Issues
Select Version
Abhidhammatthavibhāvinīṭīkā
Abhidhammatthavibhāvinīṭīkā

Akusalacittavaṇṇanā

Author: နိဿယ @ IAPT

ပန၊ ဆက်။ စတူသု၊ လေးပါးကုန်သော။ ဣမေသု စိတ္တေသု၊ တို့တွင်။ ကာမာဝစရစိတ္တဿ၊ ကာမာဝစရစိတ်၏။ ကုသလာကုသလဝိပါကကိရိယဘေဒေန၊ ကုသိုလ်စိတ်,အကုသိုလ်စိတ်,ဝိပါက်စိတ်,ကြိယာစိတ်တို့၏အပြားအားဖြင့်။ စတုဗ္ဗိဓဘာဝေ၊ လေးပါးအပြားရှိသည်၏အဖြစ်သည်။ (သတိ)ပိ၊ ဖြစ်ပါသော်လည်း။ ပါပါဟေတုကဝဇ္ဇာနံ၊ အကုသိုလ်စိတ်,အဟိတ်စိတ်တို့သည်ကြဉ်အပ်ကုန်သော။ ဧကူနသဋ္ဌိယာ၊ တစ်ခုယုတ်ခြောက်ဆယ်သော။ဥပါဒါန၊ပေ၊တ္တရံ ။ ။ "လောက+ဥတ္တရ"ဟု ခွဲ၍ "လောက"အရ ဥပါဒါန်၏အာရုံဖြစ်သော လောကီစိတ် စေတသိက် ရုပ်တို့ကို ယူ၊ ဥပါဒါနက္ခန္ဓသင်္ခါတဟူသောပါဌ်ဖြင့် သတ္တလောက ဩကာသလောကကိုတားမြစ်သည်၊ "လောကတော+ဥတ္တရ-လောကမှလွတ်မြောက်"ဟူသည် အာသဝေါတရားတို့၏အာရုံပြုကို မခံရသောအားဖြင့် လွန်မြောက်ခြင်းတည်း၊ မဂ်ခဏ၌ လွန်မြောက်ဆဲဖြစ်၍ "ဥတ္တရတိ"ဟု ပစ္စုပ္ပန်ဝစနတ္ထ ပြု၍ ဖိုလ်ခဏ၌ လွန်မြောက်ပြီးဖြစ်၍ "ဥတ္တိဏ္ဏံ"ဟု အတိတ်ဟော တပစ္စည်းဖြင့် ဝစနတ္ထပြုသည်၊ ဥဘယမ္ပိ ဝါ-စသောနည်းကား ဥတ္တရသဒ္ဒါသည် အဓိကအနက်ဟောရုဠှီပုဒ်ဖြစ်၍ ဝိဂြိုဟ် မပြုရ၊ လောကမှ လွန်မြောက်ပုံကို ဘာသာဋီကာ၌ပြထားပြီ။
ဣ‌မေသု ပန ။ ။ တတ္ထ စိတ္ထံ တာဝ၊ပေ၊လောကုတ္တရဉ္စေတိ-ဟူသောပါဌ်ဖြင့်စိတ္တံ၏ သရုပ်ပြဝါကျကို ဖွင့်ပြပြီး၍ ယခုအခါ၌ သောမနဿ သဟဂတံ-စသော ပါပါဟေတုက စိတ်တို့ကိုဖွင့်ပြလိုသောကြောင့်"ဣမေသု ပန"စသည်မိန့်။ [လောကုတ္တရဉ္စေတိတိုင်အောင်ဖွင့်ပြီးနောက် "သောမနဿ သဟဂတံ"စသည်ကို ဖွင့်ဖို့ရန် အနုသန္ဓေတက်ပုံကို ထောက်၍ "တတ္ထ ကတမံ ကာမာဝစရံ"ဟုယခုသင်္ဂြုဟ်စာအုပ်များ၌ ပါရှိနေသော ဝါကျကို ရှေး‌ဟောင်းဝါကျ မဟုတ်ဟုဆိုကြသည်။]
စတုဗ္ဗိဓဘာဝေပိ ။ ။ ပိသဒ္ဒါသည် အရုဈတ္ထဇောတက နိပါတ်ပုဒ်၊ ကိဉ္စာပိနောက်၌ရှိသော"ပန တထာပိ"နှင့်သဘောတူပင်တည်း၊ ကိဉ္စာပိရှိရာ၌ ကျမ်းတက်သကဲ့သို့ ဤ၌ "ဝေါဟာရကရဏတ္ထံ, ပါပါဟေတုကေယေဝ ပဌမံ ဒဿေန္တော"ကိုကြည့်၍စောဒနာတက် တက်ပုံကား-အရှင်ဋီကာဆရာ...ကာမာဝစရစိတ်သည် ကုသိုလ်စသောအားဖြင့်လေးပါးပြားသည်မဟုတ်လော,ထိုသို့ လေးပါးပြားသောကြောင့်"ကုသလာဓမ္မာ,အကုသလာဓမ္မာ,အဗျာကတာဓမ္မာ"နှင့်အညီ ကုသိုလ်စိတ်ကို ရှေးဦးစွာပြသင့်လျက် မပြဘဲ အဘယ်အကျိုးငှာ ပါပါဟေတုကတို့ကို ရှေးဦးစွာပြရပါသနည်း-ဟု စောဒနာဖွယ်ရှိသောကြောင့် "စတုဗ္ဗိဓဘာဝေပိ ဝေါဟာရကရဏတ္ထံ"ဟုမိန့်၊လေးပါးပြားသော်လည်း ပါပါဟေတုကမှ လွတ်သောစိတ်တို့ကို "သောဘန"ဟု တစ်ပေါင်းတည်းခေါ်ဝေါ်မှုကို ပြုခြင်းအကျိုးငှာ ပါပါဟေတုကစိတ်တို့ကို ရှေးဦးစွာပြရသည်-ဟူလို။ [‌"ဝေါဟာရကရဏတ္ထံ"ကို "ဒဿေန္တော"၌စပ်။]
စိတ္တာနံ၊ စိတ်တို့၏။ ဝါ၊ တစ်နည်း။ ဧကနဝုတိယာ၊ ၉၁ပါးသော။ စိတ္တာနံ၊ တို့၏။ သောဘနနာမေန၊ ‌သောဘနနာမည်ဖြင့်။ ဝေါဟာရကရဏတ္ထံ၊ အခေါ်အဝေါ်ကိုပြုခြင်းအကျိုးငှာ။ ပါပါဟေတုကမုတ္တာနိ,သောဘနာနီတိ ဝုစ္စရေတိ၊ ဟူ၍။ ဧဝံ၊ ဤသို့။ ဝက္ခ မာနနယဿ၊ ဆိုအပ်လတ္တံ့သောနည်းအား။ အနုရူပတော၊ လျော်သောအားဖြင့်။ ပါပါဟေတုကေယေဝ၊ အကုသိုလ်စိတ်,အဟိတ်စိတ်တို့ကိုသာ။ ပဌမံ၊ ရှေးဦးစွာ။ ဒဿေန္တော၊ ပြတော်မူလိုသည်။ ဟုတွာ၊ ဖြစ်၍လည်းကောင်း။ ဝါ၊ ဖြစ်ခြင်းကြောင့်လည်းကောင်း။ (ဤတိုင်အောင်အကုသိုလ်စိတ် အဟိတ်စိတ်တို့ကို ကျမ်းတက်၏၊) တေသု စ၊ ထိုအကုသိုလ်စိတ် အဟိတ်စိတ်တို့တွင်လည်း။ ဘဝေသု၊ ဘဝတို့၌။ ဂဟိတပဋိသန္ဓိကဿ၊ ယူအပ်ပြီးသောပဋိသန္ဓေရှိသော။ သတ္တဿ၊ သတ္တဝါ၏။ အာဒိတော၊ အစ၌။ ဝီထိစိတ္တဝသေန၊ ဝီထိစိတ်အစွမ်းဖြင့်။ လောဘသဟဂတစိတ္တုပ္ပါဒါနမေဝ၊ ‌လောဘသဟဂုတ်စိတ်တို့ကိုပင်။ သမ္ဘဝတော၊ ဖြစ်ခြင်းကြောင့်။ တေယေဝ၊ ထိုလောဘသဟဂုတ်စိတ်တို့ကိုပင်။ ပဌမံ၊ စွာ။ ဒဿေတွာ၊ ပြ၍လည်းကောင်း။ (လောဘမူစိတ်ကို ကျမ်းတက်သည်၊) တဒနန္တရံ၊ ထို‌လောဘသဂုတ်စိတ်၏အခြားမဲ့၌။ ဒွိဟေတုကဘာဝသာမညေန၊ ဒွိဟိတ်၏အဖြစ်ဖြင့် သဘောတူသည်၏အဖြစ်ကြောင့်။ ဒေါမနဿသဟဂတေ(စ)၊ ဒေါမနဿသဟဂုတ်စိတ်တို့ကိုလည်းကောင်း။ (ဒေါသမူစိတ်ကိုကျမ်းတက်သည်၊) တဒနန္တရံ၊ ထိုဒေါမနဿသဟဂုတ်စိတ်တို့၏အခြားမဲ့၌။ ဧကဟေတုကေ စ၊ ဧကဟိတ်ဖြစ်သောမောဟမူစိတ်တို့ကိုလည်းကောင်း။ ဒဿေတုံ၊ ပြခြင်းငှာ။ (မောဟမူစိတ်ကိုကျမ်းတက်သည်၊) သောမနဿသဟဂတန္တျာဒိနာ၊ သောမနဿသဟဂတံ အစရှိသောပါဌ်ဖြင့်။ တေသုစ၊ပေ၊ဒဿေတွာ ။ ။ ဘဝတိုင်း၌ ပဋိသန္ဓေစိတ် ဖြစ်ပြီးနောက် ဘဝင် (၁၅/၁၆) ဖြစ်၊ ထို့နောက်မှ မိမိရခါစဘဝကို နှစ်သက်သော "ဘဝနိကန္တိ"ခေါ်လောဘဇောဖြစ်၏၊ ထို့ကြောင့် တစ်ဘဝ၌ ဝီထိစိတ်တို့တွင် လောဘမူစိတ်သည် အစဆုံးစိတ်တည်း၊ ဤစကားဖြင့် ‌လောဘမူစိတ်ကို အစဆုံးပြရခြင်း၏အကြောင်းကိုပြ၏၊ ဥပ္ပတ္တိက္ကမအားဖြင့် လောဘမူစိတ်ကို အစဆုံးပြရသည်-ဟူလို။ တာဝ၊ ဒေါသမူစိတ်မှရှေးဦးစွာ။ လောဘမူလံ၊ ‌လောဘမူစိတ်ကို။ ဝေဒနာ၊ပေ၊ဘေဒေန၊ ဝေဒနာအပြား,ဒိဋ္ဌိအပြား,သင်္ခါရအပြားအားဖြင့်။ အဋ္ဌဓာ၊ ရှစ်ပါးအပြားအားဖြင့်။ ဝိဘဇိတွာ၊ ဝေဖန်၍။ (အာစရိယော၊ အရှင်အနုရုဒ္ဓါဆရာသည်။) ဒဿေတိ၊ ပြတော်မူ၏။
တတ္ထ၊ ထိုသောမနဿ သဟဂတံအစရှိသောပါဌ်၌။ (ဝစနတ္ထော၊ ကို။ ဧဝံ၊ ဖြင့်။ ဝေဒိတဗ္ဗော၊ သိထိုက်၏။) သုန္ဒရံ၊ သာယာဖွယ်တောင်း‌, ကောင်းသော။ မနော၊ စိတ်တည်း။ ဣတိ၊ ထို့ကြောင့်။ သုမနော၊ သုမနမည်၏။ ဝါ၊ တစ်နည်း။ ဧတဿ၊ ဤပုဂ္ဂိုလ်၏။ တံ၊ ထိုကောင်းသောစိတ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ကြောင့်။ သော၊ ထိုပုဂ္ဂိုလ်သည်။ သုမနော၊ သုမနမည်၏။ စိတ္တံ၊ စိတ်တည်း။ (ဤစိတ္တံကား သုန္ဒရံ မနောအတွက် အရကောက်တည်း၊) ဝါ၊ တစ်နည်း။ တံသမင်္ဂီ ပုဂ္ဂလော၊ ထိုကောင်းသောစိတ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်တည်း။ (ဤကား တံ ဝါ ဧတဿ အတ္ထိအတွက် အရကောက်တည်း၊) တသ္မိံ၊ ထိုကောင်းသောစိတ်၌။ ဝါ၊ ထိုကောင်းသောစိတ်ရှိသောပုဂ္ဂိုလ်၌။ အဘိဓာနဗုဒ္ဓီနံ၊ သဒ္ဒါအသိဉာဏ်တို့၏။ ပဝတ္တိဟေတုတာယ၊ ဖြစ်ခြင်း၏အကြောင်း၏အဖြစ်ကြောင့်။ တဿ၊ ထိုကောင်းသောစိတ်၏။ ဝါ၊ ထိုကောင်းသောစိတ်ရှိသောပုဂ္ဂိုလ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းတည်း။ ဣတိ၊ ထို့ကြောင့်။ သောမနဿံ၊ သောမနဿမည်၏။တဒနန္တရံ၊ပေ၊ဒဿေတိ ။ ။ လောဘမူစိတ်၌ လောဘ-မောဟအားဖြင့် ဟိတ် ၂ ပါးရှိသကဲ့သို့ ဒေါသမူစိတ်၌လည်း ဒေါသ-မောဟအားဖြင့် ဟိတ်နှစ်ပါးရှိသောကြောင့် ဟိတ် ၂ပါးရှိခြင်း သဘောတူရကား လောဘမူစိတ်၏အခြားမဲ့၌ ဒေါသမူစိတ်ကို လည်းကောင်း, ထို့နောက်မှ မောဟဟိတ် တစ်ပါးသာရှိသော မောဟမူစိတ်ကိုလည်းကောင်း ပြသည်၊ ဤ တဒနန္တရံ၊ပေ၊ဒဿေတုံ တိုင်အောင်ပါဌ်ဖြင့် ဒေါသမူ မောဟမူ စိတ်တို့ကို ဆက်၍ ဆိုရခြင်း၏အကြောင်းကိုပြသည်။
သုမနော ။ ။ "သုန္ဒရံ+မနော"ဖြင့် သု၏ သုန္ဒရအနက်ကိုပြ၏၊ ဤဝိဂ္ဂဟ၏ အရကို "စိတ္တံ"ဟု ပြလတ္တံ့၊ အကုသိုလ်စိတ်ပင်ဖြစ်သော်လည်း သောမနဿသဟဂုတ်စိတ်က သာယာဖွယ်ကောင်းသော သုခနှင့်ယှဉ်သောကြောင့် "သာယာဖွယ်ကောင်းသော အကောင်း"တည်း၊ အနဝဇ္ဇသုခဝိပါက ‌အကောင်းမဟုတ်၊"တံ ဧတဿ"၌ ‌တံဖြင့် "သုမနော"ကို ညွှန်ပြ၏၊ မနောပုဒ်ကို (ပုံ-နပုံလိန်ဟု အဘိဓာန်၌ဆို၍ ရူပသိဒ္ဓိက ပုံလိန်ခန်းတွင် သွင်းထားသော်လည်း၊) သက္ကတ အဘိဓာန်၌ နပုံလိန်ဟု ဆိုသောကြောင့် နပုံလိန်ဟုပင် ယူဆ၍ "တံ"ဟု နပုံလိန်ဖြင့် ညွှန်ပြသည်၊ "သုမနော+ဧတဿ အတ္ထီတိ သုမနော"ဟု ပြုစေလိုရင်းတည်း၊ တံ သမင်္ဂီပုဂ္ဂလောကား ဤအဿတ္ထိတဒ္ဓိတ်၏ အရကောက်တည်း။
တဿ ဘာဝေါ ။ ။ ဤပါဌ်ဖြင့် "သုမနဿ+ဘာဝေါ သောမနဿံ"ဟု ဘာဝတဒ္ဓိတ် ကိုပြ၏၊ "တသ္မိံ အဘိဓာနဗုဒ္ဓီနံ ပဝတ္တိဟေတုတာယ"ဖြင့် ဘာဝ၏အနက်ကို ပြ၏၊ မှန်၏-ဘာဝပုဒ်ကို ဝိဂ္ဂဟပြုလျှင် "ဘဝန္ဒိ ဗုဒ္ဓိသဒ္ဒါ ဧတေနာတိ ဘာဝေါ"ဟု ပြုရ၏၊ အကျယ်ကို ဘာဝတဒ္ဓိတ်ခန်းမှာ ရှု၊ [အဘိဓာနနှင့် သဒ္ဒသည် အနက်အားဖြင့် သဘောတူ၏၊ ပဝတ္တိဟေတုသည် "ဘဝန္တိ ဧတေန"နှင့် သဘောတူ၏။]
