၁-၂ဆတ္တုပါဟနာဒိ သိက္ခာပဒဝဏ္ဏနာ
ဝုတ္တလက္ခဏံဆတ္တန္တိ၊ ကား။
မဏ္ဍလဗဒ္ဓံ၊ အဝန်းလည်း ဖွဲ့အပ်သော။
သလာကဗဒ္ဓံ၊ ဝါးခြမ်းစိတ် ခရိုင်လည်း ဖွဲ့အပ်သော။
သေတစ္ဆတ္တံ၊ ထီးဖြူလည်းကောင်း။
ကိလဉ္ဇစ္ဆတ္တံ၊ နှီးထီး လည်းကောင်း။
ပဏ္ဏစ္ဆတ္တံ၊ သစ်ရွက်ထီး လည်းကောင်း။
ဣတိ၊ သို့။
တီဏိ၊ သုံးမျိုး သုံးစား သုံးပါးကုန်သော။
ဆတ္တာနိ၊ တို့သည်။
ဆတ္တံ နှာမ၊ မည်၏ ။
ဣတိဧဝံ၊ သို့။
ပဒဘာဇနေ၊ ၌။
ဘဂဝတာ၊ သည်။
ဝုတ္တလက္ခဏံ၊ သော။
ဆတ္တံ၊ ကို။
ဓာရေယျ၊ အံ့။
တာဒိသံဌာနံပတွာတိ၊ ကား။
ဂစ္ဆကဒ္ဒမာဒီသု၊ ချုံရှိရာအရပ်, ရွှံ့ညွန်ရှိရာအရပ် အစရှိသည်တို့တွင်။
တံတံဌာနံ၊ ထိုထိုအရပ်သို့။
ပတွာ၊ ၍။
(ဓာရေတိ-၌စပ်) ။
ဆတ္တဿေဝါတိ၊ ကား။
ကဒ္ဒမာဒီနိ၊ ရွှံ့ညွန်ရှိရာအရပ် အစရှိသည်တို့ကို။
ပတွာ၊ ရောက်၍။
ဥပါဟနာ၊ ဖိနပ်တို့ကို။
ဩမုဉ္စိတွာ၊ ချွတ်ပြီး၍။
ဆတ္တဿေဝ၊ ထီးကို သာလျှင်။
ဓာရဏေဝါ၊ ဆောင်ခြင်းကြောင့် လည်းကောင်း။
(ဒုက္ကဋံ-၌စပ်) ။
ဥပါဟနာနံ ယေဝဝါတိ၊ ကား။
ဂစ္ဆဒီနိ၊ ချုံ အစရှိသည်တို့ကို။
ဒိသွာ၊ မြင်၍။
ဆတ္တံ၊ ထီးကို။
အပနာမေတွာ၊ ရုပ်ပြီး၍။
ဥပါဟနာနံ ယေဝ၊ တို့ကိုသာလျှင်။
ဓာရဏေ ဝါ၊ ကြောင့် လည်းကောင်း။
ဝါ၊ စီးခြင်းကြောင့် လည်းကောင်း။
(ဒုက္ကဋံ-၌စပ်) (အရပ်ရပ်စာမူ၌ ဓာရဏံဟုချည်း ရှိ၏ ၊ အဋ္ဌကထာနှင့် မညီညွတ်ခြင်း, အစပ်မမှန်ခြင်းတို့ကြောင့် နောက်သားတို့ အမှားဟု မမှတ်ရာ၏ ) ။
ဒုတိယံ၊ ဒုတိယယာန သိက္ခာပုဒ်သည်။
ဥတ္တာနတ္ထမေဝ၊ တည်း။
ဆတ္တုပါဟနာဒိ သိက္ခာပဒဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။