ဒေသနာဟာရဝဏ္ဏနာ
ဣဒါနိ၊ ၌။
နေတ္တိယာ စ၊ နေတ္တိကျမ်း၌လည်းကောင်း။
ပေဋကောပဒေသေ စ၊ ပေဋကောပဒေသကျမ်း၌လည်းကောင်း။
ဝုတ္တနယဝသေန၊ ဆိုအပ်ပြီးသောနည်း၏အစွမ်းဖြင့် (ဝါ) ဟောတော်မူသောနည်း၏အစွမ်းဖြင့်။
ဟာရာဒီနံ၊ ဟာရ အစရှိသည်တို့ကို။
နိဒ္ဓါရဏံ၊ ထုတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏ (ဝါ) ဖြစ်လတ္တံ့။
တတ္ထ၊ ထိုဟာရ, နယ စသည်တို့တွင် (ဝါ) ထိုဟာရ, နာယ, သာသနာ ပဋ္ဌာနာတို့တွင်။
အယံ၊ ဤဆိုလတ္တံ့သည်ကား။
ဟာရနယော၊ ဟာရနည်းတည်း (ဤသို့ပါဌသေသနှင့် ယောဇနာ)။
(တစ်နည်း) တတ္ထ တသ္မိံ ဟာရာဒိနိဒ္ဓါရဏေ၊ ထိုဟာရစသည်ကို ထုတ်ရာ၌။
အယံ၊ ကား။
ဟာရနယော၊ တည်း။
(တစ်နည်း) တတ္ထ တသ္မိံ ဗြဟ္မဇာလသုတ္တေ၊ ၌။
အယံ၊ ကား။
ဟာရနယော၊ တည်း (ဤသို့ နှစ်သက်ရာယောဇနာ)။
အတ္တာ, လောကောတိ စ ပဒေန၊ အတ္တာ, လောကော-ဟူသော ပုဒ်ဖြင့်လည်း (ဂတိတေသု-ဟူသောပုဒ်၌စပ်)။
ဒိဋ္ဌိယာ၊ ၏။
အဓိဋ္ဌာနဘာဝေန စ၊ တည်ရာ၏အဖြစ် အားဖြင့်လည်းကောင်း။
ဝေဒနာဖဿာယတနာဒိမုခေန စ၊ ဝေဒနာဖဿာယတန စသည်ကို အရင်းပြုသဖြင့်လည်းကောင်း။
ဂဟိတေသု၊ ယူအပ်ကုန်သော။
ပဉ္စသု၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာတို့၌ (ဝါ) တို့တွင်။
တဏှာဝဇ္ဇိတာ၊ တဏှာသည်ကြဉ်အပ်ကုန်သော (ဝါ) တဏှာကို ကြဉ်ကုန်သော။
ပဉ္စုပါဒါနက္ခန္ဓာ၊ ငါးပါးကုန်သော ဥပါဒါနက္ခန္ဓာတို့သည်။
ဒုက္ခသစ္စံ၊ ဒုက္ခသစ္စာမည်၏။
တဏှာ၊ သည်။
သမုဒယသစ္စံ၊ ၏။
ပန၊ ဆက်။
တံ၊ ထိုသမုဒယသစ္စာကို။
ပရိတဿနာဂဟဏေန၊ ပရိတဿနာ-ကိုယူသဖြင့်။
တဏှာဂတာနန္တိ စ၊ တဏှာဂတာနံ-ဟူ၍လည်းကောင်း။
ဝေဒနာပစ္စယာ တဏှာတိ စ၊ ဟူ၍လည်းကောင်း။
ဝုတ္တေဟိ၊ ဟောတော်မူအပ်ကုန်သော။
ပဒေဟိ စ၊ ပုဒ်တို့ဖြင့်လည်းကောင်း။
သမုဒယဂ္ဂဟဏေန စ၊ သမုဒယသဒ္ဒါဖြင့်လည်းကောင်း (ဝါ) သမုဒယကို ယူသဖြင့်လည်းကောင်း။
ပါဠိယံ၊ ၌။
သရူပေန၊ သရုပ်အားဖြင့်။
