ပရိဝတ္တနဟာရဝဏ္ဏနာ
အာဃာတဒီနံ၊ အာဃာတအစရှိသည်တို့ကို။
အကရဏံ၊ မပြုခြင်းသည်။
ခန္တိသောရစ္စာနိ၊ ခန္တီ, သောရစ္စတို့ကို။
အနုဗြူဟေတွာ၊ ပွားစေ၍။
ပဋိသင်္ခါနဘာဝနာဗလသိဒ္ဓိယာ၊ ပဋိသင်္ခါနဘာဝနာ၏ စွမ်းအားဖြင့်ပြီးခြင်းကြောင့် (ဝါ) ပညာဖြင့် ဆင်ခြင်ခြင်းဘာဝနာ၏ အားအစွမ်းဖြင့် ပြီးခြင်းကြောင့်။
ဥဘယဟိတပဋိပတ္တိံ၊ နှစ်ပါးသော မိမိအကျိုး, သူတစ်ပါးတို့၏ အကျိုးငှာ ကျင့်ခြင်းကို။
အာဝဟတိ၊ ရွက်ဆောင်တတ်၏။
ပန၊ ဗျတိရိက်ကို ဆိုဦးအံ့။
ပဝတ္တိယမာနာ၊ ဖြစ်စေအပ်ကုန်သော။
အာဃာတာဒယော၊ တို့သည်။
ဒုဗ္ဗဏ္ဏတဉ္စ၊ အဆင်းမလှသည်၏ အဖြစ်ကိုလည်းကောင်း။
ဒုက္ခသေယျဉ္စ၊ ဆင်းရဲစွာ အိပ်ရခြင်းကိုလည်းကောင်း။
ဘောဂဟာနိံ စ၊ စည်းစိမ်ချမ်းသာ၏ ယုတ်ခြင်းကို လည်းကောင်း။
အကိတ္တိဉ္စ၊ ကျော်စောသတင်း ကင်းမဲ့ခြင်းကိုလည်းကောင်း။
ပရေဟိ၊ သူတစ်ပါးတို့သည်။
ဒုရုပသင်္ကမနတဉ္စ၊ ချဉ်းကပ်နိုင်ခဲသည်၏ အဖြစ်ကိုလည်းကောင်း (ဝါ) ဆင်းရဲငြိုငြင်သဖြင့် ချဉ်းကပ်အပ်သည်၏ အဖြစ်ကိုလည်းကောင်း။
နိပ္ဖါဒေန္တာ၊ ပြီးစေကုန်လျက်။
နိရယာဒီသု၊ ငရဲအစရှိသည်တို့၌။
မဟာဒုက္ခံ၊ ကြီးစွာသော ဆင်းရဲခြင်းကို။
အာဝဟန္တိ၊ ရွက်ဆောင်တတ်ကုန်၏။
ပါဏာတိပါတာဒိပဋိဝိရတိ၊ ပါဏာတိပါတ အစရှိသပန=ည်မှ ကြဉ်ခြင်းသည်။
အဝိပ္ပဋိသာရာဒိကလျာဏံ၊ နှလုံးသားရွှင်ခြင်း အစရှိသော ကောင်းခြင်းကို (ဝါ) ကောင်းမှုကုသိုလ်ကို။
ပရမ္ပရံ၊ အဆင့်ဆင့် (ဝါ) အဆက်ဆက်။
အာဝဟတိ၊ ရွက်ဆောင်တတ်၏။
ပန၊ ထိုမှတစ်ပါး (ဝါ) ဗျတိရိက်ကို ဆိုဦးအံ့။
ပါဏာတိပါတာဒိ၊ ပါဏာတိပါတ အစရှိသည်လည်း (ဝါ) သူ၏အသက်ကို လျင်စွာချခြင်းအစရှိသည်သည်။
ဝိပ္ပဋိသာရာဒိအကလျာဏံ၊ နှလုံးမသာယာခြင်း အစရှိသော မကောင်းခြင်းကို (ဝါ) မကောင်းမှုကို။
ပရမ္ပရံ၊ အဆင့်ဆင့် (ဝါ) အဆက်ဆက်။
အာဝဟတိ၊ ရွက်ဆောင်တတ်၏။
ဂမ္ဘီရတာဒိဝိသေသယုတ္တံ၊ နက်နဲသည်၏အဖြစ် အစရှိသော အထူးနှင့်ယှဉ်သော။
ဉာဏံ၊ ဉာဏ်သည် (ဝါ) သဗ္ဗညုတဉာဏ်တော်သည်။
ဝေနေယျာနံ၊ ဆုံးမအပ်ကုန်သော သတ္တဝါတို့၏။
ယထာရဟံ၊ ဥပနိဿယအား ထိုက်သည်အားလျော်စွာ။
