Issues
Select Version
ပါမောက္ခ(待修改)
မြန်မာဘာသာ
Jātaka-aṭṭhakathā(Dutiyo bhāgo)
Jātaka-aṭṭhakathā(Dutiyo bhāgo)

[219] 9. Garahitajātakavaṇṇanā

Author: ပါမောက္ခ(待修改) @ IAPT

သတ္ထာ၊ သည်။ “ဟိရညံ မေ သုဝဏ္ဏ မေ”တိအာဒိကေန၊ “ဟိရညံ မေ သုဝဏ္ဏ မေ”ဤသို့အစရှိသော။ ဂါထာပဒေန၊ ဖြင့်။ ပဋိမဏ္ဍိတံ၊ သော။ ဣဒံ၊ ဤဂရဟိတဇာတ်ကို။ ဇေတဝနေ၊ ၌။ ဝိဟရန္တော၊ စဉ်။ ဧကံ၊ တစ်ပါးသော။ ဝါ- တစ်ယောက်သော။ အနဘိရတိယာ၊ မမွေ့လျော်သဖြင့်။ ဥက္ကဏ္ဍိတဘိက္ခုံ၊ သာသနာတော်၌ ငြီးငွေ့သော ရဟန်းကို။ အာရဗ္ဘ၊ ၍။ ကထေသိ၊ ပြီ။
ဟိ တံ ဝစနံ၊ ထိုစကားသည်။ သစ္စံ၊ မှန်၏။ ဧတဿ၊ ထိုရဟန်းအား။ ပစ္စေကံ၊ အသီးသီး။ ဂဟိတံ၊ ယူအပ်သော။ အာရမ္မဏံ နာမ၊ အာရုံမည်သည်။ နတ္ထိ၊ မရှိပေ။ ပန၊ ဆက်ဦးအံ့။ အနဘိရတိဝါသံ၊ မမွေ့လျော်သော နေခြင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝသန္တံ၊ နေသော။ တံ၊ ထိုရဟန်းကို။ သတ္ထု၊ ၏။ သန္တိကံ၊ အထံတော်သို့။ အာနေသုံ၊ ဆောင်ကြကုန်ပြီ။
သော၊ ထိုရဟန်းကို။ “ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ ဥက္ကဏ္ဌိတော၊ ငြီးငွေ့သည်။ အသိ၊ ဖြစ်၏။ ဣတိ ဣဒံ ဝစနံ၊ ဤစကားသည်။ သစ္စံ ကိရ၊ မှန်လေသလော”။ ဣတိ၊ သို့။ သတ္ထာရာ၊ သည်။ ပုဋ္ဌော၊ မေးတော်မူ အပ်သည်ရှိသော်။ “ဘန္တေ၊ အရှင်ဘုရား။ သစ္စံ၊ မှန်ပါ၏”။ ဣတိ၊ သို့။ ၀တွာ၊ နားတော်လျှောက်၍။ “ဘိက္ခု၊ ရဟန်း။ တွံ၊ သည်။ ကိံ ကာရဏာ၊ အဘယ် အကြောင်းကြောင့်။ ဥက္ကဏ္ဌိတော၊ ငြီးငွေ့ သည်။ အသိ၊ ဖြစ်သနည်း”။ ဣတိ၊ သို့။ ဝုတ္တေ၊ မိန့်တော်မူသည်ရှိသော်။ “ဘန္တေ၊ အရှင်ဘုရား။ အဟံ၊ သည်။ ကိလေသ ပသေန၊ ကိလေသာ၏အစွမ်းကြောင့်။ ဥက္ကဏ္ဌိတော၊ ငြီးငွေ့သည်။ အမှိ၊ ဖြစ်ပါ၏။ ဣတိ၊ သို့။ အာဟ၊ လျှောက်ထားလေ၏။
