သတ္ထာ၊ နတ်နှင့်တကွသော လောကကို ဆုံးမ တော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်။
“တယောဂိရိ” န္တိ အာဒိကေန၊ “တယော ဂိရိ”ဤသို့အစရှိသော။
ဂါထာပဒေန၊ ဖြင့်။
ပဋိမဏ္ဍိတံ၊ တန်ဆာဆင်အပ်သော။
ဣဒံ၊ ကာမနီတဇာတ်ကို။
ဇေတဝနေ၊ ၌။
ဝိဟာရန္တော၊ မူစဉ်။
ကာမနီတဗြာဟ္မဏံ၊ ကာမနီတအမည်ရှိသော ပုဏ္ဏားကို။
အာရ ဗ္ဘ၊ အကြောင်းပြု၍။
ကထေသိ၊ မူပြီ။
ပစ္စုပ္ပန္နံ၊ ပစ္စုပ္ပန်မည်သော။
ဝတ္ထု စ၊ ဝတ္ထုသည်လည်းကောင်း။
အတီတံ၊ အတိတ်ဖြစ်သော။
ဝတ္ထု စ၊ ဝတ္ထုသည် လည်းကောင်း။
ဒွါဒသကနိပါတေ၊ ဒွါဒသကနိပါတ်၌။
ကာမဇာတကေ၊ ကာမ ဇာတ်၌။
အာဝိ၊ ထင်စွာ။
ဘဝိဿတိ၊ ဖြစ်လတံ့။
ပန၊ အထူးကို ဆိုဦးအံ့။
ဒွီသု၊ နှစ်ယောက်ကုန်သော။
တေသု ရာဇပုတ္တေသု၊ ထိုမင်းသားတို့တွင်။
ဇေဋ္ဌကော၊ မင်းသားကြီးသည်။
အာဂန္တွာ၊ လာလတ်၍။
ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။
ရာဇာ၊ မင်းသည်။
အဟောသိ၊ ဖြစ်(၏)ပြီ။
ကနိဋ္ဌော၊ မင်းသားငယ်သည်။
ဥပရာဇာ၊ အိမ်ရှေ့မင်းသည်။
အဟောသိ၊ ဖြစ်ပြီ။
တေသု၊ ထိုနှစ်ယောက်ကုန်သော မင်း,အိမ်ရှေ့မင်းတို့တွင်။
ရာဇာ၊ မင်းကြီးသည်။
ဝတ္ထုကာမကိလေသာကာမေသု၊ ဝတ္ထုကာမ, ကိလေသကာမတို့၌။
အတိတ္တော၊ မရောင့်ရဲနိုင်။
ဓနလောလော၊ ဥစ္စာအပေါ်၌ လောလီခြင်းရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
တဒါ၊ ထိုအခါ၌။
ဗောဓိသတ္တော၊ ဘုရားလောင်းသည်။
သက္ကော ဒေဝရာဇာ၊ သိကြားနတ်မင်းသည်။
ဟုတွာ၊ ဖြစ်၍။
ဇမ္ဗုဒီပံ၊ ဇမ္ဗူဒိပ်ကို။
ဩလောကေန္တော၊ ကြည့်လတ်သည်ရှိသော်။
တဿ ရညော၊ ထိုမင်း၏။
ဒွီသု၊ နှစ်ပါးကုန်သော။
ကာမေသုပိ၊ ဝတ္ထုကာမ ကိလေသကာမတို့အပေါ်၌လည်း။
အတိတ္တဘာဝံ၊ ရောင့်ရဲခြင်းမရှိသည်၏ အဖြစ်ကို။
ဝါ- မရောင့်ရဲသည်၏အဖြစ်ကို။
ဉတွာ၊ သိ၍။
“ဣမံ ရာဇာနံ၊ ဤမင်းကို။
နိဂ္ဂဏှိတွာ၊ နှိပ်ကွပ်၍။
လဇ္ဇာပေဿာမိ၊ ရှက်စေအံ့။”
ဣတိ၊ ဤသို့။
ဗြာဟ္မဏ မာဏဝဝဏ္ဏေန၊ ပုဏ္ဏားလုလင်၏အသွင်ဖြင့်။
အာဂန္တွာ၊ လာလတ်၍။
ရာဇာနံ၊ မင်းကြီးကို။
ပဿိ၊ ဖူးမြင်(၏)ပြီ။
ရညာ စ၊ မင်းကြီးသည်လည်း။
“မာဏဝ၊ လုလင်။
တွံ၊ သင်သည်။
ကေနတ္ထေန၊ အဘယ်ကိစ္စကြောင့်။
အာဂတော၊ လာသည်။
အသိ၊ ဖြစ်သနည်း။”
ဣတိ၊ ဤသို့။
ဝုတ္တေ၊ မေးလတ်သည် မိန့်လက်သည်ရှိသော်။
“မဟာရာဇ၊ မင်းမြတ်။
အဟံ၊ အကျွန်ုပ်သည်။
ခေမာနိ၊ ဘေးကင်းကုန်သော။
သုဘိက္ခာနိ၊ ဝပြောကုန်သော။
ဝါ- ရလွယ်သော ထမင်းရှိကုန်သော။
ပဟူတဟတ္ထိ- အဿရုတ္ထပတ္တီနိ၊ များစွာသော ဆင်, မြင်း, ရထား, ခြေသည်ရှိကုန်သော။ ဟိရညသုဝဏ္ဏာလင်္ကာရဘရိတာနိ= ဥစ္စာ, ရွှေ ငွေတန်ဆာတို့ဖြင့် ပြည့်ကုန်သော။
တီဏိ နဂရာနိ၊ မြို့ကြီးသုံးမြို့တို့ကို။
ဝါ- သုံးပြည်ထောင်တို့ကို။
ပဿာမိ၊ မြင်ခဲ့၏။
" တာနိ ပန၊ ထိုသုံးပြည်ထောင်တို့ကိုကား။
အပ္ပကေနေဝ၊ အနည်းငယ်သာလျှင် ဖြစ်သော။
ဗလေန၊ စစ်သည်ဗိုလ်ပါဖြင့်။
ဂဏှိတုံ၊ ယူအံ့သောငှါ။
သက္ကာ၊ တတ် ကောင်း၏။
အဟံ၊ အကျွန်ုပ်သည်။
တေ၊ အရှင်မင်းမြတ်အား။
တာနိ၊ ထိုသုံးပြည် ထောင်တို့ကို။
ဂဟေတွာ၊ ယူ၍။
ဒါတုံ၊ ပေးအံ့သောငှါ။
အာဂတော၊ လာခဲ့၏။”
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
“မာဏဝ၊ လုလင်။
ကဒါ၊ အဘယ်အခါ၌။
မယံ၊ ငါတို့သည်။
ဂစ္ဆာမ၊ သွားကုန်အံ့နည်း။”
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
မဟာရာဇ၊ မင်းမြတ်။
သွေ၊ နက်ဖြန်။
မယံ၊ တို့သည်။
ဂစ္ဆာမ၊ သွားကုန်အံ့”။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
တေန ဟိ၊ ထိုသို့ တပြီးကား။
ဂစ္ဆ၊ သွားလေဦးလော့။
ပါတောဝ၊ စောစောကသာလျှင်။
တွံ၊ သင်သည်။
အာဂစ္ဆေယျာသိ၊ ပြန်လာဦးလော့။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
“မဟာ ရာဇ၊ မင်းမြတ်။
သာဓု၊ ကောင်းပြီ။
ဝေဂေန၊ လျင်မြန်စွာ။
ဗလံ၊ ဗိုလ်ပါကို။
သဇ္ဇေဟိ၊ စီရင်ခန့်ထားလော့။”
ဣတိ၊ ဤသို့။
ဝတွာ၊ ဆို၍။
သက္ကော၊ သိကြားမင်းသည်။
သကဋ္ဌာန မေဝ၊ မိမိနေရာ တာဝတိံသာသို့သာလျှင်။
ဂတော၊ ပြန်သွားလေတော့၏။
ရာဇာ၊ မင်းသည်။
ပုနဒိဝသေ၊ နက်ဖြန်နေ့၌။
ဘေရိံ၊ စည်ကို။
စရာပေတွာ၊ လည်စေ၍။
ဗလသဇ္ဇံ၊ ဗိုလ်ပါစီရင်ခြင်းကို။
ကာရေတွာ၊ ပြုစေ၍။
အမစ္စေ၊ အမတ် တို့ကို။
ပက္ကောသာပေတွာ၊ ခေါ်စေ၍။
ဟိယျော၊ ယမန်နေ့က။
ဧကော၊ တစ်ယောက်သော။
ဗြာဟ္မဏမာဏဝေါ၊ ပုဏ္ဏားလုလင်သည်။
“ဥတ္တရပဉ္စာလေ၊ ဥတ္တရာပဉ္စာလမြို့၌လည်းကောင်း။
ဣန္ဒပတ္တေ၊ ဣန္ဒပတ္တမြို့၌လည်းကောင်း။
ကေကကေ၊ ကေကကမြို့၌လည်းကောင်း။
ဣတိ၊ ဤသို့။
တီသု၊ သုံးခုကုန်သော။
ဣမေသု နဂရေသု၊ ဤမြို့တို့၌။
တစ်နည်း၊ ဣမေသု တီသု နဂရေသု= ဤသုံးမြို့တို့၌။
ရဇ္ဇံ၊ မင်းအဖြစ်ကို။
ဂဟေတွာ၊ ယူ၍။
ဒဿာမိ၊ ပေးအံ့။”
ဣတိ၊ သို့။
အာဟ၊ ဆို(၏)ပြီ။
တံ မာဏဝံ၊ ထိုလုလင်ကို။
အာဒါယ၊ ဆောင်ယူ၍။
ဝါ- ခေါ်ယူ၍။
တီသု နဂရေသု၊ သုံးမြို့တို့၌။
ဝါ- သုံးပြည်ထောင်တို့၌။
ရဇ္ဇံ၊ မင်းအဖြစ်ကို။
ဂဏှိဿာမ၊ ယူကုန်အံ့။
ဝေဂေန၊ လျင်မြန်စွာ။
နံ၊ ထိုလုလင်ကို။
တုမှေ၊ တို့သည်။
ပက္ကောသထ၊ ခေါ်ကြကုန်လော့။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
ဒေဝ၊ မင်းမြတ်။
အဿ၊ ထိုလုလင်အား။
နိဝါသော၊ နေရာကို။
ကတ္ထ၊ အဘယ်အရပ်၌။
ဒါပိတော၊ ပေးစေအပ်သနည်း။
ဣတိ၊ သို့။
အာဟ၊ ဆို(၏)ပြီ။
တဿ၊ ထိုလုလင်အား။
မေ၊ ငါသည်။
နိဝါသဂေဟံ၊ နေရာအိမ်ကို။
န ဒါပိတံ၊ မပေးစေအပ်။
ဣတိ၊ သို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
နိဝါသပရိဗ္ဗယော ပန၊ နေစရိတ်ရိက္ခာကိုကား။
ဒိန္နော၊ ပေးအပ် ပြီလော။
ဣတိ၊ သို့။
အာဟံသု၊ ဆိုကြကုန်၏။
သောပိ၊ ထိုနေစရိတ်ရိက္ခာကိုလည်း။
န ဒိန္နော၊ မပေးအပ်ပါ။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
အထ၊ ထိုသို့ မပေးအပ်သည်ရှိသော်။
နံ၊ ထိုလုလင်ကို။
ကဟံ၊ အဘယ်မှာ။
ဝါ- အဘယ်အရပ်၌။
မယံ၊ ငါတို့သည်။
ပဿိဿာမ၊ မြင်ရကုန်အံ့နည်း။
ဣတိ၊ သို့။
အာဟံသု၊ ဆိုကုန်၏။
နဂရဝီထီသု၊ မြို့လမ်းတို့၌။
ဩလောကေထ၊ ကြည့်ကြကုန်လော့။
