Issues
Select Version
AI-汉译-Nissaya
简体中文
နိဿယ
မြန်မာဘာသာ
Kaṅkhāvitaraṇī-abhinavaṭīkā
Kaṅkhāvitaraṇī-abhinavaṭīkā

နိဂမနကထာ

Author: နိဿယ @ IAPT

နိဂမနကထာ
စ၊ အပြီးအဆုံး နိဂုံးစကား ဆက်၍ ဆိုဦးအံ့။ ဧတ္တာဝတာ ဧတ္တာဝန္တေန ဝစနက္ကမေန၊ သဗ္ဗ ကုသလ ဓမ္မ ပမုခဿ အစ သဗ္ဗ သတ္တာနန္တိ ကာမာဝစရာဒိ ဘေဒါနံ သဗ္ဗေသံသတ္တာနံ အဆုံးရှိသော စကားအစဉ်ဖြင့်။ (အို အရှင်ကောင်း...ဤ ပုဒ်၏ အစိတ်ကို မိမိဘာသာ တွေ့ရှိသိမြင်ပါက သင်သည် ပရိယတ္တိ သာသနာ၌ ထောက်တည်ရာ ရပြီဟု မှတ်၊ ဤပုဒ်၏ စပ်ရာ မတွေ့ မသိမြင်ပါက ကြိုးစားပါဦးဟု တိုက်တွန်းပါသည်၊ ဤပုဒ်ကို ၁၃-နံပါတ်ဂါထာ အကာသိံ မှာစပ်) ။
ယော ရာဇာ၊ သည်။ လင်္ကိဿရော၊ လင်္ကာခေါ်ဆို ကျွန်းသီဟိုဠ်ကို အစိုးရသည်။ ဝိဇိတာရိ ရာဇော၊ အောင်နိုင်အပ်ပြီးသော ရန်သူမင်းရှိသည်။ ဝါ၊ ရန်သူမင်းအားလုံးကို ချေမှုန်းပြီးသည်။ (အချို့လည်း ရာဇဒိတ္တိယံ-ထောက်ပြီး အောင်အပ်ပြီးသော ရန်သူရှိသည်ဖြစ်၍ တင့်တယ်ခြင်း ရှိသည်ဟုလည်း အနက်ပေးကြ၏ ။ )
ယသဿီ၊ များသော အခြံအရံရှိသည်။ ဝါ၊ ‌ ကျော်ဇောသတင်း ဇမ္ဗူချဉ်းသည်။ ပရက္ကန္တ ဘုဇော၊ ပရက္ကမဘုဇ ဟူသော အမည်ရှိသည်။ ဟုတွာ၊ ၍။ (တစ်နည်း) လင်္ကိဿရော၊ သော။ ဝိဇိတာရိရာဇော၊ သော။ ယသဿီ၊ သော။ ပရက္ကန္တဘုဇော၊ အမည်ရှိသော ။ ယော ရာဇာ၊ သည်။
တိဓာဂတံ၊ သုံးပါးသော အပြားအားဖြင့် ဖြစ်သော။ ဝါ၊ သုံးကွဲ ကွဲနေသော။ သီဟဠံ၊ သီဟိုဠ်ကျွန်းကို။ ဧကရဇ္ဇံ၊ တစ်ဦးတည်းသော မင်းရှိသည်ကို။ အကာ၊ ပြုတော်မူပြီ။
စ၊ သည်သာမကသေး။ ဝါ၊ သည်သာ မဟုတ်သေး။ တိဓာဂတံ၊ ဇေတဝန, အဘယနှင့် , မဟာဝိဟာရမည် သုံးလီသောအားဖြင့် ကွဲနေသော။ နိကာယံ၊ ကို။ သမဂ္ဂံ၊ ညီညွတ်သည်ကို။ ဝါ၊ တစ်ဖွဲ့တည်း, တစ်နိကာတည်း, တစ်ဂိုဏ်းတည်းကို။ ဝါ၊ ဖြစ်အောင်။ အကာ၊ ပြီ။
ပုရာနံ၊ ပုရဟုခေါ် မြို့တော်တို့၏ ။
မဇ္ဈမှိ၊ အလယ်၌။ နာနာရတနာကရာနံ၊ အထူးထူးအမျိုးမျိုးသော ရတနာတို့၏ တည်ရာ ဖြစ်ကုန်သော။
အနန္တသမ္ပတ္တိ ဘရာဘိရာမေ၊ အဆုံးမမြင် များဖြစ်သောစည်းစိမ်တို့ဖြင့် ပြည့်စုံသည်ဖြစ်၍ မွေ့လျော်ဖွယ်ရှိသော။
ဝရာဓဇုတ္တင်္ဂဃရာဘိရာမေ၊ ကောင်းမြတ်သော တံခွန်တို့ဖြင့် စိုက်ဆောင်အပ်သော စုလစ်မွန်းချွန် မုခ်မှန်ကင်း တုရင်စသော အင်္ဂါရှိသော အိမ်အထူးတို့ဖြင့် မွေ့လျော်ဖွယ်ရှိသော (ဤအနက်ကား လွန်တောင်း နိဿယအနက်တည်း၊ ဝရ-ဓဇ သဒ္ဒါများ သဘောကျဖွယ်ရှိသော်လည်း ဥတ္တင်္ဂပုဒ်ကား သဘောကျဖွယ် မရှိ၊ အဘိဓာန်, တိပိဋကမြန်မာပြန်, ဦးဟုတ်စိန် အဘိဓာန်တို့၌ လည်း မပါ၊ အမှားကြာ၍ အမှန်ဖြစ်နေသည်ဟု ထင်သည်၊ ဤအရှင်၏ အလိုကား ဝရာစလတ္တုင်္ဂဃရာဘိရာမေ-ကောင်းမြတ်သော အိမ်, တောင်ကြီးပမာ မြင့်စွာသော အိမ်တို့ဖြင့် မွေ့လျော်ဖွယ် ရှိသောဟု အနက်ရှိသော ဤပုဒ်သာအမှန်ဟု မှတ်ပါသည်၊ တုင်္ဂပုဒ်ကား မြတ်စွာဘုရား နှာခေါင်းတော် လက္ခဏာ၌ တုင်္ဂနာသော-‌ရွှေချွန်းကောက်သို့ မြင့်မောက်သော နှာခေါင်းတော် ရှိတော်မူ၏ဟု လာသည်၊ အဋ္ဌကနိပါတ် အဋ္ဌသဒ္ဒမည်သော ဇာတ်၌လည်း တုင်္ဂေ ဥပရိပဗ္ဗတေဟု လာ၏ ၊ ပကိဏ္ဏပနိပါတ် စန္ဒကိန္နရီဇာတ်ကား တုင်္ဂဿ ဟိမဝတော ဟု လာ၏ ၊ ၎င်းပုဒ်တို့ကို ထောက်၍ ဤ၌လည်း ဝရာစလတ္တုင်္ဂဃရာဘိရာမေ-ဟု ပါဌ်မှန်နေရာ၏ ၊ ဣင်းပါိအလို ကောင်းမြတ်သောအိမ်, လှုပ်ရှားခြင်း မရှိတောင်ကြီးပမာ အိမ်တို့ဖြင့် မွေ့လျော်ရာဖြစ်သောဟု အနက်ယူလေ) ။
အဘေဇ္ဇပါကာရသုဂေါပုရသ္မိံ၊ ကျိုးအက် ပျက်စီးခြင်းကင်းသော တံတိုင်း, တံခါးမုခ်ရှိသော။
နိရာကုလာနေကကုလာကုလသ္မိံ၊ ရှုပ်ထွေး ပွေလီခြင်းမှ ကင်းသော များစွာသော အိမ်တို့ဖြင့် ပေါများသော။
မုနိန္ဒဒါဌင်္ကုရဝါသဘူတေ၊ မြတ်စွာဘုရား၏ စွယ်တော်ညွန့်၏ ကိန်းဝပ်‌တော်မူရာဖြစ်သော။
လောစနာနန္ဒဝဟေ၊ မျက်စိ၏ နှစ်သက်ခြင်းကို ဆောင်ရာဖြစ်သော။ ဝရေ၊ တောင့်တအပ် မြတ်သော။ ပုလတ္ထိမှိ ပုရေ၊ ပုလတ္ထိခေါ် ရွှေမြို့တော်၌။ ဝသန္တော၊ ကနက်ထီးဖြူ စိုက်ထူ၍နေသော။ ယောရာဇာ၊ သည်။ (တစ်နည်း) ယောရာဇာ၊ သည်။ နာနာရတနာကရာနံ၊ ကုန်သော။ ပုရာနံ၊ တို့၏ ။ မဇ္ဈမှိ၊ သော။ နာနာသမ္ပတ္တိ ဃရာဘိရာမေ၊ သော။ ဝရာစလတ္တုင်္ဂဃရာဘိရာမေ၊ သော။ အဘေဇ္ဇပါကာရသုဂေါပုရသ္မိံ၊ သော။ နိရာကုလာနေက ကူလာကုလသ္မိံ၊ သော။ မုနိန္ဒဒါဌင်္ကုရဝါသ ဘူတေ၊ သော။ လောစနာနန္ဒဝဟေ၊ သော။ ဝရေ၊ ‌ သော။ ပုလတ္ထိမှိပုရေ၊ ၌။ ဝသန္တော၊ လျက်။
သုဖုလ္လိတဗ္ဘောရုဟသာဒုသီတပသန္နနီရေဟိ၊ ကောင်းစွာ ပွင့်သော ကြာတို့ဖြင့် ကြာရှိသည်ဖြစ်၍ သာယာအပ်သော မေးမြကြည်လင် တစ်သွင်သွင်သော ရေရှိကုန်သော။
ဇလာသယေဟိ ဝါ၊ ရေကန်မျိုးစုံ, အဖုံဖုံသော ရေအိုင်တို့ဖြင့်လည်းကောင်း။
သုပုပ္ဖိတာနေကကဒမ္ဗဇမ္ဗုပုန္နာဂနာဂါဒိဟိ ဝါ၊ ကောင်းစွာပွင့်ခြင်းသို့ ရောက်ကုန်သော တစ်ပါးမက များစွာသော ထိန် (မအူ) , သပြေ, ပုန်းညက်, ကံ့ကော် အစရှိသည်တို့ဖြင့် လည်းကောင်း။
အဘိရမ္မေ၊ သာမောလွန်စွာ ‌မွေ့လျော်ရာဖြစ်ကုန်သော။
သုဓာဝဒါတေဟိ၊ ငွေသားအတူ ဖွေးဖွေးဖြူသော အင်္ဂတေ ရှိကုန်သော။ မနောဟရေဟိ၊ စိတ်ကို ဆွဲဆောင်နိုင်ကုန်သော။
ပါကာရပန္တီဟိ၊ တံတိုင်း မီးတား အစဉ်တို့ဖြင့် လည်းကောင်း။ ဂေါပု‌ရေဟိစ၊ ပြအိုးသမုတ် တံခါးမုခ်တို့ဖြင့် လည်းကောင်း။
ဝိကိဏ္ဏမုတ္တာဖလသန္နိတေဟိ၊ ပုလဲလုံးတို့ကို ကြဲထားသည်နှင့် တူကုန်သော။
ဝိလောကနီယေဟိ၊ အရူးအမူး ကြည့်ရှုအပ် ကုန်သော။ သုဓာတလေဟိ စ၊ သမံတလင်းတို့ဖြင့် လည်းကောင်း။ လက္ခိတေ (ထည့်)၊ မှတ်အပ်ကုန်သော။
ပါသာဒသဟဿရမ္မေ၊ နှလုံးမွေ့လျော်ဖွယ် အထောင်မက များပြားလှသော ပြသာဒ်ရှိသည်တို့ကို (သုဝဏ္ဏံ ကဋကံ ကရောဘိ) ။ ကတွာန၊ ၍ ။
တဟိံ တဟိံ၊ ထိုထိုအရပ်၌။ ပီတိကရေ၊ ပီတိရွှင်လန်း ဝမ်းသာပန်းကို ပြုတတ်ကုန်‌သော။ ဝိဟာရေပိ၊ ကျောင်းတိုက်တို့ကို လည်းကောင်း။
မဟာဒယော၊ မဟာဝိဟာရ အစရှိကုန်သော။ ဇေတဝနာဒယော၊ ဇေတဝန်အစရှိကုန်သော။ ဝိဟာရေပိ၊ တို့ကိုလည်းကောင်း။
သုသံယမာနံ၊ ကောင်းစွာ စောင့်စည်း ကုန်သော။ ယတီနံ၊ ရဟန်းတို့အား ။ အဒါသိ၊ လှူတော်မူပြီ။
ယောရာဇာ၊ အကြင် ပရက္ကန္တဘုဇမည်‌ခေါ် ဒကာတော် မင်းမြတ်သည်။ သာဒုဘူတံ၊ သာယာဖွယ် ဖြစ်၍ဖြစ်သော။ စတုပစ္စယဉ္စ၊ ပစ္စည်း လေးပါးကိုလည်း။
တေသု သမဏေသုပိ၊ ထိုကျောင်းတို့၌ နေသော ရဟန်းတို့၌။ (ဝတ္တယန္တော-၌စပ်) ။ ဝါ၊ တို့၏ ။ (ဂုဏပ္ပသန္နောဝယ် ဂုဏ၌ စပ်) ။ ဂုဏပ္ပသန္နော၊ သီလသမာ, ပညာတလီ, ဂုဏ်ရည်ပျံ့သင်း, ရည်အချင်း၌ ကြည်ညိုသည်။ ဟုတွာ (ထည့်)၊ ၍။
နိစ္စံ၊ အမြဲမပြတ်။ မဟောဃံ ဝိယ၊ လှိမ့်ဆင်းလာသော ရေအဟုန်ရေလုံးကြီးကဲ့သို့။ ဝတ္တယန္တော၊ ဖြစ်စေလျက်။
တေသမဏေ၊ တို့ကို။ ဂန္ထဝိပဿနာသု၊ ထုံးဖွဲ့ကျမ်းဂန်, ရုပ်နာမ်ရှုပွား, သုံးပါးလက္ခဏာ ဝိပဿနာတို့၌။ ယောဇေတိ၊ ရဟန်းကိစ္စ နှစ်ဓုရ၌ ကြောင့်ကြအားသည်း လုံ့လကြီးစေတတ်ပါပေ၏ ။
ယသဿိနာ၊ ကျော်စောခြံရံ, နှစ်တန်ယသ, ဖူလုံထသော။ တေန ရညာ၊ ထိုပရက္ကမဗာဟု မင်းမြတ်သည်။ ကာရိတေ၊ လက်ခကံကျွေး ငှဝေပေး၍ ပြုစေအပ်ကုန်သော။ တေသု ဝိဟာရေသု၊ တို့တွင်။
ပုပ္ဖာရာမာဒိသောဘိတော၊ ရနံ့ ပျံ့လျှံ, ပန်းအာရာမ် အစရှိသည်တို့ဖြင့် တင့်တယ်သော။ ဝါ၊ တင့်တယ်သည်ဖြစ်၍။ ရမ္မော၊ စိတ်ကြည်နူး၍ မြူးရာဖြစ်သော။ ယော ပစ္ဆိမာရာမော၊ အကြင် ပစ္ဆိမာရုံ, သင်းထုံ သပ်ရပ်, ‌ကျောင်း ပြာသာဒ်သည်။ အတ္ထိ၊ ၏ ။
ပရိဝေဏမှိ၊ ပရိဝုဏ်အတွင်း၌။ နာမေန၊ အမည်အားဖြင့်။ စောဠကုလန္တိကေ၊ စောဠမျိုးတို့၏ အနီး‌ဖြစ်သော။

ဒဿနီယမှိ၊ ရှုအပ်သော။ တဟိံ ပါသာဒေ၊ ၌။ (ဤ၌ ယ-တသဒ္ဒါ အစွဲမညီပါတစ်ကားဟု မေးအံ့၊ ညီ၏ဟုဖြေ၊ ပစ္ဆိမာရာမော‌နှင့် ပါသာဒသည် သဒ္ဒါပြားသော်လည်း အနက်ကား တစ်ခုတည်း ဖြစ်ခြင်းကြောင့် တူ၏ ၊ ဝိသေသန ဝိသေသျဖြစ်ရာ၌ လည်းကောင်း၊ အဘေဒကို ဘေဒပြုရာ၌လည်းကောင်း၊ ယ-တ နှစ်လီ အစွဲမညီသော အရာကား ရှိ၏ ။ သာဓကကား-

အာရမ္မဏတိကာ ဝုတ္တာ၊ ယေ စတ္တာရော မဟေသိနာ။ သတ္တန္နမပိ ဉာဏာနံ၊ ပဝတ္တိံ တေသု ဒီပယေ။

၎င်းတွင် ယေ အာရမ္မဏတိကာနှင့် တေသု အာရမ္မဏတိကေသု တို့၏ အဖွင့်ဋီကာ၌ ပြည့်စုံစွာ ပါပါသည်။ ဓာတုကထာနှင့် သင်္ဂဟတို့၌ကား အနက်သဒ္ဒါနှစ်ပါးစုံ မညီပုံကို ထုတ်လေ) ။ ဝသန္တော၊ နေသော။ ကရုဏာ ပရော၊ လွန်ကဲကြင်နာ ကရုဏာရှိ‌‌တော်မူသော။

သိဿော၊ တပည့်ဖြစ်သော။ သသီကရသွစ္ဆသီလာစာရဿ၊ ပညာကြီးတော်မူသော။ ဓီမတော ဓိမန္တဿ၊ ပညာကြီးတော်မူသော။
တာဒိနော၊ အရာရာကို မိမိနှင့်တန်းတူထား၍ ရှုစား‌တော်မူတတ်သော။ သာရိပုတ္တမဟာထေရ မဟာသာမိဿ၊ သာရိပုတ္တရာ မဟာထေရ်မြတ်၏ ။
ဓီရာနံ၊ ပညာရှိတို့၏ ။ ဧကဂုဏောဃေန၊ တစ်ခဲနက် ဂုဏ်တည်းဟူသော ရေအယဉ် ရေအစုရှိတော်မူသော။ သုစိဝုတ္တိနာ၊ စင်ကြယ်သော အသက်မွေးခြင်းလည်း ရှိ‌တော်မူသော။
ဝိနယဋ္ဌိတိကာမေန၊ ဝိနည်း ပိဋကတ် ပရိယတ်၏ တည်ခြင်းကို အလိုရှိတော်မူသော။ သုမေဓေန ထေရေန၊ သုမေဓာ ခေါ်လတ်မထေရ်မြတ်သည်။ အဘိယာစိတော၊ ရှေးရှုပျပ်ဝပ် တောင်းပန်အပ်သော။
ဗုဒ္ဓနာဂတ္ထေရော၊ ဗုဒ္ဓနာဂ မည်သော။ သော အဟံ၊ သည်။ မဟာဝိဟာရဝါသီနံ၊ ကုန်သော။ ယတီနံ၊ ဝီရိယကို အားစိုက်ကုန်သော။ ဘိက္ခူနံ၊ တို့၏ ။ ပရမံ၊ မြတ်သော အကျိုးစီးပွားကို။ ဟိတံ၊ ဆောင်တတ်သော။ ဝါ၊ ဆောင်ကြောင်းဆောင်ရာဖြစ်သော။
မဟာဝိဟာရဝါသီနံ၊ ကုန်သော။ ယတီနံ၊ တို့၏ ။ သမယာနုဂံ၊ သော။
ဝိနယတ္ထာဒိ မဉ္ဇူသံ၊ ဝိနည်း၌လာ နက်များစွာကို သိုမှီးထားရာ ပူတာတံတင်း ‌(သေတ္တာ) မယွင်းတူရာ ဗျုပ္ပတ်လာကြောင့် ဝိနယတ္ထမဉ္ဇူသာ အမည်သာသော။ ဣမံ လီနတ္ထဿ ပကာသနိံ၊ ဤ လီနတ္ထပကာသနီ ဂုဏ်ရည်လွှမ်းသစ် ဋီကာသစ်ကို။
မာတိကဋ္ဌကထာယ၊ မာတိကာဋ္ဌကထာ၏ ။ သာဓုဝဏ္ဏနံ၊ သူတော်ကောင်းတို့သည် ချီးမွမ်းအပ်သော။ အကာသိံ၊ ပြုခဲ့ပြီ။
သုဗောဓာ၊ သိလွယ်သည်ဖြစ်၍။ ဗုဓဝဏ္ဏနီယာ၊ ပညာရှိတို့သည် ချီးမွမ်းအပ်သော။ သာယံ ဝိနယတ္ထမဉ္ဇူသာ လီနတ္ထ ပကာသနိ၊ သည်။
သဟဿမတ္တာ၊ တစ်ထောင်မျှ လောက်သော။
မောဟံ၊ အဝိဇ္ဇန္ဓ မိုက်မောဟကို။ နိရာကရောန္တီ၊ လျက်။
ခေ၊ ကောင်းကင်၌။ စရန္တော၊ လှည့်လည် သွားလာသော။ သသီ၊ လမင်းသည်။ တမံ၊ အမိုက်မှောင်ကို။ ‌ခေ၊ ၌။ နိရာကရောန္တော၊ တည်ရာမရှိအောင်ပြုလျက်။ ဘာတိဣဝ၊ တောက်ပပြောင်ဝင်း ထွန်းလင်းသကဲ့သို့။ တထာ၊ တူ။
ဣဋ္ဌံ၊ အလိုရှိအပ်သော။ ပရတ္ထံ၊ တစ်ပါးသောသူတို့၏ အကျိုးစီးပွားကို။ အာကင်္ခမာနေန၊ လွန်မင်းစွာ အလိုရှိသော။
ဝါ၊ ၍။ မဟတ္ထသာရဉ္စ၊ မြင့်မြတ်သော အနက်တည်းဟူသော အနှစ်သာရလည်းရှိသော။ သုဝိနိစ္ဆယဉ္စ၊ ကောင်းသော အဆုံးအဖြတ်လည်းရှိသော။
သံဝဏ္ဏနံ၊ အဖွင့်သံဝဏ္ဏနာ ဋီကာသစ်ကို။ သာဓုံ၊ ကောင်းစွာ။ (ဆန်း ကိုက်ညီအောင် နိဂ္ဂဟိတ်ကို ချေထားသည်ဟု မှတ်ပါ) ။ ပကုဗ္ဗတာပကုဗ္ဗန္တေန၊ ရေးသားအားထုတ် ပြုလုပ်သော။
မယာ၊ သည်။ အနပ္ပကဘူတံ၊ ဘုန်းပေါလအော ဖြစ်၍ ဖြစ်သော။ ယံပုညံ၊ အကြင် ကုသိုလ်တော်ကို။ စိတံ၊ စည်းပူးအပ်ပြီ။
တေန ပုညေန စ၊ ထိုလောလောဆယ် ကျန်းဂန်ရေးပြု ကုသိုလ်စုကြောင့် လည်းကောင်း။ အာစိတဒါနသီလမယာဒိနာ၊ ရှေးရှေးက ဆည်းပူးအပ်သော ဒါနမယကုသိုလ် သီလမယကုသိုလ် အစရှိသော။
အနေကဝိဓေန၊ များသော အပြားရှိသော။ တေန ပုညေနစေဝ၊ ထိုရှေး‌ရှေးက ကုသိုလ်တော်ကြောင့်လည်းကောင်း။
သတ္တာ၊ တို့သည်။ အနီဃာ၊ ပျက်စီးခြင်း ကင်းကုန်သည်လည်းကောင်း။ သုခိနော၊ ကိုယ်ရော စိတ်ရော ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း။ အဝေရာ၊ ဝေရခေါ်လျှင်, ရန်မှကင်းကုန်သည်လည်း‌ကောင်း။ ဟုတွာ၊ ၍။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သုဂတိံ စ၊ လူ့ပြည်နတ်ဘုံသို့ လည်းကောင်း။ သိဝဉ္စ၊ နိဗ္ဗာန်သို့ လည်းကောင်း။ ပပ္ပောန္တု၊ ‌ရောက်ကြပါစေကုန်သတည်း။
ဥပဒ္ဒဝံ၊ ကပ်၍ နှိပ်စက်တတ်သော ဥပဒ္ဒဝဟူသမျှကို။ အန္တရေန၊ ကြဉ်၍။ သိဒ္ဓိံ၊ ပြီးဆုံး အောင်မြင်ခြင်းသို့။
ဂတာဟိယထာ၊ ‌ ရောက်သကဲ့သို့သာလျှင်။ အယံလီနတ္ထ ဒီပနီ၊ သည်။
တထာ၊ တူ။ ဇနာနံ၊ ဖြူမဲများစွာသတ္တဝါတို့၏ ။ ဓမ္မယုတ္တာ၊ ကုသိုလ်တရားအားလျော်ကုန်သော။
မနောရထာအပိ၊ စိတ်နှလုံးအလိုတို့သည်လည်း။ သိဒ္ဓိံ၊ ပြီးဆုံးအောင်မြင်ခြင်းသို့။ နိစ္စံ၊ အမြဲ။ ဥပေန္တု၊ ကပ်ရောက်ပါစေကုန်သတည်း။ ( ဤဂါထာကား "ပမာပမေ, တူမျှလေ, မသွေတစ်ဖက်သာ၊ မတူလေက, နှစ်ထွေပြ, နေရကျမ်းဂန်မှာ" ဟူသောထုံးနှင့်ကား မညီညွတ်ပါ၊ သဒ္ဓိံ-ဟု ယခုစာအုပ်များ၌ရှိ၏ ၊ သဟယောဂ, သဟယောဂဝန္တမည်သည်ဟု မသိသာ၊ လက်ရှိပါဠိနှင့် ကိုက်ညီသော အနက်ကို ရှာကြံသိမြင်က တစ်မျိုး ယောဇနာပါ) ။
ပယောပဒါ၊ မိုးပေါက်မိုးရည်ကို ပေးတတ်သော မိုးတို့သည်။ ကာလေ၊ ရွာသင့်ရာအခါ၌။ ကာလေ၊ နှစ်တိုင်းနှစ်တိုင်း။ ပဝဿန္တု၊ အရည်ပါကာ, ရွာပါစေကုန်သတည်း။
မဟိန္ဒာ၊ မဟီပိုင်သ, အစိုးရတို့သည်။ မဟိံ၊ မြေ၌တည်အောင်း, သတ္တဝါအပေါင်းကို။ ဓမ္မေ၊ တရားသဖြင့်။ ပါလေန္တု၊ နေ့ညမသွေ, စောင့်ကြပါစေကုန်သတည်း။
သတ္တာ၊ တို့သည်။ ရတနတ္တယသ္မိံ၊ ရတနာတို့၏ သုံးပါးတို့၏ ‌အပေါင်း၌။ ပသန္နာ၊ ကြည်ညိုကုန်သည်ဖြစ်၍။
ဒါနာဒိပုညာဘိရတာ၊ ရတနာသုံးပါး၌ ကြည်ညိုသောသူတို့သည် ကြည်ညိုသည်အားလျောက်ပတ်စွာ ပသန္နာကာရကို ပြုထိုက်၏ဟူသော ပရိဘာသာနှင့်အညီ ပေးလှူခြင်း အစရှိသော ကုသိုလ်ပုညအဝဝ၌ အလွန်မွေ့လျော်ကုန်သည်။ ဘဝန္တု၊ ဖြစ်စေကုန်သတည်း။ ဣတိဣဒံ ပရိသမာပနံ၊ ဤသို့သော ပြီးဆုံးခြင်းကို။ ဒဋ္ဌဗ္ဗံ၊ ၏ ။

ဝိနယတ္ထမဉ္ဇူသာ၊ မည်သော။ လီနတ္ထပကာသနီနာမိကာ၊ အမည်ရှိသော။ ကင်္ခါဝိတရဏီ အဘိနဝဋီကာ၊ ကင်္ခါဝိတရဏီ၏ ဋီကာသစ်သည် ။ နိဋ္ဌိတာ၊ ပြီ။

နိဂုံး ၁။ ဧတ္ထာဝတာစ အမှေဟိ, အာရဒ္ဓေါ နိဿယော နဝေါ၊ သမတ္တောနန္တရာယေန, ပတ္တော သာ‌ကေစကာသိကေ၊ သာဓိကပဉ္စတာလီသေ, ပုနညမှိစ တိဿကေ။

၂။ ဣမိနာညေန ပုညေန, ဂစ္ဆေယျံ အမတံ ဒိသံ၊ ယတ္ထ ပတွာ န မိယန္တိ, ပဿန္တိ သုဗ္ဗတာ ဗုဓာ။

၃။ အဘေဇ္ဇပရိသော ဟောမိ, သုဿူသပရိသော သဒါ၊ အရိသာဇနိတံ ဒုက္ခံ, မာ မေ ဟောတု ကုဒါစနံ။

၄။ သုက္ကသီလော သုက္ကာဇီဝေါ, ပရိသာပိ အဟံ ယထာ၊ ပဿေ သုဏေစ သာဓူဟိ, သံဝသေယျ ဘဝါဘဝေ။

၅။ သုန္ဒရော ယေန ပညေန၊ ပညောစ သုန္ဒရေနသော၊ ဥဘောပိ ဝိသုတော မဟာ, ဝိသုတော သံဃအာလယော။

၆။ ပူဇုက္ကဋ္ဌာ ဝိသေသာစ, ယတ္ထ သုတာ ပဇာယရေ၊ တဒုစ္စတေ နိဿယေသော, မဟာဝိသုတာရာမိကောဣတိ။

**၁။** စ၊ အပြီးအဆုံး နိဂုံးအတွက်, ဆက်၍ဆိုဦးအံ့။ ဧတ္တာဝတာ ဧတ္တာဝန္တေန ဝစနက္ကမေန-သဗ္ဗကုသလ ဓမ္မပ္ပမုခဿ အစ သဗ္ဗသတ္တာနန္တိ ကာမာဝစရာဒိ ဘေဒါနံ သဗ္ဗေသံ သတ္တာနံ အဆုံးရှိသောစကားအစဉ်ဖြင့်။ အမှေဟိ၊ ငါတို့သည်။ အာရဒ္ဓေါ၊ အားထုတ်အပ်သော။ နဝေါ၊ နောက်ဆုံးပေါ်လစ် အသစ်ဖြစ်သော။ နိဿယော၊ သည်။ သာကေ၊ သာကမင်းများ ပိုင်းခြားထားလစ်, သက္ကရာဇ်သည်။ ကာသိကေစ၊ နှစ်တို့၏ ‌တစ်ထောင်သို့ လည်းကောင်း။ ပုန၊ တစ်ဖန်။ အညမှိ၊ ‌တစ်ထောင်မှ တစ်ပါးသော။ သာဓိကပဉ္စတာလီသော၊ အလွန် လေးဆယ့်ငါးနှစ်ရှိသော။ တိဿတေစ၊ နှစ်တို့၏ သုံးရာသို့လည်းကောင်း။ (ကာသိကေ-စသောသုံးပုဒ်ကား ကမ္မတ္ထ၌ သတ္တမီဟုမှတ်) ။ ပတ္တေ၊ ရောက်လတ်သော်။ အနန္တရာယေန၊ အန္တရာယ်ကင်း, ရန်ဘေးရှင်းသဖြင့်။ သမတ္တော၊ ပြီးပြည့်စုံပြီ။

**၂။** ဣမိနာ ပုညေန၊ ကင်္ခါဋီကာသစ် နိဿယသစ်ကို ရေးသားရသော တိဟိတ်ဥက္ကဌ် ဤကုသိုလ်မြတ်ကြောင့် လည်းကောင်း။ အညေန ပုညေန၊ ရှေးကရှိပြီး မပြီးအကျိုး ကုသိုလ်မျိုးကြောင့် လည်းကောင်း။ သုဗ္ဗတာ၊ ကာယဝစီ တလီမန သုံးဒွါရ၌ ကောင်းကျင့်ကောင်းကြံ ကောင်းမှန်စကားကျင့်တရားရှိကြကုန်လော။ ဗုဓာ၊ တိဟိတ်သညာ မွေးပညာပါသော သူတို့သည်။ ယတ္ထနိဗ္ဗာနေ၊ အကြင်နိဗ္ဗာန်ဟု ခေါ် ညာကျွန်းမော်၌။ ဝါ၊ သို့။ ပတွာ၊ ရောက်ကုန်၏ ။ နမီယန္တိ၊ မသေတော့ကုန်။ သုဗ္ဗတာ၊ ကုန်‌သော။ ဗုဓာ၊ တို့သည်။ ယံ နိဗ္ဗာနံ (ယတ္ထ-ကိုပြင်လိုက်)၊ ကို။ ပဿန္တိ၊ မြင်သိကုန်၏ ။ အမတံ၊ မသေရာဖြစ်သော။ ဒိသံ၊ ပညာရှိတို့သည် မြင် သိအပ်သော။ တံနိဗ္ဗာနံ၊ သို့။ ဂစ္ဆေယျံ၊ တောင့်တရည်သံ ဗောဓိဉာဏ်ရ စုံပြည့်ဝ၍ ရောက်ရသည့်ကိုယ် ဖြစ်စေခလို။ (ဤဂါထာ တတိယ-စတုတ္ထပါဒတို့သည် ဒုတိယပါဒလာ အမတံဒိသံပုဒ်တို့၏ ဝစနတ္ထပြတို့ဟုမှတ်)

**၃။** အဟံ၊ သည်။ သဒါ၊ ခပ်သိမ်း။ အဘဇ္ဇပရိသော၊ မပြိုမကွဲ, မြဲသော ပရိသတ်ရှိသည် လည်းကောင်း။ သုဿူသပရိသော၊ မေတ္တာရှေ့ထား ပြောစကားကို, လေးစားကြည်ဖြူ, နာယူလိုသော ပရိသတ်ရှိသည် လည်းကောင်း။ ဟောမိ၊ ဖြစ်ရပါလို၏ ။ မေ၊ ငါ့အား။ ပရိသာဇနိတံ၊ ပရိသတ်သည် ဖြစ်စေအပ်သော။ ဝါ၊ ပရိသတ်ကြောင့်ဖြစ်သော။ ဒုက္ခံ၊ ကိုယ်စိတ်၌ဟူ , နှစ်မူဖြစ်ငြား, ဆင်းရဲတရားသည်။ ကုဒါစနံ၊ ဘယ်အခါမျှ။ မာဟောတု၊ မဖြစ်ပါစေသတည်း။

**၄။** အဟံ၊ သည်။ ဘဝါဘဝေ၊ နိဗ္ဗာန်မရ, ကြားကာလဟု, ဖြစ်မှုမဆိုင်း, ဘဝတိုင်းဘဝတိုင်း၌။ သုက္ကသီလော၊ ချေးညှော်မထူ, ဖြူစင်သောသီလရှိသည် လည်းကောင်း။ သုက္ကာဇီဝေါ၊ အပြစ်ကင်းသော အသက်မွေးခြင်း ရှိသည်လည်းကောင်း။ ဟောမိ၊ ဖြစ်ရပါလို၏ ။ ပရိသာပိ၊ ငါ့ကိုခြံရံ, ငါ့ထံမှီခို, ငါ့ကိုဝန်းပတ်, ပရိသတ်သည်လည်း။ အဟံယထာ၊ ငါနင့်ရည်တူ, စင်ဖြူသီလ, အာဇီဝရှိသည်။ ဟောတု (ထည့်)၊ ဖြစ်ပါစေသတည်း။ အဟံ၊ သည်။ ဘဝါဘဝေ၊ ၌။ သာဓဝေါ (သာဓူဟိ-ကိုပြင်)၊ မိမိသူတစ်ပါး, နှစ်ဦးသားနှင့်, တစ်ပါးပစ္စက္ခ, ဘဝတမလွန်, ကောင်းကျိုးမွန်ကို, ပြီးစေတတ်ငြောင်း, သူတော်ကောင်းတို့ကို။ ပဿေစ၊ မပြတ်ကြည်ညို, မြင်လည်းမြင်ရလို၏ ။ သာဓဝေါ၊ တို့ကို။ ဝါ၊ သူတော်ကောင်းတို့၏ တရားစကားတို့ကို။ သုဏေစ၊ သေချာမှတ်သား, နာကြားလည်း နာကြားရလို၏ ။ သာဓူဟိ၊ တို့နှင့်။ သံဝသေယျစ၊ အမြဲရွှင်ပျော်, ပေါင်းဖော်လည်း ပေါင်းဖော်ရလို၏ ။ (ယခုအခါ ဤနိဿယရေးသားတို့၏ နေရာကျောင်းတိုက် အမည်ဆရာတို့နှင့် နိကာယဂုဏ်ကို ပြဦးအံ့။ )

**၅။** သုန္ဒ‌ရော၊ သီလသမာ, နှစ်ဖြာကောင်းဂုဏ်, လွန်ပြည့်စုံသော သံဃာအပေါင်း, အရှင်ကောင်းသည်လည်း။ ယေန ပညေန၊ သူ့ထက်ကဲလွန်, ပညာချွန်သည့်, အကြင်သို့သော ဘိက္ခုဂဏ, မြတ်သံဃကြောင့်။ ဝိသုတော၊ မြေပြင်ပတ်ကုန်း, မိုးလုံးမဆန့် , ပြည်လုံးနှံ့အောင်, သင်းပျံံ့ကျော်စော ပါပေ၏ ။ သောပညောစ၊ သည်လည်း။ သုန္ဒရေန၊ ကြောင့်။ ဝိသုတော၊ ပါပေ၏ ။ ဥဘောပိ၊ နှစ်ပါးကုန်သော။ တေဟိ သုန္ဒရပညေဟိ၊ ထို အကောင်းလွန်ဘိ, ပညာရှိသော ဘိက္ခုဂဏမြတ်သံဃကြောင့်။ မဟာဝိသုတော၊ မည်သော။ သံဃအာလယော၊ သံဃနေရာ, တိုက်မဟာသည်။ ဝိသုတော၊ မြေပြင်မဆန့်, မိုးလုံးပျံ့လျက်, အနှံ့ပြည်ပေါ်, ကျော်စောပါပေ၏ ။ (ဤဂါထာကား ပေးကားပေး၏ မရ၊ ကျွေးကားကျွေး၏ မဝ၊ ဟူ၏သို့ ဖုံးကားဖုံး၏ မလုံသော ပ‌ဟေဠိနှင့် အညမညအလင်္ကာ အပြန်အလှန် တန်ဆာဆင်မှုကို ရည်သည်) ။

**၆။** ယတ္ထနိကာယေ၊ အကြင်သံဃာပေါယယ်, များနိကာယ်၌။ ပူဇုက္ကဋ္ဌာ၊ လွန်ကဲထူးမြတ်, ပူဇော်အပ်ကုန်သော။ သုတာစ၊ သမဏခေါ်, သားတော်တို့သည် လည်းကောင်း။ ဝိသေသာ၊ ထူးကုန်သော။ ဝါ၊ အနည်းငယ်သာ ကြွင်းကျန်ကုန်သော။ သုတာစ၊ တို့သည် လည်းကောင်း။ ဇာယ‌ရေ၊ ဖြစ်ထွန်းပေါ်ပေါက်ကုန်၏ ။ တံ၊ ထိုသို့ ဖြစ်ထွန်းပေါ်ပေါက်ခြင်းကို။ နိဿာယ၊ အမှီပြု၍။ ဧသောနိကာယော၊ သားကြီးသုံးဖြာ, ဖြစ်ရာထွန်းဖြစ်သော ရဟန်းပေါယယ်, ဤနိကာယ်ကို။ မဟာဝိသုတာရာမိကော၊ မဟာဝိသုတာ ရာမိကဟူ၍။ ဥစ္စတေ၊ မချွတ်မသွေ, ဆိုအပ်ပါပေ၏ ။ ဣတိ၊ အားလုံး ပြည့်စုံပြီ။