အထ၊ ထိုအခါ၌။ နံ၊ ထိုရဟန်းကို။ သတ္ထာ၊ သည်။ “ဘိက္ခု၊ ရဟန်း။ အယံ ကိလေသော နာမ၊ ဤ သိလေသာ မည်သည်။ ပုဗ္ဗေ၊ ရှေး၌။ တိရစ္ဆာနေဟိပိ၊ တိရစ္ဆာန်တို့သည်သော်လည်း။ ဂရဟိဟော၊ ကဲ့ရဲ့အပ်ပြီ။ တွံ၊ သင်ကား။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ သာသနေ၊ သာသနာ တော်၌။ ပဗ္ဗဇိတော၊ ရဟန်းပြုပါ လျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ တိရစ္ဆာနေဟိပိ၊ တိရစ္ဆာန်တို့သည်သော်လည်း။ ဂရဟိတကိလေသဝသေန၊ ကဲ့ရဲ့အပ်သော ကိလေသာ၏ အစွမ်းဖြင့်။ ဥက္ကဏ္ဌိတော၊ ငြီးငွေ့လေ သနည်း”။ ဣတိ၊ သို့။ ဝတွာ၊ မူ၍။ အတီတံ၊ ကို။ အာဟရိ၊ မူပြီ။
အတီတေ၊ ၌။ ဗာရာဏသိယံ၊ ပြည်၌။ ဗြဟ္မဒတ္တေ၊ သည်။ ရဇ္ဇံ၊ ကို။ ကာရေန္တေ၊ သော်။ ဗောဓိသတ္တော၊ သည်။ ဟိမဝန္တ ပဒေသေ၊ ဟိမဝန္တာအရပ်၌။ ဝါနရယောနိယံ၊ မျောက်မျိုး၌။ နိဗ္ဗတ္တိ၊ ဖြစ်ရလေပြီ။
တမေနံ၊ တံ ဧတံ= ထိုဘုရားလောင်းမျောက်ကို။ ဧကော၊ တစ်ယောက်သော။ ဝနစရကော၊ တော မုဆိုးသည်။ ဂဟေတွာ၊ ဖမ်း၍။ အာနေတွာ၊ ဆောင်၍။ ရညော၊ မင်းအား။ အဒါသိ၊ ဆက်(၏)ပြီ။
သော၊ ထိုဘုရားလောင်းမျောက်သည်။ စိရံ၊ ကြာမြင့်စွာ။ ရာဇဂေဟေ၊ မင်းအိမ်၌။ ဝါ- မင်းနန်းတော်၌။ ဝသမာနော၊ နေလတ် သည်ရှိသော်။ ဝတ္တသမ္ပန္နော၊ ကျင့်ဝတ်နှင့်ပြည့်စုံသည်။ အဟောသိ၊ ဖြစ်ပြီ။ မနုဿလောကေ၊ လူ့ပြည်၌။ ဝတ္တမာနံ၊ ဖြစ်သော။ ကိရိယံ၊ အမူအရာကို။ ယေဘုယျေန၊ များသောအားဖြင့်။ အညာသိ၊ သိ(၏) ပြီ။
ရာဇာ၊ မင်းသည်။ တဿ၊ ထိုဘုရားလောင်းအား။ ဝတ္တေ၊ ဝတ်နှင့်ပြည့်စုံသည်၏ အဖြစ်ကြောင့်။ ဝါ- ဝတ်နှင့် ပြည့်စုံခြင်း၌။ ပသီဒိတွာ၊ ကြည်ညို၍။ ဝနစရကံ၊ မုဆိုးကို။ ပက္ကောသာပေတွာ၊ ခေါ်စေ၍။ “ဣမံ ဝါနရံ၊ ဤမျောက်ကို။ ဂဟိတဋ္ဌာနေယေဝ၊ ဖမ်းယူအပ်ရာ အရပ်၌သာလျှင်။ ဝိဿဇ္ဇေဟိ၊ လွှတ်ချေလော့”။ ဣတိ၊ သို့။ အာဏာပေသိ၊ စေခိုင်း (၏)ပြီ။ သော၊ ထိုမုဆိုးသည်။ တထာ၊ ထိုသို့စေခိုင်းတိုင်း။ အကာသိ၊ ပြု(၏)ပြီ။
