၂၉-သမသူပကပဋိဂ္ဂဟဏ သိက္ခာပဒဝဏ္ဏနာ
သမသူပကန္တိ၊ ကား။
ပမာဏယုတ္တံ၊ သင့်လျော်ညီမျှ ပမာဏနှင့်ယှဉ်သည်ကို။
သူပဝန္တံ၊ ဟင်းရှိသည်ကို။
ကတွာ၊ ၍။
စ၊ ဆက်၍ဆိုဦးအံ့။
(တစ်နည်း) စ၊ ပဒတ္ထမှတစ်ပါး ဝိဘတျတ္ထကို ဆိုဦးအံ့။
အယံနိဒ္ဒေသော၊ ဤသမသူပကံ ဟူသော နိဒ္ဒေသသည်။
ဝါ၊ ဤထုတ်၍ရွတ်ဆိုအပ်သော သမသူပကံ ဟူသောသဒ္ဒါသည်။
ဘာဝနပုံသကနိဒ္ဒေသော၊ သည်။
ဝါ၊ ဘုဉ္ဇိဿာမိဟူသော ကိရိယာသို့ အစဉ်လိုက်သော နပုံလိင်ကိုညွှန်ပြတတ်သောသဒ္ဒါသည်။
ဟောတိ၊ ၏ ။
ပန၊ ဆက်၍ဆိုဦးအံ့။
(တစ်နည်း) ပန၊ ထိုသို့ပင် သမသူပက သဒ္ဒါသည် ဘာဝနပုံသက ဖြစ်ပါသော်လည်း။
ဝါ၊ ထိုသို့ပင် သမသူပကသဒ္ဒါ၏ ဘာဝနပုံဖြစ်ခြင်းကြောင့် မုဒုံပစတိကဲ့သို့ ဒုတိယန္တဖြစ်ထိုက်ပါသော်လည်း။
ဗျဉ္ဇနံ၊ အနက်ကို ပြတတ်သောသဒ္ဒါကို။
အနာဒိယိတွာ၊ မယူမူ၍။
အတ္ထမတ္တမေဝ၊ ပဒတ္ထမျှကိုသာလျှင်။
ဒဿေတုံ၊ ငှာ။
သမသူပကောနာမာတိအာဒိ၊ ကို။
သင်္ဂဟကာရေန၊ သည်။
ဝုတ္တံ၊ အပ်ပြီ။
သဗ္ဗာပိ သူပေယျဗျဉ္ဇန ဝိကတီတိ၊ ကား။
ဩလောဏိသာကသူပေယျမစ္ဆမံသရသာဒိကာ၊ ဩလောဏိမည်သော ဟင်းအထူး, ဟင်းရွက်ဟင်းအထူး, ငါးအမဲရည်အစရှိသော။
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်သော။
သူပေယျဗျဉ္ဇန ဝိကတိ၊ ဟင်းရွက်အထူးသည်။
သမသူပကပဋိဂ္ဂဟဏ သိက္ခာပဒဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီ။