Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Aṭṭhakanipāta-aṭṭhakathā
Aṭṭhakanipāta-aṭṭhakathā

6. Anuruddhasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ဆဋ္ဌေ၊ ဆဋ္ဌသုတ်၌။ **ယေနာယသ္မာ အနုရုဒ္ဓေါ**တိဧတ္ထ၊ ယေနာယသ္မာ အနုရုဒ္ဓေါဟူသောဤပါဌ်၌။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်။ ဝေဒိတဗ္ဗော၊ သိအပ်၏။ တာ ဒေဝတာ၊ ထိုနတ်သမီးတို့သည်။ အတ္တနော၊ မိမိ၏။ သမ္ပတ္တိံ၊ စည်းစိမ်ကို။ ဩလောကေတွာ၊ ကြည့်၍။ ကိံ၊ အဘယ်သူကို။ အယံ သမ္ပတ္တိ၊ ဤစည်းစိမ်ကို။ အမှေဟိ၊ ငါတို့သည်။ လဒ္ဓါနုခေါ၊ ရလေသနည်း။ ဣတိ၊ ဤသို့။ အာဝဇ္ဇမာနာ၊ စုံစမ်းဆင်ခြင်ကုန်သည်ရှိသော်။ ထေရံ၊ အရှင်အနုရုဒ္ဓါမထေရ်ကို။ ဒိသွာ၊ မြင်၍။ မယံ၊ ငါတို့သည်။ အမှာကံ၊ ငါတို့၏။ အယျဿ၊ အရှင်ဖြစ်သော။ ပုဗ္ဗေ၊ ရှေး၌။ စက္ကဝတ္တိရဇ္ဇံ၊ စကြာဝတေးမင်း၏အဖြစ်ကို။ ကရောန္တဿ၊ ပြုသော။ အနုရုဒ္ဓဿ၊ အနုရုဒ္ဓါ၏ ပါဒပရိစာရိကာ၊ ခြေရင်းအလုပ်အကျွေးတို့သည်။ ဟုတွာ၊ ဖြစ်၍။ တေန၊ ထိုအရှင်အနုရုဒ္ဓါမထေရ်သည်။ ဒိန္နောဝါဒေ၊ ပေးအပ်သောအဆုံးအမ၌။ ဌတွာ၊ တည်၍။ ဣမံ သမ္ပတ္တိံ၊ ဤစည်းစိမ်ကို။ အနုဘဝိဿာမ၊ ခံစားကြကုန်အံ့။ ဣတိ၊ ဤသို့တိုင်ပင်ကြ၍။ ဒိဝါ၊ နေ့အခါ၌။ ယေန၊ အကြင်အရပ်၌။ အာယသ္မာအနုရုဒ္ဓေါ၊ အရှင်အနုရုဒ္ဓေါသည်။ အတ္ထိ၊ ရှိ၏။ ဥပသင်္ကမိံသု၊ ကပ်ကြကုန်၏။
**တီသု ဌာနေသူ**တိ၊ တီသု ဌာနေသူဟူသည်ကား။ တီသု၊ သုံးပါးကုန်သော။ ကာရဏေသု၊ အကြောင်းတို့၌။
**ပဋိလဘာမာ**တိ၊ ပဋိလဘာမဟူသည်ကား။ ခဏေနေဝ၊ ခဏဖြစ်သာလျှင်။ လဘာမ၊ ရကုန်၏။
**သရန္တိ**၊ သရံဟူသည်ကား။ ဝစနသဒ္ဒံ ဝါ၊ စကားသံကိုလည်းကောင်း။ ဂီတသဒ္ဒံ ဝါ၊ သီချင်းသံကိုလည်းကောင်း။ အာဘရဏသဒ္ဒံ ဝါ၊ ဆင်အပ်သော တန်ဆာ၏အသံကိုလည်းကောင်း။
**ပီတာ အဿူ**တိအာဒီနိ၊ ပီတာ အဿုဤသို့အစရှိသောပုဒ်တို့ကို။ နီလာဝ၊ ညိုကုန်သည်သာလျှင်။ ဇာတာ၊ ဖြစ်ကုန်လျက်။ ပီတာ၊ ရွှေကုန်သည်သာလျှင်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ န သက္ခိဿန္တိ၊ မစွမ်းနိုင်ကုန်လတ္တံ့။ ဣတိအာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ နည်းဖြင့်။ စိန္တေတွာ၊ ကြံ၍။ ဝိတက္ကေတိ၊ ကြံ၏။
တာပိ၊ ထိုနတ်သမီးတို့သည်လည်း။ ဣဒါနိ၊ ယခုအခါ၌။ အယျော၊ အရှင်အနုရုဒ္ဓါမထေရ်သည်။ အမှာကံ၊ ငါတို့၏။ ပီတဘာဝံ၊ ရွှေသောအဆင်းရှိသည်၏အဖြစ်ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ ဣဒါနိ၊ ယခုအခါ၌။ လောဟိတဘာဝံ၊ နီသောအဆင်းရှိသည်၏အဖြစ်ကို။ ဣစ္တတိ၊ အလိုရှိ၏။ ဣတိ၊ ဤသို့နှလုံးပိုက်၍။ တာဒိသာဝ၊ ထိုသိုရွှေသောအဆင်းရှိသည်၏အဖြစ် နီသောအဆင်းရှိသည်၏အဖြစ်အစရှိသောသဘောရှိကုန်သည်သာလျှင်။ အဟေသုံ၊ ဖြစ်ကုန်၏။
**အစ္ဆရံ ဝါဒေသီ**တိ၊ အစ္ဆရံ ဝါဒေသိဟူသည်ကား။ ပါဏိတလံ၊ လက်ဝါးအပြင်ကို။ ဝါဒေသိ၊ တီးခတ်၏။
**ပဉ္စင်္ဂိကဿာ**တိ၊ ပဉ္စင်္ဂိကဿာဟူသည်ကား။ အာတတံ၊ တဖက်ပိတ်သောအိုးစည်စည်ပုတ်အစရှိသောအာတတဟုဆိုအပ်သောတူရိယာမျိုးကိုလည်းကောင်း။ ဝိတတံ၊ နှစ်ဖက်ပိတ်သောစည်ကြီးမရိုးသည်အစရှိသောဝိတတဟုဆိုအပ်သောတူရိယာမျိုးကိုလည်းကောင်း။ အာတတဝိတတံ၊ ထက်ဝန်းကျင်မှဖွဲ့အပ်သောလေးထောင့်စည်ထက်စည်အစရှိသော အာတတ ဝိတတဟုဆိုအပ်သော တူရိယာမျိုးကိုလည်းကောင်း။ ဃနံ၊ တခဲနက်သော ကြေးနင်းခွက်ခွင်းအစရှိသော ဃနဟုဆိုအပ်သောတူရိယာမျိုးကိုလည်းကောင်း။။ ဣတိ၊ ဤသို့။ ပဉ္စဟိ၊ ငါးပါးကုန်သော။ ဣမေဟိ အင်္ဂေဟိ၊ ဤအကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတဿ၊ ပြည့်စုံသော။
တတ္ထ၊ ထိုငါးပါးသောတူရိယာမျိုးတို့တွင်။ အာတတံ နာမ၊ အာတတမည်သည်ကား။ စမ္မပရိယောနဒ္ဓေသု၊ သားရေဖြင့်ကြက်အပ်ကုန်သော။ ဘေရိအာဒီသု၊ စည်ကြီးအစရှိသည်တို့တွင်။ ဧကတလတူရိယံ၊ တဖက်အပြင်ရှိသော