[သောမနဿံ၊ ကောင်းသောစိတ်၏ဖြစ်ကြောင်း။ ဝါ၊ ကောင်းသောစိတ်ရှိသောပုဂ္ဂိုလ်၏ဖြစ်‌ကြောင်း။] ဧတံ၊ ဤသောမနဿံဟူသောသဒ္ဒါသည်။ မာနသိကသုခဝေဒနာယ၊ စိတ်၌ဖြစ်သောသုခဝေဒနာ၏။ အဓိဝစနံ၊ အထက်၌ဖြစ်သောသဒ္ဒါတည်း။ (တစ်နည်း) ဧတံ၊ ဤသောမနဿံဟူသောအမည်သည်။ မာနသိက သုခဝေဒနာယ၊ ၏။ အဓိဝစနံ၊ အမည်တည်း။ တေန၊ ထိုသောမနဿဝေဒနာနှင့်။ သဟဂတံ၊ တကွဖြစ်သောစိတ်တည်း။ ဧကုပ္ပါဒါဒိဝသေန၊ တကွဖြစ်ခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်။ [အဋ္ဌကထာကြီးများ၌ "ဧကုပ္ပါဒတာဒီဟိ"ဟုရှိ၏၊] သံသဋ္ဌံ၊ ရောနှောသော စိတ်တည်း။ ဣတိ၊ ကြောင့်။ သောမနဿသဟဂတံ၊ မည်၏။ [သောမနဿသဟဂတံ၊ သောမနဿဝေဒနာနှင့်တကွ ဧကုပ္ပါဒတာအစရှိသည်တို့၏အစွမ်းဖြင့်ရောနှောလျက် တကွဖြစ်သောစိတ်။] ဝါ၊ တစ်နည်း။ တေန၊ နှင့်။ သဟ၊ တကွ။ ဧကုပ္ပါဒါဒိဘာဝံ၊ ဧကုပ္ပါဒ အစရှိသည်တို့၏အဖြစ်သို့။ ဂတံ၊ ရောက်သောစိတ်တည်း။ ဣတိ၊ ကြောင့်။ သောမနဿသဟဂတံ၊ မည်၏။ [သောမနဿဝေဒနာနှင့် တကွ ဧကုပ္ပါဒတာ အစရှိသည်တို့၏ အဖြစ်ရောက်သောစိတ်။]မာနသိက၊ ပေ၊အဓိဝစနံ ။ ။ [မာနသိကသုခဖြင့် ကာယိကသုခကို တားမြစ်သည်၊] အဓိ (ဥပရိ)- မာနသိကသုခဝေဒနာ၏ အပေါ်၌+ပဝတ္တံ-ရုဠှီအားဖြင့်ဖြစ်သော+ဝစနံ-သဒ္ဒါတည်း၊ အဓိဝစနံ-ဒ္ဒါ၊ "သုမနသဒ္ဒါ၏ဖြစ်ကြောင်း,ကောင်းသော စိတ်ရှိသူဟု သိကြောင်းတရား"ဟူရာ၌ မာနသိကသုခ, ကာယိကသုခ, ပီတိတို့နှင့်ဆိုင်ရကား ထိုပီတိနှင့် သုခဝေဒနာတို့၏ အပေါင်းဆိုင်အမည်ကို ဤနေရာ၌ အစိတ်မာနသိက သုခဝေဒနာပေါ် တင်စားသော အတင်ရုဠှီသဒ္ဒါ, ဧကဒေသျူပစာဟု သိစေလို၍ "အဓိဝစနံ"ဟုဖွင့်သည်။ [မဏိမဉ္ဇူ၌ "ကောင်းသောစိတ်ရှိသူ၏ဖြစ်ကြောင်း"ဟု ဆိုလျှင် "ကောင်းသောစိတ်"ကိုရ၏ဟု ယူမည်စိုး၍,တစ်နည်း-"ယှဉ်ဘက်စေတသိက်အားလုံး"ကိုယူမည်စိုး၍ "မာနသိက၊ ပေ၊အဓိဝစနံ"ဟု မိန့်ရကြောင်းကို ဆိုလေသည်။]
[နိယာမ်] အဓိဝစနံ, နာမံရှိက,များလှနက်တွင်,လိုအင်နက်မှီ,ထင်ရုဠှီ။ အဓိဝစနံ,နာမံရှိရာ,ဥပစာ,မြဲစွာဉာဏ်ဖြင့်ရှု။
တေန၊ပေ၊သံသဋ္ဌံ ။ ။ သဟဂတသဒ္ဒါ၏ အဘိဓာန်လာ တဗ္ဘာဝစသော အနက်တို့တွင် သံသဋ္ဌအနက်ဟောဟု သိစေလို၍"သံသဋ္ဌံ"ဟုဖွင့်သည်၊ သံသဋ္ဌသဒ္ဒါ၏ အနက်များစွာတို့တွင်ကား သဟဇာတအနက်တည်း၊ ဒုတိယဝိကပ်၌ သဟတစ်ပုဒ်, ဂတတစ်ပုဒ်ခွဲ၍ သဟသည် အတူယှဉ်ခြင်းအနက်ဟော၊ ဂတသဒ္ဒါကား ပဝတ္တိအနက်ဟောဟု သိစေ၏၊ [စိတ်နှင့် ဝေဒနာတို့ သံသဋ္ဌဖြစ်ပုံကို ဘာသာဋီကာ၌ ပြထားပြီ။]
ယာဓမ္မဇာတိ၊ အကြင်တရားသဘောသည်။ မိစ္ဆာ၊ မှားသောအားဖြင့်။ ပဿတိ၊ မြင်တတ်၏။ ဣတိ၊ ကြောင့်။ သာဓမ္မဇာတိ၊ သည်။ ဒိဋ္ဌိ၊ ဒိဋ္ဌိမည်၏။
ဟိ၊ မှန်၏။ (တစ်နည်း) ဟိယသ္မာ၊ အကြင့်ကြောင့်။ သာမညဝစနဿပိ၊ သာမညသဒ္ဒါ၏လည်း။ အတ္ထပ္ပကရဏာဒိနာ၊ အကျိုး,အရာဌာနအစရှိသောအကြောင်းကြောင့်။ ဝိသေသ ဝိသယတာ၊ ထူးသောဟောရာအနက်ရှိသည်၏အဖြစ်သည်။ ဝါ၊ ထူးသောအနက်ကိုဟောနိုင်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ ဣဓ၊ ဒိဋ္ဌိဂတသမ္ပယုတ္တံဟူသောဤပါဌ်၌။ မိစ္ဆာဒဿနမေဝ၊ မှားသောအားဖြင့် မြင်ခြင်းကိုသာ။ ဒိဋ္ဌီတိ၊ ဒိဋ္ဌိဟူ၍။ (ဘဂဝတာ) ဝုစ္စတိ၊ ဟောတော်မူအပ်၏။
ဒိဋ္ဌိယေဝ၊ မိစ္ဆာအမြင်သည်ပင်။ ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိဂတ မည်၏။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) သင်္ခါရဂတံထာမဂတံတျာဒီသုဝိယ၊ သင်္ခါရဂတံထာမဂတံအစရှိသောပြယုဂ်တို့၌ကဲ့သို့။ ဂတသဒ္ဒဿ၊ ဂတသဒ္ဒါ၏။ တဗ္ဘာဝဝုတ္တိတ္တာ၊ တဗ္ဘာဝဝုတ္တိ၏အဖြစ်ကြောင့်တည်း။ ဝါ၊ ထိုဒိဋ္ဌိသဒ္ဒါ၏အနက်၌ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့်တည်း။ [သင်္ခါရဂတံ၊ သင်္ခါရ။ ထာမဂတံ၊ အားအစွမ်း။]သာမညဝစနဿပိ ဟိ ။ ။ ဒိဋ္ဌိပုဒ်ကို ဝိဂြိုဟ်ပြုရာ၌ "ပဿတီတိ ဒိဋ္ဌိ"ဟုသာ မပြုပါဘဲ မိစ္ဆာသဒ္ဒါထည့်၍ ပြုရခြင်း၏ သင့်လျော်ပုံကို ယုတ္တိဒဠှီဖြင့် ခိုင်မြဲစေလိုသောကြောင့်"သာမညဝစနဿပိ ဟိ"စသည်ကိုမိန့်၊ ဤအလို ဟိသဒ္ဒါသည် ယုတ္တိဒဠှီဇောတက၊ နောက်၌ "ဣတိ(တသ္မာ)"ကို ထောက်၍ "ဟိ-ယသ္မာ"ဟု ဟေတုဇောတကလည်း ဖွင့်ကြ၏။
ဆိုလိုရင်းမှာ- ဒိဋ္ဌိသဒ္ဒါသည် သမ္မာဒိဋ္ဌိ(မှန်သောအမြင်) မိစ္ဆာဒိဋ္ဌိ(မှားသောအမြင်) နှစ်မျိုးကို ဟောနိုင်သော သာမညသဒ္ဒါ၏၊ သာမညသဒ္ဒါဟူသမျှလည်း အတ္ထပကရဏ(အကျိုးနှင့်အရာဌာန) လိုက်၍ ဝိသေသအနက်ဟူသောဟောရာရှိ၏၊ (ဝိသေသအနက်ကိုဟောနိုင်၏၊) ဤနေရာ၌ကား အကုသိုလ်စိတ်ကို ပြသောအရာတည်း၊ ထို့ကြောင့် အကုသိုလ်အရာအားလျော်စွာဒိဋ္ဌိအရ မိစ္ဆာဒိဋ္ဌိဟူသောအနက်ဝိသေသကို ယူရသည်-ဟူလို။
အတ္ထပကရဏာဒိနာ ။ ။ အတ္ထကို "ပယောဇန-အကျိုး"ဟု ဖွင့်ကြ၏၊ "သိန္ဓဝံအာနေဟိ,ရဏင်္ဂဏံ ပဝိသိဿာမိ-စစ်မြေပြင်သို့ငါဝင်မည်၊သိန္ဓောကို ဆောင်ယူခဲ့"ဟုဆိုရာ၌ သိန္ဓောဆားကို ဆောင်ခဲ့၍ အကျိုးမရှိ၊ သိန္ဓောမြင်းကို ဆောင်ခဲ့မှ အကျိုးရှိ၏၊ဤသို့ အကျိုးရှိ-မရှိကိုကြည့်၍ အနက်မှန်ကိုဆုံးဖြတ်ရသည်၊ ထမင်းပွဲပြင်ထားရာ၌ "သိန္ဓဝံ အာနေဟိ"ဟုဆိုလျှင် "သိန္ဓဝံ-သိန္ဓောဆား"ဟု အနက်ပေးရ၏၊ ဤသို့ ပကရဏ (အရာဌာန)ကိုကြည့်၍လည်း အနက်မှန်ကို ဆုံးဖြတ်ရသည်၊ [ပကရဏအာဒိနာ၌ အာဒိ၏အနက်ကို ရူပသိဒ္ဓိဘာသာဋီကာ အတိဿစန္တဿသုတ်၌ ရှုပါ။]
တဗ္ဘာဝဝုတ္တိတ္တာ ။ ။ တဿ-ထို (တွဲဖက်)သဒ္ဒါ၏+ဘာဝေါ-ဖြစ်ကြောင်းအနက်တည်း၊ တဗ္ဘာဝေါ-ထိုသဒ္ဒါ၏အနက်၊ [အဘိဓာန်လာ ဘာဝသဒ္ဒါ၏ အနက်တို့တွင် "ပဒတ္ထ"အနက်ဟောတည်း၊] တဗ္ဘာဝေ+ဝုတ္တိ ယဿာတိ တဗ္ဘာဝဝုတ္တိ-ထိုသဒ္ဒါ၏အနက်၌ဖြစ်ခြင်းရှိသော သဒ္ဒါ၊ ဒိဋ္ဌိဂတံ၌ ဂတသဒ္ဒါသည် မိမိအတွက် အနက်သီးခြားမရှိ၊ ထိုဒိဋ္ဌိသဒ္ဒါ၏အနက်၌ ဖြစ်ခြင်းရှိ၏၊ ထိုဒိဋ္ဌိသဒ္ဒါ၏ အနက်ကိုပင် တွဲဖက်၍ ဟော၏၊ ဤပုဒ်မျိုးကို ဒိဋ္ဌိနှင့် ဂတတို့အနက်အရတူသောကြောင့် တဗ္ဘာဝဝုတ္တိ ကမ္မဓာရဲသမာသ်ပုဒ်ဟု ခေါ်သည်၊ သင်္ခါရဂတံ ထာမဂတံ၌လည်း သင်္ခါရထာမတို့၏ အနက်ကိုပင် ဂတသဒ္ဒါတို့က တွဲဖက်၍ ဟောကြရသည်၊ အာဒိဖြင့် ဂူထဂတံ(ကျင်ကြီး)မုတ္တဂတံ(ကျင်ငယ်)စသော ပုဒ်များကိုယူ။ [ဤ တဗ္ဘာဝဝုတ္တိသဒ္ဒါများကို"လုံးလုံးအနက်မရှိ"ဟု မမှတ်ရ တွဲဖက်သဒ္ဒါ၏ အနက်ရှိသည်။]
ဝါ၊ တစ်နည်း။ ဒွါသဋ္ဌိယာ၊ (၆၂)ပါးသော။ ဒိဋ္ဌီသု၊ မိစ္ဆာအယူတို့၌။ ဂတံ၊ ဖြစ်သောတရားတည်း။ အန္တောဂတံ၊ အတွင်း၌ဖြစ်သောတရားတည်း။ ဝါ၊ ပါဝင်သောတရားတည်း။ ဣတိ၊ ကြောင့်။ ဒိဋ္ဌိဂတံ၊ ဒိဋ္ဌိဂတမည်၏။ [ဒိဋ္ဌိဂတံ၊ ၆၂ပါးသောမိစ္ဆာအယူတို့၌ဖြစ်သောတရား။] ဝါ၊ တစ်နည်း။ ဒိဋ္ဌိယာ၊ မိစ္ဆာအယူ၏။ ဂမနမတ္တံ၊ ဖြစ်ခြင်းမျှတည်း။ ဧတ္ထ၊ ဤမိစ္ဆာ အယူဖြစ်ရာ၌။ ဂန္တဗ္ဗော၊ သိထိုက်သော။ အတ္တာဒိကော၊ အတ္တအစရှိသော။ ကောစိ၊ တစ်စုံတစ်ခုသောတရားသည်။ န အတ္ထိ၊ မရှိတော့။ ဣတိ၊ ကြောင့်။ ဒိဋ္ဌိဂတံ၊ မည်၏။ [ဒိဋ္ဌိဂတံ၊ မိစ္ဆာအယူ၏ဖြစ်ခြင်း။] ဣဒမေဝ၊ ဤ ငါ့အယူသည်သာ။ သစ္စံ၊ မှန်၏။ အညံ၊ အခြားသောအယူသည်။ မောဃံ၊ အချည်းနှီးသာတည်း။ ဣတိ၊ ဤသို့။ ပဝတ္တော၊ ဖြစ်သော။ အတ္တတ္တနိယာဒိအဘိနိဝေသော၊ ငါ,ငါ့ဥစ္စာ အစရှိသောအားဖြင့်မှားမှားယွင်းယွင်း နှလုံးသွင်းခြင်းတည်း။ တေန၊ ထိုမိစ္ဆာအယူနှင့်။ သမံ၊ အညီအမျှ။ ဧကုပ္ပာဒါဒီဟိ(ဧကုပ္ပာဒတာဒီဟိ)၊ ဧကုပ္ပာဒတာအစရှိကုန်သော။ ပကာရေဟိ၊ အပြားတို့ဖြင့်။ ယုတ္တံ၊ ယှဉ်သောစိတ်တည်း။ ဣတိ၊ ထို့ကြောင့်။ ဒိဋ္ဌိဂတ သမ္ပယုတ္တံ၊ ဒိဋ္ဌိဂတသမ္ပယုတ်မည်၏။ [ဒိဋ္ဌိဂတသမ္ပယုတ္တံ၊ မိစ္ဆာဒိဋ္ဌိနှင့်အညီအမျှဧကုပ္ပါဒတာအစရှိသောအပြားတို့ဖြင့်ယှဉ်သောစိတ်။]ဒွါသဋ္ဌိယာ ဝါ ။ ။ ဤနည်း၌ "ဂတံ-ဖြစ်သောတရားတည်း"ဟုသာ ပေး၊ အန္တောဂတံကား-" (၆၂)ပါးသော မိစ္ဆာအယူ၌ ဖြစ်"ဟူသည် "ပါဝင်ခြင်းတည်း"ဟုဂတံ၏ အဓိပ္ပာယ်ဖွင့်တည်း၊ "ဒိဋ္ဌီသု+ဂတံ ဒိဋ္ဌိဂတံ"ဟု ပြု၊ [(၆၂)ပါးသော မိစ္ဆာအယူကို သီလက္ခန် ဗြဟ္မဇာလသုတ်မှ မဏိမဉ္ဇူ ယူ၍ ပြထားသည်။]
ဒိဋ္ဌိယာ ဝါ ။ ။ ဤနည်း၌ "ဂမနံ-ဖြစ်ခြင်း၊ ဂတံ-ခြင်း၊"ဟု ဘာဝသာဓ်ပြု၊ မတ္တံကား အဝဓာရဏအနက်ဟောတည်း၊ "သဗ္ဗပဒံ သာဝဓာရဏံ"ပရိဘာသာနှင့်အညီ ထိုအဝဓာရဏအနက်ကိုလည်း ရသင့်၍ ထည့်သည်၊ ထိုမတ္တံဖြင့် တားမြစ်အပ်သော နိဝတ္တေတဗ္ဗတ္ထကို ပြလို၍"န ဧတ္ထ၊ပေ၊အတ္ထိ"ဟုအပိုထည့်သည်၊ "ဒိဋ္ဌိယာ+ဂတံဒိဋ္ဌိဂတံ"သာ လိုရင်းတည်း၊ ဣ‌ဒမေဝ သစ္စံ စသည်ကား ဒိဋ္ဌိဂတံ၏ အဘိဓေယျတည်း၊ ထို့နောက် သမ္ပယုတ္တံနှင့်တွဲ၊သမံသည် သံ၏အဖွင့်၊ ဧကုပ္ပါဒါဒီဟိ ပကာရေဟိသည် ပဏိတတွင်၊ ထို သမ္ပယုတ္တံပုဒ်၏ အဓိပ္ပာယ်ကိုလည်း ဘာသာဋီကာ၌ ပြထားပြီ။
ယော ပယောဂေါ၊ အကြင်ပုဗ္ဗပယောဂသည်။ စိတ္တံ၊ တွန့်ဆုတ်သောစိတ်ကို။ တိက္ခဘာဝသင်္ခါတ မဏ္ဍနဝိသေသေန၊ ထက်မြက်သည်၏အဖြစ်ဟုဆိုအပ်သောတန်ဆာထူးဖြင့်။ သင်္ခရောတိ သဇ္ဇေတိ၊ ဆင်ပြင်တတ်၏။ ဣတိ၊ ကြောင့်။ သော ပယောဂေါ၊ ထိုပုဗ္ဗပယောဂသည်။ သင်္ခါရော၊ သင်္ခါရမည်၏။ ဝါ၊ တစ်နည်း။ ဧတေန၊ ဤပုဗ္ဗပယောဂသည်။ တံ၊ ထိုတွန့်ဆုတ်သောစိတ်ကို။ ယထာဝုတ္တနယေန၊ အကြင်အကြင်ဆိုအပ်ပြီးသောတန်ဆာအထူးဟူသောနည်းဖြင့်။ သင်္ခရီယတိ သဇ္ဇီယတိ၊ ဆင်ပြင်အပ်၏။ ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ဆင်ပြင်အပ်သည်၏အဖြစ်ကြောင့်။ သော ပယောဂေါ၊ သည်။ သင်္ခါရော၊ မည်၏။ တတ္ထ တတ္ထ ကိစ္စေ၊ ထိုထိုကိစ္စ၌။ သံသီဒမာနဿ၊ တန့်ဆုတ်နေသော။ စိတ္တဿ၊ စိတ်အား။ အနုဗလပ္ပဒါနဝသေန၊ လျော်သောအားကိုပေးခြင်း၏အစွမ်းဖြင့်။ အတ္တနောဝါ၊ မိမိ၏လည်းကောင်း။ ဝါ၊ မိမိ၏သန္တာန်၌လည်းကောင်း။ ပရေသံ ဝါ၊ တို့၏လည်းကောင်း။ ဝါ၊ သူတစ်ပါးတို့၏သန္တာန်၌လည်းကောင်း။ ပဝတ္တပုဗ္ဗပယောဂေါ၊ ဖြစ်သောပုဗ္ဗပယောဂတည်း။သင်္ခရောတိ ။ ။ သင်္ခါရော၌ သံပုဗ္ဗ,ကရဓာတ်,ဏပစ္စည်းတည်း၊ သံပုဗ္ဗ-ကရဓာတ်သည် "ပြုပြင်-ဆင်ပြင်"အနက်ကိုဟော၏၊ ထို့ကြောင့် သင်္ခရောတိကို "သဇ္ဇေတိ"ဟုဖွင့်သည်၊ "ဆင်ပြင်"ဟူသောကြိယာနှင့်လိုက်အောင် တိက္ခဘာဝကို "မဏ္ဍနဝိသေသ-တန်ဆာအထူး"ဟုတင်စား၍ (သဒိသူပစာရအားဖြင့်)ဆိုထားသည်၊ဤအဖွင့်အလို"သင်္ခရောတီတိ သင်္ခါရော"ဟု ကတ္တုသာဓ်ပြု။
သင်္ခရီယတိ ဝါ ။ ။ ဤနည်း၌ "သင်္ခရီယတိ ဧတေနာတိ သင်္ခါရော"ဟု ပြု၊ အဝုတ္တကတ္တုသာဓနဖြစ်သောကြောင့် ဧတေနဟူသော ကတ္တားပုဒ်၏အနက်ကို အရကောက်ရသည်၊ ယထာဝုတ္တနယေနဖြင့် တိက္ခဘာဝသင်္ခါတမဏ္ဍနဝိသေသကို ညွှန်းသည်။
တတ္ထ တတ္ထ၊ပေ၊ပုဗ္ဗပယောဂေါ ။ ။ ဤကား သင်္ခါရောပုဒ်၏ အဘိဓေယျကို ပြသောဝါကျတည်း၊ တတ္ထ တတ္ထ ကိစ္စေဖြင့် အကုသိုလ်အရာ၌ ပါဏာတိပါတစသောကိစ္စ,ကုသိုလ်အရာဝယ် ဒါနပြုမှု သီလစောင့်မှု စသောကိစ္စကို ပြသည်၊ သံသီဒမာနစိတ္တ-ဟူသည် ထိုကိစ္စများကို မပြုလို၍ ပြုဖို့ရန် တွန့်ဆုတ်ပျင်းရိနေသော ထိနမိဒ္ဓပြဋ္ဌာန်းသောစိတ်,မကျန်းမာ မခန့်ကျန်းသူ၏စိတ်တည်း။
အနုဗလပ္ပဒါနဝသေန ။ ။ အနု-ထိုတွန့်ဆုတ်သောစိတ်အားလျော်စွာ+ဗလပ္ပဒါန-အားပေးခြင်း"ဟူသည် ထိုကိစ္စကို မပြုလျှင် ရရှိမည့်အပြစ်,ပြုလျှင် ရရှိမည့်အကျိုးကို ပြောပြခြင်း,တိုက်တွန်းခြင်း,ခြိမ်းခြောက်ငေါက်ငန်းခြင်း,ချော့မော့ခြင်းစသောအမှုတည်း၊ ဤဝသေနကို ပဝတ္တ၌ အဘိန္နဝိသေသန စပ်၊ ဤအနုဗလပ္ပဒါနနှင့် "ပဝတ္တပုဗ္ဗပယောဂ"သည် အရမပြား-ဟူလို။
အတ္တနော၊ပေ၊ပယောဂေါ ။ ။ "အတ္တနော ပဝတ္တပုဗ္ဗပယောဂေါ,ပရေသံ ပဝတ္တပုဗ္ဗပယောဂေါ"ဟုတွဲ၊ တွန့်ဆုတ်သောစိတ်ကို မိမိဘာသာပြုပြင်ရာ၌ ထိုကိစ္စကို မပြုလျှင် ရမည့်အပြစ်,ပြုလျှင် ရမည့်အကျိုးကိုကြံစည်စဉ်းစားသော မနောပယော‌ဂ လည်းဖြစ်နိုင်၏၊ အားတက်လာအောင် လက်သီး လက်ရုံးတန်းခြင်း,ပျို့ကဗျာ ဂါထာတို့ကိုရွတ်ဆိုခြင်းစသော ကာယပယောဂ ဝစီပယောဂလည်း ဖြစ်နိုင်၏၊ ဆရာမိဘ မိတ်ဆွေစသောသူတစ်ပါး၏ ကိုယ်လက်ဖြင့် တိုက်တွန်းမှု ကာယပယောဂ, ပြောဆိုမှု ဝစီပယောဂတို့လည်း ဖြစ်နိုင်ကြသည်၊ ထိုပယောဂများကို သသင်္ခါရိကစိတ် မဖြစ်မီရှေ့အဖို၌ ဖြစ်သောကြောင့် "ပုဗ္ဗပယောဂ"ဟုခေါ်သည်။
ပန၊ ဆက်။ သော၊ ထိုပုဗ္ဗပယောဂသည်။ အတ္တနော၊ (သသင်္ခါရိကစိတ်ဟူသော)မိမိ၏။ ပုဗ္ဗဘာဂပ္ပဝတ္တေ၊ ရှေ့အဖို့၌ဖြစ်သော။ စိတ္တသန္တာနစေဝ၊ စိတ်အစဉ်၌၎င်း။ ပရသန္တာနေစ၊ သူတစ်ပါးတို့၏သန္တာန်၌၎င်း။ ပဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ထို့ကြောင့်။ တန္နိဗ္ဗတ္တိတော၊ ထိုပုဗ္ဗပယောဂသည် ဖြစ်စေအပ်သော။ စိတ္တဿ၊ နောက်စိတ်၏။ တိက္ခဘာဝသင်္ခါတော၊ ထက်မြက်သည်၏အဖြစ်ဟုဆိုအပ်သော။ ဝိသေသောဝ၊ သတ္တိအထူးသည်သာ။ ဣဓ၊ ဤအသင်္ခါရိက သသင်္ခါရိကစိတ်ကိုဖွင့်ပြရာ၌။ သင်္ခါရော၊ မည်၏။ ယဿ၊ အကြင်စိတ်၏။ သော၊ ထိုသင်္ခါရသည်။ နတ္ထိ၊ မရှိ။ တံ၊ ထိုစိတ်သည်။ အသင်္ခါရံ၊ အသင်္ခါရမည်၏။ တဒေဝ၊ ထိုသင်္ခါရမရှိသောစိတ်သည်ပင်။ အသင်္ခါရိကံ၊ အသင်္ခါရိကမည်၏။
သင်္ခါရေန၊ နှင့်။ သဟိတံ၊ တကွဖြစ်သောစိတ်တည်း။ သသင်္ခါရိကံ၊ သင်္ခါရနှင့်တကွဖြစ်သောစိတ်။သော ပန၊ပေ၊သင်္ခါရော ။ ။ သသင်္ခါရိကံ၌ သဟ၏ (အပြု)ဖြစ်သော (သ)သည် တုလျယောဂ-အတူယှဉ်ခြင်း နက်ကို ဟော၏၊ "သင်္ခါရ"အမည်ရသော "ပုဗ္ဗပယောဂ"ကား ရှေ့အဖို့ကဖြစ်နှင့်သော ပယောဂ,သူတစ်ပါးသန္တာန်၌လည်း ဖြစ်ရသော ပယောဂဖြစ်၍ သသင်္ခါရိကစိတ်နှင့် အတူတကွ(တုလျယောဂ)မဖြစ်နိုင်၊ ထို့ကြောင့် သသင်္ခါရိကစိတ်နှင့် အတူတကွဖြစ်နိုင်ဖို့ရာ "သင်္ခါရ"အရ ထိုပုဗ္ဗပယောဂကြောင့် (တွန့်ဆုတ်သောစိတ်၏) ထက်မြက်လာသော သတ္တိအထူးကို ကာရဏူပစာရအားဖြင့် ကောက်ယူပါ-ဟူလို၊ ထိုသို့ကောက်ယူသောအခါ နောက်စိတ်သည် ပုဗ္ဗပယောဂ ဟုခေါ်အပ်သော သင်္ခါရနှင့် အတူတကွဖြစ်သောစိတ် (သသင်္ခါရိကစိတ်)အမည် ရတော့သည်။ [ပုဗ္ဗပယောဂသည် ကာရဏ, ထိုပယောဂကြောင့်ဖြစ်သော ထက်မြက်သော သတ္တိထူးသည် ဖလတည်း။]
မှတ်ချက် ။ ။ မိမိကိုယ်တိုင် ကိစ္စတစ်ခုကို မပြုလိုဘဲ ပျင်းရိနေသော စိတ်အစဉ်ကို စဉ်းစားပါ၊ ထိုအခါ အကျိုးအပြစ်ကို စဉ်းစားလိုက်လျှင် အပျင်းပျောက်၍ ထိုကိစ္စကို ပြုလုပ်ဖို့ရန် စိတ်အစဉ်မှာ သတ္တိတစ်မျိုးပေါ်လာ၏၊ ထိုသတ္တိဟူသည်လည်းအခြားမဟုတ်,ဝီရိယတည်း၊ထိုဝီရိယသည် အလွန်မထက်သန်ရကား အသင်္ခါရိက စိတ်မှာပါသော ဝီရိယလောက် သတ္တိမရှိချေ၊ထို့ကြောင့် အသင်္ခါရိကစိတ်က သသင်္ခါရိကစိတ်ထက် အမြဲအားဖြင့် သတ္တိသာလွန်သည်-ဟုမှတ်ပါ။
သော၊ပေ၊အသင်္ခါရိကံ ။ ။ "နတ္ထိ သင်္ခါရော ယဿာတိ အသင်္ခါရံ"ဟု ‌ဗဟုဗ္ဗီဟိ ပြု၍ "အသင်္ခါရမေဝ အသင်္ခါရိကံ"ဟု သွတ္ထ၌ ဏိကပစ္စည်းသက်၊ ["တိက္ခဘာဝသတ္တိဟူသော သင်္ခါရမရှိ"ဟုဆိုသောကြောင့် "အသင်္ခါရိကစိတ်ကို သတ္တိမရှိသောစိတ်"ဟုမမှတ်လင့်၊ မပြုမပြင် ပင်ကိုယ်သတ္တိကား ထိုသင်္ခါရသတ္တိထက် သာလွန်လျက်ပါရှိသည်-ဟု မှတ်။] "သင်္ခါရေန+သဟိတံ"စသည်ကား အဓိပ္ပာယ်ဖွင့်သာတည်း၊ ရှေ့နည်းအတိုင်း "သဟ+သင်္ခါရေန ယံ ဝတ္တတီတိ သသင်္ခါရံ၊ သသင်္ခါရမေဝ သသင်္ခါရိကံ"ဟု ပြု။ [တထာ စ-စသည်ကို သာဓကဝါကျဟု ယူကြ၏၊ ရှေ့စကားကို ဆက်သော ဥပနျာသလည်း ဖြစ်သင့်သည်။]
စ၊ ဆက်။ (တစ်နည်း) စ၊ သာဓကကား။ တထာ၊ ထိုဆိုအပ်ပြီးသည့်အတိုင်း။ ပုဗ္ဗပ္ပယောဂသမ္ဘူတော၊ပေ၊ဒိတာတိ၊ ပုဗ္ဗပ္ပယောဂသမ္ဘူတော၊ပေ၊ဒိတာဟူ၍။ (အာစရိယာ) ဝဒန္တိ၊ ဆိုကြကုန်၏။ [ပုဗ္ဗပယောဂသမ္ဘူတော၊ ပုဗ္ဗပယောဂကြောင့် ကောင်းစွာဖြစ်သော။ စိတ္တသမ္ဘဝီ၊ နောက်စိတ်၌ ဖြစ်လေ့ရှိသော။ ဝိသေသော၊ သတ္တိအထူး တန်ဆာအထူးသည်။ သင်္ခါရော၊ သင်္ခါရ မည်၏။ ဧတ္ထ၊ ဤစိတ်၌။ တံဝသေန၊ ထိုသင်္ခါရေနှင့်စပ်သဖြင့်။ အသင်္ခါရိကာဒိတာ၊ အသင်္ခါရိက အစရှိသည်၏အဖြစ်သည်။ ဝါ၊ အသင်္ခါရိက အစရှိသောအမည်သည်။ ဟောတိ၊ ၏။]
အထဝါ၊ ထို့ပြင်တစ်နည်းကား။ သသင်္ခါရိကံ အသင်္ခါရိကန္တိစ ဧတံ၊ သသင်္ခါရိကံ အသင်္ခါရိကံဟူသော ဤစကားကိုလည်း။ ကေဝလံ၊ တကွဖြစ်ခြင်းနှင့်မဖက်,သက်သက်။ သင်္ခါရဿ၊ ပုဗ္ဗပယောဂသင်္ခါရ၏။ ဘာဝါဘာဝံ၊ ရှိခြင်း,မရှိခြင်းကို။ သန္ဓာယ၊ ရည်ရွယ်၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ တဿ၊ ထိုပုဗ္ဗပယောဂသင်္ခါရ၏။ သဟပ္ပဝတ္တိသဗ္ဘာဝါဘာဝတော၊ တကွဖြစ်ခြင်း၏ထင်ရှားရှိသည်၏အဖြစ်ထင်ရှားမရှိသည်၏အဖြစ်ကို။ (သန္ဓာယ)န (ဝုတ္တံ)၊ ဟောတော်မူအပ်သည် မဟုတ်။ ဣတိ၊ ထို့ကြောင့်။ ဘိန္နသန္တာနပ္ပဝတ္တိနောပိ၊ ကွဲပြားသောသန္တာန်၌ဖြစ်ခြင်းရှိသည်လည်းဖြစ်သော။ သင်္ခါရဿ၊ ပုဗ္ဗပယောဂသင်္ခါရ၏။ ဣဒမတ္ထိတာယ၊ ဤနောက်စိတ်၌ ရှိသည်၏အဖြစ်ကြောင့်။အထဝါ ။ ။ သဟသဒ္ဒါ၏တုလျယောဂအနက်ကို ယူသောနည်းမှတစ်ပါး,ဝိဇ္ဇမာန (ထင်ရှားရှိ)အနက်ကို ယူသောနည်းကို ပြလို၍"အထဝါ"စသည်မိန့်၊ "သင်္ခါရဿ ဘာဝါဘာဝံ သန္ဓာယ"ဖြင့် သင်္ခါရရှိလျှင်, သသင်္ခါရိက,မရှိလျှင် အသင်္ခါရိကဟု ဆိုလိုသည်၊"န တဿ သဟပ္ပဝတ္တိ သဗ္ဘာဝါဘာဝတော"ဖြင့် ရှေ့နည်းကဲ့သို့ တကွဖြစ်ခြင်းရှိ-မရှိကို မရည်ရွယ်ပါ-ဟုဆိုလိုသည်၊ သန္တိယာ-ထင်ရှားရှိသောတကွဖြစ်ခြင်း၏+ဘာဝေါ သဗ္ဘာဝေါ၊ သဗ္ဘာဝေါစ+အဘာဝေါစ သဗ္ဘာဝါဘာဝါ၊ တောပစ္စည်းကို ဒုတိယာဝိဘတ်အနက်၌ သက်၊ [သဗ္ဘာဝါဘာဝံ-ဟု ရှိလျှင် သာ၍ စာသွားထုံးစံကျ၏။]
ဘိန္န၊ပေ၊ဣဒမတ္ထိတာယ ။ ။ ရှေ့စိတ်အစဉ်သည် နောက်စိတ်အစဉ်မှ ကွဲပြားသောကြောင့်လည်းကောင်း,သူတစ်ပါးသန္တာန်၌ဖြစ်သောစိတ်အစဉ်သည် မိမိသန္တာန်၌ ဖြစ်သောစိတ်အစဉ်မှကွဲပြားသောကြောင့်လည်းကောင်း,ဘိန္နသန္တာန မည်၏၊ ထိုဘိန္နသန္တာန၌ဖြစ်သောသင်္ခါရ၏၊ ဣမသ္မိံ-ဤနောက်စိတ်၌၊ အတ္ထိတာ-ရှိသည်၏အဖြစ်တည်း၊ ဣဒမတ္တတာ-ဖြစ်။
တံ ဝသေန၊ ထိုသင်္ခါရ၏အစွမ်းဖြင့်။ နိဗ္ဗတ္တံ၊ ဖြစ်သော။ စိတ္တံ၊ စိတ်သည်။ (သသင်္ခါရိကံ၌စပ်၊) အဿ၊ ထိုစိတ်၏။ သင်္ခါရော၊ သင်္ခါရသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤဝစနတ္ထကြောင့်။ သသင်္ခါရိကံ၊ မည်၏။ (ကသ္မာ၊ အဘယ့်ကြောင့်နည်း။) သလောမကော၊ အမွေးရှိသောလူ။ ဝါ၊ အမွေးရှည်သောလူ။ သပက္ခကော၊ အတောင်ရှိသောငှက်။ ဣတိအာဒီသုဝိယ၊ ဤသို့အစရှိသောပြယုဂ်တို့၌ကဲ့သို့။ သဟသဒ္ဒဿ၊ သဟသဒ္ဒါ၏။ ဝိဇ္ဇမာနတ္တပရိဒီပနတော၊ ဝိဇ္ဇမာနအနက်ကိုထင်ရှားပြခြင်းကြောင့်တည်း။
ပန၊ ကား။ တဗ္ဗိပရီတံ၊ ထို သသင်္ခါရိကစိတ်၏ပြောင်းပြန်ဖြစ်သောစိတ်တို့သည်။ တဒဘာဝတော၊ ထိုသင်္ခါရ၏မရှိခြင်းကြောင့်။ ဝုတ္တနယေန၊ ဆိုအပ်ပြီးသောနည်းဖြင့်။ အသင်္ခါရိကံ၊ မည်၏။
ဒိဋ္ဌိဂတေန၊ မိစ္ဆာဒိဋ္ဌိနှင့်။ ဝိပ္ပယုတ္တံ၊ မယှဉ်သောစိတ်တည်း။ ဝိသံသဋ္ဌံ၊ မရောနှောသောစိတ်တည်း။ ဣတိ၊ ကြောင့်။ ဒိဋ္ဌိဂတဝိပ္ပယုတ္တံ၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တမည်၏။ [ဒိဋ္ဌိဂတသမ္ပယုတ္တံ၏ ပြောင်းပြန်အတိုင်းအဓိပ္ပာယ်သိပါ။]
(ယာ ဓမ္မဇာတိ၊ အကြင်တရားသဘောသည်။) ဝေဒယမာနာပိ၊ ခံစားပါသော်လည်း။ မဇ္ဈတ္တာကာရသဏ္ဌိတာယ၊ အလယ်အလတ်၌တည်သောသဘောရှိသည်၏အဖြစ်ဟူသောအခြင်းအရာ၌ ကောင်းစွာတည်ခြင်းကြောင့်။ (လျစ်လျူရှုခြင်းဟူသောအခြင်းအရာ၌ကောင်းစွာတည်ခြင်းကြောင့်၊) ဥပပတ္တိတောယုတ္တိတော၊ အသင့်အားဖြင့်။ ဣက္ခတိ အနုဘဝတိ၊ အာရုံကိုခံစားတတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ၊ သည်။) ဥပေက္ခာ၊ ဥပေက္ခာ မည်၏။ ဝါ၊ တစ်နည်း။
သုခဒုက္ခာနံ၊ သုခဒုက္ခတို့အား။ ဝါ၊ တို့နှင့်။ ဥပေတာယုတ္တာ၊ သင့်လျော်သော။ အဝိရုဒ္ဓါ၊ မဆန့်ကျင်သော။ ဣက္ခာအနုဘဝနံ၊ အာရုံကိုခံစားခြင်းတည်း။တံဝသေန၊ပေ၊သသင်္ခါရိကံ ။ ။ နောက်စိတ်ကို သသင်္ခါရိကဟု အမည်တပ်ရာ၌ ထိုဘိန္နသန္တာန်၌ဖြစ်သော သင်္ခါရ၏အစွမ်းဖြင့်အမည်တပ်ရသောကြောင့် ထိုသင်္ခါရရှိသောနောက်စိတ်သည် "သင်္ခါရော+အဿ အတ္ထိ"ဟူသော ဝစနတ္ထကြောင့် သသင်္ခါရိက မည်သည်-ဟူလို။
မှတ်ချက် ။ ။ ဤ၌လည်း "သံဝိဇ္ဇတိ သင်္ခါရော အဿာတိ သသင်္ခါရံ၊ သသင်္ခါရမေဝ သသင်္ခါရိကံ"ဟု ပြုမှ ဝိဂ္ဂဟအစစ် ဖြစ်မည်၊ သဉ္စေတနိကာပုဒ်ကို ပါရာဇိကဏ်အဋ္ဌကထာ ဝိဂြိုဟ်ပြုသကဲ့သို့တည်း၊ [အသင်္ခါရိကံ၌လည်း "နတ္ထိ သင်္ခါရော အဿာတိအသင်္ခါရံ၊ အသင်္ခါရမေဝ အသင်္ခါရိကံဟု ပြုစေလို၍ "ဝုတ္တနယေန"ဟု ပထမနည်းကို ညွှန်ပြသည်၊ တဿ+ဝိပရီတံ တဗ္ဗိပရီတံ။]
မဇ္ဈတ္တာကာရသဏ္ဌိတာယ ။ ။ မဇ္ဈေ+ဌိတော+အတ္တာ (သဘာဝေါ) ယဿာတိ မဇ္ဈတ္တံ-အလယ်အလတ်၌ တည့်မတ်သောသဘောရှိသောစိတ်၊ [အတ္တသဒ္ဒါသည် သဘာဝဝါစက၊] မဇ္ဈတ္တဿ+အာကာရော-အလယ်အလတ်၌ တည့်မတ်သောသဘောရှိသောစိတ်၏အခြင်းအရာ။ ["လျစ်လျူရှုသောအခြင်းအရာ"ဟုဆိုလိုသည်၊] မဇ္ဈတ္တာကာရေ+သဏ္ဌိတာ မဇ္ဈတ္တာကာရသဏ္ဌိတာ။
ဣတိ၊ ကြောင့်။ ဥပေက္ခာ၊ မည်၏။ ["ဥပေက္ခာ+ဣက္ခာ ဥပေက္ခာ"ဟုလုပ်စေလိုရင်းတည်း။]
ဟိ၊ မှန်၏။ သုခဒုက္ခာဝိရောဓိတာယ၊ သုခဒုက္ခတို့နှင့်ဆန့်ကျင်ခြင်းမရှိသည်၏အဖြစ်ကြောင့်။ ဧသာ၊ ဤဥပေက္ခာသည်။ တေသံ၊ ထိုသုခဒုက္ခာတို့၏။ အနန္တရမ္ပိ၊ အခြားမဲ့၌လည်း။ ပဝတ္တတိ၊ ဖြစ်နိုင်၏။
ဥပေက္ခာသဟဂတန္တိဣဒံ၊ ဥပေက္ခာသဟဂတံဟူသောဤပုဒ်သည်။ ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာ။ [သောမနဿသဟဂတံ၌ ဆိုခဲ့ပြီ-ဟူလို၊ သောမနဿေနနေရာ၌ "ဥပေက္ခာယ"ဟု ဣတ္ထိလိန်ပြောင်းရုံသာထူးသည်။]
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကိုဆိုဦးအံ့။ ဧတ္ထ၊ လောဘမူစိတ်၌။ အညေသုပိ၊ ဝေဒနာ, ဒိဋ္ဌိ, သင်္ခါရတို့မှ တစ်ပါးလည်းဖြစ်ကုန်သော။ ဖဿာဒီသု၊ ဖဿအစရှိကုန်သော။ သမ္ပယုတ္တဓမ္မေသု၊ သမ္ပယုတ်တရားတို့သည်။ ဝိဇ္ဇမာနေသု၊ ရှိကုန်ပါလျက်။ ကသ္မာ၊ အဘယ့်ကြောင့်။ သောမနဿသဟဂတာဒိ ဘာဝေါဝ၊ သောမနဿသဟဂတံ အစရှိသည်၏အဖြစ်ကိုသာ။ (အာစရိယေန၊ သည်။) ဝုတ္တော၊ နည်း။ ဣတိ၊ ဤကားစောဒနာတည်း။
သောမနဿာဒီနမေဝ၊ သောမနဿ အစရှိသောတရားတို့၏သာလျှင်။ (အာဒိဖြင့် ဥပေက္ခာ,ဒိဋ္ဌိ,သင်္ခါရတို့ကိုယူ၊) အသာဓာရဏဘာဝတော၊ အခြားစိတ်တို့နှင့်မဆက်ဆံကုန်သည်၏အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤကားအဖြေတည်း။ [စုံစုံလင်လင် ထည့်လိုလျှင် "အညေသုပိ ဖဿာဒီသု သမ္ပယုတ္တဓမ္မေသု ဝိဇ္ဇမာနေသုပိ တေဟိ ဖဿသဟဂတာဒိဘာဝံ အဝတွာ‌ သောမနဿ သဟဂတာဒိ ဘာဝေါဝ (အာစရိယေန)ဝုတ္တော"ဤသို့ထည့်၍ပေး။]
ဟိ၊ ချဲ့။ [ကထံတတ္ထ, ဟိတ်ပြနောက်မှာ,ဟိရောက်လာ,ချဲ့ကာယူကြမင်း၊] ဖဿာဒယော၊ ဖဿအစရှိကုန်သော။ ကေစိ၊ အချို့စေတသိက်တို့သည်။ သဗ္ဗစိတ္တသာဓာရဏာ၊ အလုံးစုံသောစိတ်တို့နှင့်ဆက်ဆံကုန်၏။ ကေစိ၊ အချို့စေတသိက်တို့သည်။ [သဒ္ဓါအစရှိသောစေတသိက်ကိုဆိုသည်၊] ကုသလာဒိသာဓာရဏာ၊ ကုသိုလ်အစရှိသည်တို့နှင့်ဆက်ဆံကုန်၏။ မောဟာဒယော စ၊ မောဟအစရှိသော စေတသိက်တို့သည်လည်း။ အသာဓာရဏဘာဝတော ။ ။ သောမနဿသဟဂတံဆိုလျှင် ဥပေက္ခာသဟဂုတ်စိတ်တို့နှင့်မဆက်ဆံ၊ဥပေက္ခာသဟဂတံဆိုလျှင် သောမနဿသဟဂုတ်စိတ်တို့နှင့်မဆက်ဆံ၊ ဒိဋ္ဌိဂတသမ္ပယုတ္တံဆိုလျှင် ဒိဋ္ဌိဂတဝိပ္ပယုတ်စိတ်တို့နှင့်မဆက်ဆံ၊ ဒိဋ္ဌိဂတဝိပ္ပယုတ္တံဟု ဆိုလျှင် ဒိဋ္ဌိဂတသမ္ပယုတ်စိတ်တို့နှင့်မဆက်ဆံ၊ အသင်္ခါရိကံဟု ဆိုလျှင် သသင်္ခါရိကစိတ်တို့နှင့်မဆက်ဆံ၊ သသင်္ခါရိကံဟု ဆိုလျှင် အသင်္ခါရိကစိတ်တို့နှင့်မဆက်ဆံ၊ဤသို့အခြားစိတ်တို့နှင့်မဆက်ဆံသောကြောင့်သောမနဿစသည်တို့ဖြင့်စိတ်ကိုအထူးပြုရပါသည်-ဟူလို။ [ဤအမေးအဖြေ၏အကျယ်ကို ဘာသာဋီကာ၌ ပြထားပြီ။] သဗ္ဗာကုသလသာဓာရဏာ၊ အလုံးစုံသောအကုသိုလ်စိတ်တို့နှင့်ဆက်ဆံကုန်၏။ ဣတိ၊ ထို့ကြောင့်။ တေဟိ၊ ထိုဖဿအစရှိသောသမ္ပယုတ်တရားတို့ဖြင့်။ စိတ္တံ၊ ကို။ ဝိသေသေတုံ၊ အထူးပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ပန၊ အနွယကား။ သောမနဿာဒယော၊ သောမနဿ အစရှိသောတရားတို့သည်။ ကတ္ထစိ စိတ္တေ၊ အချို့စိတ်၌။ ဟောန္တိ၊ ဖြစ်ကုန်၏။ ကတ္ထစိ(စိတ္တေ)၊ အချို့စိတ်၌။ န ဟောန္တိ။ ဣတိ၊ ကြောင့်။ တံဝသေန၊ ထိုသောမနဿအစရှိသည်တို့၏အစွမ်းဖြင့်။ စိတ္တဿ၊ ၏။ ဝိသေသော၊ အထူးတည်း။ ပါကဋောဝ၊ ထင်ရှားသည်သာ။
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကိုဆိုဦးအံ့။ ကသ္မာ၊ အဘယ့်ကြောင့်။ ဧ‌တေ၊ သောမနဿ အစရှိသောတရားတို့သည်။ ကတ္ထစိ၊ ၌။ ဟောန္တိ၊ ဖြစ်ကုန်သနည်း။ ကတ္ထစိ၊ ၌။ န ဟောန္တိ၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။
ကာရဏဿ၊ အကြောင်း၏။ သန္နိဟိတာသန္နိဟိတဘာဝတော၊ အနီး၌ တည်သည်၏အဖြစ်, အနီး၌ မတည်သည်၏အဖြစ်ကြောင့်။ (ကတ္ထစိ ဟောန္တိ၊ ကတ္ထစိ န ဟောန္တိ၊) ဣတိ၊ ဤကားအဖြေတည်း။
ပန၊ ဆက်။ နေသံ၊ ထိုသောမနဿ အစရှိသောတရားတို့၏။ ကာရဏံ၊ အကြောင်းသည်။ ကိံ၊ အဘယ်နည်း။ ဣတိ၊ ဤကားအမေးတည်း။ (မယာ၊ ငါသည်။ ပရိဟာရော၊ အဖြေကို။)
ဝုစ္စတေ၊ ဆိုအပ်၏။ ဝါ၊ ဆိုဦးအံ့။ ဟိ၊ ချဲ့။ [ဝုစ္စတေဟူသောပဋိညာဉ်ကိုချဲ့သည်၊] သဘာဝတော၊ ပင်ကိုသဘောအားဖြင့်လည်းကောင်း။ ပရိကပ္ပတော ဝါ၊ ကြံဆခြင်းအားဖြင့်သော်လည်းကောင်း။ ဣဋ္ဌာရမဏံ၊ ဣဋ္ဌာရုံသည်လည်းကောင်း။ သောမနဿပဋိသန္ဓိတာ၊ သောမနဿနှင့်ယှဉ်သောပဋိသန္ဓေရှိသူ၏အဖြစ်သည်လည်းကောင်း။ အဂမ္ဘီရသဘာဝတာစ၊ မနက်နဲသောသဘောရှိသူ၏အဖြစ်သည်လည်းကောင်း။ ဣဓ၊ ဤသောမနဿသဟဂုတ်စိတ် စသည်တို့ဖြစ်ရာ၌။ သောမနသဿ၊ သောမနဿ၏။ ကာရဏံ၊ အကြောင်းတည်း။ ဣဋ္ဌမဇ္ဈတ္တာရမဏံ၊ ဣဋ္ဌမဇ္ဈတ္တာရုံသည်လည်းကောင်း။ ဥပေက္ခာပဋိသန္ဓိကတာ၊ ဥပေက္ခာနှင့်ယှဉ်သောပဋိသန္ဓေရှိသူ၏အဖြစ်သည်လည်းကောင်း။သန္နိ၊ပေ၊ဘာဝတော ။ ။ သံ+နိပုဗ္ဗ ဓာဓာတ်သည် အနီး၌ တည်ခြင်းအနက်ကို ဟော၏၊"ကာရဏ၏ အနီး၌တည်ခြင်း-မတည်ခြင်း"ဟူသည်လည်း နီးကပ်သော အကြောင်း၏ဖြစ်ခြင်း-မဖြစ်ခြင်းတည်း၊ သောမနဿ ဖြစ်ဖို့ရန် အကြောင်းရှိသောကြောင့်သောမနဿဖြစ်ရသည်၊ ထိုအကြောင်းမရှိသောကြောင့်သောမနဿမဖြစ်-ဟူလို၊ [သန္နိဓာယတိ-အနီး၌တည်နေ၏၊ ဣတိ သန္နိဟိတံ၊ ဓကို ဟပြု၊...သဘာဝဣဋ္ဌ,ပရိကပ္ပဣဋ္ဌ စသည်တို့၏အဓိပ္ပာယ်ကို ဘာသာဋီကာ၌ ပြထားပြီ။]
ဝစနတ္ထ ။ ။ သောမနဿသမ္ပယုတ္တာ+ပဋိသန္ဓိ ယဿာတိ သောမနဿပဋိသန္ဓိကော၊ [သမ္ပယုတ္တပုဒ်ကျေ၊] တဿ+ဘာဝေါ သောမနဿပဋိသန္ဓိကတာ၊ ဂမ္ဘီရော+သဘာဝေါ ယဿာတိ ဂမ္ဘီရသဘာဝေါ၊ န+ဂမ္ဘီရသဘာဝေါ အဂမ္ဘီရသဘာဝေါ၊ ဝိပန္နာ (ပျက်သော) ဒိဋ္ဌိ ယဿာတိ ဒိဋ္ဌိဝိပန္နော၊ (ပုဂ္ဂလော) ["ဝိပန္နဒိဋ္ဌိ"ဟုဆိုလိုလျက် ဝိသေသနပုဒ် နောက်ကျသည်၊]အတ္တသည်လည်းကောင်း,ခန္ဓာငါးပါး‌ဟူသော လောကသည်လည်းကောင်း မြဲ၏ဟုဖြစ်သောအယူသည် သဿတ မည်၏၊ "မမြဲဘဲ သေလျှင် ပြတ်စဲ၏"ဟုဖြစ်သောအယူသည် ဥစ္ဆေဒ မည်၏၊ သဿတုစ္ဆေဒါ+အာသယော+ယဿာတိ သဿတုစ္ဆေဒါသယော၊ တဿ+ဘာဝေါ သဿတုစ္ဆေဒါ သယတာ၊ အာသယလေးမျိုးအကျယ်ကို ပါရာဇိကအဋ္ဌကထာအဖွင့် စသည်၌ ယထာနုလောမသာသနအခန်းမှာ ရှုပါ၊ထိုခန်းမှယူ၍ မဏမဉ္ဇူလည်း ပြထား၏။
ဂမ္ဘီရသဘာဝတာ စ၊ နက်နဲသောသဘောရှိသူ၏အဖြစ်သည်လည်းကောင်း။ ဥပေက္ခာယ၊ ဥပေက္ခာ၏။ (ကာရဏံ၊ တည်း။) ဒိဋ္ဌိဝိပန္နပုဂ္ဂလသေဝနာ စ၊ ပျက်သောအယူရှိသောပုဂ္ဂိုလ်ကို မှီဝဲဆည်းကပ်ခြင်းသည်လည်းကောင်း။ သဿတုစ္ဆေဒါသယတာ စ၊ သဿတဒိဋ္ဌိ,ဥစ္ဆေဒဒိဋ္ဌိဟူသော မှီရာရှိသူ၏အဖြစ်သည်လည်းကောင်း။ ဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိ၏။ (ကာရဏံ၊ တည်း။) ပန၊ ကား။ ဗလဝဥတုဘောဇနာဒယော၊ လျောက်ပတ်အားရှိသောဥတု,‌ဘောဇဉ်အစရှိကုန်သော။ ပစ္စယာ၊ အကြောင်းတို့သည်။ အသင်္ခါရိကဘာဝဿ၊ အသင်္ခါရိက၏အဖြစ်၏။ (ကာရဏံ၊ တည်း။) ဣတိ၊ ဤကားအကျယ်တည်း။