ဝိဇ္ဇာဘိညာဒိဂုဏဝိသေသံ၊ ဝိဇ္ဇာအဘိညာဉ် အစရှိသောဂုဏ်အထူးကို။
အာဝဟတိ၊ ၏။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
သဗ္ဗညေယျဿ၊ အလုံးစုံသော ဉေယျတရား၏ (ဝါ) အလုံးစုံသိအပ်သော တရားကို။
ယထာသဘာဝါဝဗောဓတော၊ သဘောအားလျော်စွာ ထိုးထွင်း၍ သိခြင်းကြောင့်တည်း။
မှတ်ချက်။ ။ သဗ္ဗေညေယျဿာ ယထာသဘာဝါဝဗောဓော-ဟူ၍ ညေယျဿာ၌ အာဒီဃနှင့်ရှိ၏။ ညေယျဿ+အယထာ-ဟု ပဒစ္ဆေဒပြုရမည်ဖြစ်၍ ဂမ္ဘီရတာဒိစသော ရှေ့စကားနှင့်မသင့်လျော်သောကြောင့် မသင့်။ အာဒီဃမပါဘဲ ညေယျဿ-ဟု ပါဌ်ရှိမှသာလျှင် ဉာဏ်၏အရဖြစ်သော သဗ္ဗညုတဉာဏ်နှင့် သင့်လျော်သောကြောင့် ညေယျဿ-ဟု ယောဇနာသည်။[* ဆဋ္ဌမူဋီကာသစ်၌လည်း ညေယျဿ-ဟု ရှိ၏။]
ပန၊ ဗျတိရိက်ကို ဆိုဦးအံ့။
တထာ ဂမ္ဘီရတာဒိဝိသေသရဟိတံ၊ ထိုသို့သော အခြင်းအရာအားဖြင့် နက်နဲသည်၏ အဖြစ်အစရှိသော အထူးမှကင်းသော။
ဉာဏံ၊ သည် (ဝါ) မိစ္ဆာဉာဏ်သည်။
ဉေယျေသု၊ သိအပ်သော ဉေယျတရားတို့၌။
သာဓာရဏဘာဝတော၊ အများနှင့်ဆက်ဆံသည်၏ အဖြစ်ကြောင့်။
ယထာဝုတ္တဂုဏဝိသေတံ၊ အကြင်အကြင်ဆိုအပ်ပြီးသော ဂုဏ်အထူးကို။
နာဝဟတိ၊ မရွက်ဆောင်နိုင်။
ကသ္မာ၊ မူကား။
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
ဧတာ ဒိဋ္ဌိယော စ၊ ထိုဒိဋ္ဌိတို့သည်လည်း။
ယထာရဟံ၊ စွာ။
သဿတုစ္ဆေဒဘာဝတော၊ သဿတအယူ, ဥစ္ဆေဒအယူ၏ အဖြစ်ကြောင့်တည်း။
အန္တဒွယဘူတာ၊ အယုတ်တရားနှစ်ပါးအပေါင်းဖြစ်၍ဖြစ်သော။
မိစ္ဆာဒိဋ္ဌိ၊ သည် (ထည့်)။
သက္ကာယတီရံ၊ သက္ကာယတည်းဟူသော ကမ်းကို။
နာတိဝတ္တန္တိ၊ မလွန်နိုင်ကုန်။
ကသ္မာ၊ မူကား။
မိစ္ဆာဒီဋ္ဌိယာ၊ ၏။
အနိယျာနိကသဘာဝတ္တာ၊ သံသရာဝဋ်မှ မထွက်မြောက်နိုင်သော သဘောရှိသည်၏ အဖြစ်ကြောင့်တည်း။
ပန၊ ထိုမှတစ်ပါး (ဝါ) အနွယကို ဆိုဦးအံ့။
သပရိက္ခာရာ၊ အခြံအရံနှင့်တကွဖြစ်သော။
မဇ္ဈိမပဋိပဒါဘူတာ၊ အလယ်အလတ်အကျင့်ဖြစ်၍ဖြစ်သော။
သမ္မာဒိဋ္ဌိ၊ သမ္မာဒိဋ္ဌိသည်။
သက္ကာယတီရံ၊ သက္ကာယဒိဋ္ဌိတည်းဟူသော ကမ်းကို။
အတိက္ကမ္မ၊ လွန်၍။
ပါရံ၊ နိဗ္ဗာန်းတည်းဟူသော ကမ်းတစ်ဖက်ကို။
ဂစ္ဆတိ၊ ရောက်၏။
ကသ္မာ၊ မူကား။
သမ္မာဒိဋ္ဌိယာ၊ ၏ (သမ္ဗန်ထည့်)။
နိယျာနိကသဘာဝတ္တာ၊ သံသရာဝဋ်မှ ထွက်မြောက်တတ်သော သဘောရှိသည်၏အဖြစ်ကြောင့်တည်း။
ဝေဒနာနံ၊ တို့၏။
ယထာဘူတံ၊ ဟုတ်မှန်စွာ။
သမုဒယာဒိပဋိဝေဓနာ၊ ဖြစ်ကြောင်းစသည်ကို ထိုးထွင်း၍သိခြင်းသည်။
အနုပါဒါဝိမုတ္တိံ၊ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ ကိလေသာတို့မှ လွတ်ခြင်းကို။
အာဝဟတိ၊ ၏။
ကသ္မာ၊ မူကား။
မဂ္ဂဘာဝတော၊ မဂ်၏အဖြစ်ကြောင့်တည်း (ဝါ) အကြောင်း၏အဖြစ်ကြောင့်တည်း။
ဝေဒနာနံ၊ တို့၏။
ယထာဘူတံ၊ ဟုတ်မှန်စွာ။
သမုဒယာဒိအသမ္ပဋိဝေဓော၊ ဖြစ်ကြောင်းစသည်ကို ထိုးထွင်း၍ မသိခြင်းသည်။
သံသာရစာရကာဝရောဓံ၊ သံသရာ၏ဖြစ်ခြင်း၌ အတွင်းဝင်ခြင်းကို။
အာဝဟတိ၊ ၏။
ကသ္မာ၊ မူကား။
သင်္ခါရာနံ၊ တို့၏။
ပစ္စယဘာဝတော၊ အကြောင်း၏အဖြစ်ကြောင့်တည်း။
ဝေဒယိတသဘာဝပဋိစ္ဆာဒကော၊ ခံစားအပ်သော အာရုံ၏ သဘောကို ဖုံးလွှမ်းတတ်သော။
သမ္မောဟော၊ ပြင်းစွာ တွေဝေခြင်းသည်။
တဒဘိနန္ဒနံ၊ ထိုခံစားအပ်သော အာရုံ၌ နှစ်သက်ခြင်းကို။
အာဝဟတိ၊ ၏။
ပန၊ ပါး (ဝါ) အနွယကို ဆိုဦးအံ့။
ယထာဘူတာဝဗောဓော၊ မဖောက်မပြန်ထိုးထွင်း၍ သိခြင်းသည်။
တတ္ထ၊ ထိုခံစားအပ်သော အာရုံ၌။
နိဗ္ဗေဓဉ္စ၊ သံသရာ၌ ငြီးငွေ့ခြင်းကိုလည်းကောင်း။
ဝိရာဂဉ္စ၊ တပ်ခြင်းရာဂမှ ကင်းခြင်းကိုလည်းကောင်း (ဝါ) ရာဂမှကင်းသော မဂ်ကိုလည်းကောင်း။
အာဝဟတိ၊ ၏။
မိစ္ဆာဘိနိဝေသေ၊ မှားသောအားဖြင့် နှလုံးသွင်းခြင်း၌။
အယောနိသောမနသိကာရသဟိတာ၊ အယောနိသောမနသိကာရနှင့်တကွဖြစ်သော (ဝါ) မသင့်သောအကြောင်းအားဖြင့် နှလုံးသွင်းခြင်းနှင့်တကွဖြစ်သော။
တဏှာ၊ တဏှာသည်။
အနေကဝိဟိတံ၊ တစ်ပါးမက များသော အပြားရှိသော။
ဒိဋ္ဌိဇာလံ၊ ဒိဋ္ဌိတည်းဟူသော ကွန်ရက်ကို။
ပသာရေတိ၊ ဖြန့်ခင်းတတ်၏။
ယထာဝုတ္တတဏှာသမုစ္ဆေဒေါ၊ အကြင်အကြင်ဆိုအပ်ပြီးသော တဏှာကို ဖြတ်တတ်သော။
ပဌမမဂ္ဂေါ၊ သောတာပတ္တိမဂ်သည်။
တံ ဒိဋ္ဌိဇာလံ၊ ထိုဒိဋ္ဌိတည်းဟူသော ကွန်ရက်ကို။
သင်္ကောစေတိ၊ တွန့်စေ၏။
ဖဿော၊ သည်။
သဿတဝါဒါဒိပညာပနဿ၊ သဿတအယူဝါဒစသည်ကို ပညတ်ခြင်း၏။
ပစ္စယော၊ သည်။
ဟောတိ၊ ၏။
ကသ္မာ၊ မူကား။
ဖဿေ၊ သည်။
