သတ္ထာ၊ နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်။
“သဗ္ဗော ဇနော”တိအာဒိနာ၊ “သဗ္ဗော ဇနော”ဤသို့အစရှိသော။
ဂါထာပဒေန၊ ဖြင့်။
ပဋိမဏ္ဍိတံ၊ အပ်သော။
ဣဒံ၊ ဤမဟာပိင်္ဂလဇာတ်ကို။
ဇေတဝနေ၊ ၌။
ဝိဟရန္တော၊ မူစဉ်။
ဒေဝဒတ္တံ၊ ဒေဝဒတ်ကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
ကထေသိ၊ ဟောတော်မူ(၏)ပြီ။
ဒေဝဒတ္တေ၊ ဒေဝဒတ်သည်။
သတ္ထရိ၊ မြတ်စွာဘုရားအပေါ်၌။
အာဃာတံ၊ ရန်ငြိုးကို။
ဗန္ဓိတွာ၊ ဖွဲ့၍။
နဝမာသစ္စယေန၊ ကိုးလ လွန်သဖြင့်။
ဇေတဝနဒွါရကောဋ္ဌကေ၊ ဇေတဝန်ကျောင်းတော် တံခါးမုခ်ဦး၌။
ပထဝိယံ၊ မြေ၌။
နိမုဂ္ဂေ၊ မြုပ်သည်ရှိသော်။
ဝါ- မျိုသည်ရှိသော်။
ဇေတဝနဝါသိနော စ၊ ဇေတဝန်ကျောင်းတော်၌ နေကုန်သောသူတို့သည်လည်းကောင်း။
သကလရဋ္ဌဝါသိနော စ၊ တိုင်းအလုံး၌ နေကုန်သောသူတို့သည်လည်းကောင်း။
“ဗုဒ္ဓပဋိကဏ္ဋကော၊ ဘုရားရှင်၏ ရန်စူးရန်ငြှောင့်ဖြစ်သော။
ဒေဝဒတ္တော၊ ဒေဝဒတ်ကို။
ပထဝိယာ၊ မြေကြီးသည်။
ဂိလိတော၊ မျိုအပ်၏။
ဒါနိ၊ ယခု။
သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
နိဟတပစ္စာမိတ္တော၊ ပျောက်ကင်းသော ရန်သူရှိသည်။
ဇာတော၊ ဖြစ်၏”။
ဣတိ၊ ဤသို့။
တုဋ္ဌဟဋ္ဌာ၊ နှစ်သက်ရွှင်လမ်းခြင်း ရှိကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
တေသံ၊ ထိုသူ၏။
ကထံ၊ စကားကို။
ပရမ္ပရဃောသေန၊ အဆင့်ဆင့်သော အသံဖြင့်။
သုတွာ၊ ကြား၍။
သကလဇမ္ဗုဒီပဝါသိနော၊ ဇမ္ဗူဒီပါ ကျွန်းအလုံး၌ နေကုန်သော။
ယက္ခဘူတ-ဒေဝဂဏာ စ၊ ဘီလူး, ဘုမ္မစိုး, ရုက္ခစိုးနတ် အပေါင်း တို့သည်လည်း။
တုဋ္ဌဟဋ္ဌာဧဝ၊ နှစ်သက်ရွှင်လမ်းကုန်သည်သာလျှင်။
အဟေသုံ၊ ကုန်ပြီ။
အထ၊ ၌။
ဧကဒိဝသံ၊ တစ်နေ့သ၌။
ဘိက္ခူ၊ တို့သည်။
ဓမ္မသဘာယံ၊ တရားသဘင်၌။
“အာဝုသော၊ ငါ့ရှင့်တို့။
ဒေဝဒတ္တေ၊ သည်။
ပထဝိယံ၊ ၌။
နိမုဂ္ဂေ၊ နစ်မြုပ်သည်ရှိသော်။
ဝါ- မျိုသည်ရှိသော်။
“ဗုဒ္ဓပဋိကဏ္ဋကေ၊ ဘုရားသခင်၏ ရန်စူးရန်ငြှောင့်ဖြစ်သော။
ဒေဝဒတ္တော၊ ကို။
ပထဝိယာ၊ မြေကြီးသည်။
ဂိလိတော၊ မျိုအပ်၏”။
ဣတိ၊ ဤသို့။