ဂဟိတမေဝ၊ ယူအပ်သည်သာလျှင်တည်း။
အယံ၊ ဤဆိုအပ်ပြီးသည်ကားး။
တာဝ၊ ရှေးဦးစွာ။
သုတ္တန္တနယော၊ သုတ္တန်နည်းတည်း။
အဘိဓမ္မေ ပန၊ အဘိဓမ္မာ၌ကား။
ဝိဘင်္ဂပ္ပကရဏေ၊ ဝိဘင်းကျမ်း၌။
အာဂတနယေန၊ လာသောနည်းဖြင့်။
အာဃာတာနန္ဒာဒိဝစနေဟိ စ၊ အာဃာတ, အာနန္ဒ အစရှိသည်ကို ဟောတော်မူခြင်းတို့ဖြင့်လည်းကောင်း။
အာတပ္ပမနွာယာတိအာဒိပဒေဟိ စ၊ အာတပ္ပမနွာယ-ဤသို့ အစရှိသော ပပုဒ်တို့ဖြင့်လည်းကောင်း။
စိတ္တပဒေါသဝစနေန စ၊ စိတ္တပဒေါသကို ဟောတော်မူခြင်းဖြင့်လည်းကောင်း။
သဗ္ဗဒိဋ္ဌိဂတိကပဒေဟိ စ၊ သဗ္ဗဒိဋ္ဌိဂတိကပုဒ်တို့ဖြင့်လည်းကောင်း။
ကုသလာကုသလဂ္ဂဟဏေန စ၊ ကုသိုလ်, အကုသိုလ်ကို ယူသဖြင့်လည်းကောင်း။
ဘဝဂ္ဂဟဏေန စ၊ ဘဝကို ယူသဖြင့်လည်းကောင်း။
သောကဒိဂ္ဂဟဏေန စ၊ သောကအစရှိသည်ကို ယူသဖြင့်လည်းကောင်း။
ဒိဋ္ဌိဂ္ဂဟဏေန စ၊ ဒိဋ္ဌိကို ယူသဖြင့်လည်းကောင်း။
တတ္ထ တတ္ထ၊ ထိုထိုပါဠိဝါရတို့၌။
သမုဒယဂ္ဂဟဏေန စ၊ သမုဒယကို ယူသဖြင့်လည်းကောင်း။
ဣတိ၊ သို့။
သင်္ခေပတော၊ အကျဉ်းအားဖြင့်။
သဗ္ဗလောကိယကုသလာကုသလဓမ္မဝိဘာဝနပဒေဟိ၊ အလုံးစုံသော လောကီကုသိုလ်, အကုသိုလ်တရားကို ထင်စွာပြတတ်သောပုဒ်တို့ဖြင့်။
ဂဟိတာ၊ ယူအပ်ကုန်သော။
ကမ္မကိလေသာ၊ ကံ, ကိလေသာတို့သည်။[*ဆဋ္ဌမူ၌ ဓမ္မကိလေသာဟုရှိ၏။]
သမုဒယသစ္စံ၊ မည်၏။
တဒုဘယေသံ၊ ထိုနှစ်ပါးစုံသော ဒုက္ခသစ္စာ, သမုဒယသစ္စာတို့၏။
အပ္ဖဝတ္တိ၊ မဖြစ်ခြင်းသည် (ဝါ) မဖြစ်ရာနိဗ္ဗာန်သည်။
နိရောဓသစ္စံ၊ မည်၏။
ပန၊ ဆက်ဦးအံ့။
တဿ၊ ထိုနိရောဓသစ္စာ၏ (ဝါ) ကို။
တတ္ထ တတ္ထ၊ ထိုထိုပါဠိ၌။
ဝေဒနာနံ၊ တို့၏။
အတ္ထင်္ဂမနိဿရဏပရိယာယေဟိ၊ အတ္တင်္ဂမနိဿရဏ-ဟူသော ပရိယာယ်သဒ္ဒါတို့ဖြင့်။
ပစ္စတ္တံ၊ အသီး။
နိဗ္ဗုတိဝစနေန စ၊ နိဗ္ဗုတိသဒ္ဒါကို ဟောတော်မူသဖြင့်လည်းကောင်း (ဝါ) ကိလေသာမှ ငြိမ်းအေးခြင်းကို ဟောတော်မူသဖြင့်လည်းကောင်း။