ဣတိ၊ သို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
တေ၊ ထိုအမတ်တို့သည်။
ဩလောကေန္တာ၊ ကြည့်ကြကုန် သည်ရှိသော်။
အဒိသွာ၊ မမြင်သောကြောင့်။
“မဟာရာဇ၊ မင်းမြတ်။
မယံ၊ တို့သည်။
န ပဿာမ၊ မမြင်ကြပါကုန်”။
ဣတိ၊ သို့။
အာဟံသု၊ ဆိုကြကုန်(၏)ပြီ။
မာဏဝံ၊ လုလင်ကို။
အပဿန္တဿ၊ မမြင်သော။
ရညော၊ မင်းကြီးအား။
“အဟံ၊ ငါသည်။
ဧဝံ၊ ဤသို့။
မဟန္တာ၊ ကြီးစွာသော။
ဣဿရိယာ နာမ၊ စည်းစိမ်ချမ်းသာ အစိုးရသည် မည်သောအဖြစ်မှ။
ပရိဟီနော၊ ယုတ်လျော့ရသည်။
အမှိ နာမ၊ ဖြစ်ဘိ၏”။
ဣတိ၊ သို့။
မဟာသောကော၊ ကြီးစွာသော စိုးရိမ်ခြင်းသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဟဒယဝတ္ထု၊ ဟဒယဝတ္ထုသည်။
ဥဏှံ၊ ပူသည်။
အဟောသိ၊ ဖြစ်(၏)ပြီ။
ဝတ္ထု- လောဟိတံ၊ နှလုံးသွေးသည်။
ကုပ္ပိ၊ ပျက်(၏)ပြီ။
လောဟိတပက္ခန္ဒိကာ၊ ဝမ်းသွေး သွန်ခြင်းသည်။
ဥဒပါဒိ၊ ထင်ရှားဖြစ်၏။
ဝေဇ္ဇာ၊ ဆေးသမားတို့သည်။
တိကိစ္ဆိတုံ၊ ဆေးကုအံ့သောငှါ။
နာသက္ခိံသု၊ မစွမ်းနိုင်ကြတော့ကုန်။
တတော၊ ထို့နောင်မှ။
တီဟစတူဟစ္စယေန၊ သုံးရက်လေးရက်လွန်သဖြင့်။
သက္ကော၊ သိကြားမင်းသည်။
အာဝဇ္ဇမာနော၊ ဆင်ခြင်လတ်သော်။
တဿ၊ ထိုမင်း ၏။
တံ အာဗာဓံ၊ ထိုအနာရောဂါကို။
ဉ တွာ၊ သိ၍။
“နံ၊ ထိုမင်းကို။
တိကိစ္ဆိဿာမိ၊ ဆေးကုအံ့။”
ဣတိ၊ သို့။
ဗြာဟ္မဏဝဏ္ဏေန၊ ပုဏ္ဏားအသွင်ဖြင့်။
အာဂန္တွာ၊ လာလတ် ၍။
ဒွါရေ၊ တံခါး၌။
ဌတွာ၊ ရပ်၍။
“ဝေဇ္ဇဗြာဟ္မဏော၊ ဆေးသမားပုဏ္ဏားသည်။
တုမှာကံ၊ အရှင်မင်းမြတ်တို့အား။
တိကိစ္ဆနတ္ထာယ၊ ဆေးကုအံ့သောငှါ။
အာဂတော၊ လာ၏။”
ဣတိ၊ ဤသို့။
အာရောစာပေသိ၊ ကြားစေ၏။
ရာဇာ၊ မင်းသည်။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
“မဟန္တမဟန္တာ၊ ကြီးမြတ်ကုန်, ကြီးမြတ်ကုန်သော။
ရာဇဝဇ္ဇာ၊ မင်း၏ဆေးသမားတို့သည်။
မံ၊ ငါ့ကို။
တိကိစ္ဆိတုံ၊ ကုစားအံ့သောငှါ။
နာသက္ခိံသု၊ မစွမ်းနိုင်ကုန်။
အဿ၊ ထိုဆေးသမားအား။
ပရိဗ္ဗယံ၊ ရိက္ခာကို။
ဒါပေတွာ၊ ပေးစေ၍။
ဥယျောဇေထ၊ လွှတ်လိုက်ကုန်လော့။”
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
သက္ကော၊ သိကြားမင်းသည်။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
“အဟံ၊ ငါသည်။
နံ၊ ထိုမင်းကို။
တိကိစ္ဆိဿာမိ၊ ဆေးကုအံ့။
မယှံ၊ ငါ့အား။
နိဝါသပရိဗ္ဗယေန၊ နေစရိတ်ရိက္ခာဖြင့်။
နေဝ အတ္ထော၊ အလိုမရှိသည်သာလျှင်ကတည်း။
ဝေဇ္ဇလာဘမ္ပိ၊ ဆေးကုသခကိုလည်း။
အဟံ၊ ငါသည်။
န ဂဏှိဿာမိ၊ မယူအံ့။
ပုန၊ တစ်ဖန်။
ရာဇာ၊ မင်းသည်။
မံ၊ ငါ့ကို။
ပဿတု၊ ရှုမြင်စေသတည်း။”
ဣတိ၊ သို့။
အာဟ၊ ဆို၏။
ရာဇာ၊ မင်းသည်။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
တေနဟိ၊ ထိုသို့တပြီးကား။
အာဂစ္ဆတု၊ လာစေသတည်း။”
ဣတိ၊ သို့။
အာဟ၊ ဆို၏။
သက္ကော၊ သိကြားမင်းသည်။
ပဝိသိတွာ၊ ဝင်၍။
ဇယာပေတွာ။ အောင်စေ၍။
ဧကမန္တံ၊ သင့်တင့်လျောက်ပတ်စွာ။
အဋ္ဌာသိ၊ ရပ်တည် ၏။
ရာဇာ၊ မင်းသည်။
“တွံ၊ သင်သည်။
မံ၊ ငါ့ကို။