မဟာဇနော၊ လူများသည်။
အတ္တမနော၊ နှစ်သက်သော စိတ်ရှိသည်။
ဇာတော၊ ဖြစ်၏”
ဣတိ၊ ဤသို့။
ကထံ၊ ကို။
သမုဋ္ဌာပေသုံ၊ ဖြစ်စေကြကုန်ပြီ။
သတ္တာ၊ သည်။
အာဂန္တွာ၊ တော်မူ၍။
“ဘိက္ခဝေ၊ တို့။
ဧတရဟိ၊ ၌။
တုမှေ၊ တို့သည်။
ကာယ၊ သော။
ကထာယ၊ ဖြင့်။
သန္နိသိန္နာ၊ ကုန်သည်။
အတ္ထ နု၊ ကုန်သနည်း”။
ဣတိ၊ ဤသို့။
ပုစ္ဆိတွာ၊ မူ၍။
“ဘန္တေ၊ အရှင်ဘုရား။
မယံ၊ တို့သည်။
ဧတရဟိ၊ ၌။
ဣမာယ နာမ၊ ဤမည်သော စကားဖြင့်။
သန္နိသိန္နာ၊ စည်းဝေးကြကုန်သည်။
အမှ၊ ဖြစ်ပါကုန်၏”။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ သော်။
“ဘိက္ခဝေ၊ တို့။
ဣဒါနေဝ၊ ၌သာလျှင်။
ဒေဝဒတ္တေ၊ သည်။
မတေ၊ သေသည် ရှိသော်။
မဟာဇနော၊ လူများအပေါင်းသည်။
တုဿတိစေဝ၊ နှစ်လည်း နှစ်သက်၏။
ဟသတိ စ ဧဝ၊ ရွှင်လည်း ရွှင်လန်းသည်။
န၊ မဟုတ်သေး။
ပုဗ္ဗေပိ၊ ရှေး၌လည်း။
တုဿတိ စေဝ၊ နှစ်လည်း နှစ်သက်၏။
ဟသတိ စ၊ ရွှင်လည်း ရွှင်လန်းသလျှင်ကတည်း”။
ဣတိ၊ ဤသို့။
ဗတွာ၊ မူ၍။
အတီတံ၊ ကို။
အာဟရိ၊ မူပြီ။
အတီတေ၊ လွန်လေပြီးသော အခါ၌။
ဗာရာဏသိယံ၊ ၌။
မဟာ ပိင်္ဂလော နာမ၊ မဟာပိင်္ဂလအမည်ရှိသော။
ရာဇာ၊ မင်းသည်။
အဓမ္မေန၊ မတရားသဖြင့်။
ဝိသမေန၊ မညီညွတ်သဖြင့်။
ရဇ္ဇံ၊ ကို။
ကာရေသိ၊ ပြု(၏)ပြီ။
ဆန္ဒာဒိဝသေန၊ ချစ်ခြင်းအစရှိသည်တို့၏အစွမ်းဖြင့်။
ပါပကမ္မာနိ၊ မကောင်းမှုတို့ကို။
ကရောန္တော၊ လျက်။
ဒဏ္ဍဗလိဇယ်ကဟာပဏာဒိဂ္ဂဟဏေန၊ ရာဇဝတ်မင်းဒဏ်ပေးခြင်း အခွန်အတုတ်ယူခြင်း, ရွေ့ရှားစေခြင်း, အသပြာယူခြင်း အစရှိသည်ကိုပြုသဖြင့်။
ဝါ- ရာဇဝတ် မင်းဒဏ်ပေးခြင်း, အခွန်အတုတ်ယူခြင်း, ရွေ့ရှားစေခြင်း အသပြာအစရှိသည်ကို ယူခြင်းဖြင့်။
ဥစ္ဆုယန္တေ၊ ကြံညှစ်ယန္တရား၌။
ဥစ္ဆုံ၊ ကြံကို။
ပီဠိတိ ဝိယ၊ ညှစ်သကဲ့သို့။
မဟာဇနံ၊ လူများ အပေါင်းကို။
ကက္ခဠော၊ ကြမ်းတမ်းသည်ဖြစ်၍။
ဖရုသော၊ ရုန့်ရင်းသည်ဖြစ်၍။
သာဟ သိကော၊ နိုင်ထက်ကလူ မူတတ်သည်ဖြစ်၍။
ပီဠိသိ၊ နှိပ်စက်(၏)ပြီ။
ပရေသု၊ သူတစ်ပါး တို့၌။
အဿ၊ ထိုမဟာပိင်္ဂလမင်း၏။
အနုဒ္ဒယာမတ္တမ္ပိ နာမ၊ အနည်းငယ်မျှသော သနားခြင်း မည်သည်။
နတ္ထိ၊ မရှိ။
ဂေဟေ၊ အိမ်၌။
ဣတ္တီနမ္ပိ၊ မိန်းမတို့သည် လည်းကောင်း။
ပုတ္တဓီတာနမ္ပိ၊ သားသမီးတို့သည်လည်းကောင်း။
အမစ္စဗြာဟ္မဏ ဂဟပတိကာဒီနမ္ပိ၊ အမတ်ပုဏ္ဏား သူကြွယ်စသူတို့သည်လည်းကောင်း။ အပ္ပိယော= မချစ်အပ်သည်။
အမနာပေါ၊ မနှစ်သက် အပ်သည်။
ဟောတိ၊ ဖြစ်၏။
အက္ခမှိ၊ မျက်စိ၌။
ပတိတရဇံ ဝိယ၊ ကျသောမြူကဲ့သို့လည်း ကောင်း။
ဘတ္တပိဏ္ဍေ၊ ထမင်းဆုပ်၌။
သက္ခရာ ဝိယ၊ ကျသော ကျောက်စရစ်ကဲ့သို့လည်း ကောင်း။
ပဏှိံ၊ ဖနောင့်ကို။
ဝိဇ္ဈိတွာ၊ စူး၍။
ပဝိဋ္ဌကဏ္ဋကော ဝိယ၊ ဝင်သော ဆူးကဲ့သို့ လည်းကောင်း။
အဟောသိ၊ ဖြစ်(၏)ပြီ။
တဒါ၊ ထိုအခါ၌။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
မဟာပိင်္ဂလဿ၊ မဟာပိင်္ဂလမင်း၏။
ပုတ္တော၊ သည်။
ဟုတွာ၊ ဖြစ်၍။
နိဗ္ဗတ္တိ၊ ဖြစ်(၏)ပြီ။
မဟာပိင်္ဂလော၊ မဟာပိင်္ဂလမင်းသည်။
ဒီဃရတ္တံ၊ ရှည်မြင့် စွာသော နေညဉ့် ပတ်လုံး။
ရဇ္ဇံ၊ မင်းအဖြစ်ကို။
ကာရေတွာ၊ ပြု၍။
ကာလံ၊ သေခြင်းကို။
အကာသိ၊ ပြုလေပြီ။
တသ္မိံ၊ ထိုမဟာပိင်္ဂလမင်းသည်။
ကာလကတေ၊ သေသည် ရှိသော်။
သကလဗာရာဏသိဝါသိနော၊ ဗာရာဏသီတစ်ပြည်လုံး၌ နေသော သူတို့သည်။
ဟဋ္ဌတုဋ္ဌာ၊ နှစ်သက်ရွှင်လန်းကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
မဟာဟသိတံ၊ သည်းစွာသော ရယ်ခြင်းကို။
ဟသိတွာ၊ ရယ်ကုန်၍။
ဒါရူနံ၊ ထင်း ပို့၏။
သကဋသဟဿန၊ လှည်းအထောင်ဖြင့်။
မဟာပိင်္ဂလံ၊ မဟာပိင်္ဂလမင်းကို။
ဝါ- မင်း၏ အလောင်းကို။
ဈာပေတွာ၊ သင်္ဂြိုဟ်ကုန်၍။
အနေကေဟိ၊ များစွာ ကုန်သော။
ဃဋသဟဿဟိ၊ ရေအိုးအထောင်တို့ဖြင့်။
အာဠာဟနံ၊ သင်းချိုင်း မီးကို။
နိဗ္ဗာပေတွာ၊ ငြိမ်းစေ၍။
ဗောဓိသတ္တံ၊ ဘုရားလောင်းကို။
ရဇ္ဇေ၊ မင်းအဖြစ်၌။
အဘိသိဒ္ဓိတွာ၊ အဘိသိက်သွန်းကုန်၍။
“နော အမှေဟိ၊ ငါတို့သည်။
ဓမ္မိကော၊ တရားစောင့် သော။
ရာဇာ၊ မင်းကို။
လဒ္ဓေါ၊ ရအပ်ပြီ”။
ဣတိ၊ သို့။
ဟဋ္ဌတုဋ္ဌာ၊ နှစ်သက်ရွှင်လန်းကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
နဂရေ၊ မြို့၌။
