။
အန္တဒွယာဝတာရဏဉ္စ၊ အယုတ်တရား နှစ်ပါးတို့၏အပေါင်းကို ပယ်ခြင်းလည်းကောင်း (အန္တဒွယဟူသည် အတ္တကိလမထာနုယောဂ, ကာမသုခလ္လိကာနုယောဂတည်း)။
အာသဝေါဃ ယောဂ ကိလေသံ ဂန္တ သံယောဇနုပါဒါနဝိသေသဝိဘဇနဉ္စ၊ အာသဝ, ဩဃ, ယောဂ, ကိလေသ, ဂန္တ, သံယောဇဉ်, ဥပါဒါန်တို့၏အထူးကို ဝေဖန်ခြင်းလည်းကောင်း (ဣတိ ဧဝံ၌စပ်)။
တထာ၊ ထိုမှတစ်ပါး။
ဝေဒနာနံ သမုဒယန္တိအာဒိဝစနေဟိ၊ ဝေဒနာနံ သမုဒယံ- ဤသို့အစရှိသော စကားတော်တို့ဖြင့်။
ဒဿိတာ၊ သော။
စတုန္နံ၊ ကုန်သော။
အရိယသစ္စာနံ၊ တို့ကို။
အနုဗောဓပဋိဗောဓသိဒ္ဓိ စ၊ လျော်စွာသိခြင်း, ထိုးထွင်း၍သိခြင်း၏ ပြီးခြင်းလည်းကောင်း။
ဝိက္ခမ္ဘနသမုစ္ဆေဒပ္ပဟာနဉ္စ၊ ဝိက္ခမ္ဘနပဟာန်, သမုစ္ဆေဒပဟာန်ဖြင့် ပယ်ခြင်းလည်းကောင်း။
တဏှာဝိဇ္ဇာဝိဂမော စ၊ တဏှာ, အဝိဇ္ဇာ၏ ကင်းခြင်းလည်းကောင်း။
သဒ္ဓမ္မဋ္ဌိတိနိမိတ္တပရိဂ္ဂဟော စ၊ သူတော်ကောင်းတရား၏ တည်ခြင်း၏ အကြောင်းကို သိမ်းဆည်းခြင်းလည်းကောင်း။
အာဂမာဓိဂမသမ္ပတ္တိ စ၊ အာဂမ, အဓိဂမ၏ ပြည့်စုံခြင်းလည်းကောင်း (ဝါ) အာဂုံပါဠိမဂ်ဖိုလ်ဉာဏ်ကို သိခြင်းရခြင်း၏ ပြည့်စုံခြင်းလည်းကောင်း။
ဥဘယဟိတပဋိပတ္တိ စ၊ နှစ်ပါးစုံသော မိမိအကျိုးစီးပွား, သူတစ်ပါးတို့၏အကျိုးစီးပွားကို ကျင့်ခြင်းလည်းကောင်း။
တိဝိဓပညာပရိဂ္ဂဟော စ၊ သုံးပါးအပြားရှိသော ပညာကို သိမ်းဆည်းခြင်းလည်းကောင်း။
သတိသမ္ပဇညာနုဋ္ဌာနဉ္စ၊ သတိသမ္ပဇည၌ လျော်စွာတည်ခြင်းလည်းကောင်း။
သဒ္ဓါပညာသမာယောဂေါ စ၊ သဒ္ဓါနှင့်ပညာ, ပညာနှင့်သဒ္ဓါကို မပိုမသာ အညီအမျှကောင်းစွာ ယှဉ်ခြင်းလည်းကောင်း။
ဝီရိယသမတာနုယောဇနဉ္စ၊ ဝီရိယနှင့်သမာဓိ, သမာဓိနှင့်ဝီရိယကို မပိုမသာညီမျှစွာ ယှဉ်ခြင်းလည်းကောင်း။
သမထဝိပဿနာနိပ္ဖတ္တိ စ၊ သမထဘာဝနာ, ဝိပဿနာဘာဝနာ၏ ပြီးခြင်းလည်းကောင်း။
