တေ၊ပေ၊သင်္ဂဟံ ။ ။ သံ-အကျဉ်းချုံး၍၊ဝါ- သိမ်းရုံး၍+ဂဟ-ယူရာယူကြောင်းကျမ်း၊ သင်္ဂြိုဟ်ကျမ်းသည် ထိုအဘိဓမ္မတ္ထတို့ကို သိမ်းယူရာ (သိမ်းယူတဲ့နေရာ) ဖြစ်၏၊ ထို့ကြောင့် "သင်္ဂယှန္တိ ဧတ္ထ"ဟု အဓိကရဏသာဓနဝိဂြိုဟ်ပြုရ၏၊ ဤသင်္ဂြိုဟ်ကျမ်းဖြင့် ထိုအဘိဓမ္မတ္ထတို့ကို သိမ်းယူရသောကြောင့်သိမ်းယူကြောင်းကျမ်းလည်းဟုတ်၏၊ ထို့ကြောင့် "သင်္ဂယှန္တိ ဧတေန"ဟုလည်း ကရဏသာဓန ဝိဂ္ဂဟပြုရ၏၊ ထို့နောက် "အဘိဓမ္မတ္ထာနံ+သင်္ဂဟော"ဟု အဘိဓမ္မတ္ထပုဒ်နှင့် ဆဋ္ဌီတပ္ပုရိသ်တွဲ။
[နိယာမ်] ကရဏသာမ်, အဓိကရဏသာမ်,နောက်ပုဒ်မှတ်,ရှေ့ပါဌ်ဆဋ္ဌီတွဲမြဲတည်း။ ယံ ဝစနံ၊ အကြင်စကားသည်။ အတ္ထိ၊ ၏။ တံ ဝစနံ၊ ကို။ အာဟ၊ မိန့်တော်မူ၏။
တသ္မိံ၊ပေ၊ဝုတ္တာ ။ ။ ဤဋီကာအလိုအားဖြင့်တတ္ထဝုတ္တာ၌ တတ္ထ၏အစွဲကိုအဘိဓမ္မာပိဋက စွဲပါဟုဆို၏၊ ထိုစွဲပုံ၏မသင့်ကြောင်းကိုဘာသာဋီကာ၌ ပြထားပြီ။ "နိဗ္ဗာနမီတိ သဗ္ဗထာ"၌ ပါသော သဗ္ဗထာကိုလည်း ဝုတ္တာ၌ စပ်၍ ဓမ္မသင်္ဂဏီပါဠိတော်၌"ကုသလာ ဓမ္မာ"စသည်ဖြင့်ကုသိုလ်ကိုစ၍ ဟောတော်မူ၏၊ ဝိဘင်းပါဠိတော်၌ "ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော"စသည်ဖြင့်ခန္ဓာကိုစ၍ ဟောတော်မူ၏၊ ထိုသို့ဟောတော်မူအပ်သောကုသိုလ်စသောအပြား,ခန္ဓာစသောအပြားကို"သဗ္ဗထာ"ဟုဆိုလိုသတတ်၊ မဏိမဉ္ဇူ၌ကား သဗ္ဗထာကို စတုဓာ၌ စပ်၏၊ ခပ်သိမ်းသော (ပြားနိုင်သမျှပြားသော)အပြားအားဖြင့်အဘိဓမ္မတ္ထတို့သည်လေးပါးသာရှိ၏၊လေးပါးထက် အပိုမရှိ-ဟူလို၊ ပရမတ္ထတောကို"သမ္မုတိံ၊ပေ၊ပရမတ္ထဝသေန"ဟုဖွင့်သည်။
စိတ္တံ၊ပေ၊အသင်္ခတဓမ္မော ။ ။ "ဝိညာဏေ စိတ္တကမ္မေ စ, ဝိစိတ္ထေ စိတ္တမုစ္စတေ"ဟူသောအဘိဓာန်လာ အနက်တို့တွင် စိတ္တကမ္မ (ပန်းချီရေးဆေးရုပ်)စသော အနက်ကို ယူမည်စိုး၍ စိတ္တံကို "ဝိညာဏက္ခန္ဓော"ဟုဖွင့်၏၊ စိတ်ဝိညာဉ်ဟူသောအနက်ကိုယူပါဟူလို၊ "စေတသာ+နိဗ္ဗတ္တံ"စသည်ဖြင့် ဝစနတ္ထပြု၍ စိတ်ကြောင့်ဖြစ်သောစိတ္တဇရုပ်ကိုလည်းယူမည်စိုးသောကြောင့် စေတသိကံကို "ဝေဒနာဒိက္ခန္ဓတ္တယံ"ဟုဖွင့်သည်၊ "စေတသိ+နိဿိတံ"ဟုပြု၍ စိတ်၌မှီသော စေတသိက် (နာမ်ခန္ဓာသုံးပါး) ကိုယူပါ-ဟူလို၊ "ပိယရူပံ သာတရူပံ"ဟူသော ယမိုက်ပါဠိတော်အရ ပိယရုပ်, သာတရုပ်ကို ယူမည်စိုး၍ ရူပံကို "ဘူတုပါဒါယ၊ ပေ၊ ရူပက္ခန္ဓော"ဟု ဖွင့်သည်၊ ဘူတရုပ်-ဥပါဒါရုပ် ဟု ၂မျိုးပြားသော ရုပ်ခန္ဓာကို ရူပံအရ၌ ယူပါ-ဟူလို၊ နိဗ္ဗာနံပုဒ်က လောဘ စသည်တို့၏ ခေတ္တခဏ (တဒင်္ဂပဟာန်ဖြင့်) ငြိမ်းအေး ခြင်းကိုလည်းဟောရကား (မဏိမဉ္ဇူ၌ "အရဟတ္တဖိုလ် စသည်ကိုဟောရကား"ဟုဆို၏၊) ထိုတဒင်္ဂပဟာန (အရဟတ္တဖလ) နိဗ္ဗာန်ကိုယူမည်စိုး၍ "မဂ္ဂ၊ပေ၊အသင်္ခတ ဓမ္မော"ဟု ဖွင့်သည်၊ မဂ်ဖိုလ်၏ အာရုံဖြစ်သော အသင်္ခတနိဗ္ဗာန်ကိုယူပါ-ဟူလို။ ဘူတုပါဒါယဘေဒဘိန္နော၊ ဘူတရုပ်,ဥပါဒါရုပ်တို့၏အပြားအားဖြင့်ပြားသော။ ရူပက္ခန္ဓော၊ ရူပက္ခန္ဓာလည်းကောင်း။ နိဗ္ဗာနံ၊ နိဗ္ဗာန်ဟူသော။ မဂ္ဂဖလာနံ၊ မဂ်ဖိုလ်တို့၏။ အာရမဏဘူတော၊ အာရုံဖြစ်၍ဖြစ်သော။ အသင်္ခတဓမ္မော၊ အသင်္ခတတရားလည်းကောင်း။ ဣတိ ဧဝံ၊ ဤသို့။ စတုဓာ စတူဟာကာရေဟိ၊ လေးပါးအပြားတို့ဖြင့်။ ဌိတာ၊ တည်ကုန်၏။ ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ ယောဇနာ၊ ပုဒ်,အနက်တို့ကိုယှဉ်စေခြင်းတည်း။ [ယုဇဓာတ်,ကာရိတ် ဏေပစ္စည်း, ယု ပစ္စည်း။]
တတ္ထ၊ပေ၊ပရမတ္ထော ။ ။ [တတ္ထ၏ စပ်ရာမရှိသောကြောင့်နိဿယ၌ ပါဌ်ပိုထည့်၍ အနက်ပေးထားသည်။] ပရမတ္ထသဒ္ဒါ၏ ဝစနတ္ထကို စာရှိအတိုင်း သိပါ၊ အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြထားပြီ၊ ပဌမဝိဂ္ဂဟ၌ အတ္ထသဒ္ဒါသည် သဒ္ဒါဘိဓေယျ (စိတ္တ-ဖဿ-ပထဝီစသော)သဘောကို ဟော၏၊ ထိုသဘောကိုပင်"အရီယတိ-စိတ်ဖြင့်သိအပ်၏၊ ဣတိ အတ္ထော"နှင့်အညီ အတ္ထဟုခေါ်၏၊ ထို့ကြောင့်"အတ္ထော-အနက်သဘောတည်း"ဟုပေးကြ၏၊ "သဘောဖြစ်သောအနက်တည်း"ဟုဆိုလိုသည်၊ မဏိမဉ္ဇူ၌ကား "အတ္ထသဒ္ဒါ သဘာဝဝါစက"ဟုဆိုသည်၊ ဒုတိယဝိဂ္ဂဟ၌ အတ္ထသဒ္ဒါသည် "ဝိသယ (အာရုံ)"အနက်ဟောတည်း၊ ထို့ကြောင့် "ဂေါစရော"ဟုဖွင့်သည်။ ဝါ၊ တစ်နည်း။ ပရမဿ (ဥတ္တမဿ)၊ မြတ်သော။ ဉာဏဿ၊ ဉာဏ်၏။ အတ္ထော ဂေါစရော၊ အာရုံတည်း။ ဣတိ၊ ထို့ကြောင့်။ ဝါ၊ ထိုသို့မြတ်သောဉာဏ်၏အာရုံ၏အဖြစ်ကြောင့်။ ပရမတ္ထော၊ ပရမတ္ထမည်၏။
ဟိ၊ မှန်၏။ နိဿယသမနန္တရာဒိပစ္စယေ၊ နိဿယပစ္စည်း,သမနန္တရပစ္စည်းအစရှိသောပစ္စည်းသည်။ သတိပိ၊ ရှိပါသော်လည်း။ အာရမဏေန၊ နှင့်။ ဝိနာ၊ ကင်း၍။ (တစ်နည်း) ဝိနာအာရမဏေန၊ အာရုံမရှိဘဲ။ စိတ္တံ၊ သည်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်နိုင်။ ဣတိ၊ ထို့ကြောင့်။
တဿ၊ ထိုစိတ်၏။
တံလက္ခဏတာ၊ ထိုအာရုံကိုသိခြင်းလက္ခဏာရှိသည်၏အဖြစ်ကို။
(သင်္ဂဟကာရေန၊ အဋ္ဌကထာအကျဉ်းကိုစီရင်သောအရှင်ဗုဒ္ဓဃောသသည်)
ဝုတ္တာ၊ ဆိုအပ်ပြီ။
ဧတေန၊ ဝိသယဝိဇာနနလက္ခဏံ စိတ္တံဟူသော ဤပါဌ်ဖြင့်။
(တစ်နည်း)
ဧတေန၊ အာရမဏံ ဝိဇာနာတိ ဟူသောဤပါဌ်ဖြင့်။
နိရာရမဏဝါဒိမတံ၊ နိရာရမဏဝါဒီပုဂ္ဂိုလ်တို့၏အယူသည်။စိန္တေတိ၊ပေ၊လက္ခဏံ ။ ။ စိန္တေတိ စသည်နှင့်တကွ ဝိဂ္ဂဟသုံးမျိုး၏ အဓိပ္ပာယ်ကိုလည်း ဘာသာဋီကာ၌ ပြထားပြီ၊ လက္ခဏာဟူသည် ထူးခြားသော အမှတ်အသားတည်း၊ ဥပမာ-လူတစ်ယောက်ကို"မျက်နှာ၌ အမာရွက်နှင့်လူ"စသည်ဖြင့် မှတ်သားရသကဲ့သို့တည်း၊ စိတ်မှာလည်း နိဿယစသော အခြားအကြောင်းများပြည့်စုံစေကာမူအာရုံမရှိလျှင် မဖြစ်နိုင်၊ ထိုကြောင့် အာရုံသိခြင်းကိုစိတ်၏ထူးခြားသောလက္ခဏာ(အမှတ်အသား)ဟု ဆိုထားသည်။