တိကိစ္ဆသိ၊ ဆေးကုအံ့လော” ။
ဣတိ၊ သို့။
အာဟ၊ ဆို၏။
ဒေဝ၊ မင်းမြတ်။
အာမ၊ အိမ်း. ကုအံ့။
ဣတိ၊ သို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
တေနဟိ၊ ထိုသို့တပြီးကား။
တိကိစ္ဆဿု၊ ကုလော့။
ဣတိ၊ သို့။
အာဟ၊ ဆို၏။
မဟာရာဇ၊ မင်းမြတ်။
သာဓု၊ ကောင်းပြီ။
ဗျာဓိနော၊ ယခုအနာ၏။
လက္ခဏံ၊ လက္ခဏာကို။
မေ၊ ငါ့အား။
ကထေထ၊ ဆိုကုန်လော့။
ကေန ကာရဏေန၊ အဘယ် အကြောင်းကြောင့်။
ဥပ္ပန္နော၊ ဖြစ်သနည်း။
ခါဒိတံ ဝါ၊ ခဲဖွယ်ကိုလည်းကောင်း။
ပီတံ ဝါ၊ သောက်ဖွယ်ကို လည်းကောင်း။
နိဿာယ၊ မှီ၍။
ဥပ္ပန္နံ ကိံ၊ ဖြစ်လေ သလော။
ဥဒါဟု၊ သို့မဟုတ်မူကား။
ဒိဋ္ဌံ ဝါ၊ မြင်ခြင်းကိုလည်းကောင်း။
သုတံ ဝါ။ ကြားခြင်းကိုလည်းကောင်း။
နိဿာယ၊ မှီ၍။
ဥပ္ပန္နံ ကိံ၊ ဖြစ်လေသလော။
ဣတိ၊ ဤသို့။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
တာတ၊ အရှင် ပုဏ္ဏား။
မယှံ၊ ငါ၏။
ဗျာဓိ၊ အနာသည်။
သုတံ၊ ကြားခြင်းကို။
ဝါ- သုတကို။
နိဿာယ၊ အမှီပြု၍။
ဥပ္ပန္နော၊ ဖြစ်၏။
ဣတိ၊ သို့။
အာဟ၊ ဆို၏။
တာတ၊ အရှင်ပုဏ္ဏား။
ဧကော၊ တစ်ယောက် သော။
မာဏဝေါ၊ လုလင်သည်။
အာဂန္ဒာ၊ လာလက်၍။
မယှံ၊ ငါ့အား။
တီသု နဂရေသု၊ သုံးပြည်ထောင်တို့၌။
ရဇ္ဇံ၊ မင်းအဖြစ်ကို။
ဂဏှိတွာ၊ ယူ၍။
ဒဿာမိ၊ ပေးအံ့။”
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
အဟံ၊ ငါသည်။
တဿ၊ ထိုလုလင်အား။
နိဝါသဋ္ဌာနံ ဝါ၊ နေရာအရပ်ကိုလည်းကောင်း။
နိဝါသပရိဗ္ဗဝါယံ ဝါ၊ နေစရိတ်ရိက္ခာ ကိုလည်းကောင်း။
န ဒါပေသိ၊ မပေးစေမိခဲ့။
သော၊ ထိုလုလင်သည်။
မယှံ၊ ငါ့အား။
ကုဇ္ဈိတွာ၊ အမျက်ထွက်၍။
အညဿ၊ တစ်ပါးသော။
ရညော၊ မင်း၏။
သန္တိကံ၊ အထံသို့။
ဂတော၊ သွားသည်။
ဘဝိဿတိ၊ ဖြစ်လတံ့။
“ဧဝံ၊ ဤသို့။
မဟန္တာ၊ ကြီးစွာသော။
ဣဿရိယာ၊ စည်းစိမ်ချမ်းသာ အစိုးရသည်၏အဖြစ်မှ။
အဟံ၊ ငါသည်။
ပရိဟီနော၊ ဆုတ်ယုတ်ရသည်။
အမှိနာမတိ၊ ဖြစ်ရဘိ၏။
ဝါ- ဖြစ်ရလိမ့် သတည်းဟု။
စိန္တေန္တဿ၊ ကြံသော။
မေ၊ ငါ့အား။
အယံ ဗျာဓိ၊ ဤအနာသည်။
ဥပ္ပန္နော၊ ဖြစ်ရပေ၏။
တွံ၊ သင်သည်။
မေ၊ ငါ၏။
ကာမစိတ္တံ၊ လောဘနှင့် ယှဉ်သော စိတ်ကို။
နိဿာယ၊ မှီ၍။
ဥပ္ပန္နံ၊ ဖြစ်သော။
ဗျာဓိ၊ အနာကို။
တိကိစ္ဆိတုံ၊ ဆေးကု အံ့သောငှါ။
သစေ သက္ကောသိ၊ အကယ်၍ စွမ်းနိုင်အံ့။
ဧဝံ သတိ၊ ဤသို့စွမ်းနိုင်သည် ရှိသော်။
တိကိစ္ဆာဟိ၊ ဆေးကုလော့။”
ဣတိ၊ သို့။
ဧတမတ္ထံ၊ ထိုအနက်အဓိပ္ပါယ်ကို။
ပကာသေန္တော၊ ထင်ရှားပြလိုရကား။
“တယော ဂိရိ။ပ။ ကာမနီတ"န္တိ၊ ဟူ၍။
ဝါ- ဟူသော။
ပဋ္ဌမံ၊ ရှေးဦးစွသော။
ဂါထံ၊ ကို။
အာဟ၊ ဆို၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
တယော ဂိရိံ၊ တုန်လှုပ်စေခြင်းငှါ စွမ်းနိုင်ခဲ သည်၏အဖြစ်ကြောင့် တောင်သဖွယ်ဖြစ်ကုန်သော မြို့သုံးမြို့ တို့ကိုလည်းကောင်း။
ပဉ္စာလာ၊ ဥတ္တရပဉ္စာလတိုင်းလည်းကောင်း။
ကုရုယော၊ ကုရုတိုင်းလည်းကောင်း။
ကေကကေစ၊ ကေကကတိုင်းလည်းကောင်း။
ဣတိ၊ ဤသို့။
အန္တရဉ္စ၊ တိုင်းသုံးတိုင်းကိုလည်းကောင်း။