ဥဿဝဘေရိံ၊ ပွဲခံကြောင်းစည်ကို။
စရာပေတွာ၊ လည်စေ၍။
သမုဿိတဓဇပဋာကံ၊ စိုက်အပ်သော တံခွန် ကုက္ကားရှိသည်။
ဟုတွာ၊ ဖြစ်၍။
နဂရံ၊ ကို။
အလင်္ကရိတွာ၊ တန်ဆာဆင်၍။
ဒွါရေ ဒွါရေ၊ တံခါးတိုင်း တံခါးတိုင်း။
မဏ္ဍပံ၊ မဏ္ဍပ်ကို။
ကာရေတွာ၊ ဆောက်လုပ် စေ၍။
ဝိပ္ပကိဏ္ဏလာဇကုသုမ မဏ္ဍိတတလေသု၊ ဖရိုဖရဲကြဲအပ်သော ပေါက်ပေါက် ပန်းတို့ဖြင့် တန်ဆာဆင်အပ်သော အပြင်ရှိကုန်သော။
အလင်္ကတမဏ္ဍပေသု၊ တန်ဆာဆင်အပ်သော မဏ္ဍပ်တို့၌။
နိသီဒိတွာ၊ နေကုန်၍။
ခါဒိံသု စေဝ၊ ခဲလည်း ခဲကုန်၏။
ပဝိံသု စ၊ သောက်လည်း သောက်ကုန်၏။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
အလင်္ကတေ၊ တန်ဆာဆင်အပ်သော။
မဟာ တလေ၊ ပြာသာဒ်အပြင်၌။
သမုဿိတသေတစ္ဆတ္တဿ၊ စိုက်ထောင်အပ်သော ထီးဖြူ ရှိသော။
ပလ္လင်္ကဝရဿ၊ မြတ်သော ပလ္လင်၏။
ဝါ- ပလ္လင်မြတ်၏။
မဇ္ဈေ၊ အလယ်၌။
မဟာ ယသံ၊ များစွာသော စည်းစိမ်ကို။
ဝါ- များစွာသော အခြံအရံ စည်းစိမ်ကို။
အနုဘဝန္တော၊ ခံစားလျက်။
နိသီဒိ၊ နေ၏။
အမစ္စာ စ၊ အမတ်တို့သည်လည်းကောင်း။
ဗြာဟ္မဏဂဟပတိ ရဋ္ဌိကဒေါဝါရိကာဒယော စ၊ ပုဏ္ဏား, သူကြွယ်, တိုင်း၌နေသောသူ, တံခါးစောင့် အစရှိသော သူတို့သည်လည်းကောင်း။
ရာဇာနံ၊ မင်းကို။
ပရိဝါရေတွာ၊ ခြံရံ၍။
အဋ္ဌံသု၊ တည်ကုန်၏။
အထ၊ ထိုအခါ၌။
ဧကော၊ တစ်ယောက်သော။
ဒေါဝါရိကော၊ တံခါးစောင့်သည်။
နာတိ ဒူရေ၊ မဝေးလွန်းသော အရပ်၌။
ဌတွာ၊ တည်၍။
အသဿန္တော၊ ပြင်းစွာသော ထွက်သက်ကို ဖြစ်စေလျက်။
ပဿသန္တော၊ ပြင်းစွာသော ဝင်သက်ကို ဖြစ်စေလျက်။
ပရောဒိ၊ ငို၏။
ဗောဓိ သတ္တော၊ ဘုရားလောင်းသည်။
တံ၊ ထိုတံခါးစောင့်ကို။
သမ္မ ဒေါဝါရိက၊ အဆွေ တံခါးစောင့်။
မမ၊ ငါ၏။
ပိတရိ၊ အဖသည်။
ကာလကတေ၊ သေသည်ရှိသော်။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်။
တုဋ္ဌပဟေဋ္ဌာ၊ နှစ်သက်ကုန်သည် အပြားအားဖြင့် ရွှင်လန်းကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ဥဿဝံ၊ ပွဲလမ်းသဘင်ကို။
ကီဠန္တာ၊ ကစားကုန်လျက်။
ဝိစရန္တိ၊ သွားလာကုန်၏။