ဧတေန၊ပေ၊ဟောတိ ။ ။ "ဝိသယဝိဇာနန လက္ခဏံ စိတ္တံ"ဟု မဆိုသော်လည်းစိတ်၏ "အာရမဏဝိဇာနနလက္ခဏာ"ရှိကြောင်းမှာ ထင်ရှားပြီ မဟုတ်ပါလော၊ "ဝိသယဝိဇာနနလက္ခဏံ စိတ္တံ"ဟူသော ဤစကားဖြင့် အဘယ်အကျိုးရှိသနည်း"ဟု မေးဖွယ်ရှိသောကြောင့် "ဧတေန၊ပေ၊ ဟောတိ"ဟု မိန့်၊ ဤစကားဖြင့် "အာရုံမရှိဘဲ စိတ်ဖြစ်နိုင်၏"ဟူသော အယူမှားကို ပယ်ရှားရခြင်းအကျိုးရှိသည်-ဟူလို။ (ဝါ၊ အာရုံမရှိဘဲ စိတ်ဖြစ်နိုင်၏ဟု ပြောဆိုလေ့ရှိသောပုဂ္ဂိုလ်တို့၏အယူသည်။)
ဝါ၊ ကို။
ပဋိက္ခိတ္တံ၊ ပယ်အပ်ပြီးသည်။
ဟောတိ၊ ဖြစ်တော့၏။
ယထာ၊ပေ၊ဓမ္မောနာမ ။ ။ သ-ထင်ရှားရှိသော+ဘာဝ-သဘော၊ ဖဿ၌ ဖုသန (အာရုံကိုထိခြင်းအမူအရာ)ထင်ရှားရှိ၏၊ ထိုသို့ထင်ရှားရှိသောအရာကို"သဘာဝ"ဟုခေါ်သည်၊ ထိုသဘာဝတရားဟူသည် အကြောင်းအားလျော်စွာ ဖြစ်ခြင်းကြိယာမျှသာတည်း၊ မတ္တမေဝ၌ မတ္တသည် အဝဓာရဏအနက်ရှိ၏၊ ဧဝကား ထိုအဝဓာရဏအနက်ကို ခိုင်မြဲစေခြင်းအနက်ရှိ၏၊ ထိုမတ္တမေဝဖြင့်ဖြစ်ခြင်းမှတစ်ပါးဖြစ်တတ်သောကတ္တုသတ္တိ,အခြားတရားများ၏ ဖြစ်ဖို့ရာ အကြောင်းဖြစ်သော ကရဏသတ္တိများ မရှိဟု ကန့်သည်။ [ဖြစ်ခြင်းဟူသည်လည်းစိတ်၏သိခြင်း,ဖဿ၏ တွေ့ထိခြင်း, ဤသို့စသော ထိုထိုတရား၏သဘောတည်း။]
ဧဝဉ္စကတွာ ။ ။ "ဧဝဉ္စကတွာ"ကို နိပါတ်တစ်ပုဒ်တည်းဟုလည်းကောင်း, "ဧဝံ+စ+ကတွာ"နိပါတ်သုံးခုပေါင်းဟုလည်းကောင်း မဏိမဉ္ဇူဖွင့်၏၊ "ဣမိနာ ကာရဏေန"ဟု အနက်ဖွင့်ကြ၏၊ ထို၏ ဟိတ်အနက်ပင်တည်း၊ ဧဝဉ္စကတွာ-ဟု စချီရာ၌ သာဓကဝါကျလည်း ရှိ, လဒ္ဓဂုဏ်ဝါကျလည်း ရှိ၏၊ ဤနေရာ၌ကား လဒ္ဓဂုဏ်ဝါကျတည်း၊ "သဘာဝဓမ္မဟူသည်အကြောင်းအားလျော်စွာ ဖြစ်ခြင်းကြိယာသာ"ဟုဆိုသဖြင့်ဖြစ်ခြင်းအနက်ပြ ဘာဝသာဓနသာ မုချတ္ထ, ကတ္တု ကရဏသာဓနတို့ကား ကတ္တုသတ္တိ, ကရဏသတ္တိ မရှိဘဲ တင်စားရသော တဒ္ဓမ္မူပစာရတ္ထဟု သိရခြင်းသည် ထိုစကားကြောင့် ရအပ်သောအကျိုးကျေးဇူးဖြစ်သည်-ဟူလို၊ [လဒ္ဓ+ရအပ်သော+ဂုဏ-ဂုဏ်၊ ဝါ-အကျိုးကျေးဇူး၊ လဒ္ဓဂုဏ်ဝါကျ၏ တွဲဖက်ဖြစ်သောရှေ့ဝါကျသည် သင့်လျော်သော အနက်ကိုပြသောဝါကျ ဖြစ်၍ ယုတ္တိဝါကျ မည်၏။] ကတ္တုကရဏဝသေန၊ ကတ္တုသာဓန, ကရဏသာဓနတို့၏အစွမ်းဖြင့်။ နိဗ္ဗစနံ၊ အနက်ကိုထုတ်၍ဆိုကြောင်းဝါကျကို။ ဝါ၊ ဝိဂြိုဟ်ဝါကျကို။ ပရိယာယကထာဟိ၊ ပရိယာယ်စကားဟူ၍။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။
သကသကကိစ္စေသု ဟိ ။ ။ ရှေ့စကားကို ချဲ့လို၍ "သကသကကိစ္စေသု ဟိ"စသည်မိန့်၊ အာရုံကိုသိခြင်းသဘောဖြစ်သောစိတ်သည်ထိုသိခြင်းကိစ္စ၌ ပြဋ္ဌာန်းသည်၏အဖြစ်ကို (မိမိပြုလုပ်တတ်သည်၏အဖြစ်ကို)တင်စား၍ ကတ္တားအဖြစ်လည်းရနိုင်၏၊ စိတ်က သိရာဝယ် ဖဿစသည်တို့လည်း သဘောတူ လိုက်ပါ၍ သိကြ၏၊ ဤသို့ဖဿစသည်တို့၏ သိကြောင်းဖြစ်ပြန်ရကား ကရိုဏ်းသဘောလည်းရနိုင်၏၊ ထိုသို့မတင်စားဘဲ အစစ်အမှန်အားဖြင့်ကား သိခြင်းကြိယာသာတည်း၊ထိုသို့ ကတ္တုကရဏသတ္တိကိုတင်စားရခြင်းဖြင့် "စိတ်မှတစ်ပါး အတ္တဟူသောကတ္တား ကရိုဏ်းမရှိတော့"ဟု ပြရခြင်းအကျိုးရှိ၏၊အကျယ်ကိုဘာသာဋီကာမှာရှုပါ။
