Issues
Select Version
Abhidhammatthavibhāvinīṭīkā
Abhidhammatthavibhāvinīṭīkā

Bhūmicatukkavaṇṇanā

Author: နိဿယ @ IAPT

ပုညသမ္မတာ၊ ကောင်းမှုဟုသမုတ်အပ်သော။ အယာ၊ ကောင်းမှုမှ။ ယေဘုယျေန၊ ဖြင့်။ အပဂတော၊ ကင်းသောအရပ်တည်း။ ဣတိ၊ ကြောင့်။ အပါယော၊ ယမည်၏။ သောယေဝ၊ ထိုအပါယသည်ပင်။ ဘဝန္တိ ဧတ္ထ သတ္တာတိ၊ ဘဝန္တိဧတ္ထ သတ္တာဟူသော ဤဝစနတ္ထကြောင့်။ ဘူမိ၊ ဘူမိမည်၏။ ဣတိ၊ ကြောင့်။ အပါယဘူမိ၊ မိမည်၏။ [ဧတ္ထ၊ ဤဘုံ၌။ သတ္တာ၊ တို့သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့သတ္တဝါတို့၏ဖြစ်ရာ၏အဖြစ်ကြောင့်။ ဘူမိ၊ ဘူမိမည်၏။]
အနေကဝိဓသမ္ပတ္တိအဓိဋ္ဌာနတာယ၊ တစ်ပါးမက များသောအပြားရှိသောသမ္ပတ္တိ၏တည်ရာ၏အဖြစ်ကြောင့်။ သောဘနာ၊ တင့်တယ်သည်လည်းဟုတ်၏။ ဂန္တဗ္ဗတော ဥပပဇ္ဇိတဗ္ဗတော၊ ရောက်ထိုက်သည်၏အဖြစ်ကြောင့်။ ဂတိ၊ ဂတိလည်းဟုတ်၏။ ဣတိ၊ ဤနှစ်ပါးသောသတ္တိကြောင့်။ သုဂတိ၊ သုဂတိမည်၏။ ကာမတဏှာသဟစရိတာ၊ ကာမတဏှာနှင့်တကွဖြစ်သော။ယောဇနာ ။ ။ ဧဝံကို ယထာဝုတ္တနယေနဟု ဖွင့်သကဲ့သို့တစ်ပုဒ်တစ်ပုဒ်၏ အနက်ကိုဖွင့်ခြင်းသည် အနက်တို့ကိုယှဉ်စေခြင်းတည်း၊ ပဝတ္တိသင်္ဂဟောကို ဝုစ္စတိနှင့် နီးကပ်စွာယှဉ်စေခြင်းသည်ကား ပုဒ်တို့ကိုယှဉ်စေခြင်းတည်း။
ပုည၊ ပေ၊ အပါယော ။ ။ "အပ+အယ"ဟု ခွဲ၍ အယကို "ပုညသမ္မတာ"ဟု ဖွင့်သည်၊ အယန္တိ (ဂစ္ဆန္တိ)ဧတေနာတိ အယော၊လူနတ်ဗြဟ္မာတို့၌ဖြစ်သော သမ္ပတ္တိတို့၏ဖြစ်ကြောင်းဖြစ်၍ ကုသိုလ်ကောင်းမှုကို "အယ"ဟု ခေါ်သည်၊ အပကို "အပဂတော"ဟု ဖွင့်၏၊ အယတော-သမ္ပတ္တိတို့၏ဖြစ်ကြောင်း ကောင်းမှုမှ+အပဂတော-ကင်းသောနေရာတည်း၊ အပါယော-ရာ၊ ကောင်းမှုပြုခွင့်မရသည်ကို"ကောင်းမှုမှ ကင်းသည်"ဟုဆိုသည်၊ အပါယ်ဘုံတွင် ပါဝင်သော နဂါး ဂဠုံစသော တိရစ္ဆာန် အချို့မှာ ကောင်းမှုပြုခွင့်ရသေးသောကြောင့် "ယေဘုယျေန"ဟု ဆိုသည်၊ အပါယော ယေဝ+ဘူမိ အပါယဘူမိ၊ [ဘူမိကို "ဘဝန္တိ သတ္တာ ဧတ္ထာတိ ဘူမိ"ဟု ပြု။]
အနေက၊ပေ၊ဘူမိ ။ ။ "သု+ဂတိ"ဟု ခွဲ၊ သုကို"သောဘနာ"ဟုဖွင့်၏၊ သောဘနအမည်ရခြင်း၏အကြောင်းကို "အနေက၊ပေ၊အဓိဋ္ဌာနတာယ"ဟု ပြသည်၊ "များစွာသောသမ္ပတ္တိတို့၏တည်ရာဖြစ်သောကြောင့် တင့်တယ်ကောင်းမွန်သည်"ဟူလို၊ ဂန္တဗ္ဗတောဖြင့် "ဂန္တာဗ္ဗာတိ ဂတိ"ဟု ဝိဂြိုဟ်ပြုစေလို၏၊"ဂန္တဗ္ဗ-‌သွားအပ်"ဟုပေးမည်စိုး၍ "ဥပပဇ္ဇိတဗ္ဗ-ရောက်အပ်"ဟုဖွင့်သည်၊သောဘနာ+ဂတိ သုဂတိ၊ "ကာမေတီတိ ကာမော"ဟု ပြု၍ ကာမတဏှာကို ယူ၊ ကာမေန+သဟစရိတာ (တကွဖြစ်သော)+သုဂတိ ကာမသုဂတိ၊ [သဟစရိတ အလယ်ပုဒ်ကျေ၊] ကာမသု ဂတိယေဝ+ဘူမိ ကာမသုဂတိဘူမိ။
သုဂတိ၊ တင့်တယ်သောကတိတည်း။ ကာမသုဂတိ၊ ကာမတဏှာနှင့်တကွဖြစ်သောတင့်တယ်သောဂတိ။ သာယေဝ၊ ထိုကာမသုဂတိသည်ပင်။ ဘူမိ၊ ဘုံတည်း။ ဣတိ၊ ကြောင့်။ ကာမသုဂတိဘူမိ၊ မိမည်၏။
သေသေသုပိ၊ ကြွင်းသောရူပါဝစရဘူမိ,အရူပါဝစရဘူမိတို့၌လည်း။ ဧဝံ၊ ဤအတူတည်း။
အယတော သုခတော၊ ချမ်းသာမှ။ နိဂ္ဂတော၊ ထွက်သွားသောအရပ်တည်း။ ဣတိ၊ ကြောင့်။ နိရယော၊ နိရယ မည်၏။
တိရော၊ ဖီလာ။ ဝါ၊ အလျားလိုက်။ အဉ္စိတာ၊ သွားတတ်ကုန်၏။ ဣတိ၊ ကြောင့်။ တိရစ္ဆာနာ၊ နတို့မည်၏။ တေသံ၊ ထိုတိရစ္ဆာန်တို့၏။ ယောနိ၊ ခန္ဓာဖြစ်ပုံ အထူးတည်း။ တိရစ္ဆာနယောနိ၊ တိရစ္ဆာန်တို့၏ခန္ဓာဖြစ်ပုံအထူး။
တာယ၊ ထိုခန္ဓာဖြစ်ပုံအထူးဖြင့်။ သတ္တာ၊ တို့သည်။ အမိဿိတာ၊ ပင်ကိုက မရောနှောကုန်သည်။ (သမာနာ) ပိ၊ ကုန်သော်လည်း။ [နဂိုက တစ်ကောင်နှင့်တစ်ကောင် ရောနှော၍ မနေကုန်သော်လည်း-ဟူလို။] သမာနဇာတိတာယ၊ တူသောအမျိုးဇာတ်ရှိကုန်သည်၏အဖြစ်ကြောင့်။ ယဝန္တိ မိဿိတာဝိယ ဟောန္တိ၊ ရောသကဲ့သို့ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်။ ယောနိ၊ ယောနိမည်၏။
