၂-သပ္ပာဏက သိက္ခာပဒဝဏ္ဏနာ
စ၊ ဆက်၍ဆိုဦးအံ့။
ဧတ္ထ သိက္ခာပဒေ၊ ၌။
ပဋင်္ဂပါဏကာနံ၊ ပိုး ဖလံတို့၏ ။
ဝါ၊ မီး၏အနီး မပြတ်မလတ် ပျံတက်ခုန်လှံ ပိုးဖလံတို့၏ ။
ပတနံ၊ ကျခြင်းကို။
ဝါ၊ ကျလိမ့်မည်ဟူ၍။
ဉတွာတိ၊ သိသော်လည်း။
သုဒ္ဓ စိတ္တတာယ၊ သေစေလိုခြင်းမှ စင်ကြယ်သော စိတ်ရှိသည်၏ အဖြစ်ကြောင့်။
ပဒီပုဇ္ဇလနေ၊ ဆီမီးကို တောက်စေရာ၌။
ဝါ၊ ဆီမီးကို ညှိထွန်းရာ၌။
ပဏ္ဏတ္တိ ဝဇ္ဇတာ၊ ပညတ်တော်တည်း ဟူသောအပြစ်ရှိသည်၏အဖြစ်ကို။
ဝေဒိတဗ္ဗာ ဝိယ၊ ကဲ့သို့။
သပ္ပာဏက ဘာဝံ၊ ရေ၌ ပိုးပါသည်၏ အဖြစ်ကို။
ဉတွာပိ၊ သော်လည်း။
ဥဒက သညာယ၊ ရေဟူသော အမှတ်ဖြင့်။
ပရိဘုဉ္ဇိတဗ္ဗတော၊ သုံးဆောင်အပ်သည်၏ အဖြစ်ကြောင့်။
ပဏ္ဏတ္တိဝဇ္ဇတာ၊ ကို။
ဝေဒိတဗ္ဗာ၊ အပ်၏ ။
သပ္ပာဏက သိက္ခာပဒဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။