**သတ္တာနံ တဏှာဘိဘူတတ္တာ**။ ။ "သတ္တာနံ" အရ၌ ဥပမာဖြစ်သော ဆရာ မိဘတို့ကို မယူရ။ ဘာကြောင့်နည်း။ မိဘ ဆရာ ဥပဇ္ဈာယ်တို့၏ ပုဗ္ဗကာရီဖြစ်ခြင်းမှာ ဒုလ္လဘ မဟုတ်သောကြောင့် တည်း။ ဥပမေယျဘက်၌ ပြအပ်သော သတ္တဝါတို့၏ ပုဗ္ဗကာရီအဖြစ်ကား ဒုလ္လဘဖြစ်၏။ ဘာကြောင့်နည်း ။ သူတပါး၏ ကျေးဇူးကို ပြုလုပ်ပေးရာ၌ မိမိအတွက် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု ဖြစ်ရတတ်၏။ တဏှာဖြင့် မိမိကိုယ်ကို ငဲ့ညှာသူကား ထိုကဲ့သို့ ဆင်းရဲမခံချင်လောက်အောင် တဏှာက လွှမ်မိုးထားသောကြောင့်တည်း။
ဝါ၊ တို့ကို.
တဏှာဘိဘူတတ္ထာ၊ တဏှာသည် လွှမ်းမိုးအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။**အနုရူပပ္ပဝတ္တိ**။ ။ စာအုပ်တို့၌ "ပဝတ္တိ" ဟု ဒုတိယန္တ တွေ့ရ၏။ ဇာနန္တော ဝေဒိယန္တော ပုဒ်၌ စပ်ရမည် ဖြစ်သောကြောင့် "အနူရူပပဝတ္တိ" ဟု ပဌမန္တ ရှိသင့်ပါသည်။ အနူရူပါ+ ပဝတ္တိ ယဿာတိ အနူရူပပဝတ္တိ။
[ဇာနန္တော, ဝေဒိယန္တော၊ ၌စပ်။]
အတ္တနိ၊ ၌။
**အတ္တနိ ကတံ (ပေ) ဝေဒိယန္တော**။ ။ "အတ္တနိ ကကံ ဥပကာရံ" သည် ကတညု ကတဝေဒီ ၂ ပုဒ်လုံး၌ ပါသော ကတ၏ အဖွင့်တည်း။ "ဇာနန္တော" သည် ကတညူ ကတဝေဒီ ၂ ပုဒ်လုံး၌ ပါသော ကတ၏ အဖွင့်တည်း။ "ဇာနန္တော" သည် ကတညူ ၌ ညူ၏ အဖွင့်။ "ဝေဒိယန္တော" သည် ကတဝေဒီ ၌ ဝေဒီ၏ အဖွင့်တည်း။ [မောဂ္ဂလာန်အလို အားဖြင့် ဝိဒ- ဓာတ်နောင် ဏိ ပစ္စည်းသက်သောကြောင့် ဣ- ကို ဣယ- ပြု၍ "ဝေဒိယ" ဟု ဖြစ်၏။ ကစ္စည်း ကျမ်းအလိုဖြစ်မူ ဏယ- ပစ္စည်းဖြင့် "ဝေဒယန္တော" ဟု ရှိရလိမ့်မည်။]
ကတံ၊ အပ်သော။
ဥပကာရံ၊ ကို။
ဥပကာရတော၊ ကျေးဇူးအားဖြင့်။
ဝါ၊ ကျေးဇူးဟူ၍။
ဇာနန္တော၊ သိသော ပုဂ္ဂိုလ်သည်။
ဝေဒိယန္တော၊ ထင်ရှားစေတတ်သော ပုဂ္ဂိုလ်သည်။
ကတညုကတဝေဒီ၊ ပုဂ္ဂိုလ်သည်။
(ဟောတိ၊ ၏။
ကော ဝိယ၊ ကဲ့သို့နည်း။)သတ္တာနံ၊ တို့၏။