တွံ ပန၊ သင် တမူကား။
ရောဒမာနော၊ ငိုလျက်။
ဌိတော၊ တည်၏။
မမ၊ ငါ၏။
ပိတာ၊ ခမည်းတော်ကို။
ခေါ၊ စင်စစ်။
တဝေဝေ၊ သင်သည်သာလျှင်။
ပိယော၊ ချစ်အပ်သည်။
မနာပေါ၊ မြတ်နိုးအပ်သည်။
အဟောသိ နု ခေါ၊ ဖြစ်သလော”။
ဣတိ၊ ဤသို့။
ပုစ္ဆန္တော၊ မေးလိုရကား။
“သဗ္ဗော ဇနော။ပ။ ဒွါရပါလာ”တိ၊ ဟူ၍။
ဝါ- ဟူသော။
ပဌမံ၊ ရှေးဦးစွာသော။
ဂါထံ၊ ကို။
အာဟ၊ ဆို၏။
ဘော ဒွါရပါလ၊ အို တံခါးစောင့်။
ပိင်္ဂလေန၊ ပိင်္ဂလမင်းသည်။
သဗ္ဗော၊ အလုံးစုံသော။
ဇနော၊ တိုင်းသူပြည်သူအပေါင်းကို။
ဟိသိတော၊ ညှဉ်းဆဲအပ်၏။
တသ္မိံ၊ ထိုပိင်္ဂလမင်းသည်။
မတေ၊ သေသည်ရှိသော်။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဇနာ၊ တိုင်းပြည်သူတို့သည်။
ပစ္စယာ ပီတိယော၊ နှစ်သက်ခြင်းတို့ကို။
ဝေဒယန္တိ၊ ခံစားကြကုန်၏။
တေ၊ သင်သည်တမူကား။
အကဏှနေတ္တော၊ မျက်နက်မရှိကြောင်သည် အတိဖြစ်၍ အကဏှနေတ္တဟု ဆိုအပ်သော ပိင်္ဂလမင်းကို။
ပိယာ နု၊ ချစ်အပ်သလော။
တွံ၊ သင်သည်။
ကသ္မာ၊ အဘယ့်ကြောင့်။
ရောဒသိ နု၊ ရှိုက်ကြီးငင်ကြီး ငိုဘိသနည်း။
တတ္ထ၊ ထိုသဗ္ဗော ဇနော စသော ဂါထာ၌။
ဟိံသိတောတိ၊ ဟူသည်ကား။
နာနပ္ပ ကာရေဟိ၊ အထူးထူးအပြားပြားကုန်သော။
ဒဏ္ဍဗလိအာဒီဟိ၊ ရာဇဝတ်မင်းဒဏ်ပေးခြင်း အခွန်အတုတ်ယူခြင်း အစရှိသည်တို့ဖြင့်။
ပီဠိတော၊ နှိပ်စက်အပ်၏။
ပိင်္ဂလေနာတိ၊ ဟူသည်ကား။
ပိင်္ဂလက္ခေန၊ မျက်နက်ဝန်းမရှိ ကြောင်သော မျက်စိရှိသော ပိင်္ဂလမင်းသည်။
ကိရ၊ အဆင့်စကား ကြားရဖူး သည်ကား။
တဿ၊ ထိုပိင်္ဂလမင်းအား။
ဒွေပိ၊ နှစ်လုံးလည်း ဖြစ်ကုန်သော။
နိဗ္ဗိဒ္ဓပိင်္ဂလာနိ၊ ထုတ်ခြင်းထွင်းဖောက်သဖြင့် ကြောင်ကုန်သော။
အက္ခီနိ၊ မျက်စိ တို့သည်။
ဗိဠာရက္ခိဝဏ္ဏနာနိ၊ ကြောင်မျက်လုံး အဆင်းရှိကုန်သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
တေနေဝ၊ ထို့ကြောင့်သာလျှင်။
အဿ၊ ထိုမင်းအား။
“ပိင်္ဂလော”တိ နာမံ၊ “ပိင်္ဂလ” ဟူသော အမည်ကို။
အကံသုကိရ၊ မှည့်ကြကုန်သတတ်။
(ကိရသဒ္ဒါ ဤအတိုင်းလည်း ပေးနိုင်သည်)
ပစ္စယာ ဝေဒယန္တီတိ၊ ဟူသည်ကား။
