သတ္တမေ၊ သတ္တမသုတ်၌။
**နိက္ကုဇ္ဇေယျာ**တိ၊ နိက္ကုဇ္ဇေယျဟူသည် ကား။
တေန၊ ထိုဒါယကာသည်။
ဒိန္နဿ၊ ပေးလှူအပ်သော။
ဒေယျဓမ္မဿ၊ လှူဘွယ်ဝတ္ထုကို။
အပ္ပဋိဂ္ဂဟဏတ္ထံ၊ မခံစိမ့်သောငှါ။
ပတ္တနိက္ကုဇ္ဇနကမ္မဝါစာယ၊ သပိတ်ကိုမှောက်ကြောင်းဖြစ်သောကမ္မဝါစာဖြင့်။
နိက္ကုဇ္ဇေယျ၊ မှောက်ရာ၏။
အဓောမုခတ္ထပနေန၊ အောက်သို့ မျက်နှာပြု၍ထားသဖြင့်။
နနိက္ကုဇ္ဇေယျ၊ မမှောက်ရာ။
**အလာဘာယာ**တိ၊ အလာဘာယဟူသည်ကား။
စတုန္နံ၊ လေးပါးကုန်သော။
ပစ္စယာနံ၊ ပစ္စည်းတို့ကို။
အလာဘတ္ထာယ၊ မရစိမ့်သောငှါ။
**အနတ္ထာယာ**တိ၊ အနတ္ထာယဟူသည်ကား။
ဥပဒ္ဒဝါယ၊ ဘေးရန်ဖြစ်စေခြင်းငှာ။
အဝဍ္ဎိယာ၊ မကြီးပွါးစေခြင်းငှါ။
**ဥက္ကုဇ္ဇေယျာ**တိ၊ ဥက္ကုဇ္ဇေယျဟူသည်ကား။
ဥက္ကုဇ္ဇနကမ္မဝါစာယ၊ သပိတ်ကိုလှန် ြောင်းဖြစ်သောကမ္မဝါစာဖြင့်။
ဥက္ကုဇ္ဇေယျ၊ လှန်ရာ၏။