ကာမယာမိ၊ လိုချင်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
တတုတ္တရိိပိ၊ ထိုဗာရာဏသီမင်းအဖြစ်ထက် အလွန်ဖြစ်သော ပြည်ထောင်ကိုလည်း။
ကာမယာမိ၊ လိုချင်၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
ကာမနီတံ၊ ဝတ္ထုကာမ ကိလေသာကာမ တို့သည် နှိပ်စက်အပ်သော။
မံ၊ ငါ့ကို။
သစေ သက္ကောသိ၊ အကယ်၍ ကုစားနိုင်အံ့။
တိကိစ္ဆ၊ ကုလော့။
တတ္ထ၊ ထိုဂါထာ၌။
တယော ဂိရိန္တိ၊ တယော ဂိရိံဟူသည်ကား။
တယော ဂိရီ၊ တုန်လှုပ်စေခြင်းငှါ စွမ်းနိုင်ခဲသည်၏ အဖြစ်ကြောင့် တောင်သဖွယ် ဖြစ်ကုန်သော မြို့သုံးမြို့ တို့သည်။
ဝါ- တစ်နည်ကား။
အယမေ၀၊ ဤတယောဂီရီ ဟူသော ပါဌ်သည်သာလျှင်။
ပါဌော၊ ပါဌ်သည်။
ဟောတိ၊ ဖြစ်၏။
“သုဒဿနဿ ဂိရိနော ဒွါရံ ဟေတံ ပကာသတီ”တိ ဧတ္ထ၊ ဟူသော ပါဌ်၌။
သုဒဿနံ၊ သုဒဿန မည်သော။
ဒေဝနဂရံ၊ နတ်မြို့ကို။
ယုဇ္ဈိတွာ၊ စစ်ထိုး၍။
ဒုဂ္ဂဏှတာယ၊ ယူနိုင်ခဲသည်၏ အဖြစ် ကြောင့်လည်းကောင်း။
ဒုစ္စလနတာယ၊ တုန်လှုပ်စေခြင်းငှါ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
“သုဒဿနဂီရီ”တိ၊ “သုဒဿနဂိရိ”ဟူ၍။
ဝုတ္တံ ယထာ၊ ဆိုအပ်သကဲ့သို့။
ဧဝံ တထာ၊ ထို့အတူ။
ဣဓာပိ၊ ဤ တယော ဂိရီဟူသော ပါဌ်၌လည်း။
တီဏိ နဂရာနိ၊ သုံးပြည်ထောင်တို့ကို။
“တယော ဂိရိ”န္တိ၊ “တယော ဂီရိ”ဟူ၍။
အဓိပွေတာနိ၊ အလိုရှိအပ်ကုန်၏။
တသ္မာ၊ ထို့ကြောင့်။
အယံ၊ ဤဆိုအပ် လတံ့သည်ကား။
ဧတ္ထ၊ ဤဂါထာ၌။
အတ္ထော၊ အနက်ကို။
ဧဝံ၊ ဤသို့။
ဝေဒိတဗ္ဗော၊ သိအပ်၏။
တီဏိ စ နဂရာနိ၊ သုံးပြည်ထောင်တို့ကိုလည်းကောင်း။
တေသံ၊ ထိုသုံးမြို့တို့၏။
အန္တရဉ္စ၊ အကြားအရပ်ကိုလည်းကောင်း။
တိဝိဓမ္ပိ၊ သုံးပါး အပြားရှိသည်လည်း ဖြစ်သော။
ရဋ္ဌံ၊ တိုင်းခရိုင်နိုင်ငံကို။
ကာမယာမိ၊ လိုချင်၏။
“ပဉ္စာလာ ကုရုယော ကေကကေစာ”တိ၊ “ပဉ္စလာ ကုရုယော ကေကကေ စ" ဟူသော။
ဣမာနိ၊ ဤတိုင်းတို့သည်။
ဂါ-ဤအမည်တို့သည်။
တေသံ ရဋ္ဌာနံ၊ ထိုတိုင်းသုံးတိုင်းတို့၏။
နာမာနိ၊ အမည်တို့တည်း။
တေသု၊ ထိုတိုင်း သုံးတိုင်းတို့တွင်။
ပဉ္စာလာတိ၊ ပဉ္စာလဟူသည်ကား။
ဥတ္တရပဉ္စာလာ၊ ဥတ္တရပဉ္စာလတိုင်းတည်း။
တစ်နည်း၊ ဥတ္တရပဉ္စာလာ= ဥတ္တရပဉ္စာလတို့သည်။
ပဉ္စာလာတိ ပဉ္စာလာ နာမ၊ ပဉ္စာလမည်၏။
တတ္ထ၊ ထိုဥတ္တရပဉ္စာလတိုင်း၌။
ကပိလံနာမ၊ ကပိလမည်သော။
နဂရံ၊ မြို့သည်။
အတ္ထိ၊ ၏။
ကုရုယောတိ၊ ကုရုယောဟူသည်ကား။
ကုရုရဋ္ဌံ၊ ကုရုတိုင်းတည်း။
တစ်နည်း ကုရုရဋ္ဌံ၊ ကုရုတိုင်းသည်။
ကုရုယောတိ၊ ကုရုတိုင်း မည်၏။
ဝါ- ကုရုမည်၏။
တတ္ထ၊ ထိုကုရုတိုင်း၌။
ဣန္ဒပတ္တံ နာမ၊ ဣန္ဒပတ္တမည်သော။
နဂရံ၊ မြို့သည်။
အတ္ထိ၊ ရှိ၏။
ကေကကေစာတိ၊ ကေကကေစ ဟူသည်ကား။
ပစ္စတ္တေ၊ ပဌမာဝိဘတ်၏အနက်၌။
ဥပယောဂဝစနံ၊ ဒုတိယာဝိဘတ်ရှိသော သဒ္ဒါ တည်း။
တေန၊ ထိုကေကကေစဟူသော ပါဌ်ဖြင့်။
ကေကကရဋ္ဌံ၊ ကေကကတိုင်းကို။
ဒဿတိ၊ ပြ၏။
တတ္ထ၊ ထိုကေကကတိုင်း၌။
ကေကကရာဇဓာနီယေဝ၊ ကေကက ဟူသော မင်းနေပြည်သည်သာလျှင်။
နဂရံ၊ မြို့တော်တည်း။