ဝါနရဂဏော၊ မျောက်အပေါင်းသည်။ ဗောဓိသတ္တဿ၊ ၏။ အာဂတဘာဝံ၊ လာသည်၏ အဖြစ်ကို။ ဉတွာ၊ သိ၍။ တဿ၊ ထိုဘုရားလောင်းအား။ ဒဿနတ္ထာယ၊ ဖူးမြင်ခြင်းအကျိုးငှါ။ မဟန္တေ၊ ကြီးစွာသော။ ပါသာဏပိဋ္ဌေ၊ ကျောက်ဖျာအပြင်၌။ သန္နိပတိတွာ၊ စည်းဝေး၍။ ဗောဓိသတ္တေန၊ နှင့်။ သဒ္ဓိံ၊ တကွ။ သမ္မောဒနီယံ၊ ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သော။ ကထံ၊ စကားကို။ ကတွာ၊ ပြု၍။ “သမ္မ၊ အဆွေ။ တွံ၊ အရှင်သည်။ ဧတ္တကံ ကာလံ၊ ဤမျှလောက်သော ကာလပတ်လုံး။ ကဟံ၊ ဘယ်အရပ်၌။ ဝုတ္ထော၊ နေသည်။ အသိ၊ ဖြစ်၏”။ ဣတိ၊ သို့။ အာဟ၊ ဆို၏။
ဗာရာဏသိယံ၊ ပြည်၌။ ရာဇနိဝေသနေ၊ မင်းအိမ်၌။ ဝုတ္ထော၊ နေရသည်။ အမှိ၊ ဖြစ်၏။ ဣတိ၊ သို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
အထ၊ ထိုသို့ မင်းအိမ်၌ နေရသော်။ ကထံ၊ အဘယ်သို့လျှင်။ ဝါ- အသို့မူ၍။ မုတ္တော၊ လွတ်လာသည်။ အသိ၊ ဖြစ်သနည်း။ ဣတိ၊ သို့။ ပုစ္ဆိံသု၊ မေးကုန်ပြီ။
ရာဇာ၊ မင်းသည်။ မံ၊ ငါ့ကို။ ကေဠိမက္ကဋံ၊ အပျော်မျောက်ကို။ ကတွာ၊ ပြု၍။ မမ၊ ငါ့အား။ ဝတ္တေ၊ ဝတ်နှင့်ပြည့်စုံသည်၏ အဖြစ် ကြောင့်။ ဝါ- ဝတ်နှင့်ပြည့်စုံခြင်း၌။ ပသန္နော၊ ကြည်ညိုသည်။ ဟုတွာ၊ ဖြစ်၍။ မံ၊ ငါ့ကို။ ဝိဿဂ္ဂေသိ၊ လွှတ်လိုက်(၏)ပြီ။ ဣတိ၊ သို့။ အာဟ၊ ဆို၏။
အထ၊ ထိုအခါ၌။ နံ၊ ထိုဘုရားလောင်းကို။ တေ ဝါနရာ၊ ထိုမျောက်တို့သည်။ “မနုဿလောကေ၊ လူ့ပြည်၌။ ဝတ္တမာနကိရိယံ နာမ၊ လူတို့၏ဖြစ်သော အမူအရာ မည်သည်ကို။ တုမှေ၊ သင်တို့သည်။ ဇာနိဿထ၊ သိကုန်လတံ့။ အမှာကမ္ပိ၊ ငါတို့အား လည်း။ တာဝ၊ ရှေးဦးစွာ။ ကထေထ၊ ပြောဆိုကုန်လော့။ မယံ၊ ငါတို့သည်။ သောတုကာမာ၊ နာလိုကုန်သည်။ အမှ၊ ဖြစ်ကုန်၏”။ ဣတိ၊ သို့။ အာဟံသု၊ ဆိုကုန်၏။
မနုဿာနံ၊ လူတို့၏။ ကိရိယံ၊ အမူအရာကို။ မံ၊ ငါ့ကို။ မာ ပုစ္ဆထ၊ မမေးကြကုန်လင့်။ ဣတိ၊ သို့။ ဝုတ္တေ၊ ဘုရားလောင်းသည် ဆိုလတ်သည်ရှိသော်။
ကထေထ၊ ဆိုပါကုန်ဦးလော့။ မယံ၊ ငါတို့ သည်။ သောတုကာမာ၊ နာလိုကုန်သည်။ အမှ၊ ဖြစ်ကုန်၏။ ဣတိ၊ သို့။ ဝါနရာ၊ မျောက်တို့သည်။ အာဟံသု၊ ဆိုကုန်၏။
