လောဘာဒိဟေတူနံ၊ လောဘအစရှိသောဟိတ်တို့၏။
ဝိဘာဂဝသေန၊ ဝေဖန်အပ်သောအပြား၏အစွမ်းဖြင့်လည်းကောင်း။
တံသမ္ပယုတ္တဝသေနစ၊ ထိုဟိတ်တို့နှင့်ယှဉ်သောစိတ်တို့၏အစွမ်းဖြင့်လည်းကောင်း။
သင်္ဂဟော၊ သည်။
ဟေတုသင်္ဂဟော၊ ဟေတုသင်္ဂဟမည်၏။
ဟေတဝေါနာမ၊ ဟိတ်တို့မည်သည်။
ဆဗ္ဗိဓာ၊ ခြောက်ပါးအပြားရှိကုန်သည်။
ဘဝန္တိ၊ ကုန်၏။
ဣတိ(အယံ)၊ ကား။
သမ္ဗန္ဓော၊ တည်း။
[ယခုသင်္ဂြိုဟ်ပါဠိ၌ကား"ဟေတဝေါ နာမ"ဟုမရှိ၊ "ဟေတူ နာမ"ဟုရှိသည်၊ ထိုဟေတူ နာမကိုလည်း ဆဗ္ဗိဓာဘဝန္တိ၌စပ်ပါ။]
ပန၊ ဆက်။
နေသံ၊ ထိုဟိတ်တို့၏။
ဟေတုဘာဝေါ၊ ဟေတုအမည်၏ဖြစ်ကြောင်းဖြစ်ရာသဒ္ဒပဝတ္တိနိမိတ်သည်။
သမ္ပယုတ္တာနံ၊ ယှဉ်ဖက်စိတ်,စေတသိက်တို့၏။
သုပ္ပတိဋ္ဌိတဘာဝသာဓနသင်္ခါတော၊ ကောင်းစွာတည်တံ့ကုန်သည်၏အဖြစ်ကိုပြီးစေတတ်သည်၏အဖြစ်ဟုဆိုအပ်သော။
မူလဘာဝေါ၊ ရေသောက်မြစ်နှင့်တူသည်၏အဖြစ်တည်း။
["သာဓနဘာဝသင်္ခါတော"ဟု ဆိုလိုလျက် ဘာဝပုဒ်ကြေသည်။]
ဟိ၊ မှန်၏။
လဒ္ဓဟေတုပစ္စယာ၊ ရအပ်သောဟေတုပစ္စည်းရှိကုန်သော။
ဝါ၊ ဟေတုသတ္တိဖြင့်ကျေးဇူးပြုခံကြရကုန်သော။
ဓမ္မာ၊ ပစ္စယုပ္ပန်တရားတို့သည်။
ဝိရုဠမူလာ၊ စည်ပင်သောရေသောက်မြစ်ရှိကုန်သော။
ပါဒပါ ဝိယ၊ သစ်ပင်တို့ကဲ့သို့။
ထိရာ၊ ခိုင်မြဲကုန်သည်။လောဘာဒိ၊ပေ၊သင်္ဂဟော ။ ။ "လောဘာဒိဟေတူနံ တံ သမ္ပယုတ္တဝသေန စ"ကို ကြည့်၍ "ဟေတဝေါစ-ဟိတ်တို့လည်း၊ ဟေတုသမ္ပယုတ္တာစ- ဟေတုသမ္ပယုတ်စိတ္တုပ္ပာဒ်ကိုလည်း၊ ဟေတဝေါ- ဟိတ်, ဟေတုသမ္ပယုတ်စိတ္တုပ္ပာဒ်တို့၊"ဟု ဧကဒေသသရူပေကသေသ်ပြု၊ ထို့နောက် "ဟေတူနံ- ဟိတ် ဟေတုသမ္ပယုတ်စိတ္တုပ္ပာဒ်တို့ကို+သင်္ဂဟော ဟေတုသင်္ဂဟော"ဟု ပြုစေလိုသည်၊ သို့သော်ဤအဖွင့်သည် အရှင်အနုရုဒ္ဓါ၏ အာဘော်မကျ၊ "ဝေဒနာဟေတုတော၊ ပေ၊ သင်္ဂဟော နာမ နီယတေ"ဟူသော ပဋိညာဉ်ကိုကြည့်၍ "ဟေတုတော-ဟိတ်အားဖြင့်+ သင်္ဂဟော-စိတ္တုပ္ပာဒ်တို့ကိုသိမ်းယူရာစကားရပ်တည်း၊ ဟေတုသင်္ဂဟော-ရပ်၊"ဟု ပြုမှ အရှင်အနုရုဒ္ဓါ၏ အာဘော်ကျမည်၊ ဝေဒနာသင်္ဂဟစသော သင်္ဂဟတို့၌လည်းနည်းတူ။
ဟေတုဘာဝေါ ပန ။ ။ လောဘစသည်တို့၏ဟေတုအမည်ရခြင်း၏အကြောင်း (သဒ္ဒပဝတ္တိနိမိတ်)ကား အဘယ်ပါနည်းဟုမေးဖွယ်ရှိ၍ "ဟေတုဘာဝေါ ပန၊ ပေ၊ မူလဘာဝေါ"ဟုမိန့်၊ ဟေတုအမည်ရခြင်း၏အကြောင်းကားယှဉ်ဖက်တရားတို့ကို ခိုင်မြဲစေတတ်သောရေသောက်မြစ်နှင့်တူသည်၏အဖြစ်တည်း၊ သစ်ပင်သည်ရေသောက်မြစ်ကောင်းလေခိုင်မြဲလေဖြစ်သကဲ့သို့,လောဘစသောတရားတို့၏အာရုံ၌စွဲမြဲလေ ယှဉ်ဖက်တရားတို့လည်းထိုအာရုံအပေါ်၌ခိုင်မြဲလေဖြစ်သည်-ဟူလို၊ထိုအဓိပ္ပာယ်ကိုပြလို၍"လဒ္ဓဟေတုပစ္စယာ ဟိ"စသည်ကိုမိန့်၊ ဟေတုပစ္စည်းအခန်း (သုံးချက်စု) ဘာသာဋီကာ၌ ဤအဓိပ္ပာယ်များပြထားပြီ။ ဟောန္တိ၊ ကုန်၏။ အဟေတုကာဝိယ၊ အဟိတ်စိတ္တုပ္ပာဒ်တို့ကဲ့သို့။ ဇလတလေ၊ ရေအပြင်၌။ သေဝါလသဒိသာ၊ မှော်နှင့်တူကုန်သည်။ န(ဟောန္တိ)၊ ကုန်။ [မှော်တို့သည်အမြစ်မခိုင်သောကြောင့်လေ့လာတိုင်းလွင့်ရသကဲ့သို့အဟိတ်စိတ်တို့လည်းအာရုံ၌မခိုင်မြဲကြကုန်-ဟူလို။]

ဧဝဉ္စကတွာ၊ ကြောင့်။
ဧတေ၊ ဤဟိတ်တို့ကို။
မူလသဒိသတာယ၊ ရေသောက်မြစ်နှင့်တူကုန်သည်၏အဖြစ်ကြောင့်။
မူလာနီတိစ၊ မူလတို့ဟူ၍လည်း။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
["လောဘမူလ"စသည်ဖြင့်နာမည်တစ်မျိုးတပ်၍ဆိုရသည်-ဟူလို။]
ပန၊ ဝါဒန္တရကား။
အပရေ၊ တို့သည်။
ကုသလာဒီနံ၊ ကုသိုလ်အစရှိသည်တို့၏။
[အာဒိဖြင့်အကုသိုလ်,အဗျာကတတို့ကိုယူ၊]
ကုသလာဒိဘာဝသာဓနံ၊ ကုသိုလ်အစရှိသည်တို့၏အဖြစ်ကိုပြီးစေတတ်သောသတ္တိသည်။
ဟေတုဘာဝေါ၊ ဟိတ်၏ဖြစ်ကြောင်းဖြစ်ရာတည်း။
ဣတိ၊ သို့။
ဝဒန္တိ၊ ကုန်၏။
ဧဝံသတိ၊ ဤသို့အပရေဆရာတို့ဆိုတိုင်းဖြစ်လတ်သော်။
ဟေတူနံ၊ ဟိတ်တို့၏။
အတ္တနော၊ မိမိ၏။
ကုသလာဒိဘာဝသာဓနော၊ ကုသိုလ်အစရှိသည်တို့၏အဖြစ်ကိုပြီးစေတတ်သော။
အညော၊ အခြားသော။
ဟေတု၊ ဟိတ်သည်။
ဝါ၊ ကို။
မဂ္ဂိတဗ္ဗော၊ ရှာမှီးထိုက်သည်။
သိယာ၊ ဖြစ်ရာ၏။
တေသံ၊ ထိုဟိတ်တို့၏။
ကုသလာဒိဘာဝေါ၊ ကုသိုလ်အစရှိသည်တို့၏အဖြစ်သည်။
သေသသမ္ပယုတ္တဟေတုပဋိဗဒ္ဓေါ၊ ကြွင်းသောယှဉ်ဖက်ဟိတ်တို့နှင့်စပ်သည်။
(ဟောတိ၊ ၏။
ဣတိ၊ သို့။)
အထ (ဝဒေယျ)၊ အကယ်၍ပြောဆိုအံ့။
ဧဝမ္ပိ၊ ဤသို့ဖြစ်ပြန်သော်လည်း။
မောမူဟစိတ္တသမ္ပယုတ္တဿ၊ မောဟမူစိတ်နှင့်ယှဉ်သော။အပရေ၊ပေ၊ဝဒန္တိ ။ ။ ကုသိုလ်တရားတို့သည်အလောဘစသောဟိတ်ကြောင့်ကုသိုလ်အဖြစ်-ဖြစ်ကြရ၏၊ ထို့ကြောင့်ကုသိုလ်တရားအဖြစ်ဖြင့်ဖြစ်ရခြင်း၏အကြောင်းသည်အလောဘအဒေါသ အမောဟတို့တည်း၊အကုသိုလ် အဗျာကတတို့၏အကုသိုလ်အဗျာကတ အဖြစ်ဖြင့်ဖြစ်ရခြင်းလည်း လောဘစသော အလောဘစသောဟိတ်တို့ကြောင့်တည်း၊ဤသို့လျှင် ကုသိုလ်စသည်ဖြစ်စေနိုင်သောသတ္တိကိုဟေတုအမည်ရခြင်း၏အကြောင်းသဒ္ဒပဝတ္တိနိမိတ်ဟု အပရေဆရာတို့ဆိုကြသည်။
ဧဝံသတိ ။ ။ ထိုအပရေဝါဒ၌ (လဒ္ဓဒေါသ)ရထိုက်သောအပြစ်ကိုပြလို၍”ဧဝံသတိ ၊ပေ၊န သိယာ”ဟု မိန့်သည်၊ ဤသို့ဖြစ်လျှင် “ဟေတူနံ၊ပေ၊မဂ္ဂိတဗ္ဗောသိယာ-အလောဘစသောဟိတ်တို့၏ကုသိုလ်အဗျာကတဖြစ်ကြောင်း,လောဘစသောဟိတ်တို့၏အကုသိုလ်ဖြစ်ကြောင်းကိုပြီးစေဖို့ရာ အခြားဟိတ်တစ်မျိုးရှာရလိမ့်မည်။
အထ၊ပေ၊ကုသလာဒိဘာဝေါ ။ ။ “ထို အလောဘစသော ဟိတ်တို့၏ ကုသိုလ်အဗျာကတဖြစ်မူ,လောဘစသော ဟိတ်တို့၏ အကုသိုလ်ဖြစ်မှုသည် ယှဉ်ဖက် ဟိတ်များနှင့်စပ်၏”ဟုဆို၏၊ “အလောဘ၏ ကုသိုလ်ဖြစ်ဖို့ရန် အဒေါသ အမောဟ ဟူသောယှဉ်ဖက်ဟိတ်နှင့်စပ်၏၊ဤသို့စသည်ဖြင့်ဆိုလိုအံ့”ဟူလို။ ဟေတုနော၊ တစ်ပါးတည်းသောဟိတ်၏။ အကုသလဘာဝေါ၊ အကုသိုလ်၏အဖြစ်သည်။ အပ္ပဋိဗဒ္ဓေါ၊ တစ်စုံတစ်ခုသောဟိတ်နှင့်စပ်ခြင်းမရှိသည်။ သိယာ၊ ဖြစ်ပြန်ရာ၏။

တဿ၊ ထိုမောဟမူစိတ်နှင့်ယှဉ်သောဟိတ်၏။
သဘာဝတော၊ ပင်ကိုယ်သဘောအားဖြင့်။
အကုသလဘာဝေါပိ၊ အကုသိုလ်၏အဖြစ်သည်လည်း။
သိယာ၊ ရာ၏။
(ဣတိ၊ သို့။)
အထ(ဝဒေယျ)၊ အံ့။
ဧဝံသတိ၊ သော်။
သေသဟေတူနံပိ၊ မောဟမူစိတ်နှင့်ယှဉ်သောဟိတ်မှကြွင်းသောဟိတ်တို့၏လည်း။
သဘာဝတောဝ၊ ဖြင့်ပင်။
ကုသလာဒိဘာဝေါ၊ သည်။
(ဟောတိ၊ ၏။)
ဣတိ၊ ကြောင့်။
တေသံဝိယ၊ ထိုဟိတ်တို့၏ကဲ့သို့။
သမ္ပယုတ္တဓမ္မာနံပိ၊ ဟိတ်နှင့်ယှဉ်သောတရားတို့၏လည်း။
သော၊ ထိုကုသိုလ်အစရှိသည်၏အဖြစ်သည်။
ဟေတုပဋိဗဒ္ဓေါ၊ ဟိတ်နှင့်စပ်သည်။
န သိယာ၊ မဖြစ်တော့ရာ။
စ၊ ဆက်။
ကုသလာဒိဘာဝေါ၊ ကုသိုလ်အစရှိသည်တို့၏အဖြစ်သည်။
ဝါ၊ ကုသိုလ်၏ဖြစ်ကြောင်းဖြစ်ရာ,အကုသိုလ်၏ဖြစ်ကြောင်းဖြစ်ရာ,အဗျာကတ၏ဖြစ်ကြောင်းဖြစ်ရာသည်။
ဟေတုပဋိဗဒ္ဓေါ၊ ဟိတ်နှင့်စပ်သည်။
ယဒိ(ဟောတိ)၊ အကယ်၍ဖြစ်အံ့။
တဒါ၊ ထိုသို့ဖြစ်ရာအခါ၌။
အဟေတုကာနံ၊ ယှဉ်ဖက်ဟိတ်မရှိကုန်သောအဟိတ်စိတ်တို့၏။
အဗျာကတဘာဝေါ၊ အဗျာကတ၏အဖြစ်သည်။
န သိယာ၊ မဖြစ်တော့ရာ။
[ယှဉ်ဖက်ဟိတ် မရှိသည့်အတွက် အဟိတ်စိတ်တို့မှာ အဗျာကတနာမည်တောင်ရနိုင်စရာ မရှိတော့-ဟူလို၊]
ဣတိ၊ ကြောင့်။
ဝါ၊ အပရေဆရာတို့စကား၏အခြေအမြစ်မရှိသည်၏အဖြစ်ကြောင့်။
အတိနိပ္ပီဠနေန၊ အပရေဆရာတို့ကိုအလွန်နှိပ်ကြောင်းစကားဖြင့်။
အလံ၊ အကျိုးမရှိတော့ပြီ။ဧဝမ္ပိ၊ ပေ၊ အပ္ပဋိဗဒ္ဓေါသိယာ ။ ။ ဤသို့ဖြစ်လျှင် မောဟမူစိတ်၌ ယှဉ်သောမောဟဟိတ်မှာယှဉ်ဖက်အခြားဟိတ်တစ်ပါးမရှိသောကြောင့်မည်သည့်ဟိတ်နှင့်မျှမစပ်ဘဲ အကုသိုလ်အဖြစ်သည် ပြီးစီးရာရောက်၏။
အထ၊ပေ၊သိယာ ။ ။ ထိုမောဟမူစိတ်၌ယှဉ်သောမောဟဟိတ်မှာ(ဆက်သွယ်ဖို့ရာဟိတ်မရှိသောကြောင့်)ပင်ကိုယ်သဘောအတိုင်းပင်အကုသိုလ်ဖြစ်နေပါသည်-ဟုဆိုရတော့မည်။
ဧဝံသတိ၊ပေ၊နသိယာ ။ ။ ဧဝံသတိ- ဤသို့မောဟမူစိတ်၌ မောဟ၏ အခြားဟိတ်နှင့်မစပ်ဘဲ ပင်ကိုယ်သဘောအားဖြင့်ပင် အကုသိုလ်ဖြစ်နိုင်ပြန်လျှင်ကြွင်းသောဟိတ်များလည်းပင်ကိုယ်သဘောအားဖြင့်ပင် ကုသိုလ်စသည် ဖြစ်ရာ၏၊ဤသို့ဟိတ်ဟူသမျှတို့ကပင်ကိုယ်သဘာဝအားဖြင့်ကုသိုလ်စသည်ဖြစ်နိုင်ပြန်လျှင်ဟိတ်မှကြွင်းသောသမ္ပယုတ်တို့လည်းပင်ကိုယ်အတိုင်းပင် (ဟိတ်နှင့်မစပ်ဘဲ)ကုသိုလ်စသည်ဖြစ်နိုင်စရာရှိသည်။

ကုသလာကုသလာနံ၊ ကုသိုလ်,အကုသိုလ်တို့၏။
ကုသလာဒိဘာဝေါ၊ ကုသိုလ်အစရှိသည်တို့၏အဖြစ်သည်။
ယောနိသောအယောနိသောမနသိကာရပ္ပဋိဗဒ္ဓေါ၊ ယောနိသောမနသိကာရ,အယောနိသောမနသိကာရနှင့်စပ်၏။
ယထာဟ၊ အဘယ်ကဲ့သို့ဟောတော်မူသနည်း။
ယောနိသော ဘိက္ခဝေမနသိကရောတော၊ပေ၊အဘိဝဍ္ဎန္တီတျာဒိ၊ ယောနိသော၊ပေ၊ အဘိဝဍ္ဎန္တိအစရှိသော။
(ယံဝစနံ၊ သည်။
အတ္ထိ၊ ၏။
တံဝစနံ၊ ကို။
ဘဂဝါ၊ သည်။
အာဟ၊ ပြီ။)
[အင်္ဂုတ္တရ ဧကနိပါတ်,ဝီရိယာရမ္ဘာဒိဝဂ် သတ္တမသုတ်၌ ဟောတော်မူသည်၊
ဘိက္ခဝေ၊ တို့။
ယောနိသော၊ သင့်လျော်သောအကြောင်းအားဖြင့်။
မနသိ၊ စိတ်၌။
ကရောတော၊ ပြုသောပုဂ္ဂိုလ်၏(သန္တာန်၌)
(တစ်နည်း)
မနသိကာရောတော၊ နှလုံးသွင်းသောပုဂ္ဂိုလ်၏(သန္တာန်၌)။
အနုပ္ပန္နာ၊ မဖြစ်ကုန်သေးသော။
ကုသလာဓမ္မာ စေဝ၊ ကုသိုလ်တရားတို့သည်လည်း။
ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။
ဥပ္ပန္နာ၊ ဖြစ်ပြီးကုသိုလ်နှင့်တူကုန်သော။
ကုသလာဓမ္မာ စ၊ တို့သည်လည်း။
အဘိဝဍ္ဎန္တိ၊ တိုးပွားကုန်၏။]
ပန၊ ကား။
အဗျာကတာနံ၊ အဗျာကတတို့၏။
အဗျာကတဘာဝေါ၊ အဗျာကတ၏အဖြစ်သည်။
နိရာနုသယသန္တာနပ္ပဋိဗဒ္ဓေါ၊ အနုသယမရှိသောရဟန္တာပုဂ္ဂိုလ်၏သန္တာန်နှင့်စပ်၏။
[ဤကားကြိယာဇောဖြစ်သောအဗျာကတတို့ကိုရည်ရွယ်သည်။]
ကမ္မပ္ပဋိဗဒ္ဓေါ၊ ကံနှင့်စပ်၏။
[ဤကားဝိပါက် အဗျာကတတို့ကိုရည်ရွယ်သည်။]
အဝိပါကဘာဝပ္ပဋိဗဒ္ဓေါ စ၊ အကျိုးမပေးတတ်သည်၏အဖြစ်ဟူသောသဘောနှင့်လည်းစပ်၏။
[ဤကားဝိပါက်,ကြိယာ အဗျာကတအားလုံးကိုရည်ရွယ်သည်။]
ဣတိ၊ သို့။
ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
ဣဒါနိ၊ ၌။
ဟေတူနံ၊ ဟိတ်တို့၏။
ဇာတိဘေဒံ၊ ဇာတ်အားဖြင့်ကွဲပြားခြင်းကို။
ဒဿေတုံ၊ ငှာ။
လောဘောဒေါသောစာတျာဒိ၊ လောဘော ဒေါသော စ အစရှိသောဂါထာစကားကို။
(အာစရိယေန)
ဝုတ္တံ၊ ပြီ။
[လောဘ,ဒေါသ,မောဟဟိတ်တို့ကအကုသိုလ်ဇာတ်,အလောဘ, အဒေါသ, အမောဟဟိတ်တို့ကကုသိုလ်,အဗျာကတဇာတ်၊ဤသို့ဇာတ်အားဖြင့်ပြားကြသည်-ဟူလို။]
ကုသလာဒိဘာဝေါ ပန ။ ။ အပရေဆရာတို့စကား၏အခြေအမြစ် မရှိလျှင် ကုသိုလ်အကုသိုလ်အဗျာကတတို့၏အဖြစ်သည်အဘယ်တရားနှင့်စပ်သနည်းဟုမေးဖွယ်ရှိသောကြောင့်"ကုသလာဒိဘာဝေါ ပန၊ပေ၊ဒဋ္ဌဗ္ဗံ"ဟု မိန့်၊ ကုသိုလ်၏ ဖြစ်ခြင်းသည် ယောနိသောမနသိကာရ,အကုသိုလ်၏ဖြစ်ခြင်းသည် အယောနိသောမနသိကာရ,အဗျာကတ၏ဖြစ်ခြင်းသည် နိရာနုသယသန္တာန်,ကံ,အဝိပါကဘာဝတို့နှင့်စပ်၏၊ယောနိသောမနသိကာရ စသည်ကြောင့်ကုသိုလ်စသည်ဖြစ်၏-ဟူလို၊အကျယ်ကိုဝီထိပိုင်း"ယံကိဉ္စိ လဒ္ဓပစ္စယံ"ပုဒ်အဖွင့်ဘာသာဋီကာမှာရှုပါ။