မနောဒွါရိကစိတ္တာနံ၊ မနောဒွါရ၌ဖြစ်သောစိတ်တို့၏။
အတီတာနာဂတမ္ပိ၊ အတိတ် အနာဂတ်လည်းဖြစ်သော။
အာရမဏံ၊ သည်။
ဟောတိ၊ ရှိ၏။
ဣတိ၊ ကြောင့်။
တေသံ၊ ထိုမနောဒွါရိကစိတ်တို့၏။
အတိမဟန္တာဒိဝသေန၊ အတိမဟန္တာရုံအစရှိသည်တို့၏အစွမ်းဖြင့်။
ဝိသယဝဝတ္ထာနံ၊ အာရုံကိုပိုင်းခြားသတ်မှတ်ခြင်းကို။
ကာတုံ၊ ငှာ။
န သက္ကာ၊ မတတ်ကောင်း။
ဣတိ၊ ကြောင့်။
ဝိဘူတာဝိဘူတဝသေနေဝ၊ ထင်ရှားသောအာရုံ,မထင်ရှားသောအာရုံတို့၏အစွမ်းဖြင့်သာလျှင်။
ဧတံ၊ ဤအာရုံကို။
နိယမေတုံ၊ သတ်မှတ်ခြင်းငှာ။
ယဒိ ဝိဘူတမာရဏန္တျာဒိ၊ ဏံအစရှိသောစကားကို။
(အာစရိယေန)
ဝုတ္တံ၊ ပြီ။
မနောဒွါရိက၊ပေ၊န သက္ကာ ။ ။ အတိမဟန္တာရုံ-စသောနာမည်ဖြင့် အာရုံကို ခွဲခြားမှတ်သားခြင်းသည် အတီတဘဝင်လွန်ပုံ အနည်းအများလိုက်၍ မှတ်သားရခြင်းဖြစ်၏၊ အတိတ် အနာဂတ်အရုံတို့ကား ဖြစ်ဆဲမဟုတ်သောကြောင့် "ဥပါဒ်ပြီးလျှင် အတီတ ဘဝင် မည်မျှလွန်မှ ထင်လာသည်"ဟု သတ်မှတ်၍မဖြစ်၊ ထို့ကြောင့် မနောဒွါရသက်သက်၌ထင်လာသောအာရုံကို အတိမဟန္တာရုံ စသည်ဖြင့် ခွဲခြားသတ်မှတ်မှု မပြုဘဲ ထင်ရှားသောအာရုံ မထင်ရှားသောအာရုံဟု ခွဲခြားမှတ်သားခြင်းငှာ "ယဒိဝိဘူတ"စသည်ကိုမိန့်သည်။ [ဘာသာဋီကာဝယ် အဓိပ္ပာယ်တစ်မျိုးပြထားသေး၏။]
ဧတ္ထာတိ၊ ကား။
မနောဒွါရေ၊ မနောဒွါရ၌။
ပဉ္စဒွါရာဝေဏိကာနံ၊ ပဉ္စဒွါရ၌ သီးခြားဖြစ်ကုန်သော။
ဒွိပဉ္စဝိညာဏမနောဓာတုတ္တယဝသေန၊ ဒွေပဉ္စဝိညာဉ်တစ်ဆယ်,မနောဓာတ်သုံးပါးတို့၏အစွမ်းဖြင့်။
တေရသစိတ္တာနံ၊ တစ်ဆယ့်သုံးပါးသောစိတ်တို့၏။
တတ္ထ၊ ထိုမနောဒွါရ၌။
အပ္ပဝတ္တနတော၊ မဖြစ်ခြင်းကြောင့်။
ဧကစတ္တာလီသု၊ (၄၁)ပါးဟူ၍။
[ဝိဘာဝယေ၌ စပ်၊ "ဝိတ္ထာရေန ပနေတ္ထေက စတ္တာလီသ ဝိဘာဝယေ"၏ အဖွင့်။]
(အယံ၊ ဤဆိုအပ်ပြီးကား။)
ပရိတ္တဇဝနနယော၊ ကာမဇောကိုသိကြောင်းနည်းတည်း။