တဒုတ္တရန္တိ၊ တဒုတ္တရံ ဟူသည်ကား။
အဟံ၊ ငါသည်။
ပဋိလဒ္ဓါ၊ ရအပ်သော။
ဣတော ဗာရာဏသိရဇ္ဇာ၊ ဤဗာရာဏသီမင်းအဖြစ်မှ။
ဝါ- ထက်။
တဒုတ္တရိံ၊ ထိုဗာရာဏသီမင်းအထက် အလွန်ဖြစ်သော။
တိဝိဓံ၊ သုံးပါးအပြားရှိသော။
တံ ရဇ္ဇံ၊ ထိုသုံးပြည်ထောင် မင်းအဖြစ်ကို။
ကာမယာမိ၊ လိုချင်၏။
တိတိစ္ဆ မံ ဗြာဟ္မဏကာမနီတန္တိ၊ တိကိစ္ဆ မံ ဗြာဟ္မဏကာမနီတံ'ဟူသည်ကား။
ဣမေဟိ ဝတ္ထုကာမေဟိ စ၊ ဤဝတ္ထုကာမ တို့သည်လည်းကောင်း။
ဣမေဟိ ကိလေသကာမေဟိ စ၊ ဤကိလေသာကာမ တို့သည်လည်းကောင်း။
နီတံ ဟတံ၊ ဆောင်အပ်နှိပ်စက်အပ်သည်။
ဝါ- နှိပ်စက် အပ်သော။
ပဟတံ၊ အပြားအားဖြင့် နှိပ်စက်အပ်သည်။
ဝါ- သော။
မံ၊ ငါ့ကို။
တွံ၊ သင်သည်။
သစေ သက္ကောသိ၊ အကယ်၍စွမ်းနိုင်အံ့။
ဧဝံ သတိ၊ ဤသို့ စွမ်းနိုင်သည် ရှိသော်။
ဗြာဟ္မဏ၊ ပုဏ္ဏား။
မံ၊ ငါ့ကို။
တိကိစ္ဆ၊ ဆေးကုလော့။
ဣတိ အယံ၊ ကား။
အတ္ထော၊ ဂါထာ၏ အနက်တည်း။
အထ၊ ထိုအခါ၌။
နံ၊ ထိုမင်းကို။
သက္ကော၊ သိကြားမင်းသည်။
“မဟာရာဇ၊ မင်းမြတ်။
တွံ၊ သင်မင်းမြတ်ကို။
မူလောသဓာဒီဟိ၊ သစ်မြစ်ဆေးအစရှိသည်တို့ဖြင့်။
အတေကိစ္ဆာ၊ မကုစားကောင်း။
ဉာဏောသဓေနေဝ၊ ဉာဏ်တည်းဟူသောဆေးဖြင့်သာလျှင်။
တိကိစ္ဆိ တဗ္ဗော၊ ကုစားအပ်၏။
ဣတိ၊ ဤသို့။
ဝတွာ၊ ဆို၍။
“ကဏှာဟိ ဒဋ္ဌဿ။ပ။ တိကိစ္ဆာ”တိ၊ ဟူ၍။
ဝါ-ဟူသော။
ဒုတိယံ၊ နှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။
ဂါထံ၊ ကို။
အာဟ၊ ဆို၏။
မဟာရာဇ၊ မင်းမြတ်။
ဧကေ၊ အချို့ကုန်သော။
ပဏ္ဍိတာ၊ ပညာရှိ တို့သည်။
ကဏှာဟိ၊ မည်းသော အဆင်းရှိကုန်သော မြွေတို့သည်။
ဒဋ္ဌဿ၊ ခဲအပ်သော သူအား။
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ဧကေ၊ အချို့ကုန်သော။
ပဏ္ဍိတာ၊ ပညာရှိတို့သည်။
အမနုဿပဝိဋ္ဌဿ၊ ဘီလူးဖမ်းစား အပ်သော သူအား။
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ကေစိ၊ အချို့ကုန်သော သူတို့သည်။
ကာမနီတဿ၊ ကာမနှိပ်စက်သော သူအား။
တိကိစ္ဆ၊ ဆေးကုခြင်းကို။
န ကရောန္တိ၊ မပြုကုန်။
ကိံ ကာရဏာ၊ အဘယ့်ကြောင်းကြောင့်။
န ကရောန္တိ၊ မပြုနိုင်ကုန်သနည်းဟူမူကား။
ဟိ ယသ္မာ၊ အကြင့်ကြောင့်။
ဩက္ကန္တ-သုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သောသူအား။
မန္တောသဓာဒီဟိ၊ မန္တရား ဆေးဝါး အစရှိသည်တို့ဖြင့်။
ကာ တိကိစ္ဆာ၊ အဘယ်မှာ ကုစားနိုင်အံ့နည်း။
တသ္မာ၊ ထို့ကြောင့်။
ကေစိ၊ အချို့ကုန်သောသူတို့သည်။
ကာမနီတဿ၊ ကာမသည် နှိပ်စက် အပ်သော သူအား။
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
န ကရောန္တိ၊ မပြုကုန်။
တတ္ထ၊ ထိုဂါထာ၌။
ကဏှာဟိ ဒဋ္ဌဿ ကရောန္တိ ဟေကေတိ၊ ဟူသည်ကား။
ဟိ၊ ထိုစကားကို ချဲ့ဦးအံ့။
ဧကစ္စေ၊ အချို့ကုန်သော။
တိကိစ္ဆကာ၊ ဆေးကုသသော ဆေး ဆရာ တို့သည်။
ယောရဝိသေန၊ ကြမ်းသော အဆိပ်ရှိသော။
ကာဠသပ္ပေန၊ မည်းနက်သော အဆင်းရှိသော မြွေဟောက်သည်။
ဒဋ္ဌဿ၊ ကိုက်အပ်သော သူအား။
မန္တေဟိစေဝ၊ ဂါထာမန္တရားတို့ဖြင့်လည်းကောင်း။