ပန၊ ဆက်။ သာ၊ ထိုယောနိဟူသည်။ အတ္ထတော၊ ပရမတ္ထအားဖြင့်။ ခန္ဓာနံ၊ ခန္ဓာတို့၏။ ပဝတ္တိဝိသေသော၊ ဖြစ်ပုံအထူးတည်း။ဧဝံသေသေသုပိ ။ ။ ရူပတရား၌ အာရုံပြုသောအားဖြင့်ဖြစ်သော တဏှာကို "ရူပေ+အဝစရတီတိ ရူပါဝစရံ"ဟု ပြု၊ ရူပါဝစရေန+သဟစရိတာ+ဘူမိ ရူပါဝစရဘူမိ၊ ထို့အတူ အရူပါဝစရဘူမိကိုလည်း ပြု။
နိရယော ။ ။ "နိ+အယ"ဟုခွဲ၊ အယတိ ဝဍ္ဎတိ-ကောင်းမှုအတွက် တိုးတက်ကြီးပွား၏၊ ဣတိ အယော၊ တစ်နည်း-"အယိတဗ္ဗော(သာဒိတဗ္ဗော)-သာယာထိုက်၏၊ ဣတိ အယော"ဟု ပြု၍ သုခကို အယဟုခေါ်၏၊ အယတော+နိဂ္ဂတော နိရယော၊ ["နတ္ထိ+အယော ဧတ္ထာတိ နိရယော"ဟုလည်း ပြုနိုင်၏၊သက္ကတ၌ "နိရ်"ဟု ရှိသောကြောင့် ကပ်စရာ အ,သရရှိလျှင် (ရ်)လာရသည်၊ နိဂ္ဂတောကဲ့သို့ ကပ်စရာသရမရှိလျှင် ဒွေဘော်ပြုရသည်။]
တိရစ္ဆာနယောနိ ။ ။ တိရောသဒ္ဒူပပဒ,ယုကို အန,တစ်နည်း-အာနပစ္စည်း၊ တိရော-ဖီလာ၊ ဝါ- (လူ နတ်တို့လို မတ်မတ် မဟုတ်ဘဲ အလျားလိုက်)+အဉ္စန္တိ-သွားတတ်ကုန်၏၊) ဣတိ (တိရစ္ဆာန-ဟုဖြစ်သင့်လျက် နိရုတ္တိနည်းအားဖြင့် ဉ္စကို စ္ဆပြု၍)တိရစ္ဆာနာ-ဟုဖြစ်၏၊ ယောနိသဒ္ဒါသည် "ခန္ဓကောဋ္ဌာသ, ပဿာဝမဂ္ဂ"စသော အနက်တို့တွင် ခန္ဓာတို့၏ အစုအနက်ကို ဟော၏၊ ထို့ကြောင့် "ခန္ဓာနံ ပဝတ္တိ ဝိသေသော"ဟုဖွင့်သည်၊ ခွေးတို့၏ အခြား သတ္တဝါတို့နှင့် မတူသော ရုပ်ခန္ဓာဖြစ်ပုံအထူးကိုစွဲ၍ "ခွေးမျိုး"ဟု ယောနိတစ်ခု သတ်မှတ်ရ၏ စသည်ဖြင့် ခန္ဓပဝတ္တိဝိသေသဖြစ်ပုံကိုသိပါ၊ ထိုခန္ဓာအစုကိုပင် အမျိုးဟုခေါ်ကြ၏၊ "ယု-မိဿနေ"ဟူသောဓာတ်,နိပစ္စည်း(တစ်နည်း-တိပစ္စည်း တိကို နိပြု)။
သုခတော၊ မှ။ ပကဋ္ဌေန၊ ဝေးသည်၏အဖြစ်ဖြင့်။ ဣတာ ဂတာ၊ ဖြစ်သောသတ္တဝါတို့တည်း။ ဣတိ၊ ကြောင့်။ ပေတာ၊ ပေတတို့မည်၏။ နိဇ္ဈာမတဏှိကာဒိဘေဒါနံ၊ နိဇ္ဈာမတဏှိကအစရှိသောအပြားရှိကုန်သော။ ပေတာနံ၊ ပြိတ္တာတို့၏။ ဝိသယော၊ နေရာအရပ်တည်း။ ပေတ္တိဝိသယော၊ ပြိတ္တာတို့၏နေရာအရပ်။
ပန၊ ဆက်။ ဧတ္ထ၊ ဤ နိရယ, တိရစ္ဆာနယောနိ,ပေတ္တိဝိသယသဒ္ဒါတို့တွင်။ တိရစ္ဆာနယောနိ ပေတ္တိဝိသယဂ္ဂဟဏေန၊ တိရစ္ဆာနယောနိသဒ္ဒါ,ပေတ္တိဝိသယသဒ္ဒါဖြင့်။ ခန္ဓာနံယေဝ၊ ခန္ဓာတို့ကိုသာ။ [ဧဝဖြင့် သူတို့၏ဖြစ်ရာဘုံကို ကန့်။] ဂဟဏံ၊ ယူခြင်းသည်။ (ဟောတိ၊ ၏။ ကသ္မာ၊ နည်း။) တေသံ၊ ထိုတိရစ္ဆာန်ပြိတ္တာတို့၏။ တာဒိသဿ၊ ထိုကဲ့သို့ရှုအပ်သော။ ဝါ၊ ထိုဘုံဌာနဖြစ်သော။ ပရိစ္ဆိန္နောကာသဿ၊ ပိုင်းခြားအပ်သောအရပ်၏။ အဘာဝတော၊ မရှိခြင်းကြောင့်တည်း။ ဝါ၊ တစ်နည်း။
အရညပဗ္ဗတပါဒါဒိကေ၊ တော,တောင်ခြေအစရှိသော။ ယတ္ထ၊ အကြင်အရပ်၌။ တေ၊ ထိုတိရစ္ဆာန်ပြိတ္တာတို့သည်။ နိဗဒ္ဓဝါသံ၊ အမြဲနေခြင်းကို။ ဝသန္တိ၊ နေကြကုန်၏။ [ဝါသံနှင့်ဝသန္တိပုဒ်တို့အရမပြားသောကြောင့်အဘေဒဘေဒူပစာကြံ။] တာဒိသဿ၊ သော။ ဌာနဿ၊ တည်ရာ၏။ ဝသေန၊ ဖြင့်။ ဩကာသောပိ၊ ‌ နေရာအရပ်ကိုလည်း။ ဂဟေတဗ္ဗော။ပေတာ ။ ။ "ပ+ဣတော"ဟုခွဲ၊ ပ ကို "ပကဋ္ဌေန"ဟုဖွင့်၊ ပကဋ္ဌေနကို "ဒူရဘာဝေန"ဟု မဏိမဉ္ဇူဖွင့်၏၊ "သုခ‌တော-သုခမှ+ပကဋ္ဌေန-ဝေးသည်၏အဖြစ်ဖြင့်၊ ဣတာ-ဖြစ်သူတို့တည်း၊ ပေတာ- တို့"ဟု ပြု၊ ပေတာနံ+သမူဟော ပေတ္တိ၊ (တိပစ္စည်း)တစ်နည်း-"ပေတာဧဝ ပေတ္တိ"ဟု သွတ္ထ၌တိပစ္စည်း၊ ပေတ္တိယာ+ဝိသယော-နေရာတည်း၊ ပေတ္တိဝိသယော-ရာ၊ ["ပေတာနံ+ဝိသယော"ကား လဟုကနည်းအားဖြင့် ပြုထားသောဝိဂ္ဂဟတည်း။]
နိဇ္ဈာမတဏှိကာဒိဘေဒါနံ ။ ။ ‌ပေတ၏ သရုပ်ကိုပြလို၍ နိဇ္ဈာစသည် မိန့်၊ နိဇ္ဈာမ၌ နိ+ဈာမဟု ခွဲ၊ နိဿေသတော-အကြွင်းမဲ့အားဖြင့်+အဂ္ဂိဇာလာဟိ-မီးလျှံတို့သည်၊ ဈာယတေ ဒယှတေ-လောင်အပ်၏၊ ဣတိ နိဇ္ဈာမံ၊ (မပစ္စည်း၊) တစ်ကိုယ်လုံးမီးလောင်အပ်သောကိုယ်တည်း၊ တစ်ကိုယ်လုံး မီးလောင်အပ်လျှင် ထိုကိုယ်တွင်မှီသောတဏှာကိုလည်း လောင်အပ်ရာရောက်၏၊ ထိုကြောင့် "နိဇ္ဈာမာစ+သာ+တဏှာစာတိ နိဇ္ဈာမတဏှာ၊ နိဇ္ဈာမတဏှာ ဧတေသူတိ နိဇ္ဈာမတဏှိကာ၊ မီးလောင်အပ်သဖြင့် ကာမဂုဏ်ခံစားလိုသော တဏှာမရှိသောပြိတ္တာ၊ အာဒိဖြင့် အမြဲ အစာငတ် ရေငတ်နေသော ခုပ္ပိပါသပြိတ္တာ,သူတစ်ပါး၏ တံထွေး အံဖတ်စသည်ကို စားရသော ဝန္တာသပြိတ္တာ စသည်ကို ယူ၊ [ဝန္တံ-အံဖတ်ကို၊ အသတိ ဘက္ခတီတိ ဝန္တာသော။]
