သတ္တမေ၊ သတ္တမသုတ်၌။
**ဥဇ္စျတ္တိဗလာ**တိ၊ ဥဇ္စျတ္တိဗလာဟူသည် ကား။
ဥဇ္ဈာနဗလာ၊ အယုတ်အားဖြင့်ရှုခြင်းတည်းဟူသောအားရှိကုန်၏။
ဟိသစ္စံ၊ မှန်၏။
အသုကော၊ ဤအမည်ရှိသော။
သော၊ ထိုသူသည်။
ဣဒံစိဒံ၊ ဤသို့သဘောရှိသည် ဤသို့သဘောရှိသည်လည်း ဖြစ်သော။
ယံပစနံ၊ အကြင်စကားကို။
မံ၊ ငါ့ကို။
ဝတ၊ စင်စစ်။
အာဟ၊ ဆို၏။
တံဝစနံ၊ ထိုစကားကို။
အညံ၊ တပါးသောသူကို။
နအာဟ၊ မဆို။
ဣတိဧဝံ၊ ဤသို့။
ဥဇ္ဈာနမေဝ၊ အယုတ်အားဖြင့်ရှုခြင်းသည်သာလျှင်။
ဗလံ၊ အားတည်း။
**နိဇ္စျတ္တိဗလာ**တိ၊ နိဇ္ဈဗလာဟူသည်ကား။
ဣဒံ၊ ဤအနက်သဘောသည်။
ဧဝံ၊ ဤသို့သဘောရှိသည်။
န၊ မဟုတ်။
ဧတံ၊ ဤအနက်သဘောသည်။
ဧဝံနာမ၊ ဤသို့သဘောရှိသည်မည်၏။
ဣတိ၊ ဤသို့။
အထ္ထာနတ္ထနိဇ္ဈာပနံယေဝ၊ အကျိုးရှိသည် အကျိုးမရှိသည်ကို ရှုခြင်းသည်သာလျှင်။
ဗလံ၊ အားတည်း။
**ပဋိသင်္ခါနဗလာ**တိ၊ ပဋိသင်္ခါနဗလာဟူသည်ကား။
ပစ္စဝေက္ခနဗလာ၊ ဆင်ခြင်ခြင်းတည်းဟူသောအားရှိကုန်၏။
**ခန္တိဗလာတိ**၊ ခန္တိဗလာဟူသည်ကား။
အဓီဝါသနဗလာ၊ သည်းခံခြင်းတည်းဟူသောအားရှိကုန်၏။