အဇာနတံ အပဿတန္တိ ပဒေဟိ၊ အဇာနတံ အပဿတံ-ဟူသောပုဒ်တို့ဖြင့်။
ဒဿိတာ၊ သော။
အဝိဇ္ဇာသိဒ္ဓိ စ၊ အဝိဇ္ဇာ၏ပြီးခြင်းလည်းကောင်း။
တထာ၊ ထိုမှတစ်ပါး။
တဏှာဂတာနံ ပရိတဿိတဝိပ္ဖန္ဒိတန္တိ ပဒေဟိ၊ တဏှာ။ ပ။ ဝိပ္ဖန္ဒိတံ-ဟူသော ပုဒ်တို့ဖြင့်။
ဒဿိတာ၊ သော (လိုက်)။
တဏှာသိဒ္ဓိ စ၊ တဏှာ၏ပြီးခြင်းလည်းကောင်း။
တဒုဘယေန စ၊ ထိုနှစ်ပါးစုံသော အဇာနတံ အပဿတံ-ဟူသောပုဒ်, တဏှာဂတာနံ ပရိတဿိတဝိပ္ဖန္ဒိတံ-ဟူသော ပုဒ်တို့ဖြင့်လည်း။
နီဝရဏသညောဇနဒွယသိဒ္ဓိ စ၊ နီဝရဏ, သံယောဇဉ် နှစ်ပါးတို့၏ ပြီးခြင်းလည်းကောင်း။
အနမတဂ္ဂသံသာရဝဋ္ဋာနုပစ္ဆေဒေါ စ၊ မသိအပ်သော အစရှိသော သံသရာဝဋ်၏ ပြတ်ခြင်းလည်းကောင်း။
ပုဗ္ဗန္တာဟရဏာပရန္တာနုသန္ဓာနာနိ စ၊ ရှေ့အစုအဖို့ကို ဆောင်ခြင်း, နောက်အစုအဖို့ကို စပ်ခြင်းတို့လည်းကောင်း။
အတီတပစ္စုပ္ပန္နကာလဝသေန၊ အတိတ်ကာလ, ပစ္စုပ္ပန်ကာလ၏အစွမ်းဖြင့်။
ဟေတုဝိဘာဂေါ စ၊ အကြောင်းကို ဝေဖန်ခြင်းလည်းကောင်း။
အဝိဇ္ဇာတဏှာနံ၊ အဝိဇ္ဇာ, တဏှာတို့၏။
အညမညာနတိဝတ္တနဉ္စ၊ အချင်းချင်းမလွန်ခြင်းလည်းကောင်း။
အညမညူပကာရိတာ စ၊ အချင်းချင်း ကျေးဇူးပြုလေ့ရှိသည်၏ အဖြစ်လည်းကောင်း။
ပညာဝိမုတ္တိစေတောဝိမုတ္တီနံ၊ ပညာဝိမုတ္တိ, စေတောဝိမုတ္တိတို့၏။
ပဋိပက္ခနိဒ္ဒေသော စ၊ ဆန့်ကျင်ဘက်ကို ညွှန်ပြခြင်းလည်းကောင်း။
တဒပိ ဖဿပစ္စယာတိ ပဒေန၊ ဖြင့်။
ဒဿိတာ၊ သော။
သဿတာဒိပညာပနဿ၊ သဿတအစရှိသည်ကို ပညတ်ခြင်း၏။
ပစ္စယာဓီနဝုတ္တိတာ စ၊ အကြောင်းနှင့်စပ်၍ ဖြစ်ခြင်းရှိသည်၏ အဖြစ်လည်းကောင်း။
တေန စ၊ ထို တဒပိ ဖဿပစ္စယာ-ဟူသော ပုဒ်ဖြင့်လည်း။
ဓမ္မာနံ၊ သဘောတရားတို့၏။
နိစ္စတာပဋိသေဓော စ၊ မြဲသည်၏အဖြစ်ကို တားမြစ်ခြင်းလည်းကောင်း။
အနိစ္စတာပတိဋ္ဌာပနဉ္စ၊ မမြဲသည်၏အဖြစ်၌ တည်စေခြင်းလည်းကောင်း။
ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။
ကာရကာဒိပဋိက္ခေပေါ စ၊ ကာရက အစရှိသည်ကို ပယ်ခြင်းလည်းကောင်း (ဝါ) ပြုတတ်သောသူ ရှိသည်၏အဖြစ် အစရှိသည်ကိုပယ်ခြင်းလည်းကောင်း။
ဧဝံဓမ္မတာနိဒ္ဒေသော စ၊ ဧဝံဓမ္မတာနည်းကို ညွှန်ပြခြင်းလည်းကောင်း။
သုညတာပကာသနဿ၊ သုညတကို ပြခြင်းလည်းကောင်း (ဝါ) သတ္တဇီဝမှ ဆိတ်သည်၏အဖြစ်ကို ပြခြင်းလည်းကောင်း။
သမတ္ထနိရီဟပစ္စယလက္ခဏဝိဘာဝနဉ္စ၊ အစွမ်းသတ္တိ အားထုတ်ခြင်းမှ ကင်းခြင်းအကြောင်းလက္ခဏာကို ထင်စွာပြခြင်းလည်းကောင်း (ဣတိ ဧဝံ၌စပ်)။
မှတ်ချက်။ ။ဋီကာဟောင်း၌ သမ္မတ္တနိယာမပစ္စယလက္ခဏာ ဝိဘာဝနဉ္စဟု ပါဌ်ရှိ၏။
မဖောက်ပြန်သော သဘောအားဖြင့် မြဲခြင်းအကြောင်း လက္ခဏာကို ထင်စွာပြခြင်းလည်းကောင်းဟု ယောဇနာ။
(နှာ-၄၇၉) ဥစ္ဆိန္နဘဝနေတ္တိကောတီအာဒိနာ၊ ဖြင့်။
ဒဿိတာ၊ သော။
ဘဂဝတော၊ ၏။
ပဟာနသမ္ပတ္တိ စ၊ ပဟာန်၏ပြည့်စုံခြင်းလည်းကောင်း။
ဝိဇ္ဇာဝိမုတ္တိဝသီဘာဝေါ စ၊ ဝိဇ္ဇာဝိမုတ္တိ၌ လေ့လာသည်၏အဖြစ်လည်းကောင်း (ဝါ) ပညာဖြင့်ကိလေသာမှ လွတ်သော အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားခြင်း၌ လေ့လာသည်၏အဖြစ်လည်းကောင်း။
သိက္ခတ္တယနိပ္ဖတ္တိ စ၊ သိက္ခာသုံးပါးတို့၏ အပေါင်း၏ပြီးခြင်းလည်းကောင်း။
နိဗ္ဗာနဓာတုဒွယဝိဘာဂေါ စ၊ နိဗ္ဗာနဓာတ်နှစ်ပါးကို ဝေဖန်ခြင်းလည်းကောင်း (ဒိဋ္ဌိဓမ္မနိဗ္ဗာနဓာတ်, ပရမဒိဋ္ဌဓမ္မနိဗ္ဗာနဓာတ်နှစ်ပါးကိုယူ)။
စတုရဓိဋ္ဌာနပရိပူရဏဉ္စ၊ လေးပါးသော ဓိဋ္ဌာန်ခြင်းကို ဖြည့်ခြင်းလည်းကောင်း (စတုရဓိဋ္ဌာနအရကို သစ္စာဓိဋ္ဌာန်, စာဂါဓိဋ္ဌာန်, ပညာဓိဋ္ဌာန်, ဥပသမာဓိဋ္ဌာန် ဤလေးပါးကိုယူ)။
ဘဝယောနိအာဒီသု၊ ဘဝယောနိ အစရှိသည်တို့၌။
အပရိယပန္နတာ စ၊ အကျုံးမဝင်သည်၏အဖြစ်လည်းကောင်း။
ပန၊ ထိုမှတစ်ပါး (ဝါ) အစိတ်မှတစ်ပါး အပေါင်းကိုဆိုဦးအံ့။