တစ်နည်း ။ ။ စိတ္တံ (ဝိစိတ္တံ)-ဆန်းကြယ်သောဂတိ,ဝိညာဏဋ္ဌိတိ,သတ္တာဝါသ,သတ္တနိကာယကို+ကရောတီတိ စိတ္တကရဏံ၊ဒေဝ,မနုဿ,နိရယ,ပေတ,တိရစ္ဆာန်ဟူသော ကတိငါးပါးသည် တစ်ပါးနှင့်တစ်ပါး မတူအောင် ဆန်းကြယ်၏၊ ဝိညာဏဋ္ဌိတိ (၇)ပါးစသည်တို့လည်း ထို့အတူ ဆန်းကြယ်၏ ၊ ထိုဆန်းကြယ်သောကတိစသည်ကို လောကီကုသိုလ် အကုသိုလ်စိတ်သည်ပြု၏၊ ထို့ကြောင့် "စိတ္တကရဏ"ဟုဆိုလိုလျက် ကရဏပုဒ်ချေ၍ "စိတ္တ"ဟုပြီးရသည်၊ [မဏိမဉ္ဇူ၌ အခြားနည်းများလည်းပြသေး၏။]
အတ္တနော စိတ္တတာယဝါ ။ ။ စိတ်တည်းဟူသောမိမိကိုယ်တိုင်ပင် ဇာတိဘူမိသမ္ပယောဂသင်္ခါရစသောအားဖြင့် တစ်ပါးနှင့်တစ်ပါး မတူကြဘဲ ကွဲလွဲ ဆန်းပြားသောကြောင့် စိတ္တမည်၏၊ ကုသိုလ် အကုသိုလ် အဗျာကတတို့သည် ကုသိုလ်ဇာတ်,အကုသိုလ်ဇာတ်,အဗျာကတဇာတ်အားဖြင့်ကွဲပြားကြ၏၊ ကာမစိတ်စသည်နှင့်,ရူပစိတ်စသည်တို့သည် ဘုံအားဖြင့်ကွဲပြားကြ၏၊ သမ္ပယုတ်နှင့်ဝိပ္ပယုတ်စိတ်တို့သည် သမ္ပယောဂအားဖြင့်ကွဲပြားကြ၏၊ သသင်္ခါရိကနှင့်အသင်္ခါရိကစိတ်တို့သည် သင်္ခါရအားဖြင့်ကွဲပြားကြ၏၊ ဤသို့စသည်ဖြင့် ကိစ္စ ဒွါရ အာရုံဝတ္ထုအားဖြင့် ကွဲပြားကြပုံကိုလည်းသိပါ၊ ဤ၌ စိတ္တသဒ္ဒါသည် ဝိစိတ္တအနက်ကို ဟောသောအနိပ္ဖန္နပါဒိပဋိကပုဒ်တည်း။
မှတ်ချက် ။ ။ ဤနည်း၌ စိတ်တစ်ပါးတည်းသည် ဝိစိတ္တ (ထူးဆန်း)မဖြစ်နိုင်၊ကုသိုလ်နှင့်အကုသိုလ် စသည်ဖြင့် စိတ်နှစ်မျိုးတွဲမှ ဝိစိတ္တ ဖြစ်နိုင်၏၊ ထို့ကြောင့် အပေါင်း၏စိတ္တအမည်ကို အစိတ်ဖြစ်သောတစ်ပါးစီ၌ တင်စား၍ ဧကဒေသျူပစာရအားဖြင့် "စိတ္တ"ဟုခေါ်ထားသည်၊ ဥပမာ- "သမုဒ္ဒေါမယာဒိဋ္ဌော"ကဲ့သို့တည်း။ စိတံ၊ စီအပ်၏။ ဣတိ၊ ကြောင့်။ တံ၊ ထိုဝိပါက်ဝိညာဉ်သည်။ စိတ္တံ၊ မည်၏။ ဝါ၊ တစ်နည်း။ ယံ ဓမ္မဇာတံ၊ အကြင်တရားသဘောသည်။ စိတံ၊ ကံ ကိလေသာတို့စီအပ်သောဝိပါက်ဝိညာဉ်ကို။ တာယတိ၊ စောင့်ရှောက်တတ်၏။ ဣတိ(တံဓမ္မဇာတံ)စိတ္တံ။တထာ၊ ထိုမှတစ်ပါး။ ယံဓမ္မဇာတံ၊ သည်။ အတ္တသန္တာနံ၊ မိမိတည်းဟူသောအစဉ်ကို။ စိနောတိ၊ စီတတ်၏။ ဣတိ,တံ ဓမ္မဇာတံ စိတ္တံ။ စ၊ တစ်နည်းကား။ ယံ ဓမ္မဇာတံ၊ သည်။ ဝိစိတ္တာရမဏံ၊ ထူးဆန်းသောအာရုံရှိ၏။ ဣတိ, တံ ဓမ္မဇာတံ, စိတ္တံ၊ မည်၏။ ဣတိ အယံ၊ ကား။ သင်္ဂဟော၊ အကျဉ်းချုံး၍ ယူကြောင်းဂါထာတည်း။စိတံ ကမ္မကိလေသေဟိ ။ ။ အဝိဇ္ဇာ တဏှာတည်းဟူသော ကိလေသာအဖော်ပါသောကံကို"ကမ္မကိလေသ"ဟုဆိုသည်၊ ထိုကံကိလေသာတို့က ဝိပါက်တည်းဟူသောဝိညာဉ်စိတ်ကို ဖြစ်စေအပ်သည်ကိုပင် "စီအပ်"ဟုဆိုသည်၊ ဤနည်း၌ "စိယတေ-ကံ ကိလေသာတို့သည် စီအပ် ဖြစ်စေအပ်၏၊ ဣတိ စိတ္တံ"ဟု ပြု၊ စိဓာတ်, တပစ္စည်း,ဒွေဘော်လာ၊ ဝိပါက်စိတ်ကို အရကောက်။
စိတံတာယတိ ။ ။ ပြအပ်သောနည်းဖြင့် ကံကိလေသာတို့က စီအပ် ဖြစ်စေအပ်သော်လည်း ဘဝင်တည်းဟူသောဝိပါက်က ဝီထိတို့အကြားအကြား၌ ဆက်စပ်၍ မပေးလျှင် စိတ်အစဉ်ပြတ်၍ သေရတော့၏၊ ထိုသို့ မသေအောင် စောင့်ရှောက်ထားသောကြောင့် ဘဝင်တည်းဟူသောဝိပါက်ဝိညာဉ်ကိုပင် "စိတ္တ"ဟုခေါ်ရပြန်သည်၊ ဤနည်း၌ "စိတသဒ္ဒူပပဒ,တာဓာတ်, အပစ္စည်း"ဟုမှတ်ပါ၊ ရှေ့တ၏ အကို သုတ်ကြီးဖြင့် ချေ။