အသတိ၊ မရှိသည်ရှိသော်။
တဒဘာဝတော၊ ထိုသဿတဝါဒစသည်ကို ပညတ်ခြင်း၏ မရှိခြင်းကြောင့်တည်း။
ဒိဋ္ဌိဗန္ဓနဗဒ္ဓါနံ၊ ဒိဋ္ဌိတည်းဟူသော နှောင့်ဖွဲ့ခြင်းဖြင့် နှောင်ဖွဲ့ကုန်သော။
ဖဿာယတနာဒီနံ၊ ဖဿာယတန အစရှိသည်တို့၏။
အနိရောဓနေန၊ မချုပ်ခြင်းကြောင့်။
ဖဿာဒိအနိရောဓော၊ ဖဿ အစရှိသည်တို့၏ မချုပ်ခြင်းသည်။
သံသာရဒုက္ခဿ၊ သံသရာတည်းဟူသော ဝဋ်ဆင်းရဲ၏။
အနိဝတ္တိယေဝ၊ မဆုတ်နစ်ခြင်းသည်သာလျှင်။
ဟောတိ၊ ၏။
ယထာဝတော၊ မဖောက်မပြန် ဟုတ်မှန်သောအားဖြင့်။
ဖဿာယတနာဒိပရိညာ၊ ဖဿာယတန အစရှိသည်ကို ပိုင်းခြား၍သိခြင်းသည်။
သဗ္ဗဒိဋ္ဌိဒဿနာနိ၊ အလုံးစုံသောဒိဋ္ဌိအမြင်တို့ကို (ဝါ) အလုံးစုံသော ဒိဋ္ဌိအယူတို့ကို (ဒဿနသဒ္ဒါ အယူဟူသောအနက်ကိုဟော၏)။
အတိဝတ္တတိ၊ လွန်၍ဖြစ်၏ (ဝါ) လွန်နိုင်၏။
ပန၊ ဗျတိရိက်ကို ဆိုဦးအံ့။
တေသံ၊ ထိုဖဿာယတန အစရှိသည်တို့ကို။
တထာ၊ ထိုသို့သောအခြင်းအရာအားဖြင့်။
(နှာ-၄၉၂) အပရိညာ၊ ပိုင်းခြား၍ မသိခြင်းသည်။
ဒိဋ္ဌိဒဿနံ၊ ဒိဋ္ဌိအမြင်ကို (ဝါ) မိစ္ဆာအယူကို။
နာတိဝတ္တတိ၊ မလွန်နိုင် (ဝါ) လွန်၍ မဖြစ်နိုင်။
ဘဝနေတ္တိသမုစ္ဆေဒေါ၊ ဘဝကိုဆောင်တတ်သော တဏှာတည်းဟူသော ကြိုးကိုဖြတ်ခြင်းသည်။
အာယတိံ၊ နောင်ဘဝ၌။
အတ္တဘာဝဿ၊ အတ္တဘော၏။
အနိဗ္ဗတ္တိယာ၊ မဖြစ်ခြင်းငှာ။
သံဝတ္တတိ၊ ဖြစ်၏။
ဘဝနေတ္တိယာ၊ ဘဝကို ဆောင်တတ်သော တဏှာတည်းဟူသောကြိုးသည်။
အသမုစ္ဆိန္နာယ၊ မပြတ်သည်ရှိသော်
(တစ်နည်း) ဘဝနေတ္တိယာ၊ ကို။
အသမုစ္ဆိန္နာယ၊ မဂ်ဖြင့် မဖြတ်အပ်သည်ရှိသော်။
အနာဂတေ၊ နောင်အခါ၌။
ဘဝပ္ပဗန္ဓော၊ ဘဝ၏အစဉ်သည် (ဝါ) ဘဝအဆက်ဆက်သည်။
ပရိဝတ္တတိယေဝ၊ လည်သည်သာလျှင်တည်း။
ဣတိ အယံ၊ ဤဆိုအပ်ပြီးသည်ကား။
သုတ္တေ၊ ၌။
နိဒ္ဒိဋ္ဌာနံ၊ ညွှန်ပြအပ်ကုန်။
ဓမ္မာနံ၊ တရားတို့၏။
ပဋိပက္ခတော၊ ဆန့်ကျင်ဘက်အားဖြင့်။
ပရိဝတ္တနလက္ခဏော၊ လည်ခြင်းလက္ခဏာရှိသော။
ပရိဝတ္တနဟာရော နာမ၊ မည်၏။
မယာ၊ ငါသည်။
ဝုတ္တဝစနဿ၊ ၏။
သာဓကံ၊ သော။
ကိံ ဝစနံ၊ အဘယ်သို့သော စကားကို။
ဘဂဝါ၊ သည်။
အာဟ၊ ဟောတော်မူသနည်း။
ကုသလာကုသလေ ဓမ္မေ၊ နိဒ္ဒိဋ္ဌေ ဘာဝိတေ ပဟီနေ စာတိအာဒိ၊ ကို။
အာဟ၊ ၏။