အတ္တနော၊ မိမိ၏။ ဝါ၊ မိမိအား။ အနုရူပကာရဏဝသေန၊ လျော်သောအကြောင်း၏အစွမ်းဖြင့်။ နေသံ၊ ထိုသောမနဿအစရှိသောတရားတို့၏။ တသ္မာဥပ္ပဇ္ဇနတော၊ ထိုသို့ဖြစ်ခြင်းကြောင့်။ [တသ္မာနောင်,ဟိတ်နှင့်ဆောင်,တူအောင်အနက်ကြံ။] ကတ္ထစိ စိတ္တေယေဝ၊ အချို့စိတ်၌သာလျှင်။ သမ္ဘဝေါ၊ ဖြစ်သင့်ခြင်းသည်။ (ဟောတိ၊) ဣတိ၊ ထို့ကြောင့်။ ဧတေဟိ၊ ဤသောမနဿအစရှိသောတရားတို့ဖြင့်။ စိတ္တဿ၊ ၏။ ဝိသေသော၊ အထူးသည်။ ဝါ၊ ကို။ ပညပေတုံ၊ ပညတ်ခြင်းငှာ။ ဝါ၊ အမည်တပ်ခြင်းငှာ။ သက္ကာ၊ တတ်ကောင်း၏။ ဣတိ၊ ဤသို့မှတ်အပ်၏။
ဧဝဉ္စကတွာ၊ ဤအကြောင်းကြောင့်။ နေသံ၊ ထိုသောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကအစရှိသောစိတ်တို့၏။ဗလဝ၊ပေ၊အာဒယော ။ ။ "ဗလဝ-အားရှိ"ဟူသည် သပ္ပါယဖြစ်ခြင်းတည်း၊ အာဒိဖြင့် သပ္ပါယဖြစ်သောကျောင်း အိပ်ရာ နေရာဟူသောအာဝါသသပ္ပါယ, သေနာသနသပ္ပါယ, ကိုယ်၏ကျန်းမာခြင်း(ကာယကလ္လတာ)တို့ကို မဏိမဉ္ဇူ ပြ၏၊ အသင်္ခါရိကပဋိသန္ဓိကတာ,အအေး အပူကို ဂရုမစိုက်တတ်ခြင်းဟူသော သီတုဏှာဒိသဟနတာ, ဝီရိယအကျိုးကို မျှော်ကိုးလေ့ရှိခြင်းဟူသော ဝီရိယာနိသံသဒဿာဝိတာ,တို့ကိုလည်း အခြားကျမ်းတို့၌ ပြလေ့ရှိသည်။
ဧဝဉ္စကတွာ ။ ။ လဒ္ဓဂုဏ်ဝါကျတည်း၊ စိတ်တို့ကို တစ်ခုနှင့်တစ်ခု ကွဲပြားအောင်ပြုနိုင်သော တရားတို့ဖြင့် စိတ်ကိုအထူးပြုရ (ဝိသေသနကူမ,ရ)သောကြောင့်သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိက စသည်ဖြင့်စိတ်ရှစ်ပါးလုံးကိုတစ်ပါးနှင့်တစ်ပါး ကွဲပြားအောင် သောမနဿစသည်ဖြင့် အထူးပြုရသည်၊ ထိုသို့ကွဲပြား‌အောင် အထူးပြုရသောကြောင့်ပင် ဤစိတ်ရှစ်ပါးလုံး၌ မောဟမူလနှင့် ယှဉ်ပါသော်လည်း ထိုမောဟက ဒေါသမူ, မောဟမူစိတ်တို့၌လည်း ယှဉ်သည့်အတွက် ထိုဒေါသမူ-မောဟမူစိတ်တို့နှင့်လောဘမူစိတ်ကိုကွဲပြားအောင် မပြုနိုင်၊ လောဘစေတသိက်ကား ဤစိတ်၌သာ ယှဉ်၍ ဒေါသမူ-‌မောဟမူစိတ်တို့၌ မယှဉ်သောကြောင့် ကွဲပြားအောင် ပြုနိုင်၏၊ ထို့ကြောင့် ဤစိတ်ကို"မောဟသဟဂတစိတ္တာနိ နာမ"ဟုမဆိုဘဲ လောဘဖြင့် အထူးပြု၍ "လောဘသဟဂတစိတ္တာနိ နာမ"ဟု နာမည်တပ်ရသည်။
မောဟဟေတုကဘာဝေ၊ မောဟဟိတ်ရှိကုန်သည်၏အဖြစ်သည်။ သတိပိ၊ ဖြစ်ပါသော်လည်း။ လောဘသဟဂတဘာဝေါဝ၊ လောဘသဟဂုတ်၏အဖြစ်ကိုသာ။ နိဂမနေ၊ နိဂုံး၌။ (အာစရိယေန၊ အရှင်အနုရုဒ္ဓါဆရာသည်။) ဝုတ္တာ၊ ဆိုအပ်ပြီ။
ပန၊ ဆက်။ အဋ္ဌန္နမ္ပိ၊ ရှစ်ပါးလည်းဖြစ်ကုန်သော။ ဣမေသံ၊ ဤလောဘမူစိတ်တို့၏။ အယံ ဥပ္ပတ္တိက္ကမော၊ ဤဖြစ်စဉ်ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
ဟိ၊ ချဲ့။ ယဒါ၊ အကြင်အခါ၌။ ကာမေသု၊ ကာမဂုဏ်တို့၌။ (ကာမဂုဏ်ခံစားခြင်းတို့၌-ဟူလို၊) အာဒီနဝေါ၊ အပြစ်သည်။ နတ္ထိ၊ မရှိ။ ဣတိ အာဒိနာ၊ ဤသို့အစရှိသော။ နယေန၊ ဖြင့်။ မိစ္ဆာဒိဋ္ဌိံ၊ မိစ္ဆာအယူကို။ ပုရက္ခတွာ၊ ရှေ့သွားပြု၍။ ဟဋ္ဌတုဋ္ဌော၊ ရွှင်လန်းနှစ်သက်သည်။ (ဟုတွာ) သဘာဝတိက္ခေနေဝ၊ ‌သဘောအားဖြင့်ထက်သည်သာလျှင်ဖြစ်သော။ အနုဿာဟိတေန၊ မိမိသူတစ်ပါးတို့အားမတက်စေအပ်သော။ ဝါ၊ မတိုက်တွန်းအပ်သော။ (အဓိပ္ပာယတ္ထ)စိတ္တေန၊ ဖြင့်။ ကာမေဝါ၊ ကာမဂုဏ်တို့ကိုမူလည်း။ ပရိဘုဉ္ဇတိ၊ ခံစား၏။ ဒိဋ္ဌမင်္ဂလာဒီနိဝါ၊ ဒိဋ္ဌမင်္ဂလာအစရှိသည်တို့ကိုမူလည်း။ သာရတော၊ အနှစ်သာရအားဖြင့်။ ပစ္စေတိ၊ ယုံကြည်၏။နတ္ထိ၊ပေ၊အာဒီနဝေါတျာဒိနာ ။ ။ ကာမဂုဏ် မှီဝဲရာ၌ သမီးခင်ပွန်းချင်းသော်မှလောဘပြစ် ရှိသေး၏၊သို့ပါလျက် "အပြစ်မရှိ"ဟုယူခြင်းသည် မိစ္ဆာအယူဖြစ်၏၊ "မကောင်းကျိုးပေးဖို့ရန် မဟုတ်"ဟုပယ်လျှင် နတ္ထိကဒိဋ္ဌိတည်း၊ "သေလျှင်ပြီးတာပဲ အကျိုးမပေးနိုင်"ဟုယူလျှင် ဥစ္ဆေဒဒိဋ္ဌိလည်း ဟုတ်၏၊ အာဒိဖြင့် "သားသမီးမရသောမိဘတို့သည် ငရဲ၌ ဖြစ်ကြ၏၊ သားသမီးရသော မိဘတို့သည် နတ်ပြည်၌ ဖြစ်ရ၏"ဟု အယူရှိ၍ မေထုန်မှီဝဲကြသူများ၏ မိစ္ဆာဝါဒကိုယူပါ။
မိစ္စာဒိဋ္ဌိံ၊ပေ၊ပရိဘုဉ္ဇတိ ။ ။ မိစ္ဆာဒိဋ္ဌိံ ပုရက္ခတွာဖြင့် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ပုံကို ပြ၏၊ [ပုရ+ကရ+တွာဖြစ်၍ "ပုရက္ခတွာ"မှန်ကြောင်းကို ပုရသမုပပရိဟိ စသော သုတ်မှာကြည့်။] "မိစ္ဆာဒိဋ္ဌိကို ရှေ့သွားပြု"ဟူသည် မနောပုဗ္ဗင်္ဂမာကဲ့သို့ ပဓာနဖြစ်သော ရှေ့သွားတည်း၊ ဖြစ်သောအခါ၌မူ အတူတကွဖြစ်သည်။
ဒိဋ္ဌိ၊ပေ၊ပစ္စေတိ ။ ။ နံနက် စောစော၌ နွားလားဥသဘစသော ကောင်းသောအဆင်းကို မြင်ရလျှင် ကောင်းကျိုးရ၏၊ ["ကောင်းကျိုးရခြင်း၏ ပုဗ္ဗနိမိတ်"ဟု လောက်သာမယူဆဘဲ"ကောင်းကျိုးပေးခြင်း၏အကြောင်းဖြစ်၏"ဟုယူ၏၊] ဤသို့ကောင်းသောအာရုံတို့မြင်ရခြင်းကိုဒိဋ္ဌမင်္ဂလာဟု ယူ၏၊ အာဒိဖြင့် သုတမင်္ဂလာ, မုတမင်္ဂလာတို့ကိုယူ၊ "ပြည့်စုံ၏,တိုးပွား၏,ကျက်သရေရှိ၏"စသော စကားသံသည် သုတမင်္ဂလာတည်း၊ ကောင်းသောပန်းနံ့ , ကောင်းသောအရသာ,ကောင်းသော အတွေ့အထိကို နံရ,စားသောက်ရ,တွေ့ထိရခြင်းသည် မုတမင်္ဂလာတည်း၊ [အကျယ်ကို ခုဒ္ဒကပါဌ မင်္ဂလသုတ် အဋ္ဌကထာမှာ ရှု။]
တဒါ၊ ထိုအခါ၌။ ပဌမံ၊ ရှေးဦးစွာသော။ အကုသလစိတ္တံ၊ အကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
ပန၊ အဖို့တစ်ပါးကား။ ယဒါ၊ အကြင်အခါ၌။ မန္ဒေန၊ နုံ့သော။ သမုဿာဟိတေန၊ မိမိ သူတစ်ပါးတို့သည်အားတက်စေအပ်သော။ ဝါ၊ မိမိသူတစ်ပါးတို့သည်တိုက်တွန်းအပ်သော။ စိတ္တေန၊ ဖြင့်။ (ကာမေ ဝါ၊ မူလည်း။ ပရိဘုဉ္ဇတိ၊ ၏။ ဒိဋ္ဌမင်္ဂလာဒီနိ ဝါ၊ မူလည်း။ သာရတော၊ အားဖြင့်။ ပစ္စေတိ၊ ၏။) တဒါ၊ ထိုအခါ၌။ ဒုတိယံ၊ နှစ်ခုမြောက်ဖြစ်သော။ (အကုသလစိတ္တံ, ဥပ္ပဇ္ဇတိ။) [သံ+ဥ+သဟဓာတ်, ကာရိတ် ဏေပစ္စည်း၊ တ ပစ္စည်းဖြင့် "သမုဿာဟိတော"ဟု ဖြစ်၏။]
ပန၊ ကား။ ယဒါ၊ ၌။ မိစ္ဆာဒိဋ္ဌိံ,အပုရက္ခတွာ၊ ရှေ့သွားမပြုမူ၍။ ကေဝလံ၊ မိစ္ဆာအယူမဖက် သက်သက်။ ဟဋ္ဌတုဋ္ဌော၊ (ဟုတွာ)သဘာဝတိက္ခေနေဝ၊ သော။ အနုဿာဟိတေန စိတ္တေန,မေထုနံဝါ၊ မေထုန်ကိုမူလည်း။‌ သေဝတိ၊ မှီဝဲ၏။ ပရသမ္ပတ္တိံ ဝါ၊ သူတစ်ပါး၏စည်းစိမ်ကိုမူလည်း။ အဘိဇ္ဈာယတိ၊ ရှေးရှုကြံစည်၏။ ဝါ၊ အဘိဇ္ဈာဖြစ်၏။ ပရဘဏ္ဍံဝါ၊ သူတစ်ပါး၏ဘဏ္ဍာကိုမူလည်း။ ဟရတိ၊ ခိုးဆောင်၏။ တဒါ၊ ၌။ တတိယံ၊ သော။ (အကုသလစိတ္တံ ဥပ္ပဇ္ဇတိ။)
ပန၊ ကား။ ယဒါ၊ ၌။ မန္ဒေနသမုဿာဟိတေန စိတ္တေန,မေထုနံ ဝါ၊ ကိုမူလည်း။ ပေ။ ဟရတိ၊ ၏။ တဒါ၊ ၌။ စတုတ္ထံ၊ သော။ (အကုသလစိတ္တံ ဥပ္ပဇ္ဇတိ။)မှတ်ချက် ။ ။ မိစ္ဆာဒိဋ္ဌိံ ပုရက္ခတွာ,ဒိဋ္ဌမင်္ဂလာဒီနိဝါ သာရတော ပစ္စေတိတို့ဖြင့် ဒိဋ္ဌိဂတသမ္ပယုတ်ဖြစ်ပုံကိုပြ၏၊ ဟဋ္ဌတုဋ္ဌောဖြင့် သောမနဿသဟဂုတ်ဖြစ်ပုံကိုပြ၏၊ ကာမေ ပရိဘုဉ္ဇတိဖြင့်လည်းကောင်း,ဒိဋ္ဌမင်္ဂလာဒီနိ ဝါ သာရတော ပစ္စေတိ၌ ပစ္စေတိဖြင့်လည်းကောင်း,လောဘသဟဂုတ်စိတ်ဖြစ်ပုံကိုပြ၏၊ သဘာဝ၊ပေ၊စိတ္တေနဖြင့် အသင်္ခါရိကဖြစ်ပုံကိုပြ၏၊ စိတ္တေနကို ပရိဘုဉ္ဇတိ-ပစ္စေတိတို့၌လှည့်၍ စပ်၊ [မန္ဒေန-စသည်၌ ထင်ရှားပြီ။]
ကာမေ ဝါ ။ ။ ဝါသဒ္ဒါကို အနိယမတ္ထဟု မဏိမဉ္ဇူ၌ ဖွင့်၏၊ သဒ္ဒါကျမ်း တို့၌ "ယေန ဝါ ကရီယတေ"စသည်ဝယ် အဝုတ္တဝိကပ္ပနတ္ထ (တိုက်ရိုက် မဆိုအပ်သောအနက်ကိုပြုစီရင်ရခြင်းအနက်ရှိ၏)ဟု ဆို၏၊ ထိုဝါဖြင့်ရွှေမှတစ်ပါး သောဥစ္စာကိုယူရာ၌ ပုဏ္ဏားတို့မှာအပြစ်မရှိဟု ယူခြင်း,ဆရာ့အသက် မိမိအသက်ကို စောင့်ရှောက်ဖို့ရာမုသားပြောခြင်း,ဘာတရမင်းတို့စစ်တိုက်ခန်း,သီတာမိဖုရားကိုဒသဂီရ်ဘီလူး‌ဆောင်ခန်းစသော သမ္ဖပ္ပလာပ ပြောခြင်းများကို ယူ၊ "ထိုသို့ ‌ပြုလုပ်ပြောခြင်း၌ အပြစ်မရှိ,အကျိုးရှိ၏"ဟုယူကြသတတ်။
ပန၊ ကား။ ယဒါ၊ ၌။ ကာမာနံ၊ ဝတ္ထုအာရုံ ကာမဂုဏ်တို့၏။ အသမ္ပတ္တိံ၊ မပြည့်စုံခြင်းကို။ အာဂမ္မဝါ၊ စွဲ၍သော်လည်းကောင်း။ (ဝတ္ထုအာရုံ ကာမဂုဏ်တို့၏မပြည့်စုံခြင်းကြောင့်ပျော်ရွှင်ခြင်းမရှိ-ဟူလို၊) အညေသံ၊ အခြားကုန်သော။ သောမနဿဟေတူနံ၊ သောမနဿ၏အကြောင်းတို့၏။ အဘာဝေနဝါ၊ မရှိခြင်းကြောင့်သော်လည်းကောင်း။ စတူသုပိ၊ လေးပါးလည်းဖြစ်ကုန်သော။ ဝိကပ္ပေသု၊ ဝိကပ်တို့၌။ သောမနဿရဟိတာ၊ သောမနဿမှကင်းကုန်သည်။ ဟောန္တိ၊ ကုန်၏။ တဒါ၊ ၌။‌ သေသာနိ၊ ကြွင်းကုန်သော။ စတ္တာရိ၊ ကုန်သော။ ဥပေက္ခာသဟဂတစိတ္တာနိ၊ ဥပေက္ခာသဟဂုတ်စိတ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့သော။ (အယံ ဥပ္ပတ္တိက္ကမော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။)
အဋ္ဌပီတိ (ဧတ္ထ)၊ အဋ္ဌပိဟူသောဤပါဌ်၌။ ပိသဒ္ဒေါ၊ သည်။ သမ္ပိဏ္ဍနတ္ထော၊ သမ္ပိဏ္ဍနအနက်ရှိ၏။ တေန၊ ထိုပိသဒ္ဒါဖြင့်။ (သင်္ဂဏှာတိ၌စပ်၊) ဝက္ခမာနနယေန၊ ဆိုအပ်လတ္တံ့သောနည်းဖြင့်။ [ဝီထိမုတ်ပိုင်း၌ ဆိုအပ်လတ္တံ့နည်းဖြင့်၊] အကုသလကမ္မပထေသု၊ အကုသလကမ္မပထတို့၌။ နေသံ၊ ထိုလောဘမူစိတ်တို့၏။ လဗ္ဘမာနကမ္မပထာနုရူပတော၊ ရထိုက်သောကမ္မပထအားလျော်သောအားဖြင့်။ ပဝတ္တိဘေဒံ၊ ဖြစ်ပုံအပြားကိုလည်းကောင်း။ ကာလ၊ပေ၊ရမဏာဒိဘေဒေန၊ ကာလ,ဒေသ,သန္တာန်,အာရုံအစရှိသည်တို့၏အပြားအားဖြင့်။ အနေကဝိဓတမ္ပိ၊ တစ်ပါးမကများသောအပြားရှိသည်၏အဖြစ်ကိုလည်းကောင်း။ သင်္ဂဏှာတိ၊ သိမ်းယူ၏။