စိနောတိ အတ္တသန္တာနံ ။ ။ "မိမိအစဉ်ကို စီအပ်"ဟူရာ၌ ဇောစိတ်ကို "မိမိ"ဟု ခေါ်၍ ထိုဇောစိတ်သည် အာသေဝနသတ္တိဖြင့်ရှေးရှေးဇောက နောက်နောက်ဇောကို မိမိနှင့်အလားတူဖြစ်အောင်ကျေးဇူးပြုသောအားဖြင့် စီ၍ စီ၍ ချုပ်သွား၏၊ ဤနည်း၌ "စိနောတီတိ စိတ္တံ"ဟု ပြု၍ ဇောစိတ်ကိုသာ အရကောက်ပါ။
တစ်နည်း ။ ။ အနန္တရ သမနန္တရစသောသတ္တိဖြင့်ရှေးရှေးစိတ်သည်နောက်နောက်စိတ်အားကျေးဇူးပြု၍ ချုပ်သွား၏၊ထို့ကြောင့် "အတ္တသန္တာနံ"အရ ဇောအစဉ်ကိုသာ မယူဘဲ မိမိတည်းဟူသော စိတ်အားလုံးကိုယူ၍ ရှေ့နည်းအတိုင်းဝိဂ္ဂဟပြုပါ။ [စိဓာတ်,တပစ္စည်း,ဒွေဘော်လာ၊ မဏိမဉ္ဇူ၌ ဤနည်းဝယ် အတ္တသန္တာနံ၌ "အတ္တ"သဒ္ဒါသည် "စိတ်"အနက်ဟောဟုဆို၏၊ အာဘော်ကျမည်မထင်။]
ဝီစိတ္တာရမဏံ ။ ။ စိတ်အားလုံးသည်ဆန်းကြယ်သောအာရုံရှိ၏၊ တစ်ချို့စိတ်သည်ရူပါရုံကို,တစ်ချို့စိတ်က သဒ္ဒါရုံစသည်ကို အာရုံပြု၏၊ ရူပါရုံတွင်လည်းတစ်ချို့စိတ်သည် အဖြူကို, တစ်ချို့က အနီစသည်ကို အာရုံပြုကြ၏၊ ဤသို့မတူသော ထူးပြားသောအာရုံကို "ဝိစိတ္တ"ဟုဆို၏၊ ထိုသို့ ဝိစိတ္တအာရုံရှိသောကြောင့် "စိတ္တ"ဟုခေါ်သည်၊ စိတ္တသဒ္ဒါသည် ဝိစိတ္တအနက်ဟော၊ "ဝိစိတ္တာရမဏ"ဟုဆိုလိုလျက် အာရမဏဟူသောနောက်ပုဒ်ကိုချေ။
ဥပမာ- "ဆရာ၌+တပည့်မှီ၏"ဟူရာဝယ် တပည့်က ဆရာကိုတကယ်မှီနေသည်မဟုတ်သော်လည်း တပည့်ဟူသမျှ ဆရာမရှိလျှင် မဖြစ်ထွန်းနိုင်၊ဆရာရှိမှ ဖြစ်ထွန်းနိုင်သောကြောင့်"ဆရာ၌+မှီ"ဟု (အာဓာရ+အာဓေယ်အဖြစ်ဖြင့်)ဆိုရသကဲ့သို့တည်း၊ ဆိုလိုရင်းမှာ-"တဒါ၊ပေ၊ဝုတ္တိတာယ"ဟူသော ဟိတ်ဖြင့် စိတ်နှင့်စေတသိက်တို့၏အာဓာရ+အာဓေယ်အဖြစ်ကို ပယ်မြစ်သည်-ဟူလို။ [တသ္မိံ-ထိုစိတ်၌+အာယတ္တာ-စပ်သည်တည်း၊ တဒါယတ္တာ၊ ဤသို့သတ္တမီတပ္ပုရိသ်ပြုပါ၊ "တေန+အာယတ္တာ"ဟုတတိယာမပြုပါနှင့်၊ တဒါယတ္တာ+ဝုတ္တိ ယဿာတိ တဒါယတ္တဝုတ္တိ (စေတသိကံ) တဒါယတ္တဝုတ္တိနော+ဘာဝေါ တဒါယတ္တဝုတ္တိတာ။]
နဟိ၊ပေ၊သမတ္ထံ ။ ။ စေတသိက်ဟူသမျှ၏ စိတ်မပါလျှင် အာရုံကိုမယူစွမ်းနိုင်ခြင်း, စေတသိက်ဟူသမျှ၏ စိတ်၌စပ်သော ဖြစ်မှုရှိရခြင်းကို အထောက်အထားဖြင့် ခိုင်မြဲစေလိုသောကြောင့် "နဟိ"စသောဝါကျကို မိန့်သည်၊ ဤအလို ဟိ သည် ဒဠှီကရဏဇောတက။ တစ်နည်း- "အဘယ့်ကြောင့်စေတသိက်ဟူသမျှသည် စိတ်၌စပ်သောဖြစ်ခြင်းရှိရသနည်း"ဟု မေးဖွယ်ရှိသောကြောင့်"န ဟိ"စသည်မိန့်၊ "စိတ်မပါလျှင်အာရုံကိုမယူစွမ်းနိုင်သောကြောင့်စိတ်၌စပ်သော ဖြစ်ရခြင်း ရှိရသည်"ဟူလို၊ ဤအလို ဟိ သည် ဟေတုဇောတကတည်း၊ အနက်ကိုလည်း "ဟိ (ယသ္မာ) တံ စိတ္တေန ဝိနာ အာရမဏဂ္ဂဟဏသမတ္ထံ န ဟောတိ၊ တသ္မာ တဒါယတ္တဝုတ္တိတာ ဟောတိ"ဟု ဖလဝါကျထည့်၍ပေးပါ။
[နိယာမ်] န ဟိ ထက်ရာ, ဟိတ်နက်မှာ, ဟိတ်ပါ ဒဠှီစွဲ။ အနုပ္ပဇ္ဇနတော၊ စေတသိက်တို့၏မဖြစ်နိုင်ခြင်းကြောင့်။ ဝိညာယတိ၊ ၏။ ပန၊ ကား။ စိတ္တံ၊ သည်။ ကေနစိ စေတသိကေန၊ အချို့စေတသိက်နှင့်။ ဝိနာပိ၊ ကင်း၍လည်း။ အာရမဏေ၊ ၌။ ပဝတ္တတိ၊ ဖြစ်နိုင်၏။ ဣတိ၊ ကြောင့်။ တံ စေတသိကမေဝ၊ ထိုစေတသိက်သည်သာ။ စိတ္တာယတ္တဝုတ္တိကံ နာမ၊ စိတ်၌စပ်သောဖြစ်ခြင်းရှိသည်မည်၏။
စိတ္တံ ပန၊ပေ၊ ဝုတ္တိကံ နာမ ။ ။ သို့ဖြစ်လျှင် စိတ်လည်း စေတသိက်မပါဘဲအာရုံကို မယူနိုင်ရကား စိတ်ကိုလည်း "စေတသိကာယတ္တဝုတ္တိက"ဟုဆိုသင့်သည် မဟုတ်လော၊အဘယ့်ကြောင့်စေတသိက်ကိုသာ "စိတ္တာယတ္တဝုတ္တိက"ဟု ဆိုရသနည်းဟု မေးဖွယ်ရှိသောကြောင့် စိတ္တံပန-စသည်မိန့်၊ စိတ်သည် တစ်ချို့စေတသသိက်မပါဘဲ အာရုံ၌ဖြစ်နိုင်, အာရုံကို ယူနိုင်၏၊ ဥပမာ-စက္ခုဝိညာဉ်စိတ်သည် ဝိတက်ဝိစာရ စသည်မပါဘဲ၌ အာရုံကိုယူနိုင်၏၊ ထို့ကြောင့်စိတ်ကို"စေတသိကာယတ္တဝုတ္တိက"ဟုမဆိုဘဲ စေတသိက်ကိုသာ "စိတ္တာယတ္တဝုတ္တိက"ဟုဆိုရသည်-ဟူလို။ [ဉာဏ်မပိုင်လျှင် စောဒနာဖွယ် ရှိသေးပုံကို ဘာသာဋီကာ၌ ပြထားပြီ။]
ဧတေန၊ပေ၊ဟောန္တိ ။ ။ တဒါယတ္တဝုတ္တိတာယ-ဟူသောဟိတ်၏လဒ္ဓဂုဏ်ကိုပြလိုသောကြောင့် ဧတေန-စသည်မိန့် ၊ ဤ တဒါယတ္တဝုတ္တိတာယဟူသော ဟိတ်ဖြင့် သုခစသည်ကို "စိတ်စေတနာမရှိ-မြဲ၏"ဟု ယူဆသော မိစ္ဆာဝါဒကို ပယ်ရခြင်းဟူသောအကျိုးလည်းရနိုင်သည်၊ စိတ်ပါမှ ဖြစ်ရသဖြင့် အစေတနတ္တအယူကိုပယ်၏၊ စိတ်၏အနိစ္စ ဖြစ်ကြောင်းကား ထင်ရှားပြီးဖြစ်သောကြောင့် စိတ်နှင့်အတူ ဖြစ်ကြရသော သုခ စသည်တို့၏ နိစ္စအဖြစ်ကိုလည်း ပယ်သည်-ဟူလို၊ အာဒိဖြင့် အတ္တအဖြစ်, ဇီဝအဖြစ်, သတ္တအဖြစ်ကိုယူ။
[နိယာမ်] အကျိုးတစ်ပါး, ရှိတုံငြားက, တစ်ပါးအကျိုး,ရရိုးသည်လျှင်, လဒ်ဂုဏ်ပင်ဟု,စာနာရှု, ကျမ်းပြုဉာဏ်အဟုတ်။
ရုပ္ပတီတိ၊ပေ၊အတ္ထော ။ ။ စေတသိကံပုဒ်ကို ဖွင့်ပြီး၍ ရူပံပုဒ်ကို ဖွင့်လိုသောကြောင့် "ရုပ္ပတီတိ"စသည်မိန့်၊ ဝိကာရံ အာပဇ္ဇတိဖြင့်ရုပ္ပတိကို "ကတ္တားဟော"ဟု သိစေ၏၊ "ပစ္စယေဟိ-တို့ကြောင့်"ဟုဟိတ်အနက်ပေး၊ ဝိကာရံပုဒ်ကိုလိုက်စေ၍ "အာပါဒီယတိ"ဖြင့် ရုပ္ပတိကို "ဟေတုကံဟောပုဒ်"ဟုသိစေ၏၊ "ပစ္စယေဟိ-တို့သည်"ဟုကတ္တားအနက်ပေး၊ ရူပံ၌လည်း ပဌမဝစနတ္ထအလို "ဒိဝါဒိ ရုပဓာတ်, ကတ္တားဟော အပစ္စည်း၊ ရု၌ ဒီဃပြု၊ ဒုတိယနည်းအလို ကာရိတ်ကြေ, ကံဟော အပစ္စည်း၊ တစ်နည်း-ခန္ဓဝိဘင်းအဋ္ဌကထာ၌ "ဃဋီယတိ ပီဠီယတိ"ဟုဖွင့်သောကြောင့် "သုဒ္ဓကမ္မသာဓန သာ၊ အာပါဒီယတိကား အဓိပ္ပာယ်ဖွင့်တည်း"ဟု ကြံပါ။