ဝါ၊ တို့ကို။
အဝိဇ္ဇာဘိဘူတတ္တာ၊ အဝိဇ္ဇာသည် လွှမ်းမိုးအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။
အဝိဇ္ဇာ ဘိဘူတတ္တာ။ ။ ကျေးဇူးရှင်တို့၏ ကျေးဇူးကို သိမှုသည် အသိအလိမ္မာ ဉာဏ်ပညာတည်း။ သတ္တဝါတို့၌ အဝိဇ္ဇာ လွှမ်းမိုးနေရကားထိုဉာဏ်မျိုးဖြစ်ဖို့ မလွယ်ဘူး။ ထို့ကြောင့် ကတညုကတဝေဒီ ပုဂ္ဂိုလ်သည် ဒုလ္လဘ ပုဂ္ဂိုလ်ပင် ဖြစ်သည်။
အမှာ။ ။ အကာရဏဝစ္ဆလပုဒ်, တမော ဇောတိပရာယဏပုဒ် စသည်တို့၏ အဓိပ္ပါယ်ကို ဋီကာနိဿယ၌ ကြည့်ပါ။ သဂါထာဝဂ္ဂ ကောသလ သံယုတ်ပါဠိတော် ၌ "တမော တမပရာယဏ ပုဂ္ဂိုလ်, ဇောတိ ဇောတိပရာယဏ ပုဂ္ဂိုလ်" ဟု ပုဂ္ဂိုလ်လေးမျိုး ဟောတော်မူ၏။ ["နီစေ ကုလေ ပစ္စာဇာတောတိအာဒိနာ တမေန ယုတ္တောတိ တမော" ဟု တမ- အရ ပစ္စုပ္ပန်ဘဝ၌ မှောင်နေသော ပုဂ္ဂိုလ်ကို အဋ္ဌကထာဖွင့်သည်။]
န ကုက္ကုစ္စာယတိတဗ္ဗန္တိ၊ ကား။
သံဃာဘောဂဿ၊ သံဃာ၏ စည်းစိမ်ကို။
သံဃဘောဂဿ။ ။ သံဃဘောဂဿာတိ သံဃဿ စတုပစ္စယ ပရိဘောဂတ္ထာယ ဒိန္နခေတ္တဝတ္ထုတဠာကာဒိတဿ (ကို၎င်း) တတော ဥပ္ပန္နဓညဟိရညာဒိကဿ စ သံဃဿ ဘောဂဿ၊ အပဋ္ဌပနန္တိ အသံဝဒဟနံ တေနာဟ အဝိစာရဏန္တိ။- ဒုကင်္ဂုတ္တရဋီကာ ဗာလဝဂ်အဖွင့်။ လယ်ယာ, တဖက်ဆည်းကန် စသည်တို့ကို သံဃာ၏ ဝတ္ထုကံအဖြစ်ဖြင့် (ဝတ္တကံ အဖြစ်ဖြင့်) လှူလျှင် အလှူခံကောင်း၏။ သို့သော် ထို လယ်ယာ စသည်တို့ကို လယ်လုပ်သားတို့အား မည်၍ မည်မျှ အဖို့ အာဂပေးရမည် ဟူ၍ကား မစီမံကောင်း။ ထိုသို့ မစီမံကောင်းသည်ကို မစီမံပဲ နေခြင်းသည် ကုက္ကုစ္စကို မပြုထိုက်သောအရာ မည်၏။
မှတ်ချက်။ ။ [သံဃဘောဂဿ- နေရာဝယ် "သံဃဘာဂဿ" ဟု မူတွဲရှိ၏။ သံဃာအတွက် ရထိုက်သော ဖို့ကို စီမံခြင်း, မစီမံခြင်းကို ဆိုရာ ဌာဖြစ်သောကြောင့် ထို မူကွဲက ကောင်းသကဲ့သို့ ထင်၏။ သံဃ (ဘောဂ) စည်းစိမ်ဟူသော အသုံးအနှုန်းကား ဝိနည်း၌ မရှိပါ။ ဘာဂ ဟူသော အသုံးအနှုန်းကိုသာ တွေ့ရပါသည်။ [ဧတ္တကာ နာမ ဘူမိယာ ဧတ္တကော နာမ ဘာဂေါ (ပေ) တသ္မာ။ ကဟာပဏာနံ ဝိစာရိတတ္တာ။ (ပေ) ကပ္ပိယာနံ တဏ္ဍုလာနံ ဝိစာရိတတ္တာ စသည်။ နိဿဂ္ဂိယ ရာဇသိက္ခာပဒ အဋ္ဌကထာ။]
