တတ္ထ တသ္မိံ ဂါထာဒွယေ၊ ထိုဂါထာနှစ်ပုဒ်အပေါင်း၌။
အသဒိသောတိ၊ အသဒိသော ဟူသည်ကား။
ကေဝလံ၊ သက်သက်။
နာမေနေဝ၊ အမည်အားဖြင့် သာလျှင်။
အသဒိသော၊ အသဒိသမည်သည်။
န၊ မဟုတ်။
ဝီရိယပညာဟိပိ၊ ဝီရိယပညာတို့ဖြင့်လည်း။
အသဒိသောဝ၊ သူတကာနှင့် မတူသည်သာ။
မဟဗ္ဗလောတိ၊ မဟဗ္ဗလောဟူသည်ကား။
ကာယဗလေနပိ၊ ကိုယ်အားနှင့် လည်းကောင်း။
ပညာဗလေနပိ၊ ပညာအားနှင့်လည်းကောင်း။
မဟဗ္ဗလော၊ ကြီးသော အားရှိ၏။
ဒူရေပါတီတိ၊ ဒူရေပါတိဟူသည်ကား။
ယာဝ စာတု- မဟာရာဇိကဘာဝနာ စ၊ စတုမဟာရာဇ်ဘုံတိုင်အောင်လည်းကောင်း။
ယာဝ တာဝတိံသဘဝနာ စ၊ တာဝတိံသာဘုံတိုင်အောင်လည်းကောင်း။
ကဏ္ဍံ၊ မြားကို။
ပေသေတုံ၊ ပို့စေခြင်းငှါ။
သမတ္ထတာယ၊ စွမ်းနိုင်သည်၏ အဖြစ်ကြောင့်။
ဒူရေပါတီ၊ ဝေးသောအရပ်သို့ ရောက်စေနိုင်သော။
အက္ခဏဝေဓီတိ၊ အက္ခဏဝေဓိ ဟူသည်ကား။
အဝိရာဓိတဝေဓီ၊ မချွတ်မယွင်း ပစ်မှတ်ကို မှန်အောင်ပစ်နိုင်သော။
အထ ဝါ၊ တစ်နည်းသော်ကား။
ဝိဇ္ဇု၊ လျှပ်စစ်ကို။
အက္ခဏာ၊ အက္ခဏဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယာဝ၊ အကြင်မျှလောက်။
ဧကာ၊ တစ်ခုသော။
ဝိဇ္ဇု၊ လျှပ်စစ်သည်။
နိစ္ဆရတိ၊ ပြက်၍ထွက်၏။
တာဝ၊ ထိုမျှလောက်။
တေနောဘာသေန၊ ထိုလျှပ်စစ် နွယ်ရောင်ဖြင့်။
သတ္တဋ္ဌ ဝါရေ၊ ခုနစ်ကြိမ် ရှစ်ကြိမ်တိုင်အောင်။
ကဏ္ဍာနိ၊ မြားတို့ကို။
ဝိဇ္ဈတိ၊ ပစ်ဖောက်နိုင်၏။
ဣတိ တသ္မာ၊ ကြောင့်။
အက္ခဏဝေဓီ၊ အက္ခဏဝေစီ မည်၏။
မဟာကာယပ္ပဒါလနောတိ၊ မဟာကာယပ္ပဒါလနောဟူသည်ကား။
မဟန္တေ၊ ကြီးမားကုန်သော။
ကာယေ၊ အပေါင်းအစုတို့ကို။
ပဒါလေတိ၊ ဖောက်ခွဲနိုင်၏။
စမ္မကာယော၊ အရေအစုအပေါင်းလည်းကောင်း။
ဒါရုကာယော၊ သစ်သားအစုအပေါင်းလည်းကောင်း။
လောဟကာယော၊ ကြေးအစုအပေါင်း လည်းကောင်း။
အယောကာယော၊ သံအစုအပေါင်းလည်းကောင်း။
ဝါလိက- ကာယော၊ သဲအစုအပေါင်းလည်းကောင်း။
ဥဒကကာယော၊ ရေအစုအပေါင်း လည်းကောင်း။
ဖလကကာယော၊ ပျဉ်ချပ်အစုအပေါင်းလည်းကောင်း။
ဣတိ၊ သို့။
ဣမေ သတ္တ၊ ဤခုနစ်ပါးတို့သည်။
မဟာကာယာ နာမ၊ မဟာကာယမည်ကုန်၏။
တတ္ထ၊ ထိုခုနစ်ပါးတို့တွင်။
အညော၊ တစ်ပါးသော လေးသမားသည်။
စမ္မကာယ- ပဒါလနော၊ စမ္မကာယကို ထွင်းဖောက်သည်ရှိသော်။
မဟိံသစမ္မံ၊ ကျွဲရေကို။
ဝိနိဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။
သော ပန၊ ထိုအသဒိသလေးသမားကျော် သည်ကား။
မဟိံသ စမ္မာနံ၊ ကျွဲရေတို့၏။
သတမ္ပိ၊ အထပ်တစ်ရာကိုသော်လည်း။
ဝိနိဝိဇ္ဈတိယေဝ၊ ထွင်းဖောက်နိုင်သလျှင်ကတည်း။
အညော၊ တစ်ပါးသော လေးသမားသည်။
အဋ္ဌင်္ဂုလဗဟလံ၊ လက်ရှစ်သစ်ထူသော။
ဥဒုမ္ဗရပဒရံ၊ ရေသဖန်းပျဉ်ကို။
ဝိနိဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။
အညော၊ တစ်ပါးသော လေးသမားသည်။
စတုရင်္ဂုလဗဟလံ၊ လက်လေးသစ်ထူသော။
အသနပဒရံ၊ ပိတောက်ပျဉ်ကို။
ဝိနိဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။
သော ပန၊ ထိုအသဒိသ လေးသမားကျော်သည်ကား။
ဧကတော၊ တစ်ပေါင်းတည်း။
ဗဒ္ဓံ၊ စပ်သော။
ဝါ- ထပ်သော။
ဖလကသတမ္ပိ၊ ပျဉ်ချပ်တစ်ရာကိုသော်လည်း။
ဝိနိဝိဇ္ဈတိ၊ ထွင်းဖောက် နိုင်၏။
တထာ၊ ထိုမှတပါး။
အညော၊ တစ်ပါးသော လေးသမားကျော်သည်။
ဒွင်္ဂုလဗဟလံ၊ လက်နှစ်သစ် ထူသော။
တမ္ဗလောပဋ္ဋံ၊ ကြေးနီပြားကို။
ဝိနိဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။
အညော၊ တစ်ပါးသော လေးသမားကျော်သည်။
အင်္ဂုလဗဟလံ၊ လက်တစ်သစ်ထူသော။
အယပတ္တံ၊ သံပြားကို။
ဝိနိဝိဇ္ဈတိ၊ ထွင်းဖောက်နိုင်၏။
ဝါလိကသကဋဿ ဝါ၊ သဲဖြင့်ပြည့်သော လှည်း၏လည်းကောင်း။
ဗဒရသကဋဿ ဝါ၊ ပျဉ်ချပ်ဖြင့်ပြည့်သော လှည်း၏လည်းကောင်း။
ပလာလကဋဿ ဝါ၊ ကောက်ရိုးဖြင့် ပြည့်သော လှည်း၏လည်းကောင်း။
ပစ္ဆာဘာဂေန၊ နောက်အဖို့ဖြင့်။
ကဏ္ဍ၊ မြားကို။
ပဝေသေတွာ၊ သွင်း၍။
ပုရဘာဂေန၊ ရှေ့အဖို့ဖြင့်။
အတိပါတေတိ၊ ထွက်စေနိုင်၏။
ဝါ- ကျစေနိုင်၏။
ပကတိယာ၊ ပကတိအားဖြင့်။
ဝါ- ပင်ကိုအားဖြင့်။
ဥဒကေ၊ ၌။
စတုဥသဘဋ္ဌာနံ၊ လေးဥသဘတိုင်အောင်။
ကဏ္ဍံ၊ မြားကို။
ပေသေတိ၊ ပိုစေနိုင်၏။
ဝါ- ပစ်နိုင်၏။
ထလေ၊ ကြည်း၌သော်ကား။
အဋ္ဌဥသဘံ၊ ရှစ်ဥသဘတိုင်အောင်။
ပေသေတိ၊ နိုင်၏။
(ပဝေသေတိ) သွင်းနိုင်၏။
ဣတိ ဧဝံ၊ သို့။
သတ္တန္နံ၊ ကုန်သော။
ဣမေသံ မဟာကာယာနံ၊ ဤအပေါင်းအစုကြီးတို့၏။
ဝါ- တို့ကို။
ပဒါလနတော၊ ဖောက်ခွဲနိုင်ခြင်းကြောင့်။
မဟာကာယပ္ပဝါလနော၊ မည်၏။
သဗ္ဗာမိတ္တေတိ၊ သဗ္ဗာမိတ္တေ ဟူသည်ကား။
သဗ္ဗေ၊ အလုံးစုံကုန်သော။
အမိတ္တေ၊ ရန်သူတို့ကို။
ရဏံ ကတွာတိ၊ ရဏံ ကတွာဟူသည်ကား။
ယုဒ္ဓံ၊ စစ်ထိုးခြင်းကို။
ကတွာ၊ ၍။
ပလာပေသိ၊ စေပြီ။
န စ ကဉ္စိ ဝိဟေဌေသီတိ၊ န စ ကဉ္စိ ဝိဟေဌေသိ ဟူသည် ကား။
ဧကကမ္ပိ၊ တစ်ဦးတစ်ယောက်ကိုလည်း။
န ဝိဟေဋ္ဌေသိ၊ ပြီ။
ပန၊ စင်စစ် သော်ကား။
ဝါ- ထိုသို့တစ်ဦးတစ်ယောက်ကိုမျှ မညှဉ်းဆဲသော်လည်း။
အဝိဟေဌယန္တော ယေဝ၊ မညှဉ်းဆဲသည်ဖြစ်၍သာလျှင်။
တေဟိ၊ ထိုခုနစ် ပြည်ထောင်သော မင်းတို့နှင့်။
သဒ္ဓိံ၊ တကွ။
ကဏ္ဍပေသနေနေဝ၊ မြားကိုစေခြင်းဖြင့် သာလျှင်။
ရဏံ၊ စစ်ထိုးခြင်းကို။
ကတွာ၊ ပြု၍။
သံယမံ အဇ္ဈုပါဂမီတိ၊ သံယမံ အဇ္ဈုပါဂမိဟူသည်ကား။
သီလသယမံ၊ သီလကို စောင့်ရှောက်သော။
ပဗ္ဗဇ္ဇံ၊ ရသေ့ ရဟန်းအဖြစ်သို့။
ဥပဂတော၊ ကပ်ရောက်ပြီ။