ဧတ္ထ ပန ။ ။ တိရစ္ဆာန်နှင့် ပြိတ္တာတို့၌ ဘုံဌာနရှိပါ၏လော-ဟု မေးဖွယ်ရှိ၍ "ဧတ္ထ ပန"စသည်မိန့်၊ ဘုံသီးခြား မရှိ,သူတို့၏ ကိုယ်ခန္ဓာကိုပင် "တိရစ္ဆာနယောနိ-ပေတ္တိဝိသယ"ဟု ခေါ်ရသည်-ဟူလို၊ တစ်နည်း-သူတို့၏ အမြဲနေရာ ဌာနကိုပင် ယောနိ-ဝိသယဟု ယူပါ-ဟူလို။
ဣဿရိယကီဠာဒီဟိ၊ အစိုးရသူ၏အဖြစ်,ပျော်မြူးခြင်းအစရှိသည်တို့ဖြင့်။ န သုရန္တိ န ဒိဗ္ဗန္တိ၊ မထွန်းပတတ်ကုန်။ ဣတိ၊ ကြောင့်။ အသုရာ၊ ရတို့မည်၏။ ပေတာသုရာ၊ ပြိတ္တာအသုရာတို့တည်း။
ပန၊ ကား။ ဣတရေ၊ ပြိတ္တာအသုရာတို့မှတစ်ပါးသောနတ်အသုရာတို့သည်။ န သုရာ၊ နတ်မဟုတ်ကုန်။ သုရပ္ပဋိပက္ခာ၊ နတ်တို့၏ဆန့်ကျင်ဘက်တို့တည်း။ ဣတိ၊ ကြောင့်။ အသုရာ၊ ရတို့မည်၏။ [အသုရာ၌ အသဒ္ဒါ၏ ပဋိပက္ခအနက်ဟောဟု ပြသည်။] စ၊ ဆက်။ ဣဓ၊ ဤအသုရကာယောဟူသောပုဒ်၌။ ပေတာသုရာနမေဝ၊ ပြိတ္တာအသုရာတို့ကိုသာ။ [ဧဝဖြင့် နတ်အသုရာတို့ကို ကန့်။] ဂဟဏံ၊ သည်။ (ဟောတိ၊ ၏။ ကသ္မာ၊ နည်း။) ဣတရေသံ၊ ပြိတ္တာအသုရာမှတစ်ပါးသောနတ်အသုရာတို့ကို။ တာဝတိံ သေသု၊ တာဝတိံသာနတ်တို့၌။ ဂဟဏဿ၊ ယူခြင်း၏။ ဝါ၊ ကို။ ဣစ္ဆိတတ္တာ၊ အလိုရှိအပ်သည်၏အဖြစ်ကြောင့်တည်း။
တထာဟိ၊ ထို့ကြောင့်ပင်။ အာစရိယေန၊ အရှင်အနုရုဒ္ဓါဆရာသည်။ တာဝတိံသေသု။ ပေ။ ဂတာတိ၊ ဂတာဟူ၍။ ဝုတ္တံ၊ ပြီ။ [ဝေပစိတ္တာသုရာ၊ ဝေပစိတ္တိအသုရာတို့သည်။ တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာနတ်တို့၌။ ဂတာ၊ ဖြစ်ကုန်၏။ ဝါ၊ ပါဝင်ကုန်၏။ (နာမရူပပရိစ္ဆေဒ။)] သတိ။ ပေ။ ဂုဏေဟိ၊ သတိ,ရဲရင့်သူ၏အဖြစ်,ဗြဟ္မစရိယအားလျောက်ပတ်သည်၏အဖြစ်အစရှိသောဂုဏ်တို့ဖြင့်။ ဥက္ကဋ္ဌမနတာယ၊ မြင့်မြတ်သောစိတ်ရှိသည်၏အဖြစ်ကြောင့်။ ဧတေသံ၊ ဤလူတို့၏။ ဥဿန္နံ၊ ထက်မြက်သော။ မနော၊ စိတ်သည်။ (အတ္ထိ)။ ဣတိ၊ ကြောင့်။ (တေ၊ ထိုလူတို့သည်။) မနုဿာ၊ မနုဿတို့မည်၏။အသုရကာယ ။ ။ နတ်အသုရာတို့သည် ဣဿရိယ-အစိုးရ၏ဖြစ်ကြောင်းရာထူး,ကီဠာ-ကာမဂုဏ်ဖြင့် ပျော်ပါးမှု,ဤသို့စသည်ဖြင့်ထွန်းပတတ်၏၊အပါယ်ဘုံတွင်ပါဝင်သောအသုရာတို့ကား ထိုသို့ မထွန်းပနိုင်ကုန်၊ [အသဒ္ဒါသည် ပဋိသေဓအနက်ဟော၊] ဘာသာဋီကာ၌ ပြထားသော ကာလကဉ္စိကာခေါ် ပြိတ္တာအကြီးစားတို့တည်း၊ အသုရာနံ+ကာယော အသုရကာယော၊ ဘုံသီးခြားမရှိ, သူတို့၏နေရာ သမုဒ္ဒရာကမ်းစသော အရပ်ကိုပင် "အသုရကာယ်ဘုံ"ဟုခေါ်သည်။
သတိ၊ပေ၊ဂုဏေဟိ ။ ။ ဗြဟ္မစရိယကို "အဋ္ဌင်္ဂိကမဂ္ဂဗြဟ္မစရိယ"ဟု နဝကအင်္ဂုတ္တိုရ်သတ္တဝါသဝဂ္ဂ အဋ္ဌကထာဖွင့်၏၊ ဗြဟ္မစရိယဿ+ယောဂျတာ-သင့်လျော်သည်၏အဖြစ်တည်း၊ သတိ စ+သူရဘာဝေါ စ+ဗြဟ္မစရိယယောဂျတာ စာတိ သတိ၊ ပေ၊ ယောဂျတာယော ဤစကားသည် "တီဟိ ဘိက္ခဝေ ဌာနေဟိ ဇမ္ဗုဒီပကာ မနုဿာဥတ္တရကုရုကေ စ မနုဿေ အဓိဂ္ဂဏှန္တိ(လွှမ်းမိုးနိုင်ကုန်၏) ၊ပေ၊ သူရာ, သတိမန္တော, ဣဓ ဗြဟ္မစရိယဝါသော"ဟူသော အင်္ဂုတ္တိုရ်ပါဠိတော်ကို မှီသောစကားတည်း၊ ယောဂျတာဒိ၌ အာဒိဖြင့် ဒါန-ဥပုသ်သီလစသောပါရမီဂုဏ်များကို ယူ၊ ဂုဏေဟိသည် ဥက္ကဋ္ဌမနတာဝယ် ဥက္ကဋ္ဌ၏ ဝိသေသန၊ ဥက္ကဋ္ဌမနတာယသည် ဥဿန္နံ၏ ဟိတ်။
တထာဟိ၊ ထိုစကားမှန်၏။ ပရမသတိနေပက္ကာဒိပ္ပတ္တာ၊ လွန်မြတ်သောသတိ၏ရင့်ကျက်သည်၏အဖြစ်အစရှိသည်သို့ရောက်ကုန်သော။ ဗုဒ္ဓါဒယောပိ၊ ဘုရားအစရှိသောပုဂ္ဂိုလ်တို့သည်လည်း။ ဝါ၊ ဘုရား,ပစ္စေကဗုဒ္ဓါ,သာဝကတို့သည်လည်း။ မနုဿဘူတာယေဝ၊ မနုဿဖြစ်၍ ဖြစ်ကုန်သည်သာတည်း။