ဗောဓိသတ္တောပိ၊ သည်လည်း။ ဘဏေ၊ အချင်းတို့။ မနုဿာ နာမ၊ လူတို့မည်သည် ကား။ ခတ္တိယာပိ၊ မင်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာပိ၊ ပုဏ္ဏားတို့သည် လည်းကောင်း။ “မယှံ မယှန္တိ၊ “ငါ့ဥစ္စာ ငါ့ဥစ္စာ”ဟူ၍။ ဝဒန္တိ၊ ဆိုတတ်ကြ ကုန်၏။ ဟုတွာ၊ ဖြစ်ကုန်၍။ အဘာဝဋ္ဌေန၊ အတည်မရှိသော အနက်သဘော သတ္တိ ကြောင့်။ အနိစ္စတံ၊ အနိစ္စ၏အဖြစ် ကို။ ဝါ- အမြဲမရှိသည်၏အဖြစ်ကို။ န ဇာနန္တိ၊ မသိကြကုန်။ ဒါနိ၊ ယခုအခါ၌။ တုမှေ၊ သင်တို့သည်။ အန္ဓဗာလာနံ၊ အလွန်မိုက်ကန်း ကုန်သော။ တေသံ၊ ထိုလူတို့၏။ ကာရဏံ၊ အကြောင်းအရာကို။ သုဏာထ၊ နားထောင်ကုန်လော့”။ ဣတိ၊ သို့။ ဝတွာ၊ ဆို၍။ “ဟိရညံ မေ။ပ။ ဝိတုဒတေ ဇန န္တိ၊ ဟူ၍။ ဝါ- ဟူသော။ ဣမာ ဂါထာ၊ တို့ကို။ အဝေါစ၊ ဆို၏။
ဘဝန္တော၊ အချင်းမျောက်အပေါင်းတို့။ ဒုမ္မေဓာနံ၊ ပညာမရှိ ကုန်သော။ အရိယဓမ္မံ၊ ဘုရားအစရှိသော အရိယာတို့၏ တရားကို။ ဝါ- အပြစ်ကင်းသော ကိုးပါးသော လောကုတ္တရာတရားကို။ အပဿတံ အပဿန္တာနံ၊ မမြင်ကုန်ထသော။ မနုဿာနံ၊ လူတို့၏။ ရတ္တိံ၊ ညဉ့်၌လည်းကောင်း။ ဒိဝါ၊ နေ့၌လည်းကောင်း။ ကထာ၊ မပြတ်ပြောသော စကားသည်ကား။ မေ၊ ငါ၏။ ဟိရညံ၊ ငွေ။ မေ၊ ငါ၏။ သုဝဏ္ဏ၊ ရွှေ။ ဣတိ၊ သို့။ ဧသာ ကထာ၊ ဤသို့ ငါ့ငွေ ငါ့ရွှေဟူ၍ဆိုသော စကားသာလျှင်တည်း။
အညံ၊ ငါ့ငွေ ငါ့ရွှေ ပြောသည်မှ တစ်ပါးကို။ တေ၊ ထိုအိမ်ရှင်တို့သည်။ ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာ တို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်။ ဟုတွာ၊ အကြောင်းအားလျော်စွာဖြစ်၍။ န ဘဝန္တိ၊ အရှည်မတည် ပျက်စီးကုန်၏။ ဣတိ၊ သို့။ န ဇာနန္တိ၊ မသိကုန်။ တစ်နည်း- အညာ၊ ငါ့ငွေ ငါ့ရွှေ ပြောသည်မှ တစ်ပါးသော။ အနိစ္စံ ဝါ၊ အနိစ္စဟူ၍လည်းကောင်း။ ဒုက္ခံပိ၊ ဒုက္ခဟူ၍ လည်းကောင်း။ ဣတိ၊ သို့။ တေသံ၊ ထိုအိမ်၌နေသော လူတို့အား။ ကထာ နာမ၊ အနိစ္စ ဒုက္ခနှင့်စပ်သော စကားမည်သည်။ နတ္ထေဝ၊ အလျှင်းပင် မရှိခဲ့။
