၉-၁၀ဝဿိကသာဋိက, နန္ဒ သိက္ခာပဒဝဏ္ဏနာ
ပါစိတ္တိယဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။
မိုးရေခံ သင်္ကန်း စသည်တို့၏ ပမာဏကို တိုင်းတာရာဝယ် အချို့ဆရာတို့က ရှင်စောတစ်ထွာ, မသုံးထွာ, တို့မှာ ထက်ဝက်တိုး-ဟူသော ရှေးဆရာတို့၏ အယူကိုပယ်၍ မြတ်စွာဘုရား၏ခြောက်ထွာသည် ပကတိ ပုရိသတို့၏ အထွာဖြင့် ကိုးထွာဖြစ်၏ဟု ထက်ဝက်တိုး အားဖြင့်သာ ယူကြကုန်၏ ။ ၎င်းဆရာတို့ ဆိုတိုင်းယူသော် ဘိက္ခုနီမတို့အား ခွင့်ပြုအပ်သော ရေသနုပ်၏ အလျားလေးထွာ အနံနှစ်ထွာသည် ပကတိ ပုရိသတို့၏ အထွာဖြင့် အလျား ခြောက်ထွာ အနံသုံးထွာ ဖြစ်ရကား အနံသုံးထွာ (တစ်တောင့်ထွာ) ရှိသော ရေသနုပ်ကိုဝတ်၍ ရေချိုးသော ဘိက္ခုနီမ၏ ရေချိုးပုံကို စိတ်ကူးကြည့်မူ အထက်လုံသော် အောက်မလုံရာ၊ အောက်လုံသော် အထက်ပေါ်ရာ၏၊ ထိုင်ဖြစ်သော် ထမဖြစ်ရာ၊ ထိုကြောင့် ရှင်စောတစ်ထွာ-စသော ရှေးဆရာတို့၏ စကားကိုသာ သာရအားဖြင့် မှတ်ရာ၏ ။