စ၊ ဆက်။ ဧတ္ထ၊ ဤဆိုအပ်ပြီးသောဝစနတ္ထ၌။ ဇမ္ဗုဒီပဝါသိနော၊ ဇမ္ဗုဒီပ (မဇ္ဈိမဒေသ)၌ နေလေ့ရှိကုန်သောလူတို့သည်။ နိပ္ပရိယာယတော၊ ပရိယာယ်မဟုတ်,မုချအားဖြင့်။ မနုဿာ၊ မနုဿတို့မည်၏။
ပန၊ ကား။ တေဟိ၊ ထိုဇမ္ဗုဒီပ(မဇ္ဈိမဒေသ)၌ နေလေ့ရှိသောလူတို့နှင့်။ သမာနရူပါဒိတာယ၊ တူသောရုပ်သဏ္ဍာန်အစရှိသည် ရှိကုန်သည်၏အဖြစ်ကြောင့်။ ပရိတ္တဒီပဝါသီဟိ၊ ဇမ္ဗူဒိပ်ဝယ်,ကျွန်းငယ်အရပ်၌နေလေ့ရှိကုန်သောလူတို့နှင့်။ သဒ္ဓိံ၊ ကွ။ ဣတရမဟာဒီပဝါသိနောပိ၊ ဇမ္ဗူဒိပ်မှတစ်ပါးသောကျွန်းကြီးသုံးကျွန်း၌နေလေ့ရှိသောလူတို့ကိုလည်း။ မနုဿာတိ၊ မနုဿတို့ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။
ပန၊ ကား။ လောကိယာ၊ လောကီသဒ္ဒါဆရာတို့သည်။ မနုနော၊ မနုမည်သော။ အာဒိခတ္တိယဿ၊ ကမ္ဘာဦးဝယ် အစဆုံးမင်း၏။ အပစ္စံ၊ မျိုးနွယ်အစဉ်တည်း။ ပုတ္တာ၊ သားသမီးတို့တည်း။မှတ်ချက် ။ ။ စာကိုယ်၌ အ‌ကောင်းဘက်က ထက်မြက်သောစိတ်ကို "ဥဿန္နမန"ဟုဆိုလိုသည်၊ သို့သော်သတိနှင့်သူရဘာဝဂုဏ်တို့သည်အကောင်းဘက်သာမဟုတ်,မကောင်းဘက်၌လည်းရှိ၏၊လူတစ်ယောက်ကိုသတ်ဝံ့ခြင်းစသည်တို့မှာမကောင်းထက်မြက်ခြင်းတည်း၊ ထို့ပြင်-နတ်တို့သည်သုခအားကြီးသောကြောင့်လည်းကောင်းငရဲသားတို့မှာဒုက္ခအားကြီးသောကြောင့်လည်းကောင်းသတိမကောင်းကြ၊လူတို့ကား သုခဒုက္ခရောနေသောကြောင့် သတိမထားလျှင် ဒုက္ခတွေသာ များစရာရှိ၏၊ထို့ကြောင့် အမြဲသတိရှိကြရသည်၊ ကြွင်းသောမှတ်ဖွယ်ကိုဘာသာဋီကာ၌ပြထားပြီ။
ပရမ၊ပေ၊ပတ္တာ ။ ။ "ပဋိပက္ခံ-ဆန့်ကျင်ဘက်ကို၊ နိပယတိ ဝိသောသေတိ-ခြောက်သွေ့စေတတ်၏၊ ဣတိ နိပကော၊ နိပကဿ+ဘာဝေါ နေပက္ကံ"ဟု ပြု၍ ဉာဏ်ပညာကို နေပက္ကဟု အခြားနေရာ၌ ဆိုရသော်လည်း သတိနှင့်တွဲလာသောနေပက္ကသဒ္ဒါကားထက်မြက်သောသတိကိုပင်ဟောရ၏၊ [တိက္ခဝိသဒဘာဝပ္ပတ္တာ ဟိ သတိနေပက္ကန္တိ ဝုစ္စတိ၊ ဝိသုဒ္ဓိမဂ်မဟာဋီကာ၊] ပရမသတိနေပက္ကာဒိံ+ပတ္တာ ပရမ၊ ပေ၊ ပတ္တာ၊ ပရမသတိနေပက္ကရှိကြသော ဘုရားစသည်တို့လည်း မနုဿပင် ဖြစ်တော်မူရကား "ဥက္ကဋ္ဌ၊ ပေ၊ မနုဿာ"ဟူသောစကားသည်မှန်ကန်၏-ဟူလို။
တေဟိ၊ ပေ၊ ဝုစ္စန္တိ ။ ။ ပြခဲ့သော ဝစနတ္ထအရ ဇမ္ဗူဒိပ်-မဇ္ဈိမဒေသ၌ဖြစ်ကြသော လူတို့သာ မုချမနုဿအမည်ရကြ၏၊ တောင်ကျွန်းတွင်ပါဝင်သော ကျွန်းငယ်များ,မြောက်ကျွန်းစသော ကျွန်းကြီး ကျွန်းငယ်များ၌ နေသူတို့ကား ဤလူများနှင့် ပုံသဏ္ဍာန်စသည်ချင်းတူသောကြောင့် သဒိသူပစာရအားဖြင့် မနုဿမည်ကြသည်-ဟူလို၊ ထို့နောက်ဘူမိရအောင် "မနုဿာနံ+နိဝါသော မနုဿာ"ဟု ဆင့်ပါ၊နောက်၌လည်း ဤသို့ နိဝါသတဒ္ဓိတ် ဆင့်စေလို၍ "ဧဝံ သေသေသုပိ"ဟုမိန့်သည်။
[အပစ္စံကို ပုတ္တာဟု ‌ဖွင့်သည်။] ဣတိ၊ ကြောင့်။ မနုဿာ၊ ဿတို့မည်၏။ ဣတိ၊ သို့။ ဝဒန္တိ၊ ကုန်၏။
မနုဿာနံ၊ လူတို့၏။ နိဝါသဘူတာ၊ နေရာဖြစ်၍ဖြစ်သော။ ဘူမိ၊ ဘုံသည်။ ဣဓ၊ ဤကာမသုဂတိ ခုနစ်ဘုံကိုပြရာ၌။ မနုဿာ၊ ဿာမည်၏။
သေသေသုပိ၊ ကြွင်းသောစာတုမဟာရာဇိကာစသော ပုဒ်တို့၌ လည်း။ ဧဝံ၊ ဤအတူတည်း။
ဧတေသံ၊ ဤနတ်တို့၏။ စတူသု၊ ကုန်သော။ မဟာရာဇေသု၊ နတ်မင်းကြီးတို့၌။ ဘတ္တိ၊ ဆည်းကပ်ခြင်းသည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ၊ ထိုနတ်တို့သည်။) စာတုမဟာရာဇိကာ၊ ကတို့မည်၏။ ဝါ၊ တစ်နည်း။ စတုန္နံ၊ ကုန်သော။ မဟာရာဇာနံ၊ တို့၏။ နိဝါသဋ္ဌာနဘူတေ၊ နေရာဖြစ်၍ဖြစ်သော။ စတုမဟာရာဇေ၊ စာတုမဟာရာဇ်ဘုံ၌။ ဘဝါ၊ ဖြစ်သောနတ်တို့တည်း။ ဣတိ၊ ကြောင့်။ စာတုမဟာရာဇိကာ၊ ကတို့မည်၏။