ဒုဋ္ဌု၊ သာယာဖွယ်မကောင်းသော။ မနော၊ စိတ်တည်း။ ဣတိ၊ ကြောင့်။ ဒုမ္မနော၊ ဒုမ္မနမည်၏။ ဝါ၊ တစ်နည်း။ ဧတဿ၊ ဤပုဂ္ဂိုလ်၏။ တံ၊ ထိုမကောင်းသောစိတ်သည်။ အတ္ထိ၊ ၏။ ဣတိ၊ ကြောင့်။ သော၊ သည်။ ဒုမ္မနော၊ မည်၏။ဝိကပ္ပေသု ။ ။ "ဝိသုံ ဝိသုံ ကပ္ပီယန္တီတိ ဝိကပ္ပာနိ"နှင့်အညီ အသီးအသီး (စကားတစ်ရပ်စီ တစ်ရပ်စီ၊) ပြုစီမံအပ်သောစိတ်လေးမျိုးကို "စတူသု ဝိကပ္ပေသု"ဟုဆိုသည်၊ မဏိမဉ္ဇူ၌ကား "ယဒါ"ပုဒ်ကို ကြည့်၍ ကာလကောဋ္ဌာသ(ကာလအစု)ကို လည်းကောင်း,(တစ်နည်း) ကာလဘေဒကိုလည်းကောင်း ဝိကပ္ပဟု ဆိုလေသည်။
အမှာ ။ ။ "သောမနဿသဟဂုတ်ထက် ဥပေက္ခာသဟဂုတ်က ထက်မြက်၏"ဟူသောဝါဒ, အဋ္ဌပိ၌ ပိသဒ္ဒါ၏ သမ္ပိဏ္ဍနတ္ထဟူသောအဖွင့်များကို ဘာသာဋီကာ၌ စီစစ်ထားသည်၊ [ပိသဒ္ဒါ၏ သမ္ပိဏ္ဍနအနက်ကိုကားဤအဖွင့်အတိုင်းဒေါသမူစိတ်အဆုံးကျမှ ဖွင့်ပြအံ့။]
ဒုဋ္ဌုမနော စသည် ။ ။ ဒုသဒ္ဒါ၏အနက်များစွာတို့တွင် ဒုဋ္ဌုအနက်ဟောဟု သိစေလို၍ "ဒုဋ္ဌုမနော"ဟု မိန့်၊ "မကောင်း"ဟုသည်မှာလည်း အသာတဖြစ်၍ သာယာဖွယ်မကောင်းခြင်းတည်း၊ မဏိမဉ္ဇူ၌ကား "ဒေါသေန ဒူသိတန္တိ အတ္ထော"ဟု ဖွင့်၏၊ ထိုအလို "ဒေါသသည် ‌ဖျက်ဆီးအပ်သောကြောင့်မကောင်း"ဟုမှတ်၊ထို့နောက်"ဒုမ္မနော"အရ စိတ်ရပုံ,ပုဂ္ဂိုလ်ရပုံ,အဘိဓာနဗုဒ္ဓိတို့၏ဖြစ်ကြောင်းဖြစ်သောကြောင့်"ဒုမ္မနဿ+ဘာဝေါ"ဟု ဝိဂ္ဂဟပြုရပုံကို သောမနဿံအတိုင်း သိလောက်ပြီဖြစ်၍အကျယ်မပြဘဲ ထားသည်။
တဿ၊ ထိုမကောင်းသောစိတ်၏။ ဝါ၊ ထိုမကောင်းသောစိတ်ရှိသောပုဂ္ဂိုလ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းတည်း။ ဒေါမနဿံ၊ မကောင်းသောစိတ်၏ဖြစ်ကြောင်း။ ဝါ၊ မကောင်းသောစိတ်ရှိသောပုဂ္ဂိုလ်၏ဖြစ်ကြောင်း။ ဧတံ၊ ဤဒေါမနဿံဟူသောသဒ္ဒါသည်။ မာနသိကဒုက္ခဝေဒနာယ၊ စိတ်၌ဖြစ်သောဒုက္ခဝေဒနာ၏။ အဓိဝစနံ၊ အထက်၌ဖြစ်သောသဒ္ဒါတည်း။ (တစ်နည်း) ဧတံ၊ ဤဒေါမနဿံဟူသောအမည်သည်။ မာနသိကဒုက္ခ ဝေဒနာယ၊ ၏။ အဓိဝစနံ၊ အမည်တည်း။ တေန၊ ထိုဒေါမနဿဝေဒနာနှင့်။ သဟဂတံ၊ ရောနှောလျက်,တကွနက်ဖြစ်သောစိတ်တည်း။ ဣတိ၊ ကြောင့်။ ဒေါမနဿသဟဂတံ၊ ဒေါမနဿသဟဂတမည်၏။ [ဒေါမနဿသဟဂတံ၊ ဒေါမနဿဝေဒနာနှင့်ရောနှောလျက် တကွနက်ဖြစ်သောစိတ်။]
(ယော သဘာဝေါ၊ သည်။) အာရမဏေ၊ အာရုံ၌။ ပဋိဟညတိ၊ ထိခိုက်သကဲ့သို့ဖြစ်တတ်၏။ ဣတိ၊ ကြောင့်။ (သော သဘာဝေါ၊ သည်။) ပဋိဃော၊ ပဋိဃမည်၏။ ဒေါသော၊ ဒေါသတည်း။
ဟိ၊ မှန်၏။ ဧသ၊ ဤဒေါသသည်။ စဏ္ဍိက္ကသဘာဝတာယ၊ ကြမ်းတမ်းခြင်းရှိသူ၏အဖြစ်ဟူသောသဘောရှိသည်၏အဖြစ်ကြောင့်။ အာရဏံ၊ ကို။ ပဋိဟနန္တောဝိယ၊ ထိခိုက်သကဲ့သို့။ ပဝတ္တတိ၊ ဖြစ်၏။ [ဤ၌ ဝိယသဒ္ဒါသည် ဥပရိက္ချာဇောတကနိပါတ်တည်း၊ ဥပရိ၊ အထက်၌။ ဝါ၊ အလွန်+ ချာ၊ ပြောခြင်း။ တကယ်မထိခိုက်သော်လည်းထိခိုက်သကဲ့သို့အလွန်အကျွံပြောကြောင်းစကား။]‌ဒေါမနဿ ။ ။ ဒုမ္မနဿ+ဘာဝေါ၌ ဘာဝအနက်ဝယ် ဏပစ္စည်းသက်၍ သ်လာရသည်၊ထိုသို့ သ်လာရခြင်းမှာလည်း "မနသ်"ဟု သက္ကတ၌ (သ်)‌ဗျည်းဆုံးသောကြောင့်တည်း၊ ထို့နောက်မှ ဒွေဘော်လာ,မတစ်လုံးချေ, ဝုဒ္ဓိပြု၍ "ဒေါမနဿ"ဟုဖြစ်ရသည်၊ သောမနဿံ၌လည်း နည်းတူ။
ပတိဃော ။ ။ ပတိပုဗ္ဗ,ဟနဓာတ်,ရပစ္စည်းဖြစ်၍ "ပတိဟညတီတိ ပတိဃော"ဟုပြုသည်၊ပတိကိုပဋိပြု၍ "ပဋိဃော"လည်းရှိ၏၊ ဩဠာရိကရုပ်များလည်း ပဋိဃသဘောရှိသောကြောင့်ထိုရုပ်များကိုယူမည်စိုး၍ "ဒေါသော"ဟုအဘိဓေယျပြသည်၊ အာရုံ၌ ထိခိုက်ပုံသဘောကို ဘာသာဋီကာ၌ပြထားပြီ၊"ပတိဟနန္တောဝိယ"ဖြင့် ရုပ်တရားခြင်း ထိခိုက်သကဲ့သို့ တကယ်ထိခိုက်သည် မဟုတ်,အာရုံယူရာ၌ ထိခိုက်လိုက်သလို ဖြစ်သွားအောင် ယူပုံကြမ်းတမ်းသည်-ဟုဆိုလိုသည်၊ [စဏ္ဍောယဿ အတ္ထီတိ စဏ္ဍိကော၊ တဿ+ဘာဝေါ စဏ္ဍိက္ကံ။]
ဒေါမနဿသဟဂတဿ၊ ဒေါမနဿသဟဂုတ်စိတ်၏။ ဝေဒနာဝသေန၊ ဝေဒနာ၏ အပြားအားဖြင့်။ အဘေဒေ၊ အပြားမရှိသည်၏အဖြစ်သည်။ [အဘေဒဘာဝေ၊ ဟုဆိုလိုလျက် ဘာဝပ္ပဓာန, တစ်နည်း-ဘာဝလောပကြံ။] သတိပိ၊ ဖြစ်ပါသော်လည်း။ အသာဓာရဏဓမ္မဝသေန၊ အခြားစိတ်နှင့်မဆက်ဆံသောတရား၏အစွမ်းဖြင့်။ စိတ္တဿ၊ ဒေါသမူစိတ်ကို။ ဥပလက္ခဏတ္ထံ၊ မှတ်သားခြင်းအကျိုးငှာ။ ဒေါမနဿဂ္ဂဟဏံ၊ ဒေါမနဿသဒ္ဒါကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ပဋိဃသမ္ပယုတ္တဘာဝေါပန၊ ပဋိဃသမ္ပယုတ်၏အဖြစ်ကိုကား။ ဝါ၊ ပဋိဃသမ္ပယုတ္တံဟူသော ဝိသေသနကိုကား။ ဥဘိန္နံ၊ နှစ်ပါးကုန်သောဒေါမနဿပဋိဃတို့၏။ ဧကန္တသဟစရိတာဒဿနတ္ထံ၊ ဧကန်တကွဖြစ်လေ့ရှိသည်၏အဖြစ်ကိုပြခြင်းအကျိုးငှာ။ ဝုတ္တော၊ ပြီ။ ဣတိ(ဣဒံ သန္နိဋ္ဌာနံ)၊ ဤအဆုံးအဖြတ်ကို။ ဒဋ္ဌဗ္ဗံ၊ ‌မှတ်ထိုက်၏။
စ၊ ဆက်။ ဧတ္ထ၊ ဤ ဒေါမနဿပဋိဃနှစ်ပါးတို့တွင်။ ဒေါမနဿံ၊ ဒေါမနဿသည်။ အနိဋ္ဌာရမဏာနုဘဝန လက္ခဏော၊ အနိဋ္ဌာရုံကိုခံစားခြင်းလက္ခဏာရှိသော။ ဝေဒနာက္ခန္ဓပရိယာပန္နော၊ ဝေဒနာက္ခန္ဓာ၌အကျုံးဝင်သော။ ဧကော၊ တစ်ပါးသော။ ဓမ္မော၊ တရားတည်း။ ပဋိဃော၊ ပဋိဃသည်။ စဏ္ဍိက္ကသဘာဝေါ၊ ကြမ်းတမ်းခြင်းရှိသူ၏အဖြစ်ဟူသောသဘောရှိသော။ သင်္ခါရက္ခန္ဓပရိယာပန္နော၊ သင်္ခါရက္ခန္ဓာ၌အကျုံးဝင်သော။ ဧကော၊ သော။ ဓမ္မော၊ တည်း။ ဣတိအယံ၊ ဤဆိုအပ်ပြီးကား။ ဧတေသံ၊ ဤဒေါမနဿ ပဋိဃတို့၏။ ဝိသေသော၊ အထူးတည်း။
စ၊ ဆက်။ ဧတ္ထ၊ ဤဒေါမနဿသဟဂတံ ပဋိဃသမ္ပယုတ္တံ ဟူသောပါဌ်၌။ ယံကိဉ္စိ၊ အမှတ်မရှိတစ်စုံတစ်ခုသော။ (သဘာဝဖြစ်ဖြစ်,ပရိကပ္ပဖြစ်ဖြစ်-ဟူလို၊) အနိဋ္ဌာရမဏံ၊ အနိဋ္ဌာရုံသည်လည်းကောင်း။ နဝဝိဓအာဃာတဝတ္ထူနိစ၊ ကိုးပါးအပြားရှိသောအာဃာတဝတ္ထုတို့သည်လည်းကောင်း။ ဒေါမနဿဿ၊ ဒေါမနဿ၏။ ကာရဏံ၊ အကြောင်းသည်လည်းကောင်း။ ပဋိဃဿ၊ ၏။ ကာရဏဉ္စ၊ သည်လည်းကောင်း။ (ဟောတိ၊ ၏။) ဣတိ၊ ဤသို့။ ဒဋ္ဌဗ္ဗံ၊ ၏။
ပန၊ ဆက်။ ဒွိန္နံ၊ ကုန်သော။ နေသံ စိတ္တာနံ၊ ထိုဒေါသမူစိတ်တို့၏။ ပါဏာတိပါတာဒီသု၊ ပါဏာတိပါတ အစရှိသောအမှုတို့၌။ တိက္ခမန္ဒပ္ပဝတ္တိကာလေ၊ ထက်ထက်မြက်မြက်ဖြစ်ရာအခါ,နုံ့နုံ့ညံ့ညံ့ ဖြစ်ရာအခါ၌။အမှာ ။ ။ "ဒေါမနဿသဟဂတဿ"မှစ၍ "အယမေတေသံ ဝိသေသော"တိုင်အောင်လည်းကောင်း,ဒေါမနဿပဋိဃတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း,ဤ ဋီကာကျော်နည်းမှီ၍ သင်္ဂြိုဟ်ဘာသာဋီကာ၌ အကျယ်ပြထားပြီ။
ဒွိန္နံ ပန၊ပေ၊ ဝေဒိတဗ္ဗာ ။ ။ သူ့အသက်ကို သတ်ရာ၌ အထူးမတိုက်တွန်းရဘဲ ထက်ထက်သန်သန်ပြုလျှင် အသင်္ခါရိက ဒေါသမူစိတ်ဖြစ်၏၊ သူတစ်ပါးက တိုက်တွန်း၍ (သို့မဟုတ် မိမိစိတ်ကို မိမိဘာသာတိုက်တွန်း၍) မထက်မသန်ပြုရလျှင် သသင်္ခါရိကဒေါသမူစိတ်ဖြစ်၏၊ဤနည်းဖြင့် ဖရုသဝါစာ,ဗျာပါဒစသည်တို့ဖြစ်ပုံကိုလည်းသိပါ။
ဥပ္ပတ္တိ၊ ဖြစ်ပုံကို။ ဝေဒိတဗ္ဗာ၊ ၏။
ဧတ္ထာပိ၊ ‌ဤဒေါသမူစိတ်၌လည်း။ နိဂမနေ၊ ၌။ ပိသဒ္ဒဿ၊ ပိသဒ္ဒါ၏။ အတ္ထော၊ အနက်ကို။ ဝုတ္တနယာနုသာရေန၊ ဆိုအပ်ပြီးသောနည်းကိုအစဉ်လိုက်သဖြင့်။ ဒဋ္ဌဗ္ဗော၊ ၏။
သဘာဝံ၊ ထင်ရှားရှိသောသဘောကို။ ဝိစိနန္တော၊ စူးစမ်းရှာဖွေလတ်သော်။ ဝါ၊ စူးစမ်းရှာဖွေသူသည်။ တာယ၊ ထိုသဘောတရားဖြင့်။ ကိစ္ဆတိ ကိလမတိ၊ ပင်ပန်းရ၏။ ဣတိ၊ ထို့ကြောင့်။ (ဝါ၊ ထိုသို့စူးစမ်းရှာ‌ဖွေသောသူ၏ ပင်ပန်းကြောင်း၏အဖြစ်ကြောင့်။) သာ၊ ထိုသဘောတရားသည်။ ဝိစိ+ကိစ္ဆာ၊ ဝိစိကိစ္ဆာမည်၏။
အထဝါ၊ ထို့ပြင်တစ်နည်းကား။ စိကိစ္ဆိတုံ၊ ကုစားခြင်းငှာ။ ဒုက္ကရတာယ၊ ခဲယဉ်းစွာပြုအပ်သည်၏အဖြစ်ကြောင့်။ ဣမိဿာ၊ ဤသဘောတရား၏။ ဝိဂတာ၊ ကင်းသော။ ဝိစိကိစ္ဆာ(ဉာဏပ္ပဋိကာရော)၊ ဉာဏ်တည်းဟူသောဆေးကုခြင်းသည်။ (အတ္ထိ၊ ရှိ၏။) ဣတိ၊ ကြောင့်။ (သာ၊ ထိုသဘောတရားသည်။) ဝိ+စိကိစ္ဆာ၊ ဝိစိကိစ္ဆာမည်၏။ တာယ၊ ထိုဝိစိကိစ္ဆာနှင့်။ သမ္ပယုတ္တံ၊ အညီအမျှ ဧကုပ္ပါဒတာ အစရှိသောအပြားတို့ဖြင့်ယှဉ်သောစိတ်တည်း။ ဝိစိကိစ္ဆာသမ္ပယုတ္တံ၊ ဝိစိကိစ္ဆာနှင့်။ ပေ။ ယှဉ်သောစိတ်။
ဥဒ္ဓတဿ၊ ပျံ့လွင့်တုန်လှုပ်သောစိတ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းတည်း။ ဥဒ္ဓစ္စံ၊ ပျံ့လွင်တုန်လှုပ်သောစိတ်၏ဖြစ်ကြောင်း။
ဥဒ္ဓစ္စဿ၊ ဥဒ္ဓစ္စစေတသိက်၏။ သဗ္ဗာကုသလသာဓာရဏဘာဝေ၊ အလုံးစုံသောအကုသိုလ်စိတ်တို့နှင့်ဆက်ဆံသည်၏အဖြစ်သည်။ (သတိ)ပိ၊ ဖြစ်ပါသော်လည်း။ ဣဓ၊ ဤနောက်ဆုံးအကုသိုလ်စိတ်၌။ သမ္ပယုတ္တဓမ္မေသု၊ ယှဉ်ဖက်တရားတို့၌။ ပဋ္ဌာနံ၊ ပြဓာန်းသည်။ ဟုတွာ၊ ၍။ ပဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။ ဣဒမေဝ၊ ဤနောက်ဆုံးစိတ်ကိုသာ။ တေန၊ ထိုဥဒ္ဓစ္စဖြင့်။ ဝိသေသေတွာ၊ အထူးပြု၍။ (အာစရိယေန၊ သည်။) ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဧဝဉ္စကတွာ၊ ဤအကြောင်းကြောင့်။ ဓမ္မုဒ္ဒေသပါဠိယံ၊ ဓမ္မုဒ္ဒေသပါဠိတော်၌။ [ဖဿ စသောတရားတို့ကို သရုပ်ထုတ်ပြရာ ဓမ္မသင်္ဂဏီ၌၊]ဧတ္ထာပိ၊ပေ၊ဒဋ္ဌဗ္ဗာ ။ ။ ဝီထိမုတ်ပိုင်း၌ လာလတ္တံ့အတိုင်း ပါဏာတိပါတစသော ကမ္မပထ ၇ပါးသည် ဒေါသကြောင့်ဖြစ်နိုင်ရကား ထို ကမ္မပထအပြားအားဖြင့် ဒေါသမူစိတ်အပြားကို ပေါင်း၏-ဟုလည်းကောင်း,အတိတ်စသောကာလ, ကာမ,ရူပ,အရူပဘဝဟူသောဒေသအပြားအားဖြင့်လည်းကောင်း,အဇ္ဈတ္တ ဗဟိဒ္ဓစသော သန္တာန်အပြားအားဖြင့်လည်းကောင်း,ရူပါရုံစသောအာရုံအပြားအားဖြင့်လည်းကောင်း,ရထိုက်သောများစွာသောဒေါသမူစိတ်အပြားကို ပေါင်း၏-ဟုလည်းကောင်း,ရှေ့လောဘမူစိတ်၏ အဋ္ဌပိအဖွင့်၌ ဆိုအပ်ပြီးသောနည်းကို အစဉ်လိုက်၍ မှတ်ပါလေ။