အနုပါဒါဝိမုတ္တိဝစနေန စ၊ အနုပါဒါဝိမုတ္တိသဒ္ဒါကို ဟောတော်မူသဖြင့်လည်းကောင်း (ဝါ) တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ ကိလေသာမှ လွတ်ရာနိဗ္ဗာန်ကို ဟောတော်မူသဖြင့်လည်းကောင်း။
ပါဠိယံ၊ ၌။
ဂဟဏံ၊ ယူခြင်းကို။
ဝေဒိတဗ္ဗံ၊ ၏။
နိရောဓပဇာနနာ၊ နိရောဓသစ္စာနိဗ္ဗာန်ကို သိကြောင်းဖြစ်သော။
ပဋိပဒါ၊ အကျင့်သည်။
မဂ္ဂသစ္စံ၊ မည်၏။
တဿပိ၊ ထိုမဂ္ဂသစ္စာ၏လည်း (ဝါ) ကိုလည်း။
တတ္ထ တတ္ထ၊ ထိုထိုဝါရပါဠိ၌။
ဝေဒနာနံ၊ တို့၏။
သမုဒယာဒီနိ၊ ဖြစ်ကြောင်း အစရှိသည်တို့ကို။
ယထာဘူတပဋိဝေဓနာပဒေသေန စ၊ မဖောက်မပြန် ဟုတ်မှန်စွာ ထိုးထွင်း၍သိခြင်းကို ညွှန်ပြသဖြင့်လည်းကောင်း။
ဆန္နံ၊ ခြောက်ပါးကုန်သော။
ဖဿာယတနာနံ၊ တို့၏။
သမုဒယာဒီနိ၊ ဖြစ်ကြောင်းအစရှိသည်တို့ကို။
ယထာဘူတပဇာနနပရိယာယေန စ၊ ဟုတ်မှန်စွာ သိခြင်း၏အကြောင်းအားဖြင့်လည်းကောင်း။
ဘဝနေတ္တိယာ၊ ဘဝကို ဆောင်တတ်သော တဏှာ၏။
ဥစ္ဆေဒဝစနေန စ၊ ပြတ်ခြင်းကို ဟောတော်မူသဖြင့်လည်းကောင်း။
ဂဟဏံ၊ ကို။
ဝေဒိတဗ္ဗံ၊ ၏။
(နှာ-၄၈၀) တတ္ထ၊ ထိုလေးပါးသော သစ္စာတို့တွင်။
သမုဒယနေ၊ သမုဒယသစ္စာဖြင့်။
အဿာဒေါ၊ အဿာာဒကို။
ဒဿိတော၊ ပြအပ်၏ (ဝါ)
ဥဒ္ဓရိတဗ္ဗော၊ ထုတ်အပ်၏။
ဒုက္ခေန၊ ဒုက္ခသစ္စာဖြင့်။
အာဒိီနဝေါ၊ ကို (ဝါ) အပြစ်ကို။
ဒဿိတော၊ ၏ (ဝါ)
ဥဒ္ဓရိတဗ္ဗော၊ ၏။
မဂ္ဂနိရောဓေဟိ၊ မဂ္ဂသစ္စာ, နိရောဓသစ္စတို့ဖြင့်။
နိဿရဏံ၊ ကို (ဝါ) ထွက်မြောက်ရာ ထွက်မြောက်ကြောင်းကို။
ဒဿိတံ၊ ပြအပ်၏ (ဝါ)
ဥဒ္ဓရိတဗ္ဗံ၊ ၏။
ဣတိ ဧဝံ၊ သို့။
စတုသစ္စဝသေန၊ လေးပါးသော သစ္စာ၏အစွမ်းဖြင့်။
ပါဠိယံ၊ ၌။
သရူပေနေဝ၊ သရုပ်အားဖြင့်သာလျှင်။
ယာနိ အဿာဒါဒီနဝနိဿရဏာနိ၊ အကြင် အဿာဒ, အာဒီနဝ, နိဿရဏတို့သည်။
အာဂတာနိ၊ လာကုန််၏။
(တစ်နည်း) ပါဠိယံ၊ ၌။
သရူပေနေဝ၊ ဖြင့်သာလျှင်။
အာဂတာနိ၊ လာကုန်သော။
ယာနိ အဿာဒါဒီနဝနိဿရဏာနိ၊ တို့သည်။