မဃေန၊ မဃမည်သော။ မာဏဝေန၊ လုလင်နှင့်။ သဒ္ဓိံ၊ ကွ။ တေတ္တိံသ၊ သုံးကျိပ်သုံးယောက်သော။ သဟပုညာကာရိနော၊ အတူတကွ ကောင်းမှုပြုလေ့ရှိသူတို့သည်။ ဧတ္ထ၊ ဤနတ်ပြည်၌။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်၏။ ဣတိ၊ ကြောင့်။ တံသဟစရိတဋ္ဌာနံ၊ ထိုသုံးကျိပ်သုံးယောက်သောနတ်တို့နှင့်တကွဖြစ်သောအရပ်သည်။ တေတ္တိံသ၊ သမည်၏။ တဒေဝ၊ ထိုတေတ္တိံသသည်ပင်။ တာဝတိံသံ၊ သမည်၏။ ဧတေသံ၊ ဤနတ်တို့၏။ တံ၊ ထိုတာဝတိံသဌာနဟူသော။ နိဝါသော၊ နေရာအရပ်သည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ၊ ထိုနတ်တို့သည်။) တာဝတိံသာ၊ သတို့မည်၏။ ဣတိ၊ သို့။ ဝဒန္တိ၊ ကုန်၏။
ပန၊ ထိုသိုပင် ဆိုကြပါကုန်သော်လည်း။ ယသ္မာ၊ ကြောင့်။ စာတုမဟာရာဇိကာနံ၊ စာတုမဟာရာဇ်နတ်ပြည်တို့၏။ သဟဿံ၊ တစ်ထောင်လည်းကောင်း။ တာဝတိံသာနံ၊ သာနတ်ပြည်တို့၏။ သဟဿံ၊ လည်းကောင်း။ ဣတိ၊ သို့။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ သေသစက္ကဝါဠေသုပိ၊ ဤ စကြာဝဠာမှကြွင်းသောစကြာဝဠာတို့၌လည်း။ ဆ ကာမာဝစရဒေဝလောကာ၊ ခြောက်ထပ်သော ကာမာဝစရနတ်ပြည်တို့သည်။စတူသု၊ ပေ၊ ရာဇိကာ ။ ။ စတူသု မဟာရာဇေသု ဘတ္တိ-စသော စကားသည် လဟုကနည်း ဝိဂြိုဟ်များတည်း၊ "စတ္တာရော+မဟာရာဇာနော စတုမဟာရာဇံ"ဟု ဒိဂုသမာသ်ပြု၍,ကုဝေရစသော နတ်မင်းလေးယောက်ကို အရ‌ကောက်၊"စတုမဟာရာဇေ+ဘတ္တိ ဧတေသံတိ စာတုမဟာရာဇိကာ"ဟု တဒ္ဓိတ်ဆင့်၍ ဏိကပစ္စည်းသက်၊ စတုန္နံဝါ-စသော နည်း၌ ယခင်နည်း ပြု၍"စတုမဟာရာဇံ"အရ ဌာနီနတ်မင်းကြီးများဖြင့် ဌာနဘုံကိုပါ ဌာနျူပစာရအားဖြင့် ယူ၊ ထို့နောက် "စတုမဟာရာဇေ+ဘဝါ စာတုမဟာရာဇိကာ"ဟု ပြု၊ ဘူမိရအောင်ကား"စာတုမဟာရာဇိကာနံ+နိဝါသာ စာတုမဟာရာဇိကာ"ဟု နိဝါသတဒ္ဓိတ်ဆင့်။
မဃေန၊ ပေ၊ တေတ္တိံသ ။ ။ မဃလုလင်နှင့်အတူကောင်းမှုပြုသူ (၃၃)ယောက်တို့၏ဖြစ်ရာဌာနကို "တေတ္တိံသ ဧတ္ထ နိဗ္ဗတ္တာ"ဟု ပြု၍ တေတ္တိံသ မည်၏၊ ထို့‌နောက် တာဝတိံသ ပြီးပုံကို ဘာသာဋီကာ၌ ကြည့်၊ ဤ ဝဒန္တိဝါဒ၏ မကောင်းပုံကို ပြလို၍"ယသ္မာပန"စသည်မိန့်၊ ထို၏ အဓိပ္ပာယ်ကိုလည်း ဘာသာဋီကာ၌ပြထားပြီ။
အတ္ထိ၊ ကုန်၏။ တသ္မာ၊ ကြောင့်။ ဧတံ၊ ဤ တာဝတိံသာဟူသော အမည်သည်။ တဿဒေဝလောကဿ၊ ထို ဒုတိယနတ်ပြည်၏။ နာမမတ္တမေဝ၊ အမည်မျှသာတည်း။ ဣတိ၊ သို့။ ဂ‌ဟေတဗ္ဗံ၊ မှတ်ယူထိုက်၏။
ဒုက္ခတော၊ ဆင်းရဲမှ။ ယာတာ အပယာတာ၊ ကင်းသောနတ်တို့တည်း။ ဣတိ၊ ကြောင့်။ (‌တေ) ယာမာ၊ မတို့မည်၏။
အတ္တနော၊ ၏။ သိရီသမ္ပတ္တိယာ၊ အသရေ၏ပြည့်စုံခြင်းအားဖြင့်. တုသံ (ပီတိံ)၊ နှစ်သက်ခြင်းကို။ ဣတာ ဂတာ၊ ရောက်သောနတ်တို့တည်း။ ဣတိ၊ ကြောင့်။ (တေ)တုသိတာ၊ တတို့မည်၏။ [တုသံကို ပီတိံ,ဣတာကို ဂတာဟုဖွင့်သည်။]
ဧတေသံ၊ ဤနတ်တို့၏။ နိမ္မာနေ၊ ဖန်ဆင်းအပ်သောစည်းစိမ်၌။ ရတိ၊ မွေ့လျော်ခြင်းသည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ၊ ထိုနတ်တို့သည်။) နိမ္မာနရတိနော၊ တိတို့မည်၏။ (ယေ၊ အကြင်နတ်တို့သည်။)
ပရနိမ္မိတေသု၊ သူတစ်ပါးတို့ဖန်ဆင်းအပ်ကုန်သော။ ဘောဂေသု၊ စည်းစိမ်တို့၌။ အတ္တနော၊ ၏။ ဝသံ၊ အလိုကို။ ဝတ္တေန္တိ၊ လိုက်စေနိုင်ကုန်၏။ ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) ပရနိမ္မိတဝသဝတ္တိနော၊ တ္တိတို့မည်၏။
မဟာဗြဟ္မာနံ၊ မဟာဗြဟ္မာတို့၏။ ပရိစာရိကတ္တာ၊ အလုပ်အကြွေးတို့၏အဖြစ်ကြောင့်။ တေသံ၊ ထိုမဟာဗြဟ္မာတို့၏။ ပရိသတိ၊ ပရိသတ်၌။ ဘဝါ၊ ‌ဖြစ်သောဗြဟ္မာတို့တည်း။ ဣတိ၊ ကြောင့်။ ဗြဟ္မပါရိသဇ္ဇာ၊ ဇ္ဇတို့မည်၏။
တေသံ၊ ထိုမဟာဗြဟ္မာတို့၏။ ပုရောဟိတဋ္ဌာနေ၊ ပုရောဟိတ်အရာ၌။ ဌိတတ္တာ၊ တည်ကုန်သည်၏အဖြစ်ကြောင့်။ ဗြဟ္မပုရောဟိတာ၊ တတို့မည်၏။
ဈာနာဒီဟိ၊ ဈာန်အစရှိကုန်သော။ [အာဒိဖြင့် ဝဏ္ဏဝန္တတာစသော ဂုဏ်ကိုယူ။] တေဟိ တေဟိ ဂုဏဝိသေသေဟိ၊ ထိုထို ဂုဏ်အထူးတို့ဖြင့်။ ဗြူဟိတာ ပရိဝုဒ္ဓါ၊ တိုးပွားသောပုဂ္ဂိုလ်တို့တည်း။ ဣတိ၊ ကြောင့်။ ဗြဟ္မာနော၊ ဗြဟ္မာတို့မည်၏။ ဝဏ္ဏဝန္တတာယစေဝ၊ လှပသောအဆင်းရှိကုန်သည်၏အဖြစ်ဖြင့်လည်းကောင်း။ ဒီဃာယုကတာဒီဟိစ၊ ဒီဃာယုကတာအစရှိသောဂုဏ်တို့ဖြင့်လည်းကောင်း။ ဗြဟ္မပါရိသဇ္ဇာဒီဟိ၊ ဗြဟ္မပါရိသဇ္ဇအစရှိသောဗြဟ္မာတို့ထက်။ [အာဒိဖြင့်ဗြဟ္မပုရောဟိတကိုယူ။] မဟန္တာ၊ ကြီးကျယ်ကုန်သော။ မဟာဗြဟ္မာနော၊ ဗြဟ္မာတို့တည်း။ ဣတိ၊ ကြောင့်။ မဟာဗြဟ္မာနော၊ ဟ္မာတို့မည်၏။