အမှာ ။ ။ ဝိစိကိစ္ဆာ,ဥဒ္ဓစ္စတို့၏ ဝစနတ္ထနှင့်သဘောကို သင်္ဂြိုဟ်ဘာသာဋီကာ၌ပြထားပြီ။
သေသာကုသလေသု၊ ဥဒ္ဓစ္စသဟဂုတ်မှ ကြွင်းသောအကုသိုလ်စိတ်တို့၌။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စကို။ ယေဝါပနကဝသေန၊ ယေဝါပနကတရား၏အစွမ်းဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣဓပန၊ ဤနောက်ဆုံးစိတ်၌ကား။ ဥဒ္ဓစ္စံ ဥပ္ပဇ္ဇတီတိ၊ ဟူ၍။ သရူပေနေဝ၊ သရုပ်သကောင်အားဖြင့်သာ။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။
စ၊ အကျဉ်းချုပ်ကား။ ဧတ္ထ၊ ဤဥဒ္ဓစ္စသမ္ပယုတ္တံဟု မိန့်ဆိုရာ၌။ သင်္ဂဟဂါထာ၊ သင်္ဂဟနှစ်ဂါထာတို့သည်။ ဟောန္တိ၊ ကုန်၏။ ဥဒ္ဓစ္စံ၊ ဥဒ္ဓစ္စသည်။ သဗ္ဗာကုသလယုတ္တံ၊ အလုံးစုံသောအကုသိုလ်စိတ်တို့နှင့်ယှဉ်သည်။ (သမာနံ) ပိ၊ ဖြစ်ပါသော်လည်း။ အန္တမာနသေ၊ နောက်ဆုံးအကုသိုလ်စိတ်၌။ ဗလဝံ၊ သတ္တိထင်ရှား,အင်အားရှိ၏။ ဣတိ၊ ကြောင့်။ တံယေဝ၊ ထိုနောက်ဆုံးစိတ်ကိုသာ။ ဥဒ္ဓစ္စယောဂတော၊ ဥဒ္ဓစ္စနှင့်ယှဉ်၏ဟူ၍။ ဝါ၊ ဥဒ္ဓစ္စသမ္ပယုတ္တံဟူ၍။ [တောပစ္စည်း ပဌမာအနက်ဟော၊ ဣတိကြေ၊] ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။
ဟိ၊ အထောက်သာဓက,ဉာပကကား။ တေနေဝ၊ ထိုသို့နောက်ဆုံးစိတ်၌အားရှိသည့်အတွက်ကြောင့်သာလျှင်။ မုနိန္ဒေန၊ မုနိထွတ်တင်,ဘုရားရှင်သည်။ သေသေသု၊ ကြွင်းသောအကုသိုလ်စိတ်တို့၌။ တံ၊ ထိုဥဒ္ဓစ္စကို။ ယေဝါပနကနာမတော၊ ယေဝါပနက နာမည်ဖြင့်။ ဝတွာ၊ ဟောတော်မူပြီး၍။ ဧတ္ထေဝ၊ ဤနောက်ဆုံးစိတ်၌သာလျှင်။ သရူပေန၊ သရုပ်သကောင်အားဖြင့်။ ဒေသိတံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ သို့။ (သင်္ဂဟဂါထာ၊ တို့သည်။) ဟောန္တိ၊ ကုန်၏။
ပန၊ အဖို့တစ်ပါးကား။ (တစ်နည်း) ပန၊ ဝိစိကိစ္ဆာသမ္ပယုတ် ဥဒ္ဓစ္စသမ္ပယုတ်ဖြစ်ပုံမှတစ်ပါး ဥပေက္ခာသဟဂုတ် ဖြစ်ပုံကို ဆိုဦးအံ့။ ဒွေ၊ နှစ်ပါးကုန်သော။ ဣမာနိ စိတ္တာနိ၊ ဤမောဟမူစိတ်တို့သည်။ မူလန္တရဝိရဟတော၊ လောဘဒေါသဟူသောအခြားမူလတို့မှကင်းခြင်းကြောင့်။ ဝါ၊ ကင်းသည့်အတွက်။ အတိသမ္မူဠှတာယ၊ အလွန်တွေဝေကုန်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ဣမာနိ၊ပေ၊အတိသမ္မူဠှတာယ ။ ။ ဥပေက္ခာသဟဂုတ်ဖြစ်ရခြင်း၏အကြောင်းကိုပြလို၍"ဣမာနိ ပန"စသည်မိန့်၊ ဤစိတ်နှစ်ပါးတို့သည် မောဟမူလမှတစ်ပါးသော‌လောဘ ဒေါသမူလတို့နှင့် (ရှေးအကုသိုလ် စိတ်များကဲ့သို့)မယှဉ်ကြ၊ ဤသို့မူလတစ်ပါးမှကင်းသည့်အတွက်အလွန်တွေဝေကြသည်၊ ထိုသို့အလွန်တွေဝေကြသောကြောင့်အလုံးစုံသော အာရုံ၌ ရဇ္ဇန(တပ်မက်ခြင်း) သဘောလည်းမရှိကြ၊ ဒုဿန (စိတ်ပျက်ခြင်း) သဘောလည်း မရှိကြ၊ ရဇ္ဇနသဘော မရှိသောကြောင့် သောမနဿနှင့်လည်း မယှဉ်ကြ၊ ဒုဿနသဘော မရှိသောကြောင့် ဒေါမနဿနှင့်လည်း မယှဉ်ကြ၊ သင့်တော်ရုံသာ အာရုံယူနိုင်သော ဥပေက္ခာနှင့်သာ ယှဉ်ကြရသည်၊ [မူလန္တရဝိရဟတော သည် အတိသမ္မူဠှတာယ၏ အကြောင်းပြဟိတ်ကူ၊ အတိသမ္မူဠှတာယသည် ရဇ္ဇနဒုဿနရဟိတာနိ၏ အကြောင်းပြဟိတ်ကူတည်း၊ ရဇ္ဇနဒုဿနရဟိတာနိလည်း ဥပေက္ခာသဟဂတာနေဝ၏ အကြောင်းပြဖြစ်၍ ဟေတုမန္တ ဝိသေသနပင်တည်း။] သံသပ္ပနဝိက္ခိပနဝသေန၊ ထက်ဝန်းကျင်ရွေ့လျားခြင်း,ပျံ့လွင့်ခြင်း၏အစွမ်းဖြင့်။ ပဝတ္တဝိစိကိစ္ဆုဒ္ဓစ္စသမာယောဂေန၊ ဖြစ်သောဝိစိကိစ္ဆာ ဥဒ္ဓစ္စနှင့်ယှဉ်ခြင်းကြောင့်။ ဝါ၊ ယှဉ်သည့်အတွက်။ စဉ္စလတာယ စ၊ အလွန် တုန်လှုပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ သဗ္ဗတ္ထာပိ၊ အလုံးစုံလည်းဖြစ်သော ဣဋ္ဌာရုံအနိဋ္ဌာရုံ၌လည်း။ ရဇ္ဇနဒုဿနရဟိတာနိ၊ တပ်မက်ခြင်း,စိတ်ပျက်ခြင်းတို့မှကင်းကုန်သည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်ခြင်းကြောင့်။) ဥပေက္ခာသဟဂတာနေဝ၊ ဥပေက္ခာသဟဂုတ်တို့ချည်းသာ။ ပဝတ္တန္တိ၊ ဖြစ်ကုန်၏။ စ၊ ဆက်။ တတောယေဝ၊ ထို့ကြောင့်ပင်လျှင်။ (ထိုသို့သံသပ္ပန ဝိက္ခိပနဖြစ်ခြင်းကြောင့်ပင်လျှင်) သဘာဝတိက္ခတာယ၊ ပင်ကိုသဘောအားဖြင့်ထက်မြက်သည်၏အဖြစ်၏လည်းကောင်း။ ဥဿာဟေတဗ္ဗတာယ၊ အားတက်စေထိုက်သည်၏အဖြစ်၏လည်းကောင်း။ ဝါ၊ တိုက်တွန်းထိုက်သည်၏အဖြစ်၏လည်းကောင်း။ အဘာဝတော၊ မရှိခြင်းကြောင့်။ နေသံ၊ ထိုမောဟမူစိတ်တို့၏။ သင်္ခါရဘေဒေါပိ၊ သင်္ခါရအားဖြင့်ကွဲပြားခြင်းသည်လည်း။ နတ္ထိ၊ မရှိ။
စ၊ အကျဉ်းချုပ်ကား။ ဧတ္ထ၊ ဤ ဥပေက္ခာသဟဂုတ်ဖြစ်ခြင်းသင်္ခါရဘေဒမရှိခြင်း၌။ (သင်္ဂဟဂါထာ၊ သင်္ဂဟနှစ်ဂါထာတို့သည်။) ဟောန္တိ၊ ကုန်၏။ (ကိံ၊ အဘယ်သို့ဖြစ်ကုန်သနည်း။)သံသပ္ပန၊ပေ၊စဉ္စလတာယ စ ။ ။ သံ-ထက်ဝန်းကျင်+သပ္ပန-ဖြစ်ခြင်း၊ဘုရားအာရုံတစ်ပါး၌ပင် "ဘုရားဟုတ်မယ် မထင်ဘူး,ဟုတ်တယ်ထင်ပါရဲ့"ဤသို့ဖြစ်ခြင်းကို"ထက်ဝန်းကျင်ဖြစ်ခြင်း, ဝါ-အငြိမ်မနေဘဲ ရွေ့ရှားခြင်း, ဝါ-ယုံမှားခြင်း"ဟုခေါ်၏၊ ဤသံသပ္ပနဝသေနဖြင့် ပဝတ္တဝိစိကိစ္ဆာ၏ ဝိသေသနကိုပြသည်၊ ဝိ-အထူးထူး+အဖုံဖုံ+ခိပန-စိတ်ကိုအာရုံသို့ပစ်လွှင့်ခြင်း၊ဤသို့ အာရုံအမျိုးမျိုးသို့စိတ်ကိုပစ်လွှင့်ခြင်းကို"စိတ်ပျံ့လွှင့်ခြင်း"ဟုခေါ်၏၊ ဤဝိက္ခိပနဝသေနဖြင့် ပဝတ္တဥဒ္ဓစ္စ၏ ဝိသေသနကို ပြသည်၊ ထိုသို့ သဘောရှိကြသော ဝိစိကိစ္ဆာ ဥဒ္ဓစ္စတို့နှင့်ယှဉ်ရသောစိတ်သည်အာရုံကိုအဘယ်မှာမလှုပ်မလှက် ငြိမ်သက်စွာယူနိုင်ပါအံ့နည်း၊ ထိုသို့လှုပ်ရှားခြင်းကြောင့်အလုံးစုံသောအာရုံ၌ ရဇ္ဇနဒုဿနမဖြစ်ဘဲဥပေက္ခာနှင့်သာယှဉ်ကြရသည်၊ စဉ္စလတာယစ၌ စဖြင့် အတိသမ္မူဠှတာယကိုပေါင်း၊အတိသမ္မူဠှ ဖြစ်ရုံမက စဉ္စလလည်းဖြစ်သောကြောင့် ရဇ္ဇန ဒုဿန မရှိကြ-ဟူလို။
တတောယေဝစ၊ပေ၊နတ္ထိ ။ ။ "ဣမာနိ ပန၊ပေ၊ပဝတ္တန္တိ"ဝါကျဖြင့် ဥပေက္ခာဝေဒနာနှင့်သာ တကွဖြစ်ခြင်း၏အကြောင်းကိုပြပြီး၍ အသင်္ခါရိက သသင်္ခါရိကမဖြစ်ခြင်း၏အကြောင်းကိုပြလိုသောကြောင့်"တတောယေဝ စ၊ ပေ၊နတ္ထိ"ဟု မိန့်သည်၊တတောယေဝဖြင့် "သံသပ္ပနဝိက္ခိပနဝသေန ပဝတ္တ"ကိုပြန်ညွှန်းသည်၊ ဂါထာ၌ "သံသပ္ပမာနဿ ဝိက္ခိပန္တဿ"ဟူသော ဟေတုမန္တဝိသေသနများကိုထောက်ပါ၊ အာရုံတစ်ပါး၌ ယုံမှားခြင်းဝိစိကိစ္ဆာ,အာရုံအများ၌ ပျံ့လွင့်ခြင်းဥဒ္ဓစ္စနှင့်ယှဉ်နေသောစိတ်မှာပင်ကိုထက်မြက်မှုဟူသောသဘာဝတိက္ခတာလည်းမရှိ၊ တိုက်တွန်းမှုကြောင့်တိုးတက်လာမည့် ဥဿာဟနီယတာလည်း မရှိနိုင်၊ သဘာဝတိက္ခတာ မဟုတ်သောကြောင့်အသင်္ခါရိကဟု မဆိုရ၊ ဥဿာဟနီယတာ မရှိသောကြောင့် သသင်္ခါရိကဟုလည်းမဆိုရ၍ သင်္ခါရအားဖြင့် စိတ်ကွဲပြားခြင်း မရှိ၊သင်္ခါရဝိမုတ်စိတ် ဖြစ်သည်-ဟူလို။
ဧကဟေတုကံ၊ ဟိတ်တစ်ပါးသာရှိသောမောဟမူစိတ်သည်။ မူဠှတ္တာစေဝ၊ တွေဝေသည်၏အဖြစ်ကြောင့်လည်းကောင်း။ သံသပ္ပဝိက္ခေပါ စ၊ ထက်ဝန်းကျင်ရွေ့လျားခြင်း,ပျံ့လွင့်ခြင်းကြောင့်လည်းကောင်း။ သောပေက္ခံ၊ ဥပေက္ခာနှင့်တကွဖြစ်၏။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သင်္ခါရဘေဒတော၊ သင်္ခါရအပြားအားဖြင့်။ ဘိန္နံ စ၊ ကွဲပြားသည်လည်း။ နော (ဟောတိ)၊ မဖြစ်။ (ကသ္မာ၊ ကြောင့်။ သင်္ခါရဘေဒတော ဘိန္နံစ နောဟောတိ၊ နည်း။)
ဟိယသ္မာ၊ အကြင်ကြောင့်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သံသပ္ပနမာနဿ၊ ထက်ဝန်းကျင်ရွေ့လျားသော။ ဝါ၊ ယုံမှားသော။ ဝိက္ခိပန္တဿ၊ ပျံ့လွင့်သော။ တဿ၊ ထိုမောဟမူစိတ်၏။ သဘာ‌ဝေန၊ ပင်ကိုယ်သဘောအားဖြင့်။ တိက္ခတာ၊ ထက်မြက်သည်၏အဖြစ်သည်လည်းကောင်း။ ဥဿာဟနီယတာ၊ အားတက်စေထိုက်သည်၏အဖြစ်သည်လည်းကောင်း။ ဝါ၊ တိုက်တွန်းထိုက်သည်၏အဖြစ်သည်လည်းကောင်း။ န အတ္ထိ၊ မရှိ။ (တသ္မာ၊ ကြောင့်။ သင်္ခါရဘေဒတောဘိန္နံ စ နော ဟောတိ၊ မဖြစ်။) ဣတိ၊ သို့။ (သင်္ဂဟဂါထာ၊ တို့သည်။) ဟောန္တိ။
မူလန္တရဝိရဟတော၊ လော‌ဘဒေါသဟူသော အခြားမူလတို့မှကင်းကုန်သည်၏အဖြစ်ကြောင့်။ မောဟေန၊ မောဟဖြင့်။ မုယှန္တိ၊ တွေဝေတတ်ကုန်၏။ အတိသယေန၊ အလွန်အကဲအားဖြင့်။ မုယှန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်။ မောမူဟာနိ၊ တို့မည်၏။
ဣစ္စေဝန္တျာဒိ၊ ဣစ္စေဝံ အစရှိသောဝါကျသည်။ ယထာဝုတ္တာနံ၊ အကြင်အကြင်ဆိုအပ်ပြီးကုန်သော။ ဒွါဒသာကုသလစိတ္တာနံ၊ (၁၂)ပါးသောစိတ်တို့၏။ဂါထာ ။ ။ မူဠှတ္တာစေဝသည် အတိသမ္မူဠှတ္တာယ၏ သင်္ဂဟ၊ သံသပ္ပဝိက္ခေပါသည် သံသပ္ပနဝိက္ခိပနဝသေန၏ သင်္ဂဟ၊ [ပဝတ္တဝိစိကိစ္ဆုဒ္ဓစ္စသမာယောဂေန စဉ္စလတာယ တို့ကို ဂါထာဖြစ်၍ ချုံးလိုက်၏။] နောစ ဘိန္နံ သင်္ခါရဘေဒတောသည် "သင်္ခါရဘေဒေါပိ နေသံ နတ္ထိ"၏ သင်္ဂဟ၊ န ဟိ၊ပေ၊နီယတာသည် သဘာဝ၊ပေ၊အဘာဝတော၏ သင်္ဂဟ၊ အတ္ထိ၊ပေ၊သဗ္ဗဒါသည် တတောယေဝ၏ အစွဲနက်ကို ဖော်ပြသောစကားတည်း။
မောမူဟာနိ ။ ။ မောဟသဒ္ဒူပပဒ+မုဟဓာတ်,အပစ္စည်း၊ "မောဟ+မုဟ"ဟု တွေဝေခြင်းအနက်တူကိုဟောသော သဒ္ဒါတူနှစ်ချက်ကြောင့် "အတိသယေန မုယှန္တိ"ဟုမောဟေန မုယှန္တိကို ဖွင့်သည်။ [အနက်တူသဒ္ဒါ,ဆင့်၍သာ,လွန်စွာအနက်ပေး။] ကြွင်းအဓိပ္ပာယ်ကို ဘာသာဋီကာ၌ ပြထားပြီ။
နိဂမနံ၊ နိဂုံးတည်း။
တတ္ထ၊ ထိုဣစ္စေဝံအစရှိသောဝါကျ၌။ ဣတိသဒ္ဒေါ၊ ဣတိသဒ္ဒါသည်။ ဝစနဝစနီယသမုဒါယနိဒဿနတ္ထော၊ သဒ္ဒါအပေါင်း,အနက်အပေါင်းကိုညွှန်ပြခြင်းအနက်ရှိ၏။
ဧဝံသဒ္ဒေါ၊ သည်။ ဝစနဝစနီယပဋိပါဋိသန္ဒဿနတ္ထော၊ သဒ္ဒါအစဉ်,အနက်အစဉ်ကိုကောင်းစွာညွှန်ပြခြင်းအနက်ရှိ၏။ ဝါ၊ တစ်နည်း။
ဧသ၊ ဤ ဣစ္စေဝံ သဒ္ဒါသည်။ ဝစနဝစနီယနိဂမနာရမ္ဘေ၊ သဒ္ဒါအနက်တို့၏နိဂုံးကိုစတည်ရာ၌။ (ပဝတ္တော၊ သော။) နိပါတသမုဒါယော၊ နိပါတ်အပေါင်းတည်း။
ဣစ္စေဝံ ယထာဝုတ္တနယေန၊ အကြင်အကြင်ဆိုအပ်ပြီးသောနည်းဖြင့်။ သဗ္ဗထာပိ၊ အလုံးစုံသောအပြားအားဖြင့်လည်း။ သောမနဿုပေက္ခာဒိဋ္ဌိသမ္ပယောဂါဒိနာ၊ သောမနဿ,ဥပေက္ခာ,ဒိဋ္ဌိသမ္ပယုတ်အစရှိသည်လည်းကောင်း။နိဂမနံ ။ ။ ဤနိဂုံးစကားကို "အပ္ပနာ"ဟုလည်း ခေါ်၏၊ နိဂမီယန္တိ အပ္ပီယန္တိ ဧတ္ထ ဧတေနာတိ ဝါ နိဂမနံ၊ ဧတ္ထ-ဤဝါကျ၌၊ ဝါ-တစ်နည်း၊ ဧတေန-ဖြင့်၊ ယထာဝုတ္တာ-အကြင်အကြင်ဆိုအပ်ပြီးသောအနက်တို့ကို၊ နိဂမီယန္တိ အပ္ပီယန္တိ-တစ်ပေါင်းတည်း သွင်းအပ်ကုန်၏၊ ဣတိ နိဂမနံ၊ ဆိုအပ်ပြီးသော အနက်တို့ကို တစ်ပေါင်းတည်း သွင်းယူရာ ဝါကျ၊ တစ်နည်း-သွင်းယူကြောင်းဝါကျ၊ ဆိုအပ်ပြီးသောအကုသိုလ် (၁၂)ပါးကို "ဣစ္စေဝံ၊ပေ၊ဒွါဒသာကုသလစိတ္တာနိ"ဟူသော နိဂုံးဝါကျ၌ တစ်ပေါင်းတည်းသွင်းယူသည်။
ဣစ္စေဝံ ။ ။ "ဣတိ+ဧဝံ"ဟု နိပါတ်ပုဒ် နှစ်ခုဖြစ်၏၊ "ထို နိပါတ်နှစ်ခုလည်း အသီးအသီးအနက် တစ်မျိုးစီကိုညွှန်ပြခြင်းနိဒဿနအနက်ရှိ၏"ဟု သိစေလို၍ တတ္ထ စသည်မိန့်၊"သောမနဿသဟဂတံ ဒိဋ္ဌိဂတသမ္ပယုတ္တံ အသင်္ခါရိကမေကံ"စသည်ကို ဝစနသမုဒါယ (သဒ္ဒါအပေါင်း)ဟုခေါ်၏၊ ထိုသဒ္ဒါအပေါင်း၏ဟောနက်ဖြစ်သော"သောမနဿသဟဂုတ် ဒိဋ္ဌိဂတသမ္ပယုတ် အသင်္ခါရိကစိတ်"စသည်ကို ဝစနီယ (အနက်အပေါင်း)ဟုခေါ်သည်၊ ထိုသောမနဿသဟဂတံစသော သဒ္ဒါအစဉ်, ဟောနက်အစဉ်ကို "ဝစနဝစနီယပဋိပါဋိ"ဟုခေါ်သည်။
နိပါတသမုဒါယော ဝါ ‌ဧသ ။ ။ ဤနည်း၌ကား ဣတိနှင့် ဧဝံ နိပါတ် နှစ်ခုကိုပေါင်းထားသော ပုဒ်တည်း၊ဆိုအပ်ပြီးသောသဒ္ဒါအနက်များကို နိဂုံးအပ်သောဝါကျ၏ အစ၌ ဤနိပါတ်အပေါင်းကို သုံးစွဲရိုးပြုကြသည်-ဟူလို၊ ထိုနိပါတ်လည်း တတိယန္တနိပါတ်တည်းဟု သိစေလို၍ "ယထာဝုတ္တနယေန"ဟုဖွင့်သည်၊ သမတ္တာနိ၌ ကရိုဏ်းအဖြစ်ဖြင့်စပ်။
သဗ္ဗထာပိ ။ ။ "သဗ္ဗေနာပိ သမ္ပယောဂါဒိအာကာရေန"သည် လိုရင်းအဖွင့်တည်း၊ အာကာရအနက်၌ ထာပစ္စည်းသက်၍ နာဝိဘတ်ချေထားသည်-ဟု သိစေသည်၊ အာကာရသရုပ်ကို "သောမနဿ၊ပေ၊သမ္ပယောဂါဒိ"ဟုဖော်သည်၊ သဟဂတနှင့် သမ္ပယောဂသည် သဘောတူဖြစ်၏၊ ထို့ကြောင့် သဟဂတကိုပင် "သမ္ပယောဂ"ဟု သုံးစွဲထား၏၊သောမနဿနှင့်ယှဉ်ခြင်း ဒိဋ္ဌိနှင့်ယှဉ်ခြင်း(အာဒိဖြင့်ဝိပ္ပယောဂသင်္ခါရတို့ကိုယူ၍) သင်္ခါရ ရှိခြင်း-မရှိခြင်း,စသောအပြားကို "အာကာရ"ဆိုသည်ဟုမှတ်ပါ။
[ဣတိ၌ စပ်၊ ဤပါဌ်ဖြင့် လောဘမူစိတ်ကိုပြသည်၊] ပဋိဃသမ္ပယောဂါဒိနာ၊ ပဋိဃသမ္ပယုတ်အစရှိသည်လည်းကောင်း။ [ဤပါဌ်ဖြင့်ဒေါသမူစိတ်ကိုပြသည်၊] ဝိစိကိစ္ဆုဒ္ဓစ္စယောဂေန၊ ဝိစိကိစ္ဆာ ဥဒ္ဓစ္စနှင့်ယှဉ်ခြင်းလည်းကောင်း။ [မောဟမူစိတ်ကိုပြသည်၊] ဣတိ၊ ဤသို့။ သဗ္ဗေနာပိ၊ အလုံးစုံလည်းဖြစ်သော။ သမ္ပယောဂါဒိအာကာရေန၊ သမ္ပယုတ်အစရှိ‌သောအပြားအားဖြင့်။ ဒွါဒသ၊ ကုန်သော။ အကုသလစိတ္တာနိ၊ တို့သည်။ သမတ္တာနိ ပရိနိဋ္ဌိတာနိ၊ ပြီးကုန်ပြီ။ ဝါ၊ တစ်နည်း။ သင်္ဂဟေတွာ၊ သိမ်းကျုံး၍။ အတ္တာနိဂဟိတာနိ၊ ယူအပ်ကုန်ပြီ။ ဝုတ္တာနိ၊ ဖွင့်ဆိုအပ်ကုန်ပြီ။ ဣတိ အယံ၊ ကား။ အတ္ထော၊ အဓိပ္ပာယ်အနက်တည်း။
တတ္ထ၊ ထိုအကုသလစိတ္တာနိဟူသောပါဌ်၌။ ကုသလပဋိပက္ခာနိ၊ ကုသိုလ်၏ဆန့်ကျင်ဘက်ဖြစ်သောစိတ်တို့သည်။ အကုသလာနိ၊ အကုသိုလ်တို့မည်၏။ (ကောဝိယ၊ အဘယ်ကဲ့သို့နည်း။) မိတ္တပဋိပက္ခော၊ မိတ်ဆွေ၏ဆန့်ကျင်ဘက်ဖြစ်သူသည်။ အမိတ္တောဝိယ၊ အမိတ္တမည်သကဲ့သို့တည်း။ စ၊ ဆက်။ ကုသလာကုသလာနံ၊ ကုသိုလ် အကုသိုလ်တို့၏။ ပဋိပက္ခဘာဝေါ၊ ဆန့်ကျင်ဘက်တို့၏အဖြစ်ကို။ ကုသလာကုသလာနံ၊ တို့၏။ [နှစ်ဖက်ငဲ့သောကာကောလောကနနည်း၊] ယထာက္ကမံ၊ အကြင်အကြင်အစဉ်အတိုင်း။ ပဟာယကပဟာတဗ္ဗဘာဝေန၊ ပယ်တတ်ကုန်,ပယ်အပ်ကုန်သည်၏အဖြစ်ဖြင့်။ ဝေဒိတဗ္ဗော၊ သိထိုက်၏။
အဋ္ဌဓာတျာဒိ၊ အဋ္ဌဓာ စသောဂါထာသည်။ သင်္ဂဟဂါထာ၊ အကျဉ်းချုပ်၍ ယူကြောင်းဂါထာတည်း။
လောဘောစ၊ လောဘလည်းဟုတ်၏။ သော၊ ထိုလောဘဟူသည်။ သုပ္ပတိဋ္ဌိတ ဘာဝသာဓနေန၊ သမ္ပယုတ်တရားတို့၏ကောင်းစွာတည်ကုန်သည်၏အဖြစ်ကိုပြီးစေခြင်းကြောင့်။သမတ္တာနိ ။ ။ သမတ္တသဒ္ဒါသည် ပရိနိဋ္ဌိတ အနက်ဟော အနိပ္ဖန္န (ဓာတ်ပစ္စည်းတို့ဖြင့်ပြီးစေဖွယ်မလို‌သော) ပါဋိပဒိက ပုဒ်တစ်မျိုးတည်း-ဟု သိစေလို၍"ပရိနိဋ္ဌိတာနိ"ဟု ဖွင့်သည်၊ "သမတ္တာနိ-ပြီးကုန်ပြီ"ဟုပေး၊ တစ်နည်း- "သံ+အတ္တ"ဟု ခွဲ၊ သံသည် သင်္ဂဟအနက်ဟော၊ အတ္တ၌ အာပုဗ္ဗ+ဒါဓာတ်, တပစ္စည်း၊ ဒကို တ- ပြု၊ အာကိုချေ၊ အာ ဥပသာရကို ရဿပြု၍ ပြီးစေအပ်သော နိပ္ဖန္နပါဋိပဒိကတည်း-ဟု သိစေလို၍ သံကို "သင်္ဂဟေတွာ"ဟုလည်းကောင်း, အတ္တာနိကို "ဂဟိတာနိ"ဟုလည်းကောင်း ဖွင့်သည်၊ "သိမ်းကျုံး၍+ယူအပ်ကုန်ပြီ"ဟုပေး၊ ဝုတ္တာနိကား အဓိပ္ပာယ်ဖွင့်တည်း။
ကုသလပဋိပက္ခာနိ ။ ။ ဤပါဌ်ဖြင့် အကုသလ၌ အသည် ပဋိပက္ခ (ဝိရုဒ္ဓ) အနက်ဟောဟု သိစေ၏၊ ဥပမာ-မိတ်ဆွေ၏ ဆန့်ကျင်ဘက်ရန်သူကို "အမိတ္တ"ဟု ခေါ်ရာ၌ အသဒ္ဒါသည် ပဋိပက္ခအနက်ကို ဟောသကဲ့သို့တည်း၊ ကုသလနှင့် ပဟာယက, အကုသလနှင့် ပဟာတဗ္ဗ စဉ်ရသည်ကို "ယထာက္ကမ"ဟုဆိုသည်၊ကြွင်းသော မှတ်ဖွယ်ကို ဘာသာဋီကာ၌ ပြထားပြီ။
ဝါ၊ ပြီးစေသည့်အတွက်။ မူလသဒိသတ္တာ၊ ရေသောက်မြစ်နှင့်တူသည်၏အဖြစ်ကြောင့်။ မူလဉ္စ၊ မူလလည်းဟုတ်၏။ ဧတေသံ၊ ဤစိတ်တို့၏။ တံ၊ ထိုလောဘဟူသောမူလသည်။ (အတ္ထိ၊ ရှိ၏။) ဣတိ၊ ကြောင့်။ ‌လောဘမူလာနိ၊ ‌လောဘမူလမည်ကုန်သော။ စိတ္တာနိ၊ စိတ်တို့သည်။ ဝေဒနာဒိဘေဒတော၊ ဝေဒနာအစရှိသည်တို့၏အပြားအားဖြင့်။ ဝါ၊ ဝေဒနာအပြား,ယောဂအပြား,သင်္ခါရအပြားအားဖြင့်။ အဋ္ဌဓာ၊ ရှစ်ပါးပြားကုန်သည်။ သိယုံ၊ ဖြစ်ကုန်၏။ [ဤပါဌ်ဖြင့် "လောဘော+မူလံ ဧတေသန္တိ ‌လောဘမူလာနိ"ဟု ဗဟုဗ္ဗီဟိကို ပြသည်။]
တထာ၊ ထို့အတူ။ [ဒေါသောစ+သော၊ စသောအဖွင့်ကိုညွှန်းသည်။] ဒေါသမူလာနိ၊ ကုန်သော။ (စိတ္တာနိ) သင်္ခါရဘေဒတော၊ သင်္ခါရတို့၏အပြားအားဖြင့်။ ဒွိဓာ၊ နှစ်ပါးပြားကုန်သည်။ (သိယုံ၊ ကုန်၏။)
မောဟမူလာနိ၊ မောဟမူလစိတ်တို့သည်။ [ဤပုဒ်ကိုပင် "သုဒ္ဓေါ၊ပေ၊သင်္ခါတာနိ"ဟုထပ်ဖွင့်သည်၊] ဧတေသံ၊ ဤစိတ်တို့၏။ သုဒ္ဓေါ၊ ‌‌လောဘ ဒေါသ မဖက် သက်သက်သော။ မောဟောယေဝ၊ မောဟသာလျှင်ဖြစ်သော။ မူလံ၊ မူလသည်။ (အတ္ထိ၊ ၏။) ဣတိ၊ ကြောင့်။ မောဟမူလသင်္ခါတာနိ၊ မောဟမူလဟု ဆိုအပ်ကုန်သော။ (စိတ္တာနိစ၊ စိတ်တို့သည်လည်း။) သမ္ပယောဂဘေဒတော၊ သမ္ပယုတ်တို့၏အပြားအားဖြင့်။ ဒွေ၊ နှစ်ပါးတို့သည်။ (သိယုံ၊ ကုန်၏။) ဣတိ၊ ဤသို့လျှင်။ အကုသလာ၊ အကုသိုလ်စိတ်တို့သည်။ ဒွါဒသ၊ ဆယ့်နှစ်ပါးတို့သည်။ သိယုံ၊ ကုန်၏။ ဣတိအတ္ထော၊ နက်။
အကုသလဝဏ္ဏနာ၊ အကုသိုလ်စိတ်တို့၏ဖွင့်ကြောင်းဖွင့်ရာဋီကာသည်။ နိဋ္ဌိတာ၊ ပြီးပြီ။လောဘော စ ၊ပေ၊မူလဉ္စ ။ ။ ဤဝါကျဖြင့် "‌လောဘနှင့်မူလတို့အရ တူကြောင်းကိုသာ ပြ၏၊ ကမ္မဓာရဲသမာသ်ကို ပြသည်မဟုတ်၊နောက်ဝါကျ၌ တံဖြင့် "လောဘော+မူလံ"နှစ်ပုဒ်ကိုပြန်စွဲရမည်၊ သို့မှ "လောဘော+မူလံ ယေသံ"ဟူသောဗဟုဗ္ဗီဟိသမာသ်ဝိဂ္ဂဟ ဖြစ်နိုင်မည်၊ "သုပ္ပတိဋ္ဌိတဘာဝ သာဓနေန"သည် မူလသဒိသတ္တာ၏ အကူအညီဟိတ်တည်း။
မူလသဒိသတ္တာ ။ ။ ဤဟိတ်ကား မူလံ၏ နာမလာဘဟိတ်တည်း၊ ရေသောက်မြစ်နှင့်တူသောကြောင့် လောဘကို မူလခေါ်သည်-ဟူလို၊ ဤဟိတ်အရ "မူလံ ဝိယာတိ မူလံ"ဟုပြု၊ တစ်နည်း သဒိသူပစာကြံ၊ အဘယ့်ကြောင့် ရေသောက်မြစ်နှင့်တူသနည်း-ဟုမေးဖွယ်ရှိသောကြောင့် "သုပ္ပတိဋ္ဌိတ ဘာဝသာဓနေန"ဟု မိန့်၊ရေသောက်မြစ်သည်သစ်ပင်ကိုကောင်းစွာတည်တံ့စေသကဲ့သို့, ထို့အတူ ယှဉ်ဖက်တရားတို့ကို ကောင်းစွာအာရုံ၌ စိုက်ဆောက် တည်တန့်စေတတ်သောကြောင့်မူလနှင့်တူသည်-ဟူလို၊ ဟေတုပစ္စည်း၏ အဓိပ္ပာယ်နှင့်တွဲစပ်ကြည့်ပါ။