ဩသဓေဟိ စ၊ အမြစ်ဆေးတို့ဖြင့်လည်းကောင်း။
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
အမနုဿ ပဝိဋ္ဌဿ ကရောန္တိ ပဏ္ဍိတာတိ၊ ဟူသည်ကား။
အပရေ၊ တစ်ပါး ကုန်သော။
ပဏ္ဍိတာ၊ ပညာရှိကုန်သော။
ဘူတဝေဇ္ဇာ၊ ဘုတ်ဆေးသမားတို့သည်။
ဝါ- တစ္ဆေမြေဘုတ်ပူးဝင်သည်ကို ဆေးကုသော ဆေးဆရာတို့သည်။
ဘူတယကွာဒီဟိ၊ မြေဘုတ်ဘီလူး အစရှိကုန်သော။
အမနုဿေဟိ၊ ဘီလူးတို့သည်။
ပဝိဋ္ဌဿ၊ ပူးဝင်အပ်သော။
အဘိဘူတဿ၊ လွှမ်းမိုးနှိပ်စက်အပ်သော။
ဂဟိတဿ၊ ဖမ်းယူအပ်သော။
ဗလိကမ္မပရိတ္တကရဏဩသဓပရိဘာဝိတာဒီဟိ၊ ဗလိနတ်စာ ပေးခြင်းအမှု, အရံအတားကို ပြုခြင်း ဆေးဖြင့် ထုံမွှန်းခြင်း အစရှိသည်တို့ဖြင့်။
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
န ကာမနီတဿ ကရောတိ ကောစီတိ၊ ဟူသည်ကား။
ကာမေဟိ၊ ကာမဂုဏ်တို့သည်။
နီတဿ၊ နှိပ်စက်အပ်သော။
ကာမဝသိတဿ၊ ကာမဂုဏ်၏ အလိုနိုင်ငံသို့ လိုက်သော။
ပုဂ္ဂလဿ ပန၊ ပုဂ္ဂိုလ် အားကား။
ဝါ- ပုဂ္ဂိုလ်ကိုကား။
(ဆဋ္ဌိကံ)။
ပဏ္ဍိတေဟိ၊ ပညာရှိတို့ကို။
အညတြ ဌပေတွာ၊ ကြဉ်ထား၍။
အညော၊ ပညာရှိမှတပါးသော။
ကောစိ၊ တစ်စုံ တစ်ယောက်သောသူသည်။
တိကိစ္ဆံ၊ ဆေးကုခြင်းကို။
န ကရောတိ၊ မပြုနိုင်။
ကရောန္တောပိ၊ ပြုပင်ပြုသော်လည်း။
ကာတုံ၊ ပြုခြင်းကို။
သမတ္ထော နာမ၊ စွမ်းနိုင်သောသူ မည်သည်။
နတ္ထိ၊ ဧကန်တိတိ အမှန်ပင် မရှိပြီ။
ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်နည်း ဟူမူကား။
ဟိ ယသ္မာ၊ အကြင့်ကြောင့်။
ဩက္ကန္တ သုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သောသူအား။
မန္တောသဓာဒီဟိ၊ မန္တရား ဆေးဝါးအစရှိသည် တို့ဖြင့်။
ကာ တိကိစ္ဆာ၊ အဘယ်မှာ ကုစားနိုင်အံ့နည်း။
ဣတိ၊ ဤသို့။
ဩက္ကန္တသုက္ကဿ၊ အကုသိုလ်တရားသို့ သက်ဝင်သောသူအား။
ကုသလဓမ္မ- မရိယာဒံ၊ ကုသိုလ်တရား၏ အပိုင်းအခြားကို။
အတိက္ကန္တဿ၊ ကျော်လွန်သော။
အကုသလဓမ္မေ၊ အကိုသိုလ်တရား၌။
ပတိဋ္ဌိတဿ၊ တည်သော။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။
မန္တောသဓာဒီဟိ၊ မန္တရားဆေးဝါး အစရှိသည်တို့ဖြင့်။
ကာ နာမ တိကိစ္ဆာ၊ အဘယ်မှာလျှင် ဆေးကုသနိုင်စွမ်းရှိမည်နည်း။
ဩသဓေဟိ၊ ဆေးတို့သည်။
ဝါ- ဖြင့်။
တိကိစ္ဆိတုံ၊ ဆေးကုခြင်းငှါ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ အယံ၊ ဤသည် ကား။
အတ္ထော၊ ဂါထာ၏အနက်တည်း။
ဣတိ၊ ဤသို့။
အဿ၊ ထိုမင်းအား။
မဟာသတ္တော၊ ဘုရားလောင်းသည်။
ဣမံ ကာရဏံ၊ ဤအကြောင်းကို။
ဒဿေတွာ၊ ပြ၍။
ဥတ္တရိ၊ အလွန်။
ဧဝံ၊ ဤသို့။
အာဟ၊ ဆို၏။
ကိံ၊ သို့။
အာဟ၊ သနည်း။
မဟာရာဇ၊ မင်းမြတ်။
(ထည့်) တွံ။ သင်သည်။
တာနိ တီဏိ ရဇ္ဇာနိ၊ ထိုသုံးပြည်ထောင်ကို။
သစေ လစ္ဆသိ၊ အကယ်၍ ရအံ့။
ဣမေသု စတူသု ရဇ္ဇေသု၊ ဤလေး မြို့တို့၌။
ရဇ္ဇံ၊ မင်းအဖြစ်ကို။
ကရောန္တော၊ ပြုလတ်သော်။
ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်ချင်းသာလျှင်။
စတ္တာရိ၊ လေးထည် ကုန်သော။
သာဋကယုဂါနိ၊ ပုဆိုးအစုံတို့ကို။
ပရိဒကေယျာသိ အပိ နုခေါ၊ ဝတ်နိုင် ရာအံ့လော။
စတူသု၊ လေးခုကုန်သော။
သုဝဏ္ဏပါတီသု ဝါ၊ ရွှေခွက်တို့၌လည်း။
ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်သာလျှင်။
ဘုဥယျာသိ အပိ နု၊ စားနိုင်ရာအံ့လော။
စတူသု၊ လေးခုကုန်သော။
သယနေသု ဝါ၊ မြတ်သော အိပ်ရာတို့၌လည်း။
ဧကပ္ပဟာရေနေဝ၊ တစ်ပြိုင်နက်သာလျှင်။
သယေယျာသိ အပိ နု၊ အိပ်နိုင်ရာ အံ့လော။
မဟာရာဇ၊ မင်းမြတ်။
တဏှာဝသိကေန နာမ၊ တဏှာအလိုသို့ လိုက်သော မည်သည်။
ဘဝိတုံ၊ ဖြစ်ခြင်းငှါ။
န ဝဋ္ဋတိ၊ မသင့်။
ဟိ သစ္စံ၊ မှန်၏။
ဧသာ တဏှာနာမ၊ ထိုတဏှာမည်သည်ကား။
ဝိပတ္တိမူလာ၊ ပျက်စီးခြင်း၏ အကြောင်းရင်းသည်။
ဟောတိ၊ ဖြစ်၏။
သာ၊ ထိုတဏှာသည်။
ဝဍ္ဎမာနာ၊ ပွားလတ်သည်ရှိသော်။
ယော၊ အကြင်ပုဂ္ဂိုလ် သည်။
တံ၊ ထိုစိုးရိမ်ခြင်းကို။
ဝတိ၊ ပွားစေ၏။
တံ ပုဂ္ဂလံ၊ ထိုတဏှာ၏တည်ရာဖြစ်သော ပုဂ္ဂိုလ်ကို။
အဋ္ဌသု၊ ရှစ်ထပ် ကုန်သော။
မဟာနိရယေသု၊ ငရဲကြီးတို့၌လည်းကောင်း။
သောဠသသု၊ တစ်ဆယ့် ခြောက်ထပ်ကုန်သော။
ဥဿဒနိရယေသု၊ ဥဿဒငရဲတို့၌လည်းကောင်း။
နာနပ္ပကာရဘေဒေသု၊ အထူးထူး အပြားပြားဖြင့် များကုန်သော။
အဝသေ သေသု၊ ငရဲမှ ကြဉ်ကုန်သော။
ဝါ-ငရဲမှကြွင်းကုန်သော။
အပါယေသု စ၊ အပါယ်တို့၌ လည်းကောင်း။
ခိပတိ၊ ပစ်ချတတ်၏။”
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
ဧဝံ၊ ဤသို့။
ရာဇာနံ၊ မင်းကြီးကို။
မဟာသတ္တော၊ ဘုရားလောင်းသည်။
နိရယာဒိဘယေန၊ ငရဲအစရှိသော ဘေးဖြင့်။
တဇ္ဇေတွာ၊ ခြိမ်းခြောက်၍။
ဓမ္မံ၊ တရားကို။
ဒေသေသိ၊ ဟောကြား(၏)ပြီ။
ရာဇာပိ၊ မင်း သည်လည်း။
အဿ၊ ထိုဘုရားလောင်း၏။
ဓမ္မံ၊ တရားကို။
သုတွာ၊ နာရ၍။
ဝိဂတသောကော၊ စိုးရိမ်ခြင်းကင်းသည်။
ဟုတွာ၊ ဖြစ်၍။
တာဝဒေဝ၊ ထိုခဏ၌သာလျှင်။
နိဗျာဓိတံ၊ အနာမရှိသည်၏ အဖြစ်သို့။
ပါပုဏိ၊ ရောက်(၏)ပြီ။
သက္ကောပိ၊ သိကြားမင်းသည်လည်း။
အဿ၊ ထိုမင်းအား။
ဩဝါဒံ၊ အဆုံးအမကို။
ဒတွာ၊ ပေး၍။
သီလေသု၊ သီလတို့၌။
ပတိဋ္ဌာပေတွာ၊ တည်စေ၍။
ဒေဝလောကမေဝ၊ နတ်ပြည်သို့သာလျှင်။
ဂတော၊ သွား လေ၏။
သောပိ၊ ထိုမင်းသည်လည်း။
တတော၊ ထိုအခါမှ။
ပဋ္ဌာယ၊ စ၍။
ဒါနာဒီနိ၊ ဒါန အစရှိကုန်သော။
ပုညာနိ၊ ကောင်းမှုတို့ကို။
ကတွာ၊ ပြု၍။
ယထာကမ္မံ၊ ကံအားလျော်စွာ။
ဂတော၊ လားလေ(၏)ပြီ။
သတ္ထာ၊ မြတ်စွာဘုရားသည်။
ဣမံ ဓမ္မဒေသနံ၊ ဤဓမ္မဒေသနာကို။
အာဟရိတွာ၊ ဆောင်တော်မူ၍။
သစ္စာနိ၊ သစ္စာတို့ကို။
ပကာ သေတွာ၊ ပြတော်မူပြီး၍။
“ဘိက္ခဝေ၊ ရဟန်းတို့။
ဧတရဟိ၊ ယခုအခါ၌။
ကာမနီတ ဗြာဟ္မဏော၊ ကာမနီတပုဏ္ဏားသည်။
တဒါ၊ ၌။
ရာဇာ၊ မင်းသည်။
အဟောသိ၊ ဖြစ်ခဲ့ဖူးပြီ။
ဧတရဟိ ပန၊ ယခုအခါ၌ကား။
အဟမေဝ၊ ငါဘုရားသည်သာလျှင်။
တဒါ၊ ၌။
သက္ကော၊ သိကြားမင်းသည်။
အဟောသိ၊ ခဲ့ဖူးပြီ။”
ဣတိ၊ ဤသို့။
ဇာတကံ၊ ကို။
သမောဓာနေသိ၊ ပြီ။
ဣတိ ဣဒံ ပရိသမာပနံ၊ ဒဋ္ဌဗ္ဗံ။
အဋ္ဌမာ၊ ဖြစ်သော။
ကာမနီတဇာတကဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီး၏။