ပီတိယော၊ နှစ်သက်ခြင်းတို့ကို။
ပဝေဒယန္တိ၊ အပြားအားဖြင့် ခံစားအပ်ကုန်၏။
အကဏှ- နေတ္တောတိ၊ ဟူသည်ကား။
ပိင်္ဂလနေတ္တော၊ မျက်နက်ဝန်းမရှိ ကြောင်သော မျက်စိရှိသော ပိင်္ဂလမင်းကို။
ကသ္မာ နု တွန္တိ၊ ဟူသည်ကား။
ကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။
တွံ၊ သင်သည်။
ရောဒသိ နု၊ ရှိုက်ကြီးတငင်ငင် ငိုဘိ သနည်း။
အဋ္ဌကထာယံ ပန၊ ရှေးအဋ္ဌကထာ၌ကား။
“ကသ္မာ တုဝ”န္တိ၊ “ကသ္မာတုဝံ”ဟူ၍။
ပါဌော၊ ပါဌ်တစ်မျိုးသည်။
အတ္ထိ၊ အချို့ပေစာတို့၌ ရှိသေး၏။
သော၊ ထိုတံခါးစောင့်သည်။
တဿ၊ ထိုဘုရားလောင်း၏။
ဝစနံ၊ စကားကို။
သုတွာ၊ ကြား၍။
“မဟာရာဇ၊ မြတ်သော မင်းကြီး။
အဟံ၊ အကျွန်ုပ်သည်။
“မဟာ- ပိင်္ဂလော၊ မဟာပိင်္ဂလမင်းသည်။
မတော”တိ၊ သေပြီ”ဟူ၍။
သောကေန၊ စိုးရိမ်ခြင်း ကြောင့်။
ရောဒါမိ၊ ငိုသည်ကား။
န၊ မဟုတ်။
န ရောဒါမိ၊ မငို။
မေ၊ အကျွန်ုပ်၏။
သီသဿ၊ ဦးခေါင်းအား။
သုခံ၊ ချမ်းသာခြင်းသည်။
ဇာတံ၊ ဖြစ်ပေပြီ။
ဟိ၊ ထိုစကားသည် မှန်၏။
ပိင်္ဂလရာဇာ၊ ပိင်္ဂလမင်းသည်။
ပါသာဒါ၊ ပြာသာဒ်မှ။
ဩတရန္တော စ၊ သက်သော်လည်းကောင်း။
အာရောဟန္တော စ၊ တက်သော် လည်းကောင်း။
ကမ္မာရမုဋ္ဌိကာယ၊ ပန်းပဲတို့၏ပေတူဖြင့်။
ပဟရန္တော ဝိယ၊ ရိုက်ဘိ သကဲ့သို့။
မယှံ၊ အကျွန်ုပ်၏။
သီသေ၊ ဦးခေါင်း၌။
အဋ္ဌဋ္ဌ၊ ရှစ်ချက်ရှစ်ချက်ကို။
ခဋကေ၊ ရိုက်ခြင်းကို။
ဒေတိ၊ ပေး၏။
သော၊ ထိုပိင်္ဂလမင်းသည်။
ပရလောကံ၊ တမလွန် ဘဝသို့။
ဂန္ဒာပိ၊ လား၍လည်း။
မမ၊ ငါ၏။
သီသေ၊ ဦးခေါင်း၌။
ဒဒမာနောဝိယ၊ ရိုက်ခြင်းကို ပေးဘိသကဲ့သို့။
နိရယပါလာနမ္ပိ၊ ငရဲစောင့်တို့၏လည်းကောင်း။
ယမဿပိ၊ ယမမင်း၏ လည်းကောင်း။
သီသေ၊ ဦးခေါင်း၌။
ခဋကေ၊ ရိုက်ခြင်းတို့ကို။
ဒဿတိ၊ ပေးလတံ့။
အထ၊ ထိုငရဲထိန်းတို့၏ဦးခေါင်း၌ ရိုက်ခြင်းကို ပေးလတ်သည်ရှိသော်။
နံ၊ ထိုပိင်္ဂလမင်းကို။
တေ၊ ထိုငရဲထိန်းတို့သည်။
“အယံ၊ ဤမင်းသည်ကား။
အမှေ၊ ငါတို့ကို။
အတိဝိယ၊ အလွန်လျှင်။
ဗာဓတိ၊ ညှဉ်းဆဲ၏”။
ဣတိ၊ ဤသို့။
စိန္တေတွာ၊ တွေး၍။
ပုန၊ တစ်ဖန်။
ဣဓေဝ၊ ဤအရပ်သို့ သာလျှင်။
အာနေတွာ၊ ပို့လိုက်ကုန်၍။
ဝိဿဇ္ဇေယျုံ၊ လွှတ်လိုက်ကုန်ရာ၏။
အထ၊ ထိုသို့ လွှတ်လိုက်သည်ရှိသော်။
သော၊ ထိုပိင်္ဂလမင်းသည်။
ပုနပိ၊ တစ်ဖန်လည်း။
မေ၊ အကျွန်ုပ်၏။
သီသေ၊ ဦးခေါင်း၌။
ခဋကေ၊ ရိုက်ခြင်းတို့ကို။
ဒဒေယျ၊ ပေးတန်ရာ၏။
ဣတိ၊ ဤသို့တွေး၍။
ဘယေန၊ ကြောက်ခြင်းကြောင့်။
အဟံ၊ သည်။
ရောဒါမိ၊ ငိုပါ၏”။
ဣတိ၊ ဤသို့။
ဣမမတ္ထံ၊ ဤသို့သော အနက်အဓိပ္ပါယ်ကို။
ပကာသေန္တော၊ ပြလို၍။
“န မေ ပိယောအာသိ။ပ။ ပုန ဣဓာတိ၊ ဟူ၍။
ဝါ- ဟူသော။
ဒုတိယံ၊ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။
ဂါထံ၊ ကို။
အာဟ၊ ဆို၏။
မဟာရာဇ၊ မြတ်သော မင်းကြီး။
မေ၊ အကျွန်ုပ်သည်။
အကဏှ- နေတ္တော၊ ပိင်္ဂလမင်းကို။
ပိယော၊ ချစ်အပ်သည်။
န အာသိ၊ မဖြစ်။
သော၊ ထိုပိင်္ဂလ မင်းသည်။
ဣတော၊ ဤဘဝမှ။
ဂတော၊ တမလွန်ဘဝသို့ ရောက် သည်ရှိသော်။
မစ္စုရာဇံ၊ သေမင်းကို။
ဝါ- ငရဲမင်းကို။
ဟိံသေယျ၊ ညှဉ်းဆဲရာ၏။
ဟိံသိတော၊ ညှဉ်းဆဲခြင်းကြောင့်။
တံ၊ ထိုပိင်္ဂလမင်းကို။
မစ္စုရာဇာ၊ သေမင်းသည်။
ဣဓ၊ ဤအရပ်သို့။
ပုန၊ တစ်ဖန်။
အာနယေယျ၊ ပို့လာပြန်ရာ၏။
တဿ၊ ထိုပိင်္ဂလ မင်း၏။
ပစ္စာဂမနာယ၊ တစ်ဖန်ပြန်၍ လာခြင်းမှ။
ဘာယာမိ၊ ကြောက်၏။
အထ၊ ထိုအခါ၌။
နံ၊ ထိုတံခါးစောင့်ကို။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
“သော ရာဇာ၊ ထိုပိင်္ဂလမင်းကို။
ဒါရူနံ၊ ထင်းတို့၏။
ဝါဟသဟဿန၊ အစီး တစ်ထောင်ဖြင့်။
ဒဍ္ဎော၊ သင်္ဂြိုဟ်အပ်လေပြီ။
ဥဒကဃဋသတေဟိ၊ ရေအိုး အရာ တို့ဖြင့်။
သိတ္တော၊ သင်းချိုင်းကို သွန်းလောင်းအပ်လေပြီ။
အဿ၊ ထိုသဂြိုဟ်အပ်ပြီးသော ပိင်္ဂလမင်း၏။
သာပိ အာဠာဟနဘူမိ၊ ထိုသင်းချိုင်းမြေကိုလည်း။
သမန္တတော၊ ထက်ဝန်းကျင်မှ။
ခတာ၊ တူးဆွအပ်လေပြီ။
ပကတိယာပိ၊ ပြကတေ့ အားဖြင့်လည်း။
ပရလောကံ၊ တမလွန်ဘဝသို့။
ဂတာ နာမ၊ သွားကုန်သောသူတို့ မည်သည်။
အညတ္ထ၊ တစ်ပါးသော ဘဝ၌။
ဂတိဝသာ၊ လားရာဂတိ၏ အစွမ်းဖြင့်။
ပုန၊ တစ်ဖန်။
တေနေဝ သရီရေန၊ ထိုကိုယ်ခန္ဓာဖြင့်သာလျှင်။