ဂေဟေ၊ အိမ်၌။ ဒွေ ဒွေ၊ နှစ်ယောက် နှစ်ယောက်ကုန်သော။ ဂဟပတယော၊ အိမ်ရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။ တတ္ထ၊ ထိုနှစ်ယောက်ကုန်သော အိမ်ရှင်တို့တွင်။ ဧကော၊ တစ်ယောက်သော အိမ်ရှင် သည်ကား။ အမဿုကော၊ မုတ်ဆိတ်ကြင်စွယ်လည်း မရှိ။
လမ္ဗတ္ထနော၊ ရှည်သော သားမြတ်လည်းရှိ၏။ ဝေဏိကတော၊ အထူးထူးအပြားပြား အခြင်းအရာအားဖြင့် ထုံးအပ်သော ဆံထုံးလည်းရှိ၏။ တတော၊ ထိုမြို့။ အင်္ကိတကဏ္ဍကော၊ နားတောင်း ပန်ဆင်ရန် ဖောက်အပ်သော နားလည်းရှိ၏။
ဗဟုနာ၊ များစွာသော။ ဓနေန၊ အတွင်းဥစ္စာဖြင့်။ ကီတော၊ ဝယ်ယူဆောင်အပ်၏။ သော၊ ထိုအဖိုးဥစ္စာ များစွာပေး၍ ဝယ်အပ်သော အိမ်ရှင်တစ်ဦးသည်။ တံ ဇနံ၊ ထိုကျွန်အမှုလုပ် အစရှိသော သူကို။ ဝိတုဒတေ၊ ဟယ် ကျွန်ပျက် နင်သည် အမှုကို မပြုကောင်းသလောဟု နှုတ်သီးလှံဖြင့် ထိုးတတ်၏။
တတ္ထ၊ ထိုဂါထာနှစ်ပုဒ်တို့တွင်။ ဟိရညံ မေ သုဝဏ္ဏံ မေတိ ဧတံ၊ ဟိရညံ မေ သုဝဏ္ဏ မေဟူသော ဤစကားသည်။ ဒေသနာသီသမတ္တံ၊ ဒေသနာတော်ကို ဦးခေါင်းတပ်ကာမျှတည်း။ ပန၊ ဆက်ဦးအံ့။ ဣမိနာ ပဒဒွယေန၊ ဤနှစ်ပုဒ် အပေါင်းဖြင့်။ ဒသဝိဓံ၊ ဆယ်ပါးအပြားရှိသော။ သဗ္ဗံ၊ အလုံးစုံသော။ ရတနမ္ပိ၊ ရတနာကိုလည်းကောင်း။ ခေတ္တဝတ္ထုံ၊ လယ်ယာမြေ၏ တည်ရာဖြစ်သော။ ပုဗ္ဗာပရဏ္ဏဉ္စ၊ ကောက်ပဲကိုလည်းကောင်း။ သဗ္ဗံ၊ အလုံးစုံသော။ ဒွိပဒစတုပ္ပဒဉ္စ၊ ခြေနှစ်ချောင်းရှိသော သတ္တဝါ, ခြေလေးချောင်းရှိသော သားအပေါင်းကို လည်းကောင်း။ ဒဿေန္တော၊ ပြတော်မူလိုသည်ဖြစ်၍။ “ဣဒံ မေ၊ ဣဒံ မေ”တိ= “ဣဒံ မေ= ဣဒံ မေ”ဟူ၍။ အာဟ၊ မိန့်ပြီ။
ဧသာ ရတ္တိံ ဒိဝါ ကထာတိ၊ ဧသာ ရတ္တိံ ဒိဝါ ကထာဟူသည်ကား။ မနုဿာနံ၊ လူတို့အား။ ရတ္တိဉ္စ၊ ညဉ့်၌လည်းကောင်း။ ဒိဝါစ၊ နေ့၌လည်းကောင်း။ နိစ္စကာလံ၊ အမြဲမပြတ် အခါခပ်သိမ်း။ ဧသာ ကထာ၊ ဤငါ့ငွေ ငါ့ရွှေဟူ၍ ဆိုသော စကားသာလျှင်တည်း။
