Issues
Select Version
ပါမောက္ခ(待修改)
မြန်မာဘာသာ
Jātaka-aṭṭhakathā(Dutiyo bhāgo)
Jātaka-aṭṭhakathā(Dutiyo bhāgo)

[225] 5. Khantivaṇṇajātakavaṇṇanā

Author: ပါမောက္ခ(待修改) @ IAPT

သတ္ထာ၊ နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်။ “အတ္ထိ မေ ပုရိသော ဒေဝါ”တိ အာဒိကေန၊ သော။ ဂါထာပဒေန၊ ဖြင့်။ ပဋိမဏ္ဍိတံ၊ အပ်သော။ ဣဒံ၊ ဤခန္တိဝဏ္ဏ ဇာတ်ကို။ ဇေတဝနေ၊ ၌။ ဝိဟရန္တော၊ မူစဉ်။ ကောသလရာဇာနံ၊ ကောသလမင်းကို။ အာရဗ္ဘ၊ ၍။ ကထေသိ၊ မူပြီ။
တဿ၊ ထိုကောသလမင်း၏။ အန္တေပုရေ၊ နန်းတွင်း၌။ ဧကော၊ တစ်ယောက်သော။ ဗဟုပကာရော၊ ကျေးဇူးများသော။ အမစ္စော၊ အမတ်သည်။ ပဒုဿိ၊ နန်းတွင်းသူ၌ မှားယွင်း၏။
ရာဇာ၊ မင်းသည်။ ဉ တွာပိ၊ သိ၍လည်း။ “ဧသော၊ ဤသူသည်။ မေ၊ အား။ ဥပကာရကော၊ ကျေးဇူးများ၏။" ဣတိ၊ ဤသို့။ အဓိဝါသေတွာ၊ သည်းခံ၍။ သတ္ထု၊ မြတ်စွာဘုရားအား။ အာရောစေသိ၊ လျှောက်(၏)ပြီ။
သတ္ထာ၊ မြတ်စွာဘုရားသည်။ “မဟာရာဇ၊ မင်းမြတ်။ ပေါရာဏကရာဇာနောပိ၊ ရှေးမင်းတို့သည်လည်း။ ဧဝံ၊ ဤကဲ့သို့။ အဓိဝါသေသုံယေဝ၊ သည်းခံကုန်သည်သာလျှင်တည်း။" ဣတိ၊ ဤသို့။ ၀တွာ၊ မိန့်တော်မူ၍။ တေန၊ ထိုကောသလမင်းသည်။ ယာစိတော၊ တောင်းပန်အပ် သည်ဖြစ်၍။ အတီတံ၊ ကို။ အာဟရိ၊ မူပြီ။
အတီတေ၊ ၌။ ဗာရာဏသိယံ၊ ပြည်၌။ ဗြဟ္မဒတ္တေ၊ သည်။ ရဇ္ဇံ၊ ကို။ ကာရေန္တေ၊ သော်။ တဿ၊ ထိုဗြဟ္မဒတ်မင်း၏။ အန္တေပုရေ၊ နန်း တွင်း၌။ ဧကော၊ တစ်ယောက်သော။ အမစ္စော၊ အမတ်သည်။ ပဒုဿိ၊ အိမ်ရာကို ပြစ်မှား ၏။ အမစ္စဿာပိ၊ အမတ်ကိုလည်း။ သေဝကော၊ ခစားသောသူသည်။ တဿ၊ ထိုအမတ်၏။ ဂေဟေ၊ အိမ်ရာ၌။ ပဒုဿိ၊ ပြစ်မှားပြန်(၏)ပြီ။
သော၊ ထိုအမတ်သည်။ တဿ၊ ထိုယောက်ျား၏။ အပရာဓံ၊ အပြစ်ကို။ အဓိဝါသေတုံ၊ သည်းခံအံ့သောငှါ။ အသက္ကောန္တော၊ မတတ်နိုင်သည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ထိုယောက်ျားကို။ အာဒါယ၊ ခေါ်ယူ၍။ ရညော၊ မင်း၏။ သန္တိကံ၊ အထံသို့။ ဂန္တွာ၊ သွား၍။ “ဒေဝ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဧကော၊ တစ်ယောက်သော။ ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော။ သဗ္ဗကိစ္စကာရကော၊ အလုံးစုံ သော ကိစ္စကို ဆောင်ရွတ်သော။ သော၊ ထိုယောက်ျားသည်။ မယှံ၊ အကျွန်ုပ်၏။ ဂေဟေ၊ အိမ်ရာ၌။ ပဒုဿိ၊ ပြစ်မှား၏။ တဿ၊ ထိုယောက်ျားအား။ ကိံ၊ အသို့အပုံ။ ဝါ- ဘယ်နည်း ဘယ်ပုံ။ ကာတုံ၊ ပြုအံ့သောငှါ။ ဝဋ္ဋတိ၊ သင့်သနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆန္တော၊ မေးလိုရကား။ “အတ္ထိဒေဝ။ပ။ မညသိ”။ ဟူ၍။ ဝါ-ဟူသော။ ဂါထံ၊ ကို။ အာဟ၊ ဆို(၏)ပြီ။
ဒေဝ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ သဗ္ဗကိစ္စေသု၊ ခပ်သိမ်းသော ကိစ္စတို့၌။ ဗျာဝဋော၊ (ဝါဝဋော) လုံ့လပြုတပ်သော။ ပုသော၊ ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။
တဿ စ၊ ထိုယောက်ျားအားကား။ ဧကော၊ တစ်ခုသော။ အပရာဓော၊ အိမ်ရာပြစ်မှားသော အပြစ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအိမ်ရာပြစ်မှားသော ယောက်ျား၏ အပြစ်ကြောင့်။ ကိန္တိ၊ အသို့ပြုအပ်၏ဟူ၍။ တွံ၊ အရှင်မင်းမြတ်သည်။ မညသိ၊ အောက်မေ့ တော်မူသနည်း။
တတ္ထ၊ ထိုဂါထာ၌။ တဿ စေကော'ပရာဓ'တ္တီတီ၊ တဿ စေကော ပရာဓ'တ္ထိ ဟူသည်ကား။ တဿ စ ပုရိသဿ၊ ထိုယောက်ျားအားလည်း။ ဧကော၊ တစ်ခုသော။ အပရာဓော၊ အိမ်ရာပြစ်မှားသော အပြစ်သည်။ အတ္ထိ၊ ရှိ၏။
တတ္ထ တွံ ကိန္တိ မညသီတိ၊ တတ္ထ တွံ ကိန္တိ မညသိဟူသည်ကား။ တတ္ထ၊ ထိုအိမ်ရာ ပြစ်မှားသော အပြစ်ကြောင့်။ တဿ ပုရိသဿ၊ ထိုယောက်ျား၏။ အပရာဓေ၊ အိမ်ရာပြစ်မှားသော အပြစ်၌။ တွံ၊ သင်မင်းမြတ်သည်။ “ကိံ ကာတဗ္ဗ” န္တိ၊ ဘယ်သို့ ပြုသင့်ပြုထိုက်သနည်းဟူ၍။” မညသိ၊ အောက်မေ့ မှတ်ထင်ပါသနည်း။ ယသာ၊ အကြင်အခြင်းအရာအားဖြင့်။ တေ၊ သင့်အား။ စိတ္တံ၊ စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ အဿ၊ ထိုယောက်ျားအား။ တဒနုရူပံ၊ ထိုစိတ်ဖြစ်ခြင်းအား လျော်သော။ ဒဏ္ဍံ၊ ဒဏ်ကို။ ပဏေဟိ၊ စေလော့။ ဣတိ၊ ဤအနက်အဓိပ္ပါယ်ကို။ ဒီပေတိ၊ ပြ၏။
တံ၊ ထိုစကားကို။ သုတွာ၊ ကြား၍။ ရာဇာ၊ မင်းသည်။ “အမှာကမ္ပတ္ထိ။ပ။ ရုစ္စတီ”တိ၊ ဟူ၍ ဝါ-ဟူသော။ ဒုတိယံ၊ နှစ်ခုတို့၏ ပြည့်ကြောင်း ဖြစ်သော။ ဂါထံ၊ ကို။ အာဟ၊ ဆို(၏)ပြီ။