န ဂစ္ဆန္တိ၊ မလာနိုင်ကုန်။
တွံ။ သင်သည်။
မာ ဘာယိ၊ မကြောက်လင့်”။
ဣတိ၊ ဤသို့။
တံ၊ ထိုတံခါးစောင့်ကို။
သမဿာသေန္တော၊ နှစ်သိမ့်စေလျက်။
“ဒနော။ပ။ နာဂမိဿတီ”တိ၊ ဟူ၍။
ဝါ- ဟူသော။
ဣမံ ဂါထံ၊ ဤဂါထာကို။
အာဟ၊ ဆို၏။
ဒေါဝါရိက၊ တံခါးစောင့်။
သော၊ ထိုပိင်္ဂလမင်းကိုး။
ဝါဟသဟဿေဟိ၊ လှည်းတစ်ထောင်တိုက် ထင်းတို့ဖြင့်။
ဒဍ္ဎော၊ မီးတိုက်အပ်ပြီ။
ဃဋ သတေဟိ၊ ရေအိုးအရာတို့ဖြင့်။
သိတ္တော၊ ရေသွန်အပ်ပြီ။
သာ စ ဘူမိ၊ ထိုသင်းချိုင်း မြေကိုလည်း။
ပရိက္ခတာ၊ ထက်ဝန်းကျင်မှ တူးဆွအပ်ပြီ။
တွံ၊ သင်သည်။
မာ ဘာယိ၊ မကြောက် လင့်။
ပိင်္ဂလော၊ ပိင်္ဂလမင်းသည်။
နာဂမိဿတိ၊ မလာနိုင်တော့လတံ့။
တတော၊ ထိုအခါမှ။
ပဋ္ဌာယ၊ စ၍။
ဒေါဝါရိကော၊ တံခါးစောင့်သည်။
အဿာသံ၊ သက်သာရာကို။
ပဋိလဘိ၊ ရလေ၏။
ဗောဓိသတ္တော၊ ဘုရားလောင်း သည်။
ဓမ္မေန၊ တရားသဖြင့်။
ရဇ္ဇံ၊ ကို။
ကာရေတွာ၊ ပြု၍။
ဒါနာဒီနိ၊ အလှူ အစရှိကုန်သော။
ပုညာနိ၊ ကောင်းမှုတို့ကို။
ကတွာ၊ ပြု၍။
ယထာကမ္မံ၊ ကံအား လျော်စွာ။
ဂတော၊ လားလေ၏။
သတ္ထာ၊ သည်။
ဣမံ ဓမ္မဒေသနံ၊ ကို။
အာဟရိတွာ၊ မူ၍။
“ဧတရဟိ၊ ၌။
ဒေဝဒတ္ထော၊ သည်။
တဒါ၊ ၌။
မဟာပိင်္ဂလော၊ မဟာပိင်္ဂလမင်းသည်။
အဟောသိ၊ ခဲ့ဖူးပြီ။
ဧတရဟိ ပန၊ ၌ကား။
အာမေ၀၊ ငါဘုရားသည် သာလျှင်။
တဒါ၊ ၌။
ပုတ္တော၊ ပိင်္ဂလမင်း၏သားသည်။
အဟောသိ၊ ခဲ့ဖူးပြီ”။
ဣတိ၊ ဤသို့။
ဇာတကံ၊ ကို။
သမောဓာနေသိ၊ ပြီ”။
ဣတိ၊ သို့။
ပရိသမာပနံ၊ ကို။
ဒဋ္ဌဗ္ဗံ၊ အပ်၏။
ဒသမာ၊ သော။
မဟာပိင်္ဂလဇာတကဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီး၏။
နဝမော၊ သော။
ဥပါဟနဝဂ္ဂေါ၊ သည်။
နိဋ္ဌိတော၊ ပြီ။
တဿ၊ ထိုဥပါဟနဝဂ်၏။
ဥဒ္ဒါနံ၊ ကား။
ဥပါဟနံ၊ ဥပါဟနဇာတ်လည်းကောင်း။
ဝီဏာထူကံ၊ ဇာတ်။
ဝိကဏ္ဏကံ၊ ဇာတ်။
အသိတာဘူ၊ ဇာတ်။
ဝစ္ဆနခံ၊ ဇာတ်။
ဗကဉ္စေဝ၊ ဇာတ်လည်းကောင်း။
သာကေတဉ္စ၊ သာကေတဇာတ်လည်းကောင်း။
ဧကပဒံ၊ ဇာတ်လည်း ကောင်း။
ဟရိတမာတု၊ ဟရိတမက္ကူကဇာတ်လည်းကောင်း။
ပိင်္ဂလံ၊ ဇာတ်ကိုလည်း ကောင်း။
ဣတိ၊ ကား။
တဿ၊ ထိုဥပါဟနဝဂ်၏။
ဥဒ္ဒါနံ၊ တည်း။