သီတုဏှာဒိ ။ ။ "သီတုဏှာဒိ"ကား "သီတေနာပိ ရုပ္ပတိ ဥဏှေနာပိ ရုပ္ပတိ"စသော ပါဠိတော်ကိုကြည့်၍ထည့်အပ်သောအကြောင်းများတည်း၊ ထိုအကြောင်းများသည် မူလဖြစ်နေသော ရုပ်၏ဆန့်ကျင်ဘက်အကြောင်းများဖြစ်ရကား "ဝိရောဓိပစ္စယ"ဟုဆိုသည်၊ သီတုဏှာဒိ၌ အာဒိဖြင့် ဇိဃစ္ဆာ (ထမင်းဆာခြင်း)ပိပါသာ (ရေငတ်ခြင်း) ဍံသမကသဝါတာတပသရီသပသမ္ဖဿ (မှက် ခြင်ကိုက်ခြင်း,လေ, နေပူ,မြွေ,ကင်းတို့၏ တွေ့ထိခြင်း)တို့ကိုယူပါ။ [ရုပ်ဖောက်ပြန်ခြင်း၏အကြောင်းကို ပြရာ၌ သီတ-ဥဏှစသော အကြောင်းတို့ကို ပြတော်မူသောကြောင့်"အအေးမိ၍ ရုပ်တစ်မျိုးပြောင်းခြင်း"စသည်ဖြင့် အများမျက်မြင် အထင်အရှား ဖောက်ပြန်သော ရုပ္ပနကိုသာ သီတစသော သဒ္ဒါတို့က ပြစွမ်းနိုင်ခြင်းကို "သာမတ္ထိယ"ဟုခေါ်သည်။] ဘဂဝါ၊ သည်။ အာဟ၊ ကား။ သီတေနပိ၊ပေ၊တျာဒိ၊ သီတေနပိ၊ ပေ၊ရုပ္ပတိ အစရှိသည်တည်း။ [သီတေနပိ၊ အအေးကြောင့်လည်း။ ရုပ္ပတိ၊ ဖောက်ပြန်တတ်၏။ (တစ်နည်း) သီတေနပိ၊ အအေးသည်လည်း။ ရုပ္ပတိ၊ ဖောက်ပြန်စေအပ်၏။ ဥဏှေနပိ၌လည်း နည်းတူဆို။]
ယဒိဧဝံ၊ပေ၊အာပဇ္ဇတိ ။ ။ "ယဒိဧဝံ"ဟု တက်လာလျှင် ယဒိနောက်၌ ကြိယာထည့်ရ၏၊ ထို ကြိယာကိုလည်း ရှေ့စကားကို ကိုင်၍ ထည့်ရသည်၊ ဤ၌"ရုပ္ပနံ ယဒိ ဟောတိ"ဟုထည့်ထားပုံ ကြည့်ပါ၊ ဧဝံနောက်၌လည်း ဧကဝုစ်ဖြစ်လျှင်သတိ, ဗဟုဝုစ်ဖြစ်လျှင် သန္တေသု"ဟုလာရသည်၊ ဤဝါကျကို ပုစ္ဆာ, နာပဇ္ဇတိကို ဝိသဇ္ဇနာ,သီတာဒိ၊ပေ၊အဓိပ္ပေတတ္တာကို ဟေတု,နာပ္ပဇ္ဇတိကို ဖလဟု (ထပ်၍) ဝါကျခွဲပါ၊ ဤဝါကျတို့၏ အဓိပ္ပာယ်ကို ဘာသာဋီကာ၌ ပြထားပြီ။
ဣတရထာ ဟိ ။ ။ ဣတရထာ,အညထာပုဒ်တို့၏နောက်၌ ဟိ-စ-ပနရောက်လျှင် ထိုဝါကျကို လဒ္ဓဒေါသဝါကျ, ဗျတိရေကဝါကျဟု အမည်ပေးမြဲ၊ ရှေ့ဝါကျကိုကား စောဒက၏ အလိုအားဖြင့် မသင့်ဟု ယူဆရသောကြောင့် အယုတ္တိဝါကျဟုလည်းကောင်း၊ဗျတိရေက၏တွဲဖက် အနွယဝါကျဟုလည်းကောင်းအမည်ပေးရသည်။
[နိယာမ်] ဣတရထာ, အညထာနောက်, ဟိ,ပနနှင့်, စတစ်လုံးရောက်သော်, လဒ္ဓဒေါသ-ဗျတိရိတ်ဟု အမည်ပေးမြဲ။
အပါဒါန်, လက္ခဏ ။ ။ ထို ဣတရထာ အညထာပုဒ်တို့သည် ပါဒါန်ကိုငဲ့သော အပါဒါနီ ပုဒ်များဖြစ်၏၊ ထို့ကြောင့် ဆိုအပ်ပြီးသော အနွယဝါကျ၏ အနက်ကို ဣတရထာ-အညထာပုဒ်တို့၏ အပါဒါန်ခံပါ၊ ဣတရထာ "သီတ အစရှိသောသဒ္ဒါ၏ သတ္တိကြောင့် ဝိဘူတတရရုပ္ပနကို အလိုရှိအပ်သည်၏အဖြစ်ဟူသော အနက်မှ (အပါဒါန်)တစ်ပါးသော အပြားအားဖြင့်"ဟုပေး၊ "အားဖြင့်"ဟုဆိုပြီးနောက် စပ်စရာ ပုဒ်မရှိရကား "အတ္ထေ-သာမညရုပ္ပနအနက်ကို+ဂယှမာနေ-ယူအပ်သော်"ဟု လက္ခဏဝန္တနှင့် လက္ခဏပုဒ်ကို ထည့်၍ စပ်ရသည်၊ နိဿယ၌ကား "ဤသို့ မဟုတ်လျှင်" ဟုအလွယ်ပေးထားသည်၊ ပြခဲ့သည့်အတိုင်း အကျယ်ပေးနိုင်သည်ဟုမှတ်ပါ။
[နိယာမ်] ဣတရထာ, အညထာပုဒ်, ထုတ်၍ရှိက,လက္ခဏနှင့်-လက္ခဏဝန်, ဤနှစ်တန်ကို အမှန်သွင်းလျက်, အနက်သမ္မန်...၊ အပါဒါန်မှာ,အနွယာကို ခံကာမလွဲ,ထားလေမြဲ။