ဘော အမစ္စ၊ အိုအမတ်။ အမှာကမ္ပိ၊ သင့်အားသာလျှင် မဟုတ် ငါတို့အားလည်း။ ဧဒိသော၊ ဤသို့သဘောရှိသော အိမ်ရာပြစ်မှား တတ်သော ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ သော စ၊ ထိုအိမ်ရာပြစ်မှားတတ်သော ယောက်ျားသည် လည်း။ ဣဒါနိပိ၊ ယခုအခါ၌လည်း။ ဣဓ ဣဓေဝ၊ အဝေးမဟုတ် ဤအရပ်၌ပင်။ ဝိဇ္ဇတိ၊ ရှိ၏။ မယံ။ ငါတို့သည်။ ရာဇာနောပိ သမာနာ၊ မင်းဖြစ်ကုန် လျက်လည်း။ တဿ၊ ထိုသူ၏။ ဗဟုပကာရတံ၊ ကျေးဇူးမျာသည်၏ အဖြစ်ကို။ သန္ဓာယ၊ ရည်၍။ အဓိဝါသေမ၊ သည်းခံကုန်၏။ တုယှံ ပန၊ မင်းလည်းမဟုတ်သော သင်အားမူကား။ အဓိဝါသနဘာရော၊ သည်းခံခြင်းဟူသော ဝန်သည်။ ဇာတော၊ ဖြစ်၏။
အင်္ဂသမ္ပန္နော သဗ္ဗေဟိ ဂုဏကောဋ္ဌာသေဟိ သမန္နာဂတော၊ အလုံးစုံသော ကျေးဇူးအစုတို့နှင့်ပြည့်စုံသော ယောက်ျားမည်သည်ကို။ ဒုလ္လဘော၊ လောက၌ အလွန်ရခဲ၏။ တေန၊ ထိုကြောင့်။ အသ္မာကံ၊ ငါတို့အား။ ဧဝရူပေ သဌာနေသု၊ ဤကဲ့သို့သော အရာတို့၌။ ခန္တိ၊ သည်းခံခြင်းသည်သာလျှင်။ ရုစ္စတိ၊ နှစ်သက်ခြင်းကို ဖြစ်စေ၏။
တဿာ၊ ထိုဂါထာ၏။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤသို့။ ဝေဒိတဗ္ဗော၊ ၏။ အမှာ ကမ္ပိ၊ သင့်အားသာလျှင်မဟုတ် ငါတို့အားလည်း။ ရာဇူနံ သတံ ရာဇူနံ သမာနာနံ၊ မင်းတို့အားဖြစ်ကုန်လျက်။ ဧဒိသော၊ ဤသို့သဘောရှိသော။ အဂါရေ၊ အိမ်၌။ ဗဟုပကာ ရော၊ ကျေးဇူးများသော။ ဒုဿနကပုရိသော၊ ပြစ်မှားတတ်သော ယောက်ျားသည်။ အတ္ထိ၊ ရှိ၏။ သော စ ခေါ၊ ထိုအိမ်ရာ၌ ပြစ်မှားတတ်သောယောက်ျားသည်လည်း။ ဣဓ ဣဓေဝ၊ အဝေးမဟုတ် ဤအနီးအရပ်၌ပင်။ ဝိဇ္ဇတိ၊ ရှိ၏။ ဣဒါနိပိ၊ ယခုအခါ၌လည်း။ ဣမေဝ၊ ဤအနီးအရပ်၌ပင်။ သံဝိဇ္ဇတိ၊ ထင်ရှားရှိ၏။ မယံ၊ ငါတို့သည်။ ရာဇာနောပိသမာနာ၊ မင်းဖြစ်ကုန်လျက်လည်း။ တဿ၊ ထိုသူ၏။ ဗဟုပကာရံ၊ ကျေးဇူးများသည်၏ အဖြစ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ အဓိဝါသေမ၊ သည်းခံကုန်အံ့။ တုယှံ ပန၊ မင်းလည်း မဟုတ်သော သင့်အားမူကား။ အရညော၊ မင်းမဟုတ်သည်။ သတောပိ၊ ဖြစ်လျက်လည်း။ အဓိဝါသနဘာရော၊ သည်းခံခြင်းဟူသော ဝန်သည်။ ဇာတော၊ ဖြစ်၏။
ဟိ သစ္စံ၊ မှန်၏။ အင်္ဂသမ္ပန္နော၊ အင်္ဂါနှင့်ပြည့်သော။ သဗ္ဗေပိ၊ အလုံးစုံကုန်သော။ ဂုဏကောဋ္ဌာသေဟိ၊ ဂုဏ်အစုတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ပုရိသော နာမ၊ ယောက်ျားမည်သည်ကို။ ဒုလ္လဘော၊ ခဲယဉ်းသဖြင့်။ ဝါ- ဆင်းရဲသဖြင့် ရအပ် ၏။ ဝါ- ရခဲ၏။ တေန ကာရဏေန၊ ထိုအကြောင်းကြောင့်။ အသ္မာကံ၊ ငါတို့အား။ ဧဝရူပေသု၊ ဤသို့သဘောရှိကုန်သော။ ဌာနေသု၊ အရာတို့၌။ အဓိဝါသနခန္တိယေဝ၊ အဓိဝါသနခန္တီသည်သာလျှင်။ ရုစ္စတိ၊ နှစ်သက်ခြင်းကို ဖြစ်စေ၏။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ ဂါထာ၏အနက်တည်း။
အမစ္စော၊ အမတ်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သန္ဓာယ၊ ရည်၍။ ရညော၊ မင်း၏။ ဝုတ္တဘာဝံ၊ ဆိုအပ်သည်၏အဖြစ်ကို။ ဉတွာ၊ သိ၍။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ အန္တေပုရေ၊ နန်းတွင်း၌။ ပဋိဿိတုံ၊ ပြစ်မှားအံ့သောငှါ။ န ဝိသဟိ၊ မဝံ့တော့ပေ။ သော၊ ထိုအမတ်ကို။ သေဝကောပိ၊ ခစားသော ယောက်ျားသည် လည်း။ အဿ ရညော၊ ထိုမင်းအား။ အာရောစိတဘာဝံ၊ ကြားလျှေက်အပ်သည်၏ အဖြစ်ကို။ ဉတွာ၊ သိ၍။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ တံ ကမ္မံ၊ ထိုအမှုမျိုးကို။ ကာတုံ၊ နောက်တစ်ဖန်ပြုအံ့သောငှါ။ န ဝိသတိ၊ မဝံ့တော့။
သတ္ထာ၊ မြတ်စွာဘုရားသည်။ ဣမံ ဓမ္မဒေသနံ၊ ဤဓမ္မဒေသနာကို။ အာဟရိတွာ၊ ဆောင်တော်မူ၍။
“မဟာရာဇ၊ မင်းမြတ်။ ဧတ ရဟိ၊ ၌။ အဟမေဝ၊ ငါဘုရားသည်သာလျှင်။ တဒါ၊ ထိုစဉ်အခါတုန်းက။ ဗာရာဏသိ ရာဇာ၊ ဗာရာဏသီမင်းသည်။ အဟောသိ၊ ဖြစ်ခဲ့ဖူးပြီ။” ဣတိ၊ ဤသို့။ ဇာတကံ၊ ကို။ သမောဓာနေသိ၊ ပေါင်းတော်မူပြီ။
သောပိ အမစ္စော၊ ထိုအမတ်သည်လည်း။ ရညော၊ ကောသလမင်းသည်။ သတ္ထု၊ မြတ်စွာဘုရားအား။ ကထိတဘာဝံ၊ လျှောက်အပ်သည်၏ အဖြစ်ကို။ ဉတွာ၊ သိ၍။ တတော၊ ထိုအခါမှ။ ပဋ္ဌာယ၊ စ၍။ တံ ကမ္မံ၊ ထိုအမှုမျိုးကို။ ကာတုံ၊ နောက်တစ်ဖန်ပြုအံ့သောငှါ။ နာသက္ခိ၊ မဝံ့တော့ပြီ။ ဝါ- မစွမ်းနိုင်တော့ပြီ။ ဣတိ ဣဒံ ပရိသမာပနံ ဒဋ္ဌဗ္ဗံ။
ပဉ္စမာ၊ သော။ ခန္တိဝဏ္ဏဇာတကဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။