အတ္ထိ သန္တိ၊ ကုန််၏။
တေသဉ္စ၊ ထိုအဿာဒ, အာဒီနဝ, နိဿရဏတို့၏လည်း။
ဝသေန၊ ဖြင့်။
ဣဓ၊ ဤဒေသနာဟာရ၌ (ဝါ) ဗြဟ္မဇာလသုတ်၌။
အဿာဒါဒယော၊ အဿာဒ အစရှိသည်တို့ကို။
ပဏ္ဍိတေဟိ၊ တို့သည်။
ဝေဒိတဗ္ဗာ၊ ကုန်၏။
ဝေနေယျာနံ၊ ဆုံးမအပ်သော သတ္တဝါတို့၏။
တာဒိဘာဝါပတ္တိအာဒိ၊ တာဒိဂုဏ်ရှိသည်၏အဖြစ်သို့ ရောက်ခြင်းအစရှိသည်သည် (ဝါ) ဣနဋ္ဌာရုံ, အနိဋ္ဌာရုံတို့၌လည်း သည်းခံခြင်း တာဒိဂုဏ်ရှိသည်၏အဖြစ်သို့ ရောက်ခြင်းအစရှိသည်သည်။
ဖလံ၊ အကျိုးမည်၏။
ဟိ သစ္စံ၊ ၏။
(ဝါ) ဟိ ယသ္မာ၊ ကြောင့်။
ဒေသနာယ၊ သည်။
သာဓေတဗ္ဗံ၊ ပြီးစေအပ်သော။
ဟေဋ္ဌာ၊ ၌။
ဝုတ္တံ၊ သော။
ယံ ပယောဇနံ၊ အကြင်အကျိုးသည်။
အတ္ထိ၊ ၏။
တဒေဝ တံ ဧဝ ပယောဇနံ၊ ထိုအကျိုးသည်သာလျှင်။
ဖလံ၊ မည်၏။
ဣတိ တသ္မာ၊ ကြောင့်။
အယံ အတ္ထော၊ ကို။
ဝုတ္တောဝ၊ ဆိုအပ်သည်သာလျှင်တည်း။
ဟိ သစ္စံ၊ ၏။
တဒတ္ထံ၊ ထိုအကျိုးငှာ။
ဣဒံ သုတ္တံ၊ ဤဗြဟ္မဇာလသုတ်ကို။
ဘဂဝတာ၊ သည်။
ဒေသိတံ၊ ၏။
စ၊ ထိုမှတစ်ပါး။
အာဃာတာဒီနံ၊ အမျက်ထွက်ခြင်းကောဓ အစရှိသည်တို့၏ (ဝါ) တို့ကို။
အကရဏီယတာ၊ မပြုအပ်သည်၏အဖြစ်သည်။
အာဃာတာဒိဖလဿ၊ အမျက်ထွက်ခြင်း စသောအကျိုး၏။
အနညသန္တာနဘာဝိတာ စ၊ တစ်ပါးမဟုတ်သော စိတ်သန္တာန်အစဉ်၌ ဖြစ်လေ့ရှိသည်၏ အဖြစ်သည်လည်းကောင်း (ဝါ) တစ်ပါးသော မိမိစိတ်အစဉ်မဟုတ်သည်၌ ဖြစ်လေ့ရှိသည်၏ အဖြစ်သည်လည်းကောင်း (ကောဓ အရာဖြစ်၍ အနတ္တမနတာ-ဟူသော ပုဒ်ကိုရည်၍ ယောဇနာသည်၊ ဆင်ခြင်၍ယူ)။
နိန္ဒာပသံသာသု၊ ကဲ့ရဲ့ခြင်း, ချီးမွမ်းခြင်းတို့၌။
ယထာသဘာဝံ၊ မဖောက်မပြန် ဟုတ်မှန်သော သဘောကို။
ပဋိဇာနနနိဗ္ဗေဌနာနိ စ၊ ဝန်ခံခြင်း, ဖြေရှင်းခြင်းတို့သည်လည်းကောင်း။
ဟောန္တိ၊ ကုန်၏။
[နိဗ္ဗေဓနာနိ-ဟု ပါဌ်ရှိ၏။ ဝေဌ ဝေဌနေ။ ဝေဌတိ။ နိဗ္ဗေဌတိ။ ဝေဌနံ။ နိဗ္ဗေဌနံ-ဟု သဒ္ဒနီတိ ဌကာရန္တဓာတ်၌ဖြစ်သောကြောင့်-နိပုဗ္ဗဝေဌဓာတ်သာ သင့်မြတ်သဖြင့် နိဗ္ဗေဌနာနံ" ဟု ပြင်၍ရေးလိုက်သည်။]