ပန၊ စင်စစ်ကား။ အညံ၊ ငါ့ငွေ ငါ့ရွှေ ပြောသည်မှ တစ်ပါးကို။ တေ၊ ထိုအိမ်ရှင်တို့သည်။ “ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့သည်။ အနိစ္စာ၊ အမြဲမရှိကုန်”။ ဣတိ ဝါ၊ ဤသို့လည်းကောင်း။ “ဟုတွာ၊ အကြောင်းအားလျော်စွာ ဖြစ်ကုန် ၍။ န ဘဝန္တိ၊ အရှည်မတည် ပျက်စီးကုန်၏”။ ဣတိ ဝါ၊ ဤသို့လည်းကောင်း။ န ဇာနန္တိ၊ မသိကုန်။ ဧဝမေဝ၊ ဤအတူသာလျှင်။ ပရိဒေဝန္တာ၊ ငိုကြွေးကုန်လျက်။ ဝိစရန္တိ၊ လှည့်လည်ကုန်၏။
ဒုမ္မေဓာနန္တိ၊ ဒုမ္မေဓာနံ ဟူသည်ကား။ အပ္ပပညာနံ၊ နည်းသော ပညာရှိကုန်သောသူတို့အား။
အရိယဓမ္မံ အပဿတန္တိ၊ အရိယဓမ္မံ အပဿတံ ဟူသည်ကား။ ဗုဒ္ဓါဒီနံ၊ ဘုရားအစရှိကုန်သော။ အရိယာနံ၊ အရိယာတို့၏။ ဓမ္မံ ဝါ၊ တရားကိုလည်းကောင်း။ ဝါ- တစ်နည်းကား။ နိဒ္ဒေါသံ၊ အပြစ်ကင်းသော။ ဝါ- အပြစ်မရှိသော။ အရိယံ၊ ကိလေသာ မြူမှေးမှ ကင်းဝေးစင်ကြယ်သော။ နဝဝိဓံ၊ ကိုးပါးအပြားရှိသော။ လောကုတ္တရဓမ္မံ၊ လောကု တ္တရာတရားကို။ အပဿန္တာနံ၊ မမြင်ကုန်သော လူတို့၏။ ဧသာဝ ကထာ၊ ဤငါ့ငွေ ငါ့ရွှေ ဟူ၍ ဆိုသော စကားသာလျှင်တည်း။
ပန၊ ဗျတိရိက်ကား။ အညာ၊ ဤငါ့ငွေ ငါ့ရွှေ ပြောသည်မှ တစ်ပါးသော။ “အနိစ္စံ၊ အမြဲမရှိ။ ဣတိ ဝါ၊ ဤသို့လည်းကောင်း။ ဒုက္ခံ၊ ဆင်းရဲလှ၏။ ဣတိ ဝါ၊ လည်းကောင်း”။ ဣတိ၊ သို့။ တေသံ၊ ထိုလူတို့အား။ ကထာ နာမ၊ စကားမည်သည်ကား။ နတ္ထိ၊ မရှိ။
ဂဟပတယောတိ၊ ဂဟပတယောဟူသည်ကား။ ဂေဟေ၊ အိမ်၌။ အဓိပတိ- ဘူတာ၊ အကြီးဖြစ်၍ဖြစ်ကုန်သော အရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။
ဧကော တတ္ထာတိ၊ ဧကော တတ္ထဟူသည်ကား။ ဒွီသု၊ နှစ်ယောက်ကုန်သော။ တေသု ဃရသာမိကေသု၊ ထိုအိမ်ရှင်တို့တွင်။ “ဧကော”၊ “ဧကော”ဟူ၍။ ဝါ- တစ်ယောက်သော အိမ်ရှင်သည်ကား။ မာတုဂါမံ၊ မိန်းမကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝဒတိ၊ ဆို၏။
တတ္ထ၊ ထိုစကားရပ်၌။ ဝါ- ထိုဂါထာ၌။ ဝေဏိကောတိ၊ ဝေဏိကော ဟူသည်ကား။ ကတဝေဏီ၊ ပြုအပ်ပြီးသော ဆံထုံးရှိသည်။ နာနပ္ပကာရေန၊ အထူးထူးအပြားပြား အခြင်းအရာအားဖြင့်။ သဏ္ဌာပိတကေသကလာပေါ၊ ကောင်းစွာတည်စေအပ်သော ဆံထုံးဆံစုရှိ၏။ ဣတိ အယံ၊ ကား။ အတ္ထော၊ တည်း။
