Issues
Select Version
နိဿယ
မြန်မာဘာသာ
(DN)Sīlakkhandhavaggaabhinavaṭīkā
(DN)Sīlakkhandhavaggaabhinavaṭīkā

သာသနပဋ္ဌာနဝဏ္ဏနာ

Author: နိဿယ @ IAPT

သာသနပဋ္ဌာနဝဏ္ဏနာ

ပန၊ ပဉ္စနယမှတစ်ပါး သာသနာပဋ္ဌာနကို ဆိုဦးအံ့။ ဣဒံ သုတ္တံ၊ ဤဗြဟ္မဇာလသုတ်သည်။ သောဠသဝိဓေ၊ တစ်ဆယ့်ခြောက်ပါး အပြားရှိသော။ သာသနပဋ္ဌာနေ၊ သာသနပဋ္ဌာန၌။ သံကိလေသဝါသနာသေက္ခဘာဂိယံ၊ သံကိလေသဘာဂိယ, ဝါသနာဘာဂိယ, အသေက္ခခဘာဂိယသည် (ဝါ) သံကိလေသအဖို့, ဝါသနာအဖို့, အသေက္ခအဖို့ရှိသည်။ ဟောတိ၊ ၏။ ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။ တဏှာဒိဋ္ဌာဒိသံကိလေသာနဉ္စ၊ တဏှာဒိဋ္ဌိ အစရှိသော သံကိလေသတို့၏လည်းကောင်း (ဝါ) တို့ကိုလည်းကောင်း။ သီလာဒိပုညကိရိယဿ စ၊ သီလအစရှိသော ပုညကိရိယာ၏လည်းကောင်း (ဝါ) ကိုလည်းကောင်း။ အသေက္ခသီလာဒိက္ခန္ဓဿ စ၊ အသေက္ခသီလ အစရှိသောကျေးဇူး၏လည်းကောင်း (ဝါ) ကိုလည်းကောင်း။ ဝိဘတ္တတ္တာ၊ ဝေဖန်အပ်သည်၏ အဖြစ်ကြောင့်တည်း။ ဝါ၊ တစ်နည်းကား။ သံကိလေသဝါသနာနိဗ္ဗောဓာသေက္ခဘာဂိယမေဝ၊ သံကိလေသဘာဂိယ, ဝါသနာဘာဂိယ, နိဗ္ဗေဓဘာဂိယ, အသေက္ခဘာဂိယ ရှိသည်သာလျှင်။ ဟောတိ၊ ၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ ယထာဝုတ္တတ္တာနဉ္စ၊ အကြင်အကြင် ဆိုအပ်ပြီးသောအနက်တို့၏လည်းကောင်း (ဝါ) တို့ကိုလည်းကောင်း။ သေက္ခသီလက္ခန္ဓာဒိကဿ စ၊ သေက္ခဖြစ်သော သီလကျေးဇူး အစရှိသည်၏လည်းကောင်း (ဝါ) ကိုလည်းကောင်း။ ဝိဘတ္တတ္တာ၊ ဝေဖန်အပ်သည်၏အဖြစ်ကြောင့်တည်း။
ပန၊ ထိုမှတစ်ပါး။ အဋ္ဌဝီသတိဝိဓေ၊ နှစ်ဆယ့်ရှစ်ပါး အပြားရှိသော။ သာသနပဋ္ဌာနေ၊ သာသနပဋ္ဌာန၌။ ဣဒံ သုတ္တံ၊ ဤဗြဟ္မဇာလသုတ်သည် (လိုက်)။ လောကိယလောကုတ္တရံ၊ လောကီ,‌ လောကုတ္တရာသည်။ ဟောတိ၊ ၏။ သတ္ထဓမ္မာဓိဋ္ဌာနံ၊ သတ္တာဓိဋ္ဌာန, ဓမ္မာဓိဋ္ဌာနသည်။ ဟောတိ၊ ၏။ ဉာဏဉေယျံ၊ သိတတ်သောဉာဏ်, သိအပ်သောတရားသည်။ ဟောတိ၊ ၏။ ဒဿနဘာဝနံ၊ ဒဿနဘာဝနာသည် (ဝါ) မြင်ခြင်း, ပွားခြင်းသည် (ဝါ) သောတာပတ္တိမဂ်, အထက်မဂ်သုံးခုသည်။ ဟောတိ၊ ၏။ သကဝစနပရဝစနံ၊ မိမိစကား, သူတစ်ပါးစကားသည်။ ဟောတိ၊ ၏။ ဝိဿဇ္ဇနီယာ ဝိသဇ္ဇနီယံ၊ ဖြေဆိုအပ်, မဖြေဆိုအပ်သည်။ ဟောတိ၊ ၏။ ကမ္မဝိပါကံ၊ ကံ,ကံ၏အကျိုးသည်။ ဟောတိ၊ ၏။ ကုသလာကုသလံ၊ ကုသိုလ်, အကုသိုလ်သည်။ ‌ဟောတိ၊ ၏။ အနုညာတပဋိက္ခိတ္တံ၊ ခွင့်ပြုတော်မူအပ်, ပယ်မြစ်တော်မူအပ်သည်။ ဟောတိ၊ ၏။ ဘဝေါ စ၊ ဘဝသည်လည်း။ ‌ဟောတိ၊ ၏။ ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။ လောကိယလောကုတ္တရာဒီနံ၊ လောကီ, လောကုတ္တရာအစရှိကုန်သော။ အတ္ထာနံ၊ အနက်တို့၏ (ဝါ) တို့ကို။ ဣဓ ဣမသ္မိံ ဗြဟ္မဇာလသုတ္တေ၊ ဤဗြဟ္မဇာလသုတ်တို့၌။ ဝိဘတ္တတ္တာ၊ ဝေဖန်တော်မူအပ်သည်၏ အဖြစ်ကြောင့်တည်း။
ဣတိ အယံ၊ ဤဆိုအပ်ပြီးသည်ကား။ သာသနပဋ္ဌာနယောဇနာ၊ သာသနပဋ္ဌာနကို ယှဉ်ခြင်းတည်း။
ပကရဏနယဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။
ဣတိ ဣမိနာ ဝုတ္တနယေန၊ ဤသို့ဆိုအပ်ပြီးသောနည်းဖြင့်။ သုမင်္ဂလဝိလာသိနိယာ၊ သုမင်္ဂလဝိလာသိနိီ အမည်ရှိသော (ဝါ) ကောင်းစွာဆိုအပ်သော သုဘာသိတမင်္ဂလာဖြင့် ပညာရှိတို့၏စိတ်နှလုံးကို နှစ်သက်စေတတ်သောကြောင့် သုမင်္ဂလဝိလာသိနီ အမည်ရှိသော (ဝါ) ကောင်းစွာဆိုအပ်သော သုဒ္ဒမင်္ဂလာ, အတ္ထမင်္ဂလာ, ဝိနိစ္ဆယမင်္ဂလာဖြင့် ပညာရှိတို့၏ စိတ်နှလုံးကိုယူကြုံးမရ နှစ်သက်စေတတ်သောကြောင့် သုမင်္ဂလာဝိလာသိနီ အမည်ရှိသော (လာဘ ကန္တိယံ-ဟု သဒ္ဒနီတိ၌ဆို၏)။ ပရမသုခုမ ဂမ္ဘီရဒုရနုဗောဓတ္ထပရိဒီပနာယ၊ မြတ်သော သိမ်မွေ့ နက်နဲသောဉာဏ်ဖြင့် ထိုးထွင်း၍သိနိုင်ခဲသောအနက်ကို ထက်ဝန်းကျင်မှ ပြတတ်ထသော (ဝါ) မြတ်သော သိမ်မွေ့ နက်နဲသော ဆင်းရဲငြိုငြင်စွာ ဉာဏ်ဖြင့်လျော်စွာ သိအပ်သောအနက်က်ို ပိုင်းခြား၍ ပြရာပြကြောင်းဖြစ်ထသော (သဒ္ဓတ္ထ) ။ သုဝိမလဝိပုလပညာ ဝေယျတ္ထိယဇနနာယ၊ ကောင်းစွာ အညစ်အကြေးမှ ကင်းသော ပြန့်ပြောသောပညာ၏ လျင်စွာဖြစ်ခြင်း, ထင်ခြင်းအစွမ်းသတ္တိကို ဖြစ်စေတတ်ထသော (ဝါ) အလွန်ကင်းသော မောဟတည်းဟူသော အညစ်အကြေးရှိသော အထူးထူးအပြားပြားဖြစ်တတ်သော ပညာ၏ တိက္ခဝိသဒအဖြစ်ဟုဆိုအပ်သော အစွမ်းသတ္တိကို ဖြစ်စေတတ်ထသော။ ဒီဃနိကာယဋ္ဌကထာယ၊ ဒီဃနိကာယ် အဋ္ဌကထာ၌ (ဝါ) ၏။ [ဗြဟ္မဇာလသုတ္တဝဏ္ဏနာယ၌ အာဓရစပ် (ဝါ) ဂေါဣစ္စေ တဿ ဩကာရဿ၌ကဲ့သို့ အနီး အဝေး ‌အပေါင်းအစိတ် အဝယဝ သမ္ဗန်စပ်။ နိယံ။ ။ နှစ်ပါးသမ္ဗန်၊ စပ်ရန်ရှာဖွေ၊ တူမကွေ၊ သွားလေနီးအဝေး-ဟူသော နိယံနှင့်အညီစပ်။] အဇ္ဇဝမဒ္ဒဝသောရစ္စသဒ္ဓါသတိဓိတိဗုဒ္ဓိခန္တိဝီရိယာဒိဓမ္မသမင်္ဂိနာ၊ ဖြောင့်မတ်သည်၏အဖြစ်, နူးညံ့သည်၏အဖြစ်, တင့်တယ်ကောင်းမြတ်သော ကာယကံ ဝစီကံတရား၌ မွေ့လျော်တတ်သောသူ၏အဖြစ်, သဒ္ဓါ, သတိ, သမာဓိ, ပညာ, ခန္တီ, ဝီရိယ စသောတရားတို့နှင့် ပြည့်စုံထသော (ဝါ) မကောက်မကျစ် ဖြောင့်မတ်သည်၏အဖြစ်, မာနဒေါသဖြင့် ကြမ်းတမ်းခက်ထန်ခြင်းမရှိဘဲ ဝါဂွမ်းကဲ့သို့ နူးညံ့သိမ်မွေ့သည်၏အဖြစ်, ကောင်းမြတ်တင့်တယ်သော ကာယကံ ဝစီကံတရား၌ မွေ့လျော်တတ်သောသူ၏အဖြစ်, အဒ္ဓါ သတိ သမာဓိ ပညာ ခန္တီ ဝီရိယ စသောတရားတို့နှင့် အမြဲမကွာ ကိုယ်၌ စွဲထုံ ပြည့်စုံခြင်းရှိထသော (ထေရေန၌ ဝိသေသနစပ်)။ သာဋ္ဌကထေ၊ အဋ္ဌကထာနှင့်တကွ ဖြစ်သော။ ပိဋကတ္တယေ၊ ပိဋကသုံးပုံ၌။ အသင်္ဂါသံဟီရဝိသာရဒဉာဏစာရိနာ၊ ငြိကပ်ခြင်းမရှိ တွန့်တိုဆုတ်နစ်ခြင်းမရှိသည်ဖြစ်၍ ရဲရင့်သောဉာဏ်ဖြင့် ကျက်စားလေ့ရှိထသော (ဝါ) ဉာဏ်၏ဖြစ်ခြင်းရှိထသော (ဝါ) ဉာဏ်ဖြင့် ဖြစ််လေ့ရှိထသော။ အနေကပ္ပဘေဒသကသမယသမန္တရဂဟနဇ္ဈေဂါဟိနာ၊ တစ်ပါးမက များသော အပြားရှိသော သကသမယတည်းဟူသော တောအုပ်, သမယန္တရတည်းဟူသော တောအုပ်သို့ ဉာဏ်စွမ်းဖြင့် သက်ဝင်နိုင်ထသော (အကျဉ်းသာ ယောဇနာသည်)။ မဟာဂဏိနာ၊ တပည့်လက်သားများသော ဂိုဏ်းရှိထသော (ဝါ) များစွာသောဂိုဏ်းအပေါင်း သံဃာတို့၏အရှင်ဖြစ်ထသော (ဝါ) များစွာသော ဂိုဏ်းသံဃာတို့ကို အစိုးရထသော။ မဟာဝေယျာကရဏေန၊ ဗျာကရုဏ်းသဒ္ဒါကျမ်းကြီးကို တတ်ထသော။ မဟာဓမ္မရာဇာဓိရာဇဂုရုနာ၊ မြတ်သောတရားစောင့်သော မင်းတို့ထက်ဘုန်းပညာ စသည်တို့ဖြင့်လွန်ကဲသော ဘိုးတော်မင်း၏ဆရာဖြစ်ထသော (ဝါ) စည်းစိမ်ချမ်းသာ များမြတ်ကုန်သော မင်းကျင့်တရားရှိကုန်သော မင်းတို့ကို အစိုးရသော ဘိုးတော်မင်းသည် ကျောက်ထီးကဲ့သို့ အလေးအမြတ်ပြုအပ်သော မင်း၏ဆရာဖြစ်ထသော။ ဉာဏာဘိဝံသ ဓမ္မသေနာပတိနာမထေရေန၊ ဉာဏာဘိဝံသဓမ္မသေနာပတိ အမည်ရှိသော သာသနာပြုမဟာထေရ်သည် (ဝါ) မောင်းထောင်သာသနာပိုင် မဟာထေရ်သည်။ ကထာယ၊ ပြုစီရင်အပ်သော။ သာဓုဝိလာသိနိယာ နာမ၊ ပညာရှိအပေါင်း သူတော်ကောင်းတို့၏ စိတ်နှလုံးကို နှစ်သက်စေတတ်သောကြောင့် သာဓုဝိလာသိနီအမည်ရှိသော။ လီနတ္ထပ္ပကာသနိယာ၊ ဝှက်ကွယ်တိမ်မြုပ်သော အနက်တို့ကို ပြရာပြကြောင်းဖြစ်သော ဋီကာ၌ (ဝါ) ၏။ ဗြဟ္မဇာလသုတ္တဝဏ္ဏနာယ၊ ဗြဟ္မဇာလသုတ် အဋ္ဌကထာ၏။ လီနတ္ထဝိဘာဝနာ၊ ဝှက်ကွယ်တိမ်မြုပ်သောအနက်ကို ကောင်းကင်ပြာ၌ နေလအသွင် ပေါ်လွင်ထင်ရှားအောင် ပြခြင်းသည်။ သမတ္တာ၊ ပြီးပြီ။
ဗြဟ္မဇာလသုတ္တဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။