သကလေန၊ အလုံးစုံသော။
သုတ္တပဒေန၊ သုတ်ပုဒ်ဖြင့်။
ဒဿိတော၊ သော။
ဣဋ္ဌာနိဋ္ဌေသု၊ ဣဋ္ဌာရုံ, အနိဋ္ဌာရုံတို့၌။
ဘဂဝတော၊ ၏။
တာဒိဘာဝေါ စ၊ တာဒိဂုဏ်ရှိသည်၏အဖြစ်လည်းကောင်း။
တတ္ထ စ၊ ထိုတာဒိဂုဏ်၌လည်း။
ပရေသံ၊ သူတစ်ပါးတို့အား။
ပတိဋ္ဌာပနဉ္စ၊ တည်စေခြင်းလည်းကောင်း။
ကုသလဓမ္မာနံ၊ တို့၏။
အာဒိဘူတဓမ္မဒယနိဒ္ဒေသော စ၊ အစဖြစ်၍ဖြစ်သော တရားနှစ်ပါးအပေါင်းကို ညွှန်ပြခြင်းလည်းကောင်း (အာဒိဘူတဓမ္မအရ ကောစာဒိ ကုသလာနံ ဓမ္မာနံ သိီလဉ္စ သုဝိသုဒ္ဓံ ဒိဋ္ဌိစ ဥဇုကာ-ဟူသော ပါဠိတော်နှင့်အညီ သီလပညာနှစ်ပါးကိုယူ)။
သိက္ခတ္တယူပဒေသော စ၊ သိက္ခာတို့၏ သုံးပါးတို့၏အပေါင်းကို ညွှန်ပြခြင်းလည်းကောင်း။
အတ္တန္တပါဒိပုဂ္ဂလစတုက္ကသိဒ္ဓိ စ၊ အတ္တန္တပအစရှိသော ပုဂ္ဂိုလ်လေးယောက်တို့၏ ပြီးခြင်းလည်းကောင်း။
ကဏှကဏှဝိပါကာဒိကမ္မစတုက္ကဝိဘာဂေါ စ၊ ကဏှကဏှဝိပါက စသော ကံလေးပါးတို့၏အပေါင်းကို ဝေဖန်ခြင်းလည်းကောင်း။
စတုရပ္ပမညာဝိသယနိဒ္ဒေသော စ၊ လေးပါးကုန်သော အပ္ပမညာတို့၏အာရုံကို ညွှန်ပြခြင်းလည်းကောင်း။
သမုဒယတ္ထင်္ဂမာဒိပဉ္စကဿ၊ အကြောင်းသမုဒယ၏ချုပ်ခြင်း အစရှိသော ငါးပါးအပေါင်းကို။
ယထာဘူတာဝဗောဓော စ၊ မဖောက်မပြန် ဟုတ်မှန်စွာ ထိုးထွင်း၍ သိခြင်းလည်းကောင်း။
ဆသာရဏီယဓမ္မဝိဘာဝနာ စ၊ ခြောက်ပါးသော သာရဏီယဓမ္မကို ထင်စွာပြခြင်းလည်းကောင်း။
ဒသနာထကရဓမ္မပတိဋ္ဌာပနံ၊ ဆယ်ပါးသော ကိုးကွယ်ရာ၏အဖြစ်ကို ပြုတတ်သောတရား၌ တည်စေခြင်းလည်းကောင်း (ဒသနာထကရဓမ္မအရကား သုစရိတဓမ္မဆယ်ပါးတည်း )။
ဣတိ ဧဝမာဒယော၊ ဤသို့အစရှိကုန်သော။
ယထာသမ္ဘဝံ၊ ဖြစ်သင့်သည်အားလျော်စွာ။
သင်္ဂဟေတွာ၊ သိမ်းယူ၍ (ဝါ) ပေါင်းယူ၍။
ဒဿေတဗ္ဗာ၊ ပြအပ်ကုန်သော။
အတ္ထာ၊ အနက်တို့သည်။
ပိဏ္ဍတ္ထော၊ မည်၏ (ဝါ) အပေါင်းဖြစ်သော အနက်မည်၏။