Issues
Select Version
公开
中文
miuthi-မိုးထိ
မြန်မာဘာသာ
Aṭṭhakanipāta-aṭṭhakathā
Aṭṭhakanipāta-aṭṭhakathā

3. Dānavatthusuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

တတိယေ၊ တတိယသုတ်၌။ **ဒါနဝထ္ထူနီတိ**၊ ဒါနဝထ္ထူဟူသည်ကား။ ဒါနကာရဏာနိ၊ အလှူပေးခြင်း၏ အကြောင်းတို့သည်။
**ဆန္ဒာ ဒါနံ ဒေတီ**တိ၊ ဆန္ဒာဒါနံဒေတိဟူသည်ကား။ ပေမေန၊ ချစ်သဖြင့်။ ဒါနံ၊ အလှူကို။ ဒေတိ၊ လှူ၏။
**ဒေါသာ**တိ၊ ဒေါသာဟူသည်ကား။ ဒေါသေန၊ မုန်းသဖြင့်။ ကုဒ္ဓေါ၊ အမျက်ထွက်သည်။ ဟုတွာ၊ ဖြစ်၍။ ယံ၊ အကြင်ဝတ္ထုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုဝတ္ထုကို။ ဝေဂေန၊ လျှင်စွာ။ ဂဏှိတွာ၊ ယူ၍။ ဒေတိ၊ ပေး၏။
**မောဟာ**တိ၊ မောဟာဟူသည်ကား။ မောဟန၊ မိုက်သဖြင့်။ မုဠော၊ တွေဝေသည်။ ဟုတွာ၊ ဖြစ်၍။ ဒေတိ၊ ပေး၏။
**ဘယာ**တိ၊ ဘယာဟူသည်ကား။ ဂရဟ ဘယေနဝါ၊ ကဲ့ရဲ့ခြင်းမှ ကြောက်သောကြောင့် လည်းကောင်း။ အပါယဘယေနဝါ၊ အပါယ်ဘေးမှကြောက်သောကြောင့်လည်းကောင်း။ တဿတဿေဝ၊ ထိုထိုဝတ္ထုမှသာလျှင်။ ဘယေနဝါ၊ ကြောက်သဖြင့်လည်းကောင်း။ ဒေတိ၊ ပေး၏။
**ကုလဝံသန္တိ**၊ ကုလဝံသံဟူသည်ကား။ ကုလပဝေဏိ၊ ဆွေမျိုးတို့၏အဆက်အနွယ်တည်း။