တယောပိ၊ သုံးမျိုးလည်းဖြစ်ကုန်သော။ ဧတေ၊ ဤဗြဟ္မာတို့သည်။ ပဏီတ။ ပေ။ ဝါသိနော၊ မွန်မြတ်သောအရောင်,အလွန်မွန်မြတ်သောအရောင်,အလွန်အကြူးအထူးမွန်မြတ်သောအရောင်တို့ဖြင့် တောက်ပကုန်သည်ဖြစ်၍,တူသောကောင်းကင်အပြင်၌နေလေ့ရှိကုန်၏။
ဧတေသံ၊ ဤ ဗြဟ္မာတို့၏။ ဥပရိမေဟိ၊ အထက်ဗြဟ္မာတို့အောက်။ ပရိတ္တာ၊ နည်းသော။ အာဘာ၊ အရောင်သည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ၊ ထိုဗြဟ္မာတို့သည်။) ပရိတ္တာဘာ၊ တို့မည်၏။
ဧတေသံ၊ ဤဗြဟ္မာတို့၏။ အပ္ပမာဏာ၊ အတိုင်းအရှည်မရှိသော။ ဝါ၊ များသော။ အာဘာ၊ သည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) အပ္ပမာဏာဘာ၊ ဘတို့မည်၏။
ဧတေသံ၊ တို့၏။ သပ္ပီတိ။ ပေ။ သန္တာနတ္တာ၊ ပီတိနှင့်တကွဖြစ်သောဈာန်ကြောင့်ဖြစ်သောခန္ဓာအစဉ်ရှိကုန်သည်၏အဖြစ်ကြောင့်။ ဝလာဟကတော၊ တိမ်တိုက်မှ။ ဝိဇ္ဇုဝိယ၊ လျှပ်စစ်ကဲ့သို့။ ဣတောစ၊ ဤမှလည်းကောင်း။ ဣတောစ၊ လည်းကောင်း။ အာဘာ၊ သည်။ သရတိ နိဿရတိ၊ ထွက်သွားတတ်၏။ ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) အာဘဿရာ၊ ရတို့မည်၏။ ဝါ၊ နည်း။
ဧတေသံ၊ တို့၏။ ဒဏ္ဍဒီပိကာယ၊ တိုင်ရှိသောဆီမီး၏။ ဝါ၊ ဆီမီးတိုင်၏။ အစ္စိဝိယ၊ အလျံကဲ့သို့။ သရီရတော၊ ကိုယ်မှ။ အာဘာ၊ သည်။ ဆိဇ္ဇိတွာဆိဇ္ဇိတွာ၊ ပြတ်၍ပြတ်၍။ ပတန္တိဝိယ၊ ကျသကဲ့သို့။ သရတိ နိဿရတိ၊ ၏။ ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) အာဘဿရာ၊ ရတို့မည်၏။ ဝါ၊ နည်း။
ယထာဝုတ္တာယ၊ အကြင်အကြင်ဆိုအပ်ပြီးသော။ ပဘာယ၊ အရောင်၂မျိုးဖြင့်။ အာဘာသနသီလာ၊ တောက်ပခြင်းအလေ့ရှိကုန်၏။ ဣတိ,အာဘဿရာ၊ တို့မည်၏။
တယောပိ၊ သုံးမျိုးလည်းရှိကုန်သော။တယောပေတေ၊ ပေ၊ ဝါသိနော ။ ။ "ပဏီတတရတမပဘာ+အဝဘာသိတ"ဟု ခွဲ၊"ပဏီတပဘာ,ပဏီတတရပဘာ,ပဏီတတမပဘာ"ဟုဆိုလိုလျက် ပဏီတပုဒ်တို့ကို ချေထားသည်၊ ပဏီတပဘာသည် ဗြဟ္မပါရိသဇ္ဇအတွက်, ပဏီတတရပဘာသည် ဗြဟ္မပုရောဟိတအတွက်,ပဏီတတမပဘာသည် မဟာဗြဟ္မာအတွက်တည်း၊ ထိုကဲ့သို့ သုံးမျိုးကွဲသော ကိုယ်ရောင်ကိုယ်ဝါ တန်ဆာရောင် ဗိမာန်ရောင်တို့ဖြင့်+အဝဘာသိတာ (ဩဘာသိတာ)-‌တောက်ပကုန်သည်တည်း၊ ဧကတလေ-၌၊ [သမာနကာလေ-ဟုလည်းရှိ၏၊] ဝါသိနော-ဧကတလဝါသိနော၊ ပဏီတ၊ ပေ၊ ဘာသိတာ+ဟုတွာ+ ဧကတလဝါသိနော ပဏီတ ၊ပေ၊ ဝါသိနော၊ ‌ဗြဟ္မာသုံးမျိုးတို့သည် အရောင်ချင်းမတူကြ,နေရာဘုံဌာနကား တစ်ပြင်တည်းသာ-ဟူလို၊ [စာအုပ်တို့၌ "ပဏီတ တရတန"ဟုပါဌ်ပျက်သည်၊"ဥက္ကဋ္ဌတရတမ"ဟု စိတ်လေးမျိုးပြရာ၌ဖွင့်ခဲ့သကဲ့သို့ "တရ-တမ"ဟု ဤဋီကာဆရာ ထားလေ့ရှိသည်။]
အာဘဿရာ ။ ။ "သရတိ နိဿရတိ-ကိုယ်မှ ထွက်တတ်၏၊ ဣတိ သရာ၊အာဘာ+သရာ ဧတေသံတိ အာဘဿရာ"ဟု ပဌမ ဒုတိယနည်း၌ ဝိဂ္ဂဟပြု၊ ယထာဝုတ္တာယဝါ-စသောတတိယနည်း၌ကား "အာဘာသနံ အာဘဿော-ထွန်းတောက်ခြင်း၊ အာ ပုဗ္ဗဘာသဓာတ်, ဏျပစ္စည်း၊ ဘာ၌ ရဿ, သ၌ဒွေဘော်၊ အာဘဿော+သီလံ ဧတေသံတိ အာဘဿရာ"ဟု ပြု၊ တဿီလအနက်၌ ရပစ္စည်း၊ ယထာဝုတ္တာယဖြင့် ရှေ့နှစ်ဝိကပ်၌ ဆိုအပ်သောအရောင်နှစ်မျိုးကိုညွှန်းသည်။
ဧတေ၊ ဤဗြဟ္မာတို့သည်။ ပဏီတ။ ပေ။ ဝါသိနော၊ မွန်မြတ်သောအရောင်,အလွန်မွန်မြတ်သောအရောင်,အလွန်အကြူး အထူးမွန်မြတ်သောအရောင်တို့ဖြင့် တောက်ပကုန်သည်ဖြစ်၍,တစ်ခုတည်းသောကောင်းကင်အပြင်၌ နေလေ့ရှိကုန်၏။ [ရှေ့၌ သမာနတလ,ဤ၌ "ဧကတလ"ဟု စာနေပုံ ကွဲသည်။]