ဣတိ ဧဝံ၊ ဤသို့။
တံတံပယောဇနာဓိဂမဟေတု၊ ထိုထိုအကျိုးကို ရခြင်း၏အကြောင်းသည်။
ဥပါယော၊ ဥပါယမည်၏။
အာဃာတာဒီနံ၊ အမျက်ထွက်ခြင်းကောဓ အစရှိသည်တို့၏ (ဝါ) တို့ကို။
ကရဏပဋိသေဓနာဒိအပဒေသေန၊ ပြုခြင်းကို မြစ်ခြင်းအစရှိသည်ကို ညွှန်သဖြင့်။
အတ္ထကာမေဟိ၊ မိမိအကျိုးကို အလိုရှိကုန်သောသူတို့သည်။
တတော၊ ထိုအမျက်ထွက်ခြင်း အစရှိသည်မှ။
စိတ္တံ၊ ကို။
သာဓုကံ၊ ကောင်းစွာ။
ရက္ခိတဗ္ဗံ၊ စောင့်ရှောက်အပ်၏။
ဣတိ အယံ၊ ဤဆိုအပ်ပြီးသည်ကား။
အာဏာရဟဿ၊ အာဏာထားခြင်းငှာ ထိုက်တော်မူသော။
ဓမ္မရာဇဿ၊ တရားမင်းဘုရား၏ (ဝါ) တရားကြောင့်မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏ (ဝါ) တရားသဖြင့် မင်းဖြစ်တော်မူသော မြတ်စွာဘုရား၏။
အာဏတ္တိ၊ တည်း (ဝါ) စေခိုင်းတိုက်တွန်းတော်မူခြင်းတည်း။
ဣတိ၊ ဤသည်လျှင် စကားတစ်ရပ် အပြီးသတ်တည်း။
အယံ၊ ဤဆိုအပ်ပြီးသည်ကား။
အဿာဒါဒိီနဝနိဿရဏဖလူပါယာဏတ္တိဝသေန၊ အဿာဒ, အာဒီနဝ, နိဿရဏ, ဖလ, ဥပါယ, အာဏာတ္တိတို့၏ အစွမ်းဖြင့်။
ဆဗ္ဗိဓဓမ္မသန္ဒဿနလက္ခဏော၊ အဿာဒစသော ခြောက်ပါးသောတရားကို ပြခြင်းလက္ခဏာရှိသော ဟာရသည်။
ဒေသနာဟာရော နာမ၊ ဒေသနာဟာရမည်၏။
စ သစ္စံ၊ မှန်၏။
အဿာဒါဒီနဝတာ၊ ပ။
ဒေသနာဟာရောတိ၊ ဟူ၍ (ဝါ) ဒေသနာဟာရော-ဟူသော စကားကို။
နေတ္တိယာ၊ နေတ္တိပါဠိတော်၌။
မဟာကစ္စာယနတ္ထေရေန၊ သည်။
ဝုတ္တံ၊ ၏။
ယော အဿာဒေါ စ၊ အကြင်သာယာအပ်သော သုခ, သောမနဿသည်လည်းကောင်း။
ယာ အာဒီနဝတာ စ၊ အကြင်ဒုက္ခဝေဒနာစသောအပြစ်သည်လည်းကောင်း (တာပစ္စည်းအား ကဘွတ္ထအနက်ဖြစ်၏)။
ယံ နိဿရဏမ္ပိ စ၊ အကြင်သံသရာဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော မဂ်နိဗ္ဗာန်သည်လည်းကောင်း။
ယံ ဖလဉ္စ၊ အကြင်ဒေသနာတော်၏ အကျိုးသည်လည်းကောင်း။