အထော အင်္ကိတကဏ္ဏကောတိ၊ အထော အင်္ကိတကဏ္ဍကော ဟူသည် ကား။ အထ၊ ထိုမြို့။ သွေဝ ဝိဒ္ဓကဏ္ဏော၊ ထိုထိုးဖောက်အပ်သော နားရှိသည် ဖြစ်၍ သာလျှင်။ သွေဝ ဆိဒ္ဒကဏ္ဏော၊ ထိုထိုပေါက်သော နားရှိသည် ဖြစ်၍ သာလျှင်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ သို့။ လမ္ဗကဏ္ဏတံ၊ တွဲလျားကျသော နားရှိသည်၏ အဖြစ်ကို။ သန္ဓာယ၊ ရည်၍။ အာဟ၊ မိန့်ပြီ။
ကီတော ဓနေန ဗဟုနာတိ၊ ကီတော ဓနေနေ ဗဟုနာဟူသည်ကား။ သော ဧသ ဧသော ပန၊ ထို တစ်ယောက်သော အိမ်ရှင် သည်ကား။ အမဿုကော၊ မုတ်ဆိတ်ကြင်စွယ်လည်း မရှိ။ လမ္ဗတ္ထနော၊ ရှည်သော တွဲလျားကျသော သားမြတ်လည်း ရှိ၏။ ဝေဏိကတော၊ အထူးထူးအပြားပြားသော အခြင်းအရာအားဖြင့် ထုံးအပ်သော ဆံထုံးလည်း ရှိ၏။ အင်္ကိတကဏ္ဏော၊ နားတောင်း ပန်ဆင်ရန် ဖောက်အပ်သော နားလည်းရှိ၏။ မာတာပိတူနံ၊ မိဘ တို့အား။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ ဒတွာ၊ ပေး၍။ သော ဧသော၊ ထိုတစ်ယောက်သော `အိမ်ရှင်ကို။ ကီတော၊ ဝယ်ယူဆောင်အပ်သော။ ဧသော၊ ထိုတစ်ယောက်သော အိမ်ရှင်ကို။ မဏ္ဍေတွာ ပသာဓေတွာ၊ တန်ဆာဆင်၍။ ယာနံ၊ ယာဉ်သို့။ အာရောပေတွာ၊ တင်၍။ ဝါ- တက်စေ၍။ မဟန္တေန၊ များစွာသော။ ပရိဝါရေန၊ အခြံအရံဖြင့်။ ဃရံ၊ အိမ်သို့။ အာနီတော၊ ဆောင်အပ်၏။
သော တံ ဝိတုဒတေ ဇနန္တိ၊ သော တံ ဝိတုဒတေ ဇနံဟူသည်ကား။ သော ဂဟပတိ၊ ထို အိမ်ရှင်သည်။ အာဂတကာလတော၊ ရောက်လာရာ အခါမှ။ ပဋ္ဌာယ၊ စ၍။ တသ္မိံ ဂေဟေ၊ ထိုအိမ်၌။ ဒါသကမ္မကရာဒိဘေဒံ၊ ကျွန် အလုပ်သမား စသည်အပြား ရှိသော။ ဇနံ၊ လူအပေါင်းကို။ “အရေ ဒုဋ္ဌဒါသ၊ ဟယ် ကျွန်ပျက်။ အရေ ဒုဋ္ဌဒါသိ၊ ဟယ် ကျွန်ပျက်မ။ တွံ၊ နင်သည်။ ဣမံ၊ ဤအမှုကို။ န ကရောသိ၊ မပြုကောင်း သလော”။ ဣတိ၊ သို့။ မုခသတ္တီဟိ၊ နှုတ်လှံတို့ဖြင့်။ ဝိတုဒတိ၊ ထိုးတတ်၏။ သာမိကော ဝိယ၊ ဥစ္စာရှင် ပိုင်ရှင်ကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ မဟာဇနံ၊ များစွာ သောင်းပြောင်း လူအပေါင်းကို။ ဝိစာရေတိ၊ စီရင်၏။ ဝါ- စိစစ်၏။
