ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။
**မာ စ မယာ ယသော**တိ၊ မာစမယာယသောဟူသည်ကား။
မယာ၊ ငါနှင့်။
သဒ္ဓိံ၊ တကွ။
ယသော၊ အခြံအရံသည်။
မာ ဂဉ္ဆိ၊ မတွေ့စေလင့်။
**အကသိရလာဘီ**တိ၊ အကသိရလာဘီဟူသည်ကား။
ဝိပုလလာဘီ၊ ပြန့်ပြောစွာရခြင်းရှိသည်။
**သီလပညာဏန္တိ**၊ သီလပညာဏံဟူသည်ကား။
သီလဉ္စေဝ၊ သီလလည်းကောင်း။
ဉာဏဉ္စ၊ ဉာဏ်လည်းကောင်း။
**သံဂမ္မာတိ**၊ သံဂမ္မဟူသည်ကား။
သန္နိပတိတွာ၊ စည်းဝေး၍။
**သမာဂမ္မာ**တိ၊ သမာဂမ္မဟူသည်ကား။
သမာဂန္တွာ၊ တကွရောက်၍။
**သင်္ဂဏိကဝိဟာရန္တိ**၊ သင်္ဂဏိကဝိဟာရံဟူသည်ကား။
ဂဏသင်္ဂဏိကဝိဟာရံ၊ ကိလေသာတည်းဟူသောအညစ်အကြေး အပေါင်းအဖော်အချွေအရံ ပရိသတ်တည်းဟူသော အပေါင်းအဖော်တို့နှင့် ပေါင်းဖော်စုဝေးခြင်းရှိသောနေခြင်းကို။
**န ဟိ နူနမေ**တိပဒဿ၊ န ဟိ နူနမေဟူသောပုဒ်ကို။
န ဟိ နူနဣမေတိ ပဒစ္ဆေဒေါ၊ နဟိနုနဣမေဟူ၍ပုဒ်ဖြတ်ခြင်းကို။
ကာတဗ္ဗော၊ ပြုအပ်၏။
ဣမေအာယသ္မန္တာ၊ ဤအရှင်တို့သည်။
ဣမသ္မိံ နေက္ခမ္မ သုခေ၊ ဤဈာန်ချမ်းသာ၌။
နိကာမလာဘိနော၊ အလိုရှိတိုင်းရကုန်သည်။
နဟိနဧဝဟောန္တိနုန၊ မဖြစ်ကုန်ယောင်သည်သာလျှင်တည်း။
**တထာ ဟိ ပနမေ**တိ ပဒဿ၊ တထာ ဟိ ပနမေဟူသောပုဒ်ကို။
တထာ ဟိ ပန ဣမေတိပဒစ္ဆဒေါ၊ တထာဟိပန ဣမေဟူ၍ပုဒ်ဖြတ်ခြင်းကို။
ကာတဗ္ဗော၊ ပြုအပ်၏။
တထာဟိ တတောဧဝ၊ ထိုသို့နေက္ခမ္မသုခအစရှိသည်ကို ရခြင်းကြောင့်သာလျှင်။
ဣမေအာယသ္မန္တာ၊ ဤအရှင်ဖြစ်သောရဟန်းတို့သည်။
**အင်္ဂုလိပတောဒကေနာ**တိ၊ အင်္ဂုလိပတောဒကေနဟူသည်ကား။
အင်္ဂုလိပတောဒယဋ္ဌိံ၊ လက်ချောင်းတည်းဟူသောနှင်တံကို။
ကတွာ၊ ပြု၍။
ဝိဇ္ဈနေန၊ ထိုးသဖြင့်။
**သဉ္ဇဂ္ဃန္တေ**တိ၊ သဉ္ဇဂ္ဃန္တေဟူသည်ကား။
မဟာဟသိတံ၊ သည်းထန်စွာရယ်ခြင်းကို။
ဟသန္တေ၊ ရယ်သည်တို့ကို။
**သံကီဠန္တေ**တိ၊ သံကီဠန္တေဟူသည်ကား။
ကေဠိံ၊ ပြက်ရယ်မှုကို။
ကရောန္တေ၊ ပြုသည်တို့ကို။