ယော ဥပါယော စ၊ အကြင်အကျိုး၏ အကြောင်းသည်လည်းကောင်း။
ယောဂီနံ၊ စတုသစ္စကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ကုန်သော ယောဂီပုဂ္ဂိုလ်တို့၏။
အတ္ထာယ၊ အကျိုးငှာ (ထည့်)။
ဘဂဝတော၊ ၏။
ယာ အာဏတ္တိ စ၊ အကြင်စေခိုင်း တိုက်တွန်းတော်မူခြင်းသည်လည်းကောင်း။
အတ္ထိ၊ ၏။
ဧတေ အဿာဒါဒယော၊ ထိုအဿာဒ အစရှိသည်တို့သည်။
ဒေသနာဟာရော၊ ဒေသနာဟာရမည်၏ (ဤကား အကျဉ်းတည်း)။
(တစ်နည်း) ယော အဿာဒေါ စ၊ အကြင်သာယာအပ်နှစ်သက်အပ်သော သုခ, သောမန, ဣဋ္ဌာရုံ, သာယာကြောင်းဖြစ်သော တဏှာ, ဝိပလ္လာသသည်လည်းကောင်း။
ယာ အာဒီနဝတာ စ၊ အကြင်ဒုက္ခတ္တအနက်ရှိသော ဒုက္ခဝေဒနာသုံးပါး, ကပဏတ္တအနက်ရှိသော တေဘူမက သင်္ခါရဟူသမျှသည်လည်းကောင်း။
ယံ နိဿရဏမ္ပိ စ၊ အကြင်ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ထွက်မြောက်တတ်သော အရိယာမဂ် နိဗ္ဗာန်သည်လည်းကောင်း (ဝိသဒ္ဒါကား ဝုတ္တာဝုတ္တသမ္ပိဏ္ဍနတည်း )။
ယံ ဖလဉ္စ၊ အကြင်ဒေသနာတော်သည် ပြီးစေအပ်သော သုတမယဉာဏ်, စိန္တာမယဉာဏ်, ဘာဝနာမယဉာဏ် စသည်သည်လည်းကောင်း။
ယော ဥပါယော စ၊ အကြင်အရိယာမဂ်၏ အကြောင်းဖြစ်၍ဖြစ်သော ပုဗ္ဗဘာဂပဋိပဒါသည်လည်းကောင်း (ဝါ) ရှေးအဖို့၌ ဆိုအပ်ပြီးသော ဖလကိုရခြင်း၏ အကြောင်းဖြစ်သော အကျင့်သည်လည်းကောင်း။
ယောဂီနံ၊ စတုသစ္စကမ္မဋ္ဌာန်းကို ကြိုးပမ်းအားထုတ်ကြကုန်သော ဝေနေယျသတ္တဝါတို့၏။
အတ္ထာယ၊ မဂ်ဖိုလ်နိဗ္ဗာန်အကျိုးငှာ (ထည့်)။
ဘဂဝတော၊ အာဏာထားခြင်းငှာ ထိုက်တော်မူသော မြတ်စွာဘုရား၏။
ယာ အာဏတ္တိ စ၊ အကြင်ကရုဏာတရား ရှေးရှုထား၍ အစီးအပွားအကျိုးငှာ ကျင့်ကြံပါဟု သတ္တဝါအလိုက် တိုက်တွန်းစေခိုင်းတော်မူခြင်းသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
ဧတေအဿာဒါဒယော၊ ထိုအဿာဒ အစရှိသည်တို့သည်။
ဒေသနာဟာရော၊ မည်၏ (ဤကား နေတ္တိအဋ္ဌကထာနှင့်အညီ အကျယ်ဇောဇနာခြင်းတည်း )။