(တနည်း) သံဃာဘာဂဿ၊ သံဃာ၏ အဖို့ကို။ အပဋ္ဌပနံ၊ မဖြစ်စေခြင်းသည်။ အဝိစာရဏံ၊ မစီမံခြင်းသည် [အပဋ္ဌပနံ ကို ထပ်ဖွင့်သည်။] န ကုက္ကုစ္စယိတဗ္ဗံ နာမ၊ ကုက္ကုစ္စကို မပြုထိုက်သော အရာမည်၏။ [မစီရင်မှ အပြစ်လွတ်၏။ ထို့ကြောင့် မစီရင်ခြင်းကို ကုက္ကုစ္စ မပြုထိုက်။] တံ၊ ထို ကုက္ကုဏ္စကို မပြုထိုက်သော အရာကို။ ကုက္ကုစ္စာယတိ၊ ၏။**သုဟိတော**။ ။ ဒိဝါဒိ သုဟ- ဓာတ်သည် ခန္တိ, တိတ္တိ ၂ နက်ကို ဟော၏။ ဤနေရာ၌ တိတ္တိ အနက်တည်း။ ထို့ကြောင့် တိတ္တောကို "သုဟိတော" ဟု ဖွင့်သည်။ "တင်းတိမ်ရောင့်ရဲခြင်း" ဟူသည် ဝအောင် စားပြီးသူ ကဲ့သို့ ပြီးဆုံးခြင်းတည်း။ ထို့ကြောင့် "ပရိယော သိတော" ဟု အဓိပ္ပါယ်ထပ်ဖွင့်သည်။
ပရိယောသိတော၊ ပြီးဆုံးပြီးသော။
(ပုဂ္ဂလော ကတမော ၌စပ်)။**ဧဝံ တတ္ထ သမ္မာ သမ္ဗုဒ္ဓေါဝ**။ ။ ဧဝံ ဖြင့် "သာဝကာနံ ပန ဓမ္မကထာယ" စသည်ကို ပြန်၍ ညွှန်းသည်။ သာဝကတို့၏ ဓမ္မကထာကြောင့် တရားထူးကို ရကြလျှင် သာဝကတို့လည်း ထိုတရားထူးကို ရစေရာ၌ "တပ္ပေတာ" မည်သင့်သည် မဟုတ်ပါလောဟု မေးဖွယ်ရှိသောကြောင့် ဧဝံ တတ္ထ စသည်ကို မိန့်သည်။ သာတကတို့၏ ဓမ္မကထာကြောင့် တရားထူးရကြသော်လည်း သာဝကတို့သည် တပ္ပေတာ- မမည်နိုင်။ သမ္မာသမ္ဗုဒ္ဓ သည်သာ တပ္ပေတာ မည်နိုင်သည် ဟူလို။ [ရှေး နိဿယဝယ်" တတ္ထ၊ ထိုဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့တွင်" ဟု စွဲ၏။ "တတ္ထ ဒါယကော" ဟူသော နောက်ဝါကျကို ထောက်၍ ထိုအစွဲကို စဉ်းစား သင့်သည်။]
တတ္ထ၊ ထို တရားဟောရာ၌။
သမ္မာသမ္ဗုဒ္ဓေါဝ၊ သည်သာ။
တပ္ပေတာ နာမ၊ သူတပါးကို ရောင့်ရဲစေတော်မူသည် မည်တော်မူသည်။