ဧဝံ၊ သို့။ တာဝ၊ ရှေးဦးစွာ။ “မနုဿလောကေ၊ လူ့ပြည်၌။ အတိဝိယ၊ အလွန်လျှင်။ အယုတ္တန္တိ၊ မသင့်”ဟူ၍။ ဗောဓိသတ္တော၊ သည်။ မနုဿလောကံ၊ လူ့ပြည်အရပ်ကို။ ဂရဟိ၊ ကဲ့ရဲ့တော်မူ(၏)ပြီ။
တံ၊ ထိုဘုရားလောင်း လူတို့ကြောင်းကြား ပြောစကားကို။ သုတွာ၊ ကြား၍။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ ဝါနရာ၊ မျောက်တို့သည်။ “မာ ကထေထ၊ မာကထေထ= မပြောပါကုန်လင့်။ မယံ၊ ငါတို့သည်။ အသောတဗ္ဗယုတ္တကံ၊ မကြားကောင်းမနာသာ ယုတ်မာသော စကားကို။ အဿုမှာတိ၊ ကြားရကုန်၏”ဟု။ ဥဘောဟိ ဟတ္တေဟိ၊ လက်နှစ်ဖက်တို့ဖြင့်။ ကဏ္ဏေ၊ နားနှစ်ဖက်တို့ကို။ ဒဠှံ၊ ကြပ်ကြပ်။ ပိဒဟိံသု၊ ပိတ်ကုန်၏။
“ဣမသ္မိံ ဌာနေ၊ ဤကျောက်ဖြာအရပ်၌။ အမှေဟိ၊ ငါတို့သည်။ ဣဒံ အယုတ္တံ၊ ဤစကားညစ် စကားယုတ်ကို။ သုတံ၊ ကြားအပ်၏။ ဣတိ၊ သို့။ တံ ဌာနံ၊ ထိုအရပ်ကို။ ဝိဂရဟိတွာ၊ အထူးထူးအပြားပြားကဲ့ရဲ့၍။ အညတ္ထ၊ တစ်ပါးသော အရပ်သို့။ အဂမံသု၊ သွားကြလေကုန်၏။
သော ပိဋ္ဌိပါသာဏော၊ ထိုကျောက်ဖျာသည်။ ဂရုဟိတပိဋ္ဌိပါသာဏောယေဝ နာမ၊ မျောက်တို့ကဲ့ရဲ့ရကျောက်ဖျာဟူသော အမည်ရှိသည်သာလျှင်။ ဇာတော ကိရ၊ ဖြစ်သတတ်။
သတ္ထာ၊ သည်။ ဣမံ ဓမ္မဒေသနံ၊ ကို။ အာဟရိတွာ၊ မူ၍။ သစ္စာနိ၊ တို့ကို။ ပကာသေတွာ၊ မူ၍။ ဇာတကံ၊ ကို။ သမောဓာနေသိ၊ မူ၏။ သစ္စပရိယောသာနေ၊ ၌။ သော ဘိက္ခု၊ ထိုငြီးငွေ့သော ရဟန်းသည်။ သောတာပတ္တိဖလေ၊ ဖိုလ်၌။ ပတိဋ္ဌဟိ၊ တည်(၏)ပြီ။
ကိံ၊ သို့။ သမောဓာနေသိ၊ ကား။ ဘိက္ခဝေ၊ တို့။ ဧတရဟိ၊ ၌။ ဗုဒ္ဓပရိသာ၊ ဘုရားရှင်၏ပရိသတ်သည်။ တဒါ၊ ၌။ ဝါနရဂဏာ၊ မျောက် အပေါင်းသည်။ အဟောသိ၊ ပြီ။ ဧတရဟိ ပန၊ ကား။ အဟမေဝ၊ သာလျှင်။ တဒါ၊ ၌။ ဝါနရိန္ဒော၊ မျောက်မင်းသည်။ အဟောသိ၊ ပြီ။ ဣတိ သမောဓာနေသိ၊ ဣတိ ဣဒံ ပရိသမာပနံ ဒဋ္ဌဗ္ဗံ။
နဝမာ၊ သော။ ဂရဟိတဇာတကဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။