ဧကဂ္ဃနာ၊ တစ်ခဲနက်သော။ အစလာ၊ မတုန်လှုပ်သော။ သရီရာဘာ၊ ကိုယ်ရောင်ကို။ သုဘာတိ၊ သုဘာဟူ၍။ ဝုစ္စတိ၊ ၏။ ဧတေသံ၊ ဤဗြဟ္မာတို့၏။ ဥပရိဗြဟ္မေဟိ၊ အထက်ဗြဟ္မာတို့အောက်။ ပရိတ္တာ၊ သော။ သာ၊ ထိုတစ်ခဲနက်သောကိုယ်ရောင်သည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ) ပရိတ္တသုဘာ၊ ဘတို့မည်၏။
ဧတေသံ၊ တို့၏။ အပ္ပမာဏာ၊ သော။ ဝါ၊ သော။ သုဘာ၊ တစ်ခဲနက်သောကိုယ်ရောင်သည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ (တေ) အပ္ပမာဏသုဘာ၊ ဘတို့မည်၏။
ပဘာသမုဒယသင်္ခါတာဟိ၊ အရောင်အပေါင်းဟုဆိုအပ်ကုန်သော။ သုဘာဟိ၊ တစ်ခဲနက်သောကိုယ်ရောင်တို့ဖြင့်။ ကိဏ္ဏာအာကိဏ္ဏာ၊ ရောပြွမ်းသောဗြဟ္မာတို့တည်း။ ဣတိ၊ ကြောင့်။ သုဘကိဏှာ၊ ဏှတို့မည်၏။
စ၊ ဆက်။ သုဘကိဏ္ဏာတိ၊ ဏ္ဏဟူ၍။ ဝတ္တဗ္ဗေ၊ ဆိုထိုက်လျက်။ အာသဒ္ဒဿ၊ အာသဒ္ဒါ၏။ ရသတ္တံ၊ ဏ္ဏဟူ၍။ ဝတ္တဗ္ဗေ၊ ဆိုထိုက်လျက်။ အာသဒ္ဒဿ၊ အာသဒ္ဒါ၏။ ရဿတ္တံ၊ ရဿအဖြစ်ကိုလည်းကောင်း။ အန္တိမဏကာရဿ၊ အဆုံးဏအက္ခရာ၏။ ဟကာရံစ၊ ဟအက္ခရာကိုလည်းကောင်း။ ကတွာ၊ ၍။ သုဘကိဏှာတိ၊ ဏှဟူ၍။ ဝုတ္တံ၊ ပြီ။
ဧတေပိ၊ ဤသုံးမျိုးသောဗြဟ္မာတို့သည်လည်း။ ပဏီတ။ ပေ။ ဝါသိနော၊ ကုန်၏။
ဧတေသံ၊ ဤဗြဟ္မာတို့၏။ ဈာနပ္ပဘာဝနိဗ္ဗတ္တံ၊ ဈာန်၏အစွမ်းသတ္တိကြောင့်ဖြစ်သော။ ဝိပုလံ၊ ပြန့်ပြောသော။ ဖလံ၊ အကျိုးသည်။ (အတ္ထိ၊) ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) ဝေဟပ္ဖလာ၊ လတို့မည်၏။ [ဝိပုလကို သုတ်ကြီးဖြင့်ဝေဟ ပြု။]
ဧတေသံ၊ တို့၏။ သညာဝိရာဂဘာဝနာ။ ပေ။ မတ္တတ္တာ၊ သညာကိုစက်ဆုပ်သောဘာဝနာကြောင့်ဖြစ်သောရုပ်အစဉ်မျှသာ ရှိကုန်သည်၏အဖြစ်ကြောင့်။ သညာ၊ သညာသည်လည်းကောင်း။ တံ မုခေန၊ ထိုသညာကိုအဦးပြုသဖြင့်။ ပဘာ၊ပေ၊သုဘကိဏှာတိ ဝုတ္တံ ။ ။ စာအုပ်များ၌ "သုဘေဟိ"ဟု ပုလ္လိန်တွေ့ရ၏၊ မဏိမဉ္ဇူလည်း ထိုအတိုင်းဖွင့်၏၊ သို့သော် "သုဘေဟိ+ကိဏ္ဏာ"ဟု တွဲလျှင် ဘာ၌ အာကို ရဿပြုဖွယ်မလိုသောကြောင့်လည်းကောင်း, ဓမ္မဟဒယဝိဘင်း မူလဋီကာ၌ "‌သောဘနပဘာယ+ကိဏ္ဏာ သုဘာကိဏ္ဏာတိ ဝတ္တဗ္ဗေ"ဟု ရှိသောကြောင့်လည်းကောင်း "ပဘာသမုဒယသင်္ခါတာဟိ သုဘာဟိ"ဟု ရှိသင့်၏။ ဝုတ္တာ၊ ဆိုအပ်ကုန်သော။ အဝသေသာ၊ သညာမှကြွင်းကုန်သော။ အရူပက္ခန္ဓာစ၊ နာမ်ခန္ဓာလေးပါးတို့သည်လည်းကောင်း။ နတ္ထိ၊ ကုန်။ ဣတိ၊ ကြောင့်။ (တေ၊ တို့သည်။) အသညာ၊ ညတို့မည်၏။
တေယေဝ၊ ထိုအသညဗြဟ္မာတို့သည်ပင်။ သတ္တာ၊ သတ္တဝါတို့တည်း။ ဣတိ,အသညသတ္တာ၊ တ္တတို့မည်၏။
ဧတေပိ၊ ဤ ဗြဟ္မာတို့သည်လည်း။ ပဏီတတရပဘာဝဘာသိတေကတလဝါသိနော၊ မွန်မြတ်သောအရောင်,အလွန်မွန်မြတ်သောအရောင်တို့ဖြင့်တောက်ပကုန် သည်ဖြစ်၍ တစ်ခုတည်းသော ကောင်းကင်အပြင်၌ နေလေ့ရှိကုန်၏။ [ဘုံနှစ်မျိုးသာရှိသောကြောင့်ပဏီတတမ မရှိသင့်၊ ပဏီတ, ပဏီတတရ နှစ်ခုသာ ရှိသင့်သည်။]
သုဒ္ဓါနံ၊ စင်ကြယ်ကုန်သော။ အနာဂါမိအရဟန္တာနမေဝ၊ အနာဂါမ်,ရဟန္တာပုဂ္ဂိုလ်တို့၏သာ။ အာဝါသာ၊ နေရာဘုံတို့တည်း။ ဣတိ,သုဒ္ဓါဝါသာ၊ သာတို့မည်၏။ ဝါ၊ နည်း။
ဧတေသံ၊ ဤဗြဟ္မာတို့၏။ အနုနယပ္ပဋိဃာဘာဝတော၊ ချစ်ခြင်း,မုန်းခြင်းမရှိခြင်းကြောင့်။ သုဒ္ဓေါ၊ စင်ကြယ်သော။ အာဝါသော၊ နေခြင်းသည်။ (အတ္ထိ၊ ၏။) ဣတိ,(တေ၊ တို့သည်။) သုဒ္ဓါဝါသာ၊ သာတို့မည်၏။ တေသံ၊ ထို သုဒ္ဓါဝါသဗြဟ္မာတို့၏။ နိဝါသဘူမိပိ၊ နေရာဘုံသည်လည်း။ သုဒ္ဓါဝါသာ၊ သာတို့မည်၏။ ["သုဒ္ဓါဝါသာနံ+နိဝါသာ သုဒ္ဓါဝါသာ"ဟု ပြု။]