အိုးစည်စည်ပုတ်အစရှိသောတူရိယာမျိုးတို့တည်း။ ဝိတတံ နာမ၊ ဝိတတမည်သည်ကား။ ဥဘယတလံ၊ နှစ်ဖက်အပြင်ရှိသောစည်ကြီး မရိုးစည်အစရှိသောတူရိယာမျိုးတည်း။ အာတတဝိတတံ နာမ၊ အာတတဝိတတမည်သည်ကား။ သဗ္ဗသော၊ ခပ်သိမ်းသော အပိုင်းအခြားဖြင့်။ ပရိယောနဒ္ဓံ၊ မြှေးအပ်သောလေးထောင့်စည် ထက်စည် အစရှိသော တူရိယာမျိုးတည်း။ သုသိရံ၊ သုစိရစည်ကား။ ဝံသာဒိ၊ ပြွေနှဲ အစရှိသောတူရိယာမျိုးတည်း။ ဃနံ၊ ဃနစည်မည်သည်ကား။ သမ္မာဒိ၊ ကြေးနင်းခွက်အစရှိသောတူရိယာမျိုးတည်း။
**သုဝိနီတဿာ**တိ၊ သုဝိနီတဿဟူသည်ကား။ အာကဍ္ဎနသိထိလကရဏာဒီဟိ၊ ငင်ခြင်းလျော့လျော့ခြင်းအစရှိသည်တို့ဖြင့်။ သမုစ္ဆိတဿ၊ ကောင်းစွာ မြည်စေအပ်သော။
**သုပ္ပဋိပတာဠိတဿာ**တိ၊ သုပ္ပဋိပတာဠိတဿဟူသည်ကား။ ပမာဏေ၊ မတင်းလွန်းမလျော့လွန်းသော အတိုင်းအရှည်ဟုဆိုအပ်သောအလယ်ဖြစ်သောအသံ၌။ ဌိတဘာဝဇာနနတ္ထံ၊ တည်သည်၏အဖြစ်ကိုသိစေခြင်းငှာ။ သုဋ္ဌု၊ ကောင်းစွာ။ ပဋိပတာဠိတဿ၊ တီးအပ်သော။
ကုသလေဟိ သုသမန္နာဟတဿတိ၊ ကုသလေဟိသု သမန္နာဟတဿဟူသည်ကား။ ယေ၊ အကြင်သူတို့သည်။ ဝါဒေတုံ၊ တီးစေခြင်းငှါ။ ဆေကာ ကုသလာ၊ လိမ္မာကုန်၏။ တေဟိ၊ ထိုသူတို့သည်။ ဝါဒိတဿ၊ တီးအပ်သော။
**ဝဂ္ဂူ**တိ၊ ဝဂ္ဂုသည်ကား။ ဆေကော သုန္ဒရော၊ ကောင်းသည်။
**ရဇနီယော**တိ၊ ရဇနီယော ဟူသည်ကား။ ရဇ္ဇေတုံ၊ တပ်စေခြင်းငှါ။ သမထ္ထော၊ စွမ်းနိူင်သည်။
**ကမနီယော**တိ၊ ဂမနီယော ဟူသည်ကား။ ကာမေတဗ္ဗ ယုတ္တော၊ အလိုရှိစေအပ်သည်၏အဖြစ်နှင့်ယှဉ်သည်။
ခမနီယောတိ ဝါ၊ ခမနီယောဟူ၍လည်း။ ပါဌော၊ ပါဌ်အချို့သည်။ အတ္ထိ၊ ရှိ၏။ ဒိဝသံပိ၊ တနေ့ပတ်လုံးလည်း။ သုယျမာနော၊ ကြားနာအပ်သည်ရှိသော်။ ခမတေဝ၊ နှစ်သက်စေအပ်သည်သာလျှင်တည်း။ နနိဗ္ဗိန္ဒတိ၊ မငြီးငွေ့စေတတ်။ ဣတိ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
**မဒနီယော**တိ၊ မဒနီယောဟူသည်ကား။ မာနမဒပုရိသမဒဇနနော၊ မာန်ဖြင့်ယစ်ခြင်းငှာ ယောက်ျားဟုမာန်ယစ်ခြင်းကိုဖြစ်စေတတ်သော။
**ဣန္ဒြိယာနိဩက္ခိပီတိ**၊ ဣန္ဒြိယာနိ ဩက္ခဝိဟူသည်ကား။ အသာရုပ္ပံ၊ မလျောက်ပတ်သောအမှုကို။ ဣမာ ဒေဝတာ၊ ဤနတ်သမီးတို့သည်။ ကရောန္တိ၊ ပြုကုန်၏။ ဣတိ၊ ဤသို့နှလုံးပိုက်၍။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့ကို။ ဟေဋ္ဌာ၊ အောက်သို့။ ခိပိ၊ ချ၏။ အက္ခီနိ၊ မျက်စိတို့ကို။ ဥမ္မီလေတွာ၊ ဖွင့်၍။ န ဩလောကေသိ၊ မကြည့်။
**နခွယျော အနုရုဒ္ဓေါ သာဒိယတီ**တိဧတ္ထ၊ နခွယျောအနုရုဒ္ဓေါသာဒိယတိဟူသောဤပါဌ်၌။ အတ္တော၊ အနက်ကို။ ဧဝံ၊ ဤဆိုလတ္တံ့သောနည်းဖြင့်။ ဝေဒိတဗ္ဗော၊ သိအပ်၏။ မယံ၊ ငါတို့သည်။ နစ္စာမ၊ ကကုန်၏။ ဂါယာမ၊ သီလည်းသီကုန်၏။ အယျောပန အနုရုဒ္ဓေါ၊ အရှင်အနုရုဒ္ဓါသည်ကား။ န ခေါသာဒိယတိ၊ မသာယာ။ အက္ခီနိ၊ မျက်စိတို့ကို။ ဥမ္မီလေတွာ၊ ဖွင့်၍။ န ဩလောကေသိ၊ မကြည့်။ မယံ၊ ဘငါတို့သည်။ နစ္စိတွာဝါ၊ က၍လည်းကောင်း။ ဂါယိတွာဝါ၊ သီ၍လည်းကောင်း။ ကိမေဝ၊ အဘယ်အမှုကိုသာလျှင်။ ကရိဿာမ၊ ပြုနိုင်ကုန်အံ့နည်း။ ဣတိ၊ ဤသို့နှလုံးပိုက်၍။ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်။ အန္တရဓာယိံသု၊ ကွယ်ကုန်၏။
**ယေန ဘဂဝါ တေနုပသင်္ကမီ**တိဧတ္ထ၊ ယေနဘဂဝါတေနုပသင်္ကမိဟူသောဤပါဌ်၌။ အတ္ထော၊ အနက်ကို။ ဧဝံ၊ ဤဆိုလတ္တံ့ သောနည်းဖြင့်။ ဝေဒိတဗ္ဗော၊ သိအပ်၏။ တာသံဒေဝတာနံ၊ ထိုနတ်သ္မီးတို့၏။ အာနုဘာဝံ၊ အာနုဘော်ကို။ ဒိသွာ၊ မြင်၍။ ကတီဟိ၊ အဘယ်မျှကုန်သော။ ဓမ္မေဟိ၊ ကျေးဇူးတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ မာတုဂါမော၊ မာတုဂါမသည်။ မနာပကာယိကေ၊ နှစ်လိုဘွယ်သော ကိုယ်ရှိသောနတ်တို့၏ ဖြစ်ရာဖြစ်သော။ ဒေဝလောကေ၊ နတ်ပြည်၌။ နိဗ္ဗတ္တတိနုခေါ၊ ဖြစ်ရလေသနည်း။ ဣတိ၊ ဤသို့။ ဣမမထ္ထံ၊ ဤအနက်ကို။ ဝုစ္ဆတုံ၊ မေးခြင်းငှါ။ ဥပသင်္ကမိ၊ ကပ်၏။