ဆိုလိုရင်း ။ ။ ဤဝါကျ၏ဆိုလိုရင်းမှာ-ဝိဘူတတရရုပ္ပနကို အလိုမရှိဘဲ (ဝိဘူတ-အဝိဘူတဟု မခွဲခြားဘဲ) သာမညရုပ္ပနကိုသာ အလိုရှိလျှင် "သီတေန ဥဏှေန"ဟု အကြောင်းမထည့်ဘဲ "ရုပ္ပတိ"ဟူသောသာမညစကားဖြင့်ပင် အဓိပ္ပာယ်လုံလောက်၏၊ သီတေနပိစသော သဒ္ဒါများအတွက် အကျိုးထူးမရှိတော့၊အကျိုးထူး မရှိဘဲဆိုသဖြင့် အနတ္ထကဒေါသ ရောက်သည်-ဟူလို။ (ထိုသို့အအေးအစရှိသည်သည် တွေ့ထိအပ်သောရုပ်၏ထိုဖောက်ပြန်ခြင်း၏အထူးသဖြင့် ထင်ရှားသည်၏အဖြစ်ကြောင့်၊) ဧတ္ထ၊ ရုပ္ပတီတိ ရူပံ ဟူသောဤပါဌ်၌။ တဒေဝ၊ ထိုဝိဘူတတရရုပ္ပနကိုသာ။ အဓိပ္ပေတံ၊ အလိုရှိအပ်၏။ ဣတိ ဣမဿ အတ္ထဿ၊ ဤအနက်ကို။ ဉာပနတ္ထံ၊ သိစေခြင်းအကျိုးငှာ။ သီတာဒိဂ္ဂဟဏံ၊ သီတအစရှိသောသဒ္ဒါကိုယူခြင်းကို။ (ဘဂဝတာ) ကတံ၊ ပြုတော်မူအပ်ပြီ။
ယဒိ၊ပေ၊အတ္ထီတိ ။ ။ ဤကား ဆိုခဲ့ပြီးစကား၌ အပြစ်ပြ၍ စောဒနာသော ဝါကျတည်း၊ အနက်အကျယ်ပေးပုံကို ရှေ့နည်းအတိုင်း သိပါ၊ နဟိတက်လာသော ဝါကျကိုလည်း ဒဠှီ-ဟေတု နှစ်မျိုးပေးရကြောင်းကိုရှေ့၌ပြခဲ့ပြီ။
ကိဉ္စာပိ၊ပေ၊ သမ္ဘဝတိ ။ ။ "ကိဉ္စာပိ၊ ပေ၊ နတ္ထံ"တိုင်အောင် စောဒကပုဂ္ဂိုလ်၏ (အာဘောဂ-ဖြစ်သော)အကြောင်းပြချက်ကို ချီးမြှောက်၍,ပနဖြင့်ထိုစကားကို နှိပ်ချသည်၊ ကိဉ္စာပိကို အနုဂ္ဂဟတ္ထဇောတက, ပနကို ဂရဟာဇောတကဟု မှတ်၍ ထိုအတိုင်း ဝါကျနာမည် တပ်ပါ၊ "အနုဂ္ဂါဟကာ အတ္ထိ, တသ္မာ"တို့ကား ပရိဟာရက (ပရိဟာရ်) ဆရာကအကြောင်းပြသော စကားတည်း၊ ထိုသို့ အကြောင်းပြဝါကျကို (သူ၏ နှလုံးသွင်း အာဘောဂကို ထုတ်ဖော်ပြသောကြောင့်) အာဘောဂဝါကျ (ဟေတုဝါကျ) ဟုနာမည်တပ်ရသည်။ အထဝါ၊ ထို့ပြင်တစ်နည်းကား။ တံသဘာဝါနာတိဝတ္တနတော၊ ထိုဖောက်ပြန်ခြင်းသဘောကို မလွန်ဆန်နိုင်ခြင်းကြောင့်။ တတ္ထ၊ ထိုရူပဗြဟ္မာ့ပြည်၌။ ရူပဝေါဟာရော၊ သည်။ ဟောတိ၊ ဖြစ်နိုင်၏။ ဣတိ၊ ထို့ကြောင့်။ အတိပ္ပပဉ္စေန၊ အလွန်ချဲ့ထွင်ကြောင်းစကားဖြင့်။ အလံ၊ အကျိုးမရှိတော့ပြီ။
ဘဝ၊ပေ၊နိဗ္ဗာနံ ။ ။ ရူပံပုဒ်ကိုဖွင့်ပြီး၍ နိဗ္ဗာနံပုဒ်ကိုဖွင့်လိုသောကြောင့်"ဘဝါဘဝံ"စသည်မိန့်၊ ဘဝ+အဘဝဟု ခွဲ၍ (အ)သည် ဝုဒ္ဓိအနက်ဟော၊ ဝိနနတောကိုကြည့်၍ "ဝိ-သံသိဗ္ဗနေ"ဟု မဏိမဉ္ဇူ၌ ဓာတ်နက်ဆို၏၊ ကိယာဒိ နာပစ္စည်းသက်၍ "ဝိနတိ သံသိဗ္ဗတိ-တစ်ဘဝနှင့်တစ်ဘဝကို ဆက်မိအောင် ချုပ်စပ်တတ်၏၊ ဣတိ ဝါနံ"ဟု ကတ္တုသာဓ်ပြု၊ ယုကို အနပြု၊ အကို ဒီဃပြု၍ "ဝါန"ဟု ပြီးစေ၊ [ဝိ ဓာတ်မှန်လျှင် ယု ပစ္စည်းဖြင့် ဝိန-ဝါနဖြစ်၍,တောပစ္စည်းဖြင့် "ဝိနတော"ဟုသာ ဖြစ်နိုင်၏၊ ထို့ကြောင့် "ဝိနနတော"ကို စဉ်းစားသင့်သည်။] "ဝါနတော+နိက္ခန္တံ နိဗ္ဗာနံ"ဟု ပြု၊ ဝ ကို ဗ ပြု၍ ဒွေဘော်လာ၊ နိ ဥပသာရလည်း နိက္ခန္တ အနက်ဟော၊ ဒုတိယနည်း၌ စာရှိအတိုင်း ကရဏသာဓ်ပြု၊ "ဝါ- ဂတိဂန္ဓေသု"ဟု ဓာတ်ကျမ်းရှိသော်လည်း "ဓာတူနံ အနေကတ္ထတ္တာ"နှင့်အညီ နိရှေးရှိသော ကြောင့် ဝူပသမနအနက်ဟော၊ [ရာဂါဒိ၌ အာဒိဖြင့် ဒေါသမောဟ ဇရာ ဗျာဓိမရဏနှင့် သောကပရိဒေဝဒုက္ခဒေါမနဿဥပါယာသတို့ကိုယူ။] တဏှာက ဘဝဆက်ပုံကို ရုပ်ပိုင်းဘာသာဋီကာ နိဗ္ဗာနံပုဒ် အဖွင့်မှာကြည့်ပါ။