ပန၊ ဆက်။ ဣမေသု၊ ဤ သုဒ္ဓါဝါသဗြဟ္မာတို့တွင်။ ပဌမတလဝါသိနော၊ ပဌမဘုံအပြင်၌နေလေ့ရှိကုန်သောဗြဟ္မာတို့သည်။ အပ္ပကေန၊ အနည်းငယ်သော။ ကာလေန၊ ဖြင့်။ အတ္တနော၊ ၏။ ဌာနံ၊ ဘုံဌာန ကို။ န ဝိဇဟန္တိ၊ မစွန့်ကြကုန်။ ဣတိ၊ ကြောင့်။ အဝိဟာ၊ ဟတို့မည်၏။ [ကမ္ဘာတစ်ထောင်တိုင်အောင် အသက်ရှည်ကြသောကြောင့်"အနည်းငယ်သောအချိန်ကာလဖြင့်မိမိဘုံဌာနကိုမစွန့်ကြ"ဟုဆိုသည်။]သညာ၊ပေ၊အသညာ ။ ။ [‌နောက်၌ "သညာဝိရာဂံ ဘာဝေတွာ"ဟု လာလတ္တံ့အတိုင်း သညာဝိရာဂဘာဝနာ ဖြစ်ပုံကိုသိပါ၊] "နိဗ္ဗတ္တံ"ဟု စာအုပ်များ၌ ရှိ၏၊ "နိဗ္ဗတ္တ"ဟုနောက်ပုဒ်နှင့် တသမာသ်ထဲ မဏိမဉ္ဇူ ဖွင့်၏၊ "နတ္ထိ+သညာ ဧတေသံတိ အသညာ"တို့သာ လိုရင်းတည်း၊"တံ မုခေန၊ပေ၊အရူပက္ခန္ဓာ"ကား သညာမရှိလျှင် အခြားနာမ်တရားတို့ကား ရှိသေးသလော-ဟုစောဒနာဖွယ်ရှိ၍ ထည့်အပ်သောစကားတည်း။
အသညသတ္တာ ။ ။ သညာနှင့်တကွ နာမ်တရားအားလုံး မရှိလျှင် အာရုံငါးပါးကို မတပ်မက်တတ်သောကြောင့် "ရူပါဒီသု သဉ္စတီတိ သတ္တော" နှင့်မညီရကား"သတ္တဝါ"ဟု မခေါ်ရပြီလောဟု စောဒနာဖွယ်ရှိ၍ "သတ္တာ"ဟု ဆိုရသည်၊ သတ္တအမည်၏ ခန္ဓာအပေါင်း၌ထင်ရှားသောရုဠှီအမည်လည်းဖြစ်နိုင်ရကားအထင်ရုဠှီအားဖြင့်ထိုအသညတို့ကိုသတ္တဟုခေါ်နိုင်ကြောင်းပြလို၍"အသညသတ္တ"ဟုသတ္တပုဒ်ကိုထည့်၍နာမည်တပ်ရသည်။
ဒုတိယတလဝါသိနော၊ တို့သည်။ ကေနစိ၊ တစ်စုံတစ်ခုသောအကြောင်းကြောင့်။ နတပ္ပန္တိ၊ မပူပန်ကြကုန်။ ဣတိ,အတပ္ပါ၊ ပ္ပတို့မည်၏။
တတိယတလဝါသိနော၊ တို့သည်။ ပရမသုန္ဒရရူပတ္တာ၊ အလွန်ကောင်းသောရုပ်အဆင်းရှိကုန်သည်၏အဖြစ်ကြောင့်။ သုခေန၊ ချမ်းသာသဖြင့်။ ဒိဿန္တိ၊ ရှုမြင်အပ်ကုန်၏။ ဣတိ,သုဒဿာ၊ ဿတို့မည်၏။
စတုတ္ထတလဝါသိနော၊ တို့သည်။ သုပရိသုဒ္ဓဒဿနတ္တာ၊ အလွန်စင်ကြယ်သောမြင်ခြင်းရှိကုန်သည်၏အဖြစ်ကြောင့်။ သုခေန၊ ဖြင့်။ ပဿန္တိ၊ မြင်တတ်ကုန်၏။ ဣတိ,သုဒဿိနော၊ ဿီတို့မည်၏။
ပန၊ ကား။ ပဉ္စမတလဝါသိနော၊ ပဉ္စမဘုံအပြင်၌နေလေ့ရှိကုန်သောဗြဟ္မာတို့သည်။ ဥက္ကဋ္ဌသမ္ပတ္တိကတ္တာ၊ အကောင်းမြတ်ဆုံးစည်းစိမ်ရှိကုန်သည်၏အဖြစ်ကြောင့်။ ဧတေသံ၊ ဤဗြဟ္မာတို့၏။ ကနိဋ္ဌဘာဝေါ၊ ငယ်သည်၏အဖြစ်သည်။ [ကနိဋ္ဌဘာဝဟု ဆိုလိုလျက် ဘာဝပုဒ်ကြေသည်။] နတ္ထိ၊ မရှိ။ ဣတိ၊ ကြောင့်။ အကနိဋ္ဌာ၊ အကနိဋ္ဌတို့မည်၏။
အာကာသာနဉ္စာယတနေ၊ န ဟုသတ်မှတ်အပ်သောအရပ်၌။ ပဝတ္တာ၊ ဖြစ်ကုန်သော။ ပဌမာရုပ္ပဝိပါကဘူတစတုက္ခန္ဓာဧဝ၊ ပဌမအာရုပ္ပဝိပါက်ဖြစ်၍ဖြစ်သောနာမ်ခန္ဓာလေးပါးတို့သည်ပင်။ အာကာသာနဉ္စာယတနဘူမိ၊ မိမည်၏။ ဝါ၊ နည်း။ တေဟိ၊ ထို နာမ်ခန္ဓာလေးပါးတို့ဖြင့်။ ပရိစ္ဆိန္နဩကာသော၊ ပိုင်းခြားအပ်သော အရပ်သည်။ အာကာသာနဉ္စာယတနဘူမိ၊ မိ မည်၏။ [အာကာသာနဉ္စာယတနဝိပါက် စိတ်စေတသိက်တို့ဖြင့် ပဋိသန္ဓေတည်နေလျက်အဆက်ဆက်ဖြစ်ပွားသော နာမ်ခန္ဓာအစဉ်၏ဖြစ်တည်ရာကောင်းကင်အပြင်ကိုပင် အာကာသာနဉ္စာယတနဘုံဟု ခေါ်သည်။]
သေသေသုပိ၊ ကြွင်းသောဝိညာဏဉ္စာယတနဘူမိစသောပုဒ်တို့၌လည်း။ ဧဝံ၊ ဤအတူတည်း။
ပုထုဇ္ဇနာ၊ ပုထုဇဉ်ဖြစ်ကုန်သော။ (ပုဂ္ဂလာစ၊ ပုဂ္ဂိုလ်တို့ကိုလည်းကောင်း။) သောတာပန္နာ၊ သောတာပန်ဖြစ်ကုန်သော။ (ပုဂ္ဂလာ)စ၊ တို့ကိုလည်း။ သကဒါဂါမိနော၊ ဂါမ်ဖြစ်ကုန်သော။ ပုဂ္ဂလာပိစ၊ တို့ကိုလည်းကောင်း။ သုဒ္ဓါဝါသေသု၊ သုဒ္ဓါဝါသဘုံတို့၌။ သဗ္ဗထာ၊ ခပ်သိမ်းသောအပြားအားဖြင့်။ (တစ်နည်း) သဗ္ဗဒါ၊ အခါခပ်သိမ်း။ န လဗ္ဘန္တိ၊ ကုန်။ ဣတိ(အယံ)၊ ကား။ သမ္ဗန္ဓော၊ ပုဒ်တို့၏စပ်ခြင်းတည်း။
စ၊ ဆက်။ ပုထုဇ္ဇနာဒီနံ၊ ပုထုဇဉ်အစရှိသောပုဂ္ဂိုလ်တို့ကို။ ပဋိက္ခေပေန၊ ပယ်ခြင်းဖြင့်။ အနာဂါမိအရဟန္တာနမေဝ၊ အနာဂါမ်,ရဟန္တာပုဂ္ဂိုလ်တို့ကိုသာ။ တတ္ထ၊ ထိုသုဒ္ဓါဝါသဘုံ၌။ လာဘော၊ ရခြင်းသည်။ ဝါ၊ ကို။ ဝုတ္တော၊ ဆိုအပ်ပြီးသည်။ ဟောတိ၊ ၏။ [အဝုတ္တသိဒ္ဓိနည်းအားဖြင့်ဆိုပြီးဖြစ်သည်-ဟူလို။]
သေသဋ္ဌာနေသူတိ၊ ကား။ သုဒ္ဓါဝါသအပါယအသညီဝဇ္ဇိတေသု၊ သုဒ္ဓါဝါသဘုံ,အပါယ်ဘုံ,အသညသတ်ဘုံတို့သည်ကြဉ်အပ်ကုန်သော။ သေသဋ္ဌာနေသု၊ ကြွင်းသောဘုံဌာနတို့၌။ အရိယာ၊ အရိယာပုဂ္ဂိုလ်တို့ကိုလည်းကောင်း။ အနရိယာပိစ၊ အရိယာမဟုတ်,ပုထုဇဉ်ပုဂ္ဂိုလ်တို့ကိုလည်းကောင်း။ လဗ္ဘန္